
ကိုရင်ညိန်း စီစဉ်တဲ့ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ မိခင်မေတ္တာဘွဲ့ ကဗျာစု ၂၀၁၁ ထွက်ပါပြီ။ ၁၉ ဇန်န၀ါရီ ၂၀၁၁ (ပြာသိုလပြည့်နေ့) မှာကျရောက်တဲ့ အမေနေ့ အမှတ်တရ E-book ဖြစ်ပါတယ်။
ပါဝင်ရေးသားသူတွေကတော့ ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခန့်နေ၊ ငြိမ်းစိုးဦး၊ ဆောင်းယွန်းလ၊ ညိမ်းညို၊ တောကျောင်းဆရာ၊ တင့်ထူးရွှေ၊ ထွန်းတောက်နေ၊ ဏီလင်းညို၊ ပန်ဒိုရာ၊ ဗသားချော၊ ဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ မိုးမြင့်တိမ်၊ မိုးလှိုင်ည၊ မင်းယွန်း၊ မင်းသုခ၊ မောင်ခင်လေး၊ မောင်ဖုန်းမြင့်၊ ရွှေပြည်သူ၊ ရွှန်းမီ၊ သင်ကာ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ အမရာ၊ ဧဏီမင်း၊ အိုင်လွယ်ပန်၊ အိန္ဒြာ တို့ဖြစ်ပါတယ်။
သရုပ်ဖော်ပုံတွေကို လူသား၊ သက်ဆွေလင်း၊ ပန်ဒိုရာ တို့က ကူညီဆွဲပေးထားကြပါတယ်။ စာအုပ်အပြင်အဆင် တာဝန်ယူသူကတော့ ဟန်သစ်ငြိမ် ပါ။
၂၀၀၉ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း အားတက်သရော လှုံ့ဆော်စုစည်းပေးတဲ့ စီစဉ်သူ ကိုရင်ညိန်းကို အထူးကျေးဇူးတင်ရပါတယ်။ မိခင်မေတ္တာရဲ့ အလင်းဓာတ်နဲ့ ကမ္ဘာမြေ ငြိမ်းချမ်းသာယာစေဖို့ ဆုတောင်းလိုက်ပါတယ်။
ဒီလင့်ခ်မှာ download ယူနိုင်ကြပါတယ်။
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





1 comment:
ဒေါင်းသွားပါတယ်.. ကိုယ်လေးစားတဲ့ ခင်တဲ့ ဆရာတွေ ဆရာမတွေ ပါတာကိုး။
Post a Comment