Monday, February 8, 2010

ခါတိုင်းနှစ်တွေကျတဲ့နှင်းထက်ပိုပြင်းထန်နေတဲ့သတင်း

နေစမ်းပါဦး ခဏ…
အပြင်မှာ ဆီးနှင်းတွေကျနေတယ်လို့ ရှင်ပြောလိုက်သလား
နှင်းမုန်တိုင်းဆိုတာ အိုင်ဖုန်း မျက်နှာပြင်လို ရှောရှောရှူရှူဖြစ်ရဲ့လား
ကျွန်မမှ နှင်းဖြူဖြူ အဖတ်အဖတ်တွေ မကြုံဖူးတာ
ဒီမှာ ရောက်နေတဲ့ နေရာက အီကွေတာ
ဟုတ်တယ် အီကြာကွေးလို့ မှားမှားပြောကြတဲ့ အီကွေတာ
လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်ကတည်းကလည်း အီကွေတာပဲ
အမြဲတမ်းအီကွေတာမှာ အမြဲစိမ်းတဲ့တောတွေ ရှိတယ်ရှင့်
ဒီဘက်ခြံက မြက်က တကယ့်ကိုစိမ်းတာ ဆရာ
မျက်မှန်စိမ်းတွေ ချွတ်ကြည့်လိုက်လည်း စိမ်းဦးမှာပဲ
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးတွေထက်လည်း စိမ်းမှာပဲ
(ပြောရရင် အဲဒီကျောက်စိမ်းတုံးကြီးတွေကို ကျွန်မလည်း မမြင်ဖူးပါဘူး)
မမြင်ဖူးတာတွေ ရမ်းပြောရရင် ကျွန်မကွန်ပြူတာလည်း နှေးနှေးလာတယ်
ရှင်ရော နောက်ဆုံးပေါ်သတင်းတွေ အကုန်လိုက်ဖတ်ဖြစ်သလား
တစ်ယောက်ချင်း နဲ့ လူအများ ဆိုတာ ဘာကွာသလဲ
ပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်မှု ဆိုတဲ့ အရာနှစ်ခုကို ခွဲခြားထားဖို့မလိုဘူးလား
ကီ်းန်ဇ် က ဘာညာ စတိဂလစ်ဇ်က ဘာညာ
ပြောရင်းဆိုရင်း မာဂရက်သက်ချာကို ဆွဲမထည့်ပါနဲ့
ကျွန်မက အကိုးအကားတွေကို သိပ်ကြိုက်လှတာမဟုတ်ဘူး
တော်ပါပြီ ဒီအကြောင်းတွေပြောရတာ မျက်ရည်တောင်ဝေ့တယ်
(၀မ်းနည်းလို့ မဟုတ်ဘူး။ အိပ်ငိုက်သန်းဝေတာ)
ဒီမှာက ညသန်းခေါင်ကျော်နေပြီလေ
မထူးပါဘူး ညဥ့်နက်လိုက်တော့လည်း မိုးလင်းဖို့ပိုနီးသွားမှာပေါ့
ရှင့်နှင်းမုန်တိုင်းကရော မစိမ်းသေးဘူးလား.. အဲလေ.. မစဲသေးဘူးလား။

ပန်ဒိုရာ

15 comments:

thitkaungeain said...

ရေခဲပေါက်စီလုပ်ရောင်းမလား အဲဒီမှာ
ရေခဲတွေကိုပါဆယ်ပို့လိုက်မယ်
သကြားရည်တို့ ထန်းလျက်ရည်တို့
ကျြိုထားလိုက်

မယ့်ကိုး said...

ကဗျာလေးက အလန်းလေး။ အရမ်းကြိုက်တယ် မ ...

ကိုခိုင် said...

ကဗျာ လာဖတ်ပါသည်။http;//kokhine.blogspot.com

စံလင်းထွန်း said...

စာတွေနဲ့ ကဗျာတွေ အတော်များများ ဖတ်ရှုသွားပါတယ်ခင်ဗျာ ...။

Htar said...

Need ..some heat ... :)
Any heat....
B--y heat...
heater heat...
what ever heat...
PlZ.. :)

ယောနက်သန် said...

မာဂရက်သက်ချာ နဲ့ တူတဲ့အကျင့်တစ်ခုရှိတယ်။ ဝီစကီကြိုက်တာ... :)

ရွှေရတုမှတ်တမ်း said...

မယ်ပန်ရေ...ဒီကဗျာလေးသဘောကျသဗျား...
မာဂရက်သက်ချာတော့..အဖွားကြီးမို့ သဘောကျတဲ့ထဲ
မပါတော့ဘူး...း))))

မေငြိမ်း said...

ကျုပ်တို့ကတော့ အကိုးအကားလေးနဲ့မှတော်..
'အခဲဒမစ်' ဆိုတော့.. :P

tin min htet said...

တမျိုးတော့ တမျိုး
ဖတ်လို့တော့ ကောင်းတယ်
ဖမ်းလို့ မမှီ့တမှီ

ရွှေရတုမှတ်တမ်း said...

ဟင်..ဘယ်လိုဖြစ်ပါလိမ့်..မန့် လို့မရပါလား
ဧကန်တ..ရွာသူနှောက်ယှက်ထားပြီထင်တယ်
(ရွာသူ=စုန်း)...း)))

ATN said...

လေသံက ပြောင်းလာပါလား...
ဒါပေမယ့် ကောင်းနေတယ်ရော...

ဇာဏီ said...

အခုကဗျာလေးကို ရေလည်ခိုက်မိ၏ဗျာ..
အားပါတယ်...

YoungGun said...

ဖတ်ရင်းက LP ပဲ ဖြစ်လာသလား Neo မဟုတ်သလိုလို.. ဘာပဲဖြစ်ဖြစ် ကဗျာက ကဗျာလို ... နှင်းမုန်တိုင်းက .. အမြဲစိမ်းတောလို.

Anonymous said...

ဘာမှန်းတော့မသိ ဖတ်လို့တော့ကောင်းပါတယ်ဒေါ်ပန်။

ကျော်ညိုသွေး said...

ဟင့် အင်း မစဲသေးဘူး :P :D