ဒီတပတ်ပိတ်ရက်တော့ ဘာမှပြီးဆုံးအောင် မရေးဖြစ်ဘူး။ သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၃ မှာ ဖော်ပြဖူးခဲ့တဲ့ ကဗျာဟောင်းလေး တစ်ပုဒ်ပဲ ပြန်တင်လိုက်ပါတယ်။
ကစားလုံးများ
အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်
တချို့နေရာတွေမှာ
လူတကာ ၀ိုင်းလုခံရတယ်
တချို့နေရာတွေမှာ
တစ်ယောက်ဆီတစ်ယောက် ပုတ်ထုတ်ကြတယ်
တချို့နေရာတွေမှာ
ကိုယ်ကတော့ မထိထိအောင် ရိုက်ပြီး
တဖက်လူက ပြန်ရိုက်မရအောင် ပြန်ပို့တယ်
တချို့နေရာတွေမှာ
ရည်မှန်းချက်တခုဆီ ရောက်အောင်သွင်းတယ်
တချို့နေရာတွေမှာ
တိုင်နှစ်လုံးကြားမှာ ကြိုးတန်းပေါ်မှာ
ပိုက်ထဲမှာ ပိုက်အထက်မှာ
ခြင်းထဲမှာ တွင်းထဲမှာ
မြေကြီးပေါ်မှာ ရေထဲမှာ
စည်းမျဉ်းတွေရဲ့ အတွင်းဘက်မှာ အပြင်ဘက်မှာ
အားရပါးရ လွှဲရိုက်လိုက်တာတွေ
တယုတယ တွန်းတိုက်လိုက်တာတွေ
ပုတ်ကာ ပုတ်ကာ သယ်ယူသွားတာတွေ
လိမ်ကာခေါက်ကာ ဆွဲပြေးသွားတာတွေ
ရိုက်တံကိုသုံးတယ် လက်ကိုသုံးတယ်
ခြေထောက်ကိုသုံးတယ် ခေါင်း ပခုံးကိုသုံးတယ်
ကိုယ်ခန္ဓာတစ်ခုလုံးကို သုံးတယ်
ကျဉ်းထဲကျပ်ထဲကနေ ဘယ်လိုပြန်ဆယ်မလဲ
လိုရာကိုရောက်အောင် ဘယ်လိုချိန်ဆမလဲ
တစ်လုံးထဲလား အလုံးပေါင်းများစွာလား
တစ်လုံးနဲ့ တစ်လုံးထိရမှာလား မထိရဘူးလား
တစ်လုံးပျောက်သွားရင် နောက်တစ်လုံး အစားထိုးဝင်လာမှာလား
ကဲ.. အမှတ်တွေရကြစေတော့
တစ်ချက်တို့ထိလိုက်ရုံနဲ့တင်
ငါ့ကိုယ်ငါအကောင်းဆုံးလှိမ့်ချပေးခဲ့ပါတယ်။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
15 hours ago





13 comments:
good!
ကြည့်ကောင်းနေတုန်း သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်သွားတဲ့ ဘောလုံးပွဲလိုပဲ.. ^-^
ကစားလုံးများးးးးးးးးးးးးးးး
ကဲ.. အမှတ်တွေရကြစေတော့
တစ်ချက်တို့ထိလိုက်ရုံနဲ့တင်
ငါ့ကိုယ်ငါအကောင်းဆုံးလှိမ့်ချပေးခဲ့ပါတယ်..
အဲဒီလို စေတနာမျိုး ရှိဖို့ပဲ လိုတာပါ ညီမရယ်။
မရောက်တာကြာသွားတဲ့ အမအိမ်ကို ကိုယ့်ကိုကိုယ်လှိမ့် ပြီးလာခဲ့တယ်။ :D
မပန်ရေ...အဲဒီကဗျာလေးကို သံလွင်မှာ ဖတ်ဖူးကတည်းက ကြိုက်ခဲ့တာ....ဘဝကို လှလှပပလေး ထင်ဟပ်စေတဲ့ ၊ လှိမ့်ချပေးတတ်တဲ့ သူရဲကောင်းတွေလည်း ဘဝထဲမှာ ရှိနေတယ်ဆိုတာကို လှစ်ကနဲ ပြလိုက်တဲ့ ကဗျာလေး...
ဒီတစ်ပုဒ်လည်း ကြိုက်တယ်မမ..
ကဗျာလေးကိုကြိုက်တယ်..။ လင့်ချိတ်ထားပါတယ်နော်။ ခွင့်ပြုပါလို့....
ခင်တဲ့
သဒ္ဓါ
တစ်ချက်ထိလိုက်ရုံနဲ့တင် ငါ့ကိုယ်ငါ့ အကောင်းဆုံးလှိမ့်ချပေးခဲ့ပါတယ်..
လာမထိခင်ကတည်းက ငါကလှိမ့်ချခံဖို့ အဆင်သင့် ဖြစ်နေပြီးသား...
အဆုံးအစ ရှာမရတဲ့ ဘဝမှာပေါ့..
ကဗျာကိုကြိုက်တယ်.
ပန်ဒို
ကျန်းမာပါစေမင်္ဂလာပါ
ဟောင်းပေမဲ့လည်းကောင်းနေဆဲပါ(စိုင်းထီးဆိုင်သီချင်းထဲမှ)
ီ ဘယ် ဆီ ကို မင်း ရောက် နေ လဲ၊ဘာ တွေ ကို မင်း လုပ် နေ လဲ :)
ဘယ် ဆီ ကို မင်း ရောက် နေ လဲ . . .
ဘာ တွေ ကို မင်း လုပ် နေ လဲ . . .
သ တိ ရ နေ တယ် ပန် ပန် . . .
စာ ရေး ပါ အုံး . . .း))
ခေတ်အခြေအနေ ... ။
လေးစားလျက်။
ချစ်ခြင်းအားဖြင့်-နေ့ သစ်
မမကြိး
မာတီပလိုင်းမှာ မတွေ့ လို့ ဒိကိုလိုက်လာတာပါ
Post a Comment