ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ် (Bandwagon Starbucks)
ငါတို့က ကော်ဖီကိုသောက်တာမဟုတ်ဘူး အက်တမောစဖီးယားကို အမူးသောက်တာ
ကျွန်းကလေး တနံတလျားမှာ စတားဘတ်ခ်စ်ဆိုတာ အာလေးမြို့က အိမ်ဝါ၀ါပဲ
တစ်ခွက်ကို လေးငါးခြောက်ကျပ် ဖဲထရိတ်ဒင်းမဟုတ်လည်း ဘယ်သူက ဂရုစိုက်တာလိုက်လို့
တကျွန်းပို့ခံတွေ မဟုတ်ဘူး ကိုလိုနီလက်သစ်တွေပေါ့ ဟန်လုပ်ပြီး တန်းစီဝယ်ယူစနစ်ထဲ ပစ်ဝင်လိုက်ကြ
ဆေးလိပ်သောက်ချင်တဲ့ကောင်ကြောင့် ၀ရန်တာမှာ အားလုံးထွက်ထွက်ထိုင်ကြရတယ်
မိန်းကလေးတန်မဲ့ အက်စ်ပရက်ဆို နှစ်ခွက်ဆင့်ဆင့် သောက်သူလည်းပါ
အာလူးတွေစားရင်း၊ နေကြာပန်းတွေစိုက်ရင်း၊ ရေးပြီးသမျှတွေ ခုတင်အောက် ထိုးထိုးထည့်ရင်း
အာဘောင်အာရင်းသန်သန် ကော်ဖီရှိန်တွေ တက်တက်လာရင် ၀ါးကနဲရယ်လိုက်ကြ အုံးအုံးကြွက်ကြွက်
ရေထဲကို ထည့်သွားသော အုန်းသီးများ၊ ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြက်ဥနဲ့ ကြက်မများ
စစ်မှန်တဲ့ဖရိုဖရဲတိုင်းမှာ စနစ်တခုရှိမရှိ၊ အစင်းအကြောင်းတွေ အပြောက်အမွှမ်းတွေပါမပါ
ယုတ်စွအဆုံး မင်းဖတ်လက်စ စာအုပ်ထဲမှာ ငါမြင်လိုက်တဲ့ စာသားတွေကို မင်းမြင်မမြင်
ကိုင်း အသက်သုံးဆယ်ကျော်မှ မဖြစ်ကြသေးရင် ဘယ်တော့မှ ဖြစ်လာမှာတုန်း စသည်ဖြင့် စသည်ဖြင့်
အဲဒီထဲမှာ တီရှပ်အနက်ရယ်၊ ဂျင်းဘောင်းဘီရယ်၊ လွတ်လပ်လိုအားကြီးစိတ်ရယ်က အတင်းချုပ်နှောင်ထားလို့
ခက်တော့နေပြီ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ သတိဆွဲပြီး တကူးတက လွှတ်လွှတ်ချနေတဲ့ကောင်နဲ့
ဒီလောက်ဆိုရပြီလားတဲ့ သူကမေးပြန်တယ် မင်းတို့ကောင်တွေရော နားရွက်ဘယ်တော့ဖြတ်ကြမှာလဲ။
ပန်ဒိုရာ
Monday, September 27, 2010
ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ်
Subscribe to:
Post Comments (Atom)
17 comments:
ကော်ဖီတကျိုက်၊
ကိုယ့်နားရွက်ကိုယ်ပြန်ကိုင်ကြည့်ပြီး
ဝင်တန်းစီသောက်သွားပါတယ်၊ကျေးဇူးကဘာ...
let me join you next time, sister!!!
ဖတ်ရတာ ပြေပြေ ပေါ့ပေါ့လေး သိပ်ကောင်းတယ်...
အင်းးးးး နားလည် သလိုလို နားမလည်သလိုလိုပဲ....။
သုံးခေါက်လောက်ဖတ်ပြီးတော့ နည်းနည်း လည်လာတယ်။
တနည်းအားဖြင့် များများ နားမလည်ဘူး...။
အမှန်ပြောရရင် လေဘယ်မှာ ပိုရမ် ဆိုလို့သာ...။
ထိုးမထားရင် ဘာမှန်းကိုသိမှာမဟုတ်...။
(ဆိုလိုတာက မော်ဒန်တွေကို လိုက်မမှီ ဘူးလို့..း)) )
အသက် ၃၀ ကျော်မှ နားရွတ်ဘယ်တော့ဖြတ်မလဲ စဉ်းစားတော့မယ် ခုတော့ ငယ်သေးလို့း)
ဒိုဘာမင်
နားရွက်မဖြတ်ဘူး အမြီးဖြတ်ပလိုက်တယ်
နားရွက်စလေး ဖြတ်လှီးပေးဖို့
ပန်းနုရောင်စကားလုံးလေးတွေနဲ့ဆို
သောက်တာကိုက ခပ်ဖျော့ဖျော့စီးကရက်။
Great post! Starbucks, Arles, Fair Trading, Expresso, these words speak to me directly. I love the Potatoes eaters and the vivid color of Sunflower by Van Gogh, but not the part he cut off the lower part of his left ear lobe.
ဟတ် ဟတ်....ကောင်းလိုက်တာ မပန်ရယ်။ မပန်ရဲ့ ကဗျာတွေက အားလုံးကို ပေါင်းပြီး ပစ်သွင်းလိုက်သလိုပဲ။
“အာလေးမြို့က အိမ်ဝါ၀ါပဲ”ကိုဖတ်လိုက်တာ “အာလေးမြို့က အိမ်လေးဝါ” လို့ ဖတ်မိပြီး အစ်မလည်း LP နေပြီလို့ တွေးလိုက်သေးတယ် ။ :P
ဆက်ဖတ်ရင်းမှ ကော်ဖီဆိုင်ထဲရောက်သွားတယ် ။ မကျေနပ်ဘဲ စတားဘတ်ခ်စ်အကြောင်း ထပ်သိချင်လို့ ဝီကီမှာ ရှာလိုက်တာ အရှည်ကြီး ဖြစ်နေတယ် ။

ဗန်ဂိုးလည်းမဟုတ် ၊ လက်ဝှေ့လည်း မကစားလို့ နားရွက် ကို ပြတ်အောင် မလုပ်နိုင်ပါ ။တံခါးတွေသာ ဖွင့် မလိုလို နဲ့ ပိတ်မိနေပါတယ်။ ကိုလိုနီ လက်သစ် ထဲမှာ အမိန့် တွေလည်း ပါသလား ဟင် ...
ကွေကာသောက်လိုက် ကော်ဖီမစ် သောက်လိုက် လုပ်နေမိပါတယ် ...
ငြိးစိုးဦး
ဒီကဗျာလေး တော်တော်မိုက်တယ်..။
(ဘလော့ဂ် ထိ..တကူးတက လာပြောသွားတယ် )း)
ကိုင်း အသက်သုံးဆယ်ကျော်မှ မဖြစ်ကြသေးရင် ဘယ်တော့မှ ဖြစ်လာမှာတုန်း...
ဒါ... အထိဆုံး မေးခွန်းပဲ...
Frappe' တခွက်လောက် သောက်ရင် အဖြေရနိုင်မလား... ဒါမှမဟုတ်
Double Shot နဲ့ဆိုရင် အဖြေရနိုင်မလား... စဉ်းစား... ... ... ...
ရေထဲကို ထည့်သွားသော အုန်းသီးများ၊ ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြက်ဥနဲ့ ကြက်မများ
စစ်မှန်တဲ့ဖရိုဖရဲတိုင်းမှာ စနစ်တခုရှိမရှိ၊ အစင်းအကြောင်းတွေ အပြောက်အမွှမ်းတွေပါမပါ
ယုတ်စွအဆုံး မင်းဖတ်လက်စ စာအုပ်ထဲမှာ ငါမြင်လိုက်တဲ့ စာသားတွေကို မင်းမြင်မမြင်
ကိုင်း အသက်သုံးဆယ်ကျော်မှ မဖြစ်ကြသေးရင် ဘယ်တော့မှ ဖြစ်လာမှာတုန်း စသည်ဖြင့် စသည်ဖြင့်
အဲဒီထဲမှာ တီရှပ်အနက်ရယ်၊ ဂျင်းဘောင်းဘီရယ်၊ လွတ်လပ်လိုအားကြီးစိတ်ရယ်က အတင်းချုပ်နှောင်ထားလို့
ခက်တော့နေပြီ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ သတိဆွဲပြီး တကူးတက လွှတ်လွှတ်ချနေတဲ့ကောင်နဲ့
ဒီလောက်ဆိုရပြီလားတဲ့ သူကမေးပြန်တယ် မင်းတို့ကောင်တွေရော နားရွက်ဘယ်တော့ဖြတ်ကြမှာလဲ။
*************************
သတိဆွဲထားရတဲ့ လွပ်လပ်ခြင်းတွေထဲ
နားရွက်ဖြတ်ပေးလိုက်တဲ့ ချစ်ခြင်းအပေါ်ရူးသွပ်မှုမျိုး
ကော်ဖီသောက်ပြီး ယဉ်ယဉ်လေးမူးနေကြထင်ရဲ့
အသက် ၃၀ ကျော်လာပြီ...
နောက်ကိုလည်ပြန်ကြည့်လိုက်တော့
ဘ၀ကို ဖစ်တီးပါဆန့်ဖြုန်းတီးမိကြောင်း ခြေရာတွေ..
ကဗျာကိုအောက်ဆီဂျင်လုပ်နေရတဲ့ခေတ်ထဲ
လေကောင်းလေသန့်ရှားပါးခြင်းပြသနာတစ်ခုကြုံနေရချိန်မှာ......
ဒီကဗျာနဲ့ အသက်၀၀ရူလိုက်တယ်..

အိန္ဒြာ
ဒီနွေဦးမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ပျက်မပျက်ပျက်
နားရွက်တော့မဖြတ်တော့ဘူးဗျာ ပေါ့ပေါ့ပါးပါးပေါ့ လက်တင်အမေရိကဖက်က ဈေးပေါပေါနဲ့လည်လို့ရတဲ့ကျွန်းတွေမှာ အက်ပါညောမလေးတွေနဲ့ ရေသွားကူးဦးမယ်
ဘယ်သူမှကြာကြာမကြည့်နိုင်တဲ့ ပန်းချီတွေကိုသောင်ပေါ်မှာ ဆွဲရင်းပေါ့
တီရှပ်အနက်ရယ်၊ ဂျင်းဘောင်းဘီရယ်၊ လွတ်လပ်လိုအားကြီးစိတ်ရယ်က အတင်းချုပ်နှောင်ထားလို့ "
ဒီကဗျာအရမ်းကြိုက်တာပဲ.....။
Post a Comment