Sunday, February 14, 2010

ဘာလင်တံတိုင်းကြီး ခြားနေတဲ့ ဗယ်လင်တိုင်း

အချစ်ဆိုတာကို ဘာနဲ့ ဖွဲ့နွဲ့မလဲ
စိန့်ဗယ်လင်တိုင်းကို သေနတ်နဲ့ချိန်လိုက်ကြပြီ
ခဏနေပါဦး
အဘိုးအိုက သားတို့ကို
ထင်းတစ်စည်းအား ဒူးဖြင့်ရိုက်ချိုးကြည့်စေသောအခါ
ခဏနေပါဦး
ဖတ်စာအုပ်များ ဖျိုးဖျိုးဖျတ်ဖျတ် လှန်လှောသံ
ကွဲပြားမှုကို အားပြုလျှင် အစုအဖွဲ့တွေဟာ ပို ခိုင်မာသလား မခိုင်မာသလား
မျက်ထောင့်နီများဖြင့် ငြင်းခုံရင်း သဘောထားတင်းမာလာခြင်း
ခဏနေပါဦး
ပဲပြုတ်နဲ့ နံပြားဆိုတာ ရိုးသားမှု၏ နိမိတ်ပုံသင်္ကေတ
ဘာမှပြောမနေနဲ့ သူ့ကိုချစ်ရင် သူ့စကားကို နားထောင်ကြ
ခဏနေပါဦး
ရာသီဥတုသာယာခိုက် ဆိုလာရောင်ခြည်ကို သုံးစွဲခြင်းဟာ
ခေတ်ရဲ့လိုအပ်မှုကို စရိတ်အနည်းဆုံးနည်းလမ်းဖြင့်
လက်တွေ့ကျကျ မျက်ခြေမပြတ် ထင်ဟပ်ခြင်းသာဖြစ်တယ်
ဒါ အေးအတူပူအမျှ အတူတကွ မူအရပဲ.. တဲ့
(လမ်းမပေါ်တက်ပြီး ဖြန့်ခင်းလှန်းနေသည့်
ဆေးရိုးသည်ကြီးများအသင်း၏ ရှင်းလင်းထုတ်ပြန်ချက်)
ခဏနေကြပါဦး
ဒီမှာ …. ငါ့ကဗျာ
နှင်းဆီပွင့် ချောကလက် ၀ိုင်ချို များ လည်း တစ်လုံးမှ မပါ။

ပန်ဒိုရာ

17 comments:

သက်ဝေ said...

စုံသွားတာပဲ...
ဖေဖေါ်ဝါရီ ၁၂ ရက် ၊ ၁၃ ရက် ၊ ၁၄ ရက်...း))

လင်းဒီပ said...

ခဏနေပါဦး ဒီကဗျာက အထိမ်းအမှတ်သုံးခု ရောယှက်နေတာ...။

Unknown said...

ခဏနေပါဦး
ခင်ဗျားကဗျာက လန်းလှချည့်လား..ဟို..အရိုင်းအစိုင်းကောင်တွေနဲ့ပေါင်းတော့မလား..
ပေါင်းလဲ ဆီနဲ့ရေ
ကွဲချင်တိုင်းကွဲသလိုနေမှာပ..
ခင်ဗျားက ဆီ..
ခဏနေပါဦး..
သစ်ချင်သလိုသာသစ်တော့ဗျာ မျက်နှာတောင် ခဏခဏ သစ်ရသေးတာပဲ..
ကျနော်ကတော့ ခင်ဗျားနဲ့ ဒေသတူမွေးဖွားခဲ့လေတော့
ဒီဘ၀မှာ
ကမ္ဘာမကြေဘူး သီချင်းတပုဒ်ပဲ..အလွတ်ရခဲ့တယ်.
ခဏနေပါဦး..
ကမ္ဘာကြီးလည်ဖို့ မကျေနပ်စရာတွေနဲ့ မီးထိုးခဲ့ကြတာတော့မဟုတ်ပါဘူး..
နောက်ဆုံး
ခင်ဗျား..ချစ်တဲ့..သူ့ကိုသာ နမ်းလိုက်ပါဗျာ..
ဆည်းဆာလေးပိုလှလာအောင်..

အိန္ဒြာ said...

ပန်

သူ့ကိုချစ်တယ်
သူ့စကားကို နားထောင်ချင်တယ်

ပဲပြုတ်နဲ့ နံပြားလို့ ရိုးရိုးညံ့ညံ့လေးးးး
ဒါပေမယ့် သန့်စင်တယ်....

ဘာမှ စွန်းထင်းမနေနဲ့ ဆင်းရဲခြင်းမှာ
ဘ၀ ဟာ...သမိုင်းတစ်ခုလုံး မွှေးအောင် ပွင့်ခဲ့တာ

သစ်နက်ဆူး said...

ပန်ဒို
ကဗျာလေးကို လာခံစားသွားပါတယ်...
အရာရာအဆင်ပြေပါစေ..
ပျော်ရွှင်ပါစေ....။

YoungGun said...

နီယိုကနေ အယ်လ်ပီ.. ဖြစ်လာသလိုပဲ မည်သို့ဆိုစေကာမူပေါ့.. စိန့်ဗယ်လင်တိုင်းကို သေနတ်နဲ့ချိန်လိုက်ကြပြီ ဆိုတာ အသေချာဆုံး စက်ရပ်သတင်းပေါ့။ ဗေလင်တိုင်းမှာ လျှောက်လည်ရင်း ခံစားဖြစ်သွားတယ်။

Htar said...

I left Chocolate,Half bottle of wine at yr door and some flower in some one C box for U :)
Thx 4 good poem :)

Moe Cho Thinn said...

ဒီမှာ …. ငါ့ကဗျာ
နှင်းဆီပွင့် ချောကလက် ၀ိုင်ချို များ လည်း တစ်လုံးမှ မပါ..

ခဏနေပါအုံး။ အမ ကဗျာမှာလဲ အဲဒါတွေ ဘာမှ မပါ။ ဗလာ..........။

ဂျစ်တူး ( မုံရွာ ) said...

ဒီမှာ …. ငါ့ကဗျာ
နှင်းဆီပွင့် ချောကလက် ၀ိုင်ချို များ လည်း တစ်လုံးမှ မပါ..
လေးစားလျှက်ပါ ပန်ဒိုရာ - - -
မင်းကဗျာကလေးက ချို နေတာကိုခံစားသွားပါတယ်-

Unknown said...

သိပ်ကောင်းတဲ့နိမိတ်ပုံတွေနဲ့ ထိမိတဲ့ ကဗျာလေးပဲ အစ်မရေ... ပဲပြုတ်နဲ့နံပြားကို လွမ်းတယ်ဗျာ..

ကျော်ညိုသွေး said...

မနေ့က လှည်းတန်းက အိုင်တီမှာ
ပဲပြုတ်နဲ့နံပြားသွားစားတယ်။

Cameron said...

ခဏနေပါဦး ချောကလက်တွေလိုက်ရှာနေတယ်..။ ပဲပြုတ်နံပြားပဲတွေ့လို့ စားသွားတယ်...။ ကဗျာလေးကောင်းတယ် မပန်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ATN said...

Gွတ်ေN Pာ Lား Pန် Dို Rာ...း)

ေA T ီ အဲn

ရွှန်းလဲ့ said...

အစ်မကဗျာက အရမ်းကောင်းတယ်...
ခဏခဏလာဖတ်ဖြစ်တယ်....
ဖတ်တိုင်းလည်းကောင်းလိုက်တာလို့ ....

လိုင် said...

"ဘာလင်တံတိုင်းကြီး ခြားနေတဲ့ ဗယ်လင်တိုင်း"
လာဖတ်သွားပါတယ်

okn said...

ကဗျာတပုဒ်ထဲမှာ အကြောင်းစုံ အချက်အလက်အစုံ ထည့်ထားတာကို ကောင်းကောင်း သတိထားမိပြီး မှတ်သားသွားပါတယ်။

Nge Naing said...

ဆောရီး ခုနက okn နဲ့ ပေးထားတဲ့ မှတ်ချက်က ကျော်း G-mail လိပ်စာနဲ့ ၀င်သွားတာ ဖြစ်ပြီး မှတ်ချက်က ကျွန်မမှတ်ချက်ပါ။