Tuesday, February 16, 2010

အသံများ လှုပ်လို့ လီလို့ လှည့်လို့ ခေတ်က တခစ်ခစ်နဲ့


သရုပ်ဖော်ပုံ ဒီနေရာကို သွားပြီး ပန်ဒိုရာ လျှောက်ခြစ်ထားသည်။

အသံများ လှုပ်လို့ လီလို့ လှည့်လို့

အသံတွေ သန့်စင်လား အသံတွေသန်မာလား
အသံကြောင့်သေသွားသောဖါးများ
အသံထက်မြန်နှုန်းမြင့် အတုအယောင်များ
အသံနဲ့ ရရှိခဲ့တဲ့ ထိခိုက်ရှနာများ
အသံဘယ်လောက်ကြားလဲ အသံများ

အသံကို အသံချင်းကျောသပ်ရင်သပ်
အသံကို အသံချင်းမျက်နှာလိုအားရ
အသံကို အသံချင်းအဆင်းဘီးတပ်
အသံကို အသံနဲ့မြှောက်ထိုးပင့်ကော်
အသံကို အသံနဲ့လက်ဝါးချင်းရိုက်
အသံကို အသံနဲ့နောက်ကျောဓါးစိုက်
အသံကို အသံက ချောင်းမြောင်းလုပ်ကြံ

အသံကို အသံက အခါတော်ပေး
အသံရှေ့ အသံတွေ လက်ညှိုးထောင်ခေါင်းငြိမ့်
အသံရှေ့ အသံတွေ ဒူးတုတ် ဦးညွှတ်
အသံရှေ့မှာ အသံတွေ နာတာရှည် အဖျားသွေးဝင်ခဲ့

အသံမှာ အဆန်ပါမလာဘူး
အသံကို အသံတွေက ဆုတောင်းမေတ္တာပို့သ
အသံကို အသံတွေက စိုးရိမ်ကြောင့်ကျ
အသံကို အသံတွေက လည်တဆန့်ဆန့်မျှော်လင့်
အသံရှေ့မှာ အသံတွေ အလံမလှဲခဲ့ကြဘူး

အသံတွေ သံချေးစား အသံတွေဟာ နင်းပြား
အသံတွေကီးချိန်းလာ အသံတွေကီးကြောင်လာ
အသံသေး အသံညောင်များ အသံဝါ အသံပြာများ
အသံနက်များ အနက်ရှိုင်းဆုံးအသံများ
နံရံဆီလှိုင်းလိုပြေးရိုက်လိုက် အသံများ
နံရံက ပြန်ကန်ထွက် အသံများ
အံသွားထဲက ကြိတ်ထွက်လာသံများ
ကြမ်းကြားက လေကြားက အသံများ
တော်လဲသံ ကျီးပြိုနေသံများ

အသံတွေ ကောက်ပင်ရိပ်လှီး လိုက်သံများ
အသံတွေ ရေကူးညာတင် နေသံများ
အသံတွေ ဖရုဿဝါစာ
အသံတွေမကြားဝံ့မနာသာ
အသံတွေ ငါတကော သူတကော
အသံတွေ သန်ရာသန်ရာပြောကြ
အသံတွေ ပဲ့ထွက်လာ
အသံတွေ ပဲ့တင်ရိုက်
ဘယ်သံများ ညာသံများ ဘယ်သန် ညာသန်များ
ညာသံပေးလို့ အညာသန်နေဆဲ..များ

အသံဟာ သံသရာတစ်ဖက်ကမ်းအထိ တွင်းတူးမိုက်ခဲ့တယ်.။


အိန္ဒြာ

..................................................................................

ခေတ်က တခစ်ခစ်နဲ့

ခေတ်တိုင်းမှာ လူသံတွေကြားရတယ် အူသံတွေကြားရတယ်
ခေတ်ထဲမျှောလိုက်သူတွေရှိတယ်
ခေတ်ကိုလိုက်ဆယ်သူတွေရှိတယ်
ခေတ်ကိုခြေနဲ့ကန်ကျောက်သူတွေရှိတယ်
ခေတ်ကိုပြားပြားဝပ်ကိုးကွယ်သူတွေရှိတယ်
ရှေ့ကခေတ်ကိုဆွဲထားသူတွေရှိတယ်
နောက်ကခေတ်ဆီတွန်းချသူတွေရှိတယ်
ပြောဆိုပိုင်ခွင့်ရှိတယ် တင်ပြပိုင်ခွင့်ရှိတယ်
လက်ခံပိုင်ခွင့်ရှိတယ် ထောက်ခံပိုင်ခွင့်ရှိတယ်
ဝေဖန်ပိုင်ခွင့်ရှိတယ် ငြင်းပယ်ပိုင်ခွင့်ရှိတယ်
မောင်း-ထုတ်-ပိုင်-ခွင့်-လည်း-ရှိ-တယ်
ခေတ်တိုင်းမှာ
ငါ့ခေတ်မှ ငါ့ခေတ်
မင်းတို့ခေတ်က မင်းတို့ခေတ်
ခေတ်တကော ကော သူတွေရှိတယ်
ခေတ်တိုင်းမှာ
ခေတ်ရှေ့ပြေး ခေတ်နောက်ပြန်
ခေတ်ကျန် ခေတ်ဆွေး ခေတ်ပျက်သူဌေးတွေရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးများ ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို တော်လှန်သော တော်လှန်ရေးများ ရှိတယ်
ခေတ်ကောင်းက ခေတ်ဆိုး အနိုင်ကျင့်တာကို ခံရတယ်
ခေတ်ဆိုးကိုတော့ လူတွေက အနိုင်ကျင့်တယ် (ဟင်း.. လူဆိုးတွေ) :P
စိတ်ညစ်လို့ အရက်သောက်တာ ခေတ်ကြီးကြောင့်
အအေးမိလို့ ဟပ်ချိုးချေတာလည်း ခေတ်ကြီးကြောင့်
ခလုပ်တိုက် ဖားပြုပ်ကိုက် တရုတ်ရိုက်တာလည်း ခေတ်ကြီးကြောင့်
အိုကွယ် ဘယ်လိုပဲဖြစ်ဖြစ်
ရွှေခေတ် ငွေခေတ် ပတ္တမြားခေတ်
တို့ခေတ်.. ကိုတော့ ရောက်ရမည်မှာ မလွဲပါ
အဲ… ဒါ…. ဒို့ဗမာ။

ပန်ဒိုရာ




17 comments:

tin min htet said...

ညကြီးမင်းကြီး ကဗျာထတင်တဲ့ အမြွာညီအမ ရဲ့ ကဗျာ ၂ ပုဒ်ကို တခစ်ခစ် အသံထွက်အောင် လာဖတ်သွားပါတယ်။

MANORHARY said...

ပန်. နဲ့ အိန္ဒြာ
.. ခေတ်ထဲက အသံတွေကို မြင်လိုက်ရသလို
အသံတွေပျောက်ဆုံးနေတဲ့ခေတ်ကိုလည်း ကြားလိုက်ရ

လင်းဒီပ said...

အသံတွေကြားနေရတယ်..
တို့ခေတ်ကို ရောက်မည်မလွဲပါ...ဆိုပြီး

Moe Cho Thinn said...

ငါ့ ညီမ နှစ်ယောက်စလုံးကို လက်ဖျား ခါသွားတယ်။ :)

pandora said...

မမိုးချိုသင်း တံခါးညပ်လို့လား
(ဟိ)

သဒ္ဓါလှိုင်း said...

ကဗျာဖတ်သွားပါတယ်ရှင်... လင့်ချတ်ခွင့်ပြုပါနော်...

ခင်တဲ့
သဒ္ဓါ

လင်းဒီပ said...

မဟုတ်ပါဘူး
အစ်မမိုးချိုသင်း ဆေးလိပ်မီး ကိုင်မိလို့ပါ :P

အိန္ဒြာ said...

လင်းဒီပက

မီးခဲကိုင်မိလို့လားတဲ့...ဟွန်းးးး

kay said...

အမာပူး မှန်း ဒုမှ သိဒယ်..း)
ခစ်ခစ်

မေငြိမ်း said...

စိတ်ကူးလေးတွေကောင်းးး
အဲလိုရေးတတ်ချင်ပါဘိ..

Anonymous said...

ဟိုမှာလည်း မန့်ပြီးပြီမို့ ထပ်မမန့်တော့။
ပေးတဲ့လင့်ခ်အတိုင်း သွားပြီး လျှောက်ဆော့ကြည့်ခဲ့တယ်။ အမိုက်သား။ ကျေးကျေးစ် တီပန်။

Anonymous said...

ခွိ... တံခါးညပ်လို့လည်းမဟုတ်၊ ဆေးလိပ်မီးကိုင်လို့လည်းမဟုတ်
အန်တီချိုသင်းကြီး ဘာကိုစမ်းမိတယ်မသိ။ :P

Anonymous said...

ကိုကျော်ဝဏ္ဏ

လွဲပါစေ ဖယ်ပါစေ

ရွှေရတုမှတ်တမ်း said...

ချောင်းကတဟွတ်ဟွတ်နဲ့ (အအေးမိနေလို့)
အီးကတဘွတ်ဘွတ်နဲ့...ဖတ်သွားပါသည်

ကျော်ညိုသွေး said...

ခေတ်ဆိုတဲ့ စကားလုံးမြင်ရင် "ခ" နဲ့ "တ်" နဲ့ကို ပူးပူး ကြည့်နေမိတယ်။ :P

Cameron said...

အမတို့နှစ်ယောက်ရဲ့ ကဗျာထဲကအသံကိုလာနားထောင်ပါတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

YoungGun said...

ခေတ်က တခစ်ခစ်နဲ့ အဲ… ဒါ…. ဒို့ဗမာ။ အသံမှာ အဆန်ပါမလာတော့ဘူး...