မင်္ဂလာနှစ်သစ်ပါ။
နှစ်သစ်မှာ လျှပ်စာအုပ်အသစ်တစ်အုပ်ကို မိတ်ဆက်လိုက်ပါဦးမယ်။ ဟန်သစ်ငြိမ် နဲ့ ခိုင်စိုးလင်းတို့ စီစဉ်တဲ့ “အချစ်နဲ့မကင်းကြသူများ (Those in love)” ဆိုတဲ့ စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။
http://www.mediafire.com/file/vjv74729gzs4v09/Those%20In%20Love.pdf
ကျော်ညိုသွေး ၊ ခိုင်စိုးလင်း ၊ ညီလင်းဆက် ၊ ညိုမင်းခ ၊ တူးတူးသာ ၊ တေဇာ (လရောင်လမ်း)၊ နန်းညီ ၊ ပန်ဒိုရာ ၊ ပန်းပုံပြင် ၊ မိုးလှိုင်ည ၊ မယ်ကိုး ၊ ဟန်သစ်ငြိမ် ၊ ဟယ်ရီ ၊ သြမြိုင် တို့ရဲ့ လက်ရာတွေကို ဖော်ပြထားပါတယ်။
ပန်ဒိုရာရဲ့ ကဗျာအဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့" စက္ကူပုတီး" ဆိုတဲ့ ကဗျာရယ် "အချစ်ဖွဲ့" လို့ နာမည်ပေးထားတဲ စာအသစ်တစ်ပုဒ်ရယ်ကို ဖော်ပြထားပါတယ်။ အချိန်ပေးပြီး စီစဉ်သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒေါင်းမလုဒ်နိုင်သူများအတွက် ပန်ဒိုရာရဲ့ စာအသစ်ကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။ အချိန်မရလို့ခပ်ကြမ်းကြမ်းပဲ ဆွဲဖြစ်ပြီး စာအုပ်မျက်နှာဖုံးမှာ မသုံးဖြစ်တော့တဲ့ ပုံလေးတစ်ပုံကိုလည်း illustration အဖြစ် အမှတ်တရ တင်ပေးလိုက်ပါတယ်။
အချစ်ဖွဲ့
ဆေးရောင်စုံတွေ ရှင်းလင်းနေတဲ့ အဝေးပြေး လမ်းမကြီးဘေးက ကြယ်ဖြူရိပ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ အခုဆိုရင် လက်ဖက်ရည်နှစ်ခွက်က စောင့်နေတော့မယ်။ ပြန်လှည့်ကြည့်ချင်သူတွေကို စောင့်မျှော်မနေတဲ့လမ်းဟာ သူ့ဘာသာ စီးဆင်းနေတုန်းပဲ။ စိတ်ကူးတွေကတော့ အနည်ကျလာခဲ့တယ်။ ပျောင်းနွဲ့နွဲ့ ဖူးပွင့်ခဲ့တဲ့ နွေဦးတွေကတော့ အခုဆိုရင် ညိုးနွမ်းခြောက်သွေ့ပြီပေါ့။ ဆောင်းဦးရဲ့ အလင်းရောင်မပွင့်ခင် မနက်စောစော ထလှုံတဲ့ မီးပုံလေးဟာ မချုပ်ငြိမ်းခင်မှာ တဖျစ်ဖျစ်မြည်ရင်း တောက်ပလောင်ကျွမ်းခဲ့တယ်။ လွင့်စင်ပေါက်ကွဲခဲ့တဲ့ မီးမှုန်မီးမွှားလေးတွေဟာ ကောင်းကင်က ကြယ်တွေနဲ့ မတူဘူးလား။ ကိုယ်ကတော့ ဘဝကို ဒရာမာမဆန်ချင်သူပါ။ ဒီလိုပါပဲကွယ်၊ မကြာခင်မှာ အားလုံးဖြတ်သန်း ပြီးဆုံးသွားရမှာပါပဲ။ နှင်းရည်တွေသီးနေတဲ့ မနက်ခင်းလေးက ပေါ့ပေါ့ပါးပါး လေချွန်နေတဲ့အခိုက် လက်ဖက်ရည်ဆိုင်ဘေးက အပင်အိုကြီးမှာ သစ်ရွက်စိမ်းတွေက တဖြတ်ဖြတ် လှုပ်နေဦးမှာ။ မုန့်ဟင်းခါးတစ်ပွဲ လက်ဖက်ရည်ပုံမှန်တစ်ခွက်စီ ချမယ်။ စီးကရက်တွေ မသောက်ကြေး။ မြောက်ပြန်လေက ဝေ့လာတော့ အနွေးထည်အင်္ကျီကို ရင်ဘတ်အထိ ဆွဲစေ့လိုက်ကြမယ်။ ဒီလိုပဲ ယုံကြည်မှုဆိုတာတွေဟာ တခါတခါ ရင်ထဲစိမ့်အောင် အေးမြသွားတတ်တာမျိုး။ စကားလုံးတွေ မဖြစ်မနေ မလိုအပ်တဲ့ ဆက်ဆံရေးတွေမှာ အရာရာဟာ ပျော်ဝင်နေနိုင်တာပဲ။ အဲဒီလို နေ့တွေကို ဖြတ်သန်းချိန်မှာ လမ်းမဟာ နေရောင်တွေဟပ်ပြီး လျှပ်လျှပ်တောက်နေမယ်။ ကားကြီးတွေ ဖြတ်သွားတိုင်း ဖုန်တွေက အလုံးအရင်းနဲ့ ဆိုင်ထဲကို ဝင်လာမယ်။ အချိန်ရရင်တော့ ဟိုးမှာ လှမ်းမြင်ရတဲ့ ရွာတန်းရှည်ကလေးကို သွားပြီး ဗူးစင်အောက်က ပက်လက်ကုလားထိုင်လေးတွေပေါ် တရေးတမော အိပ်ကြတာပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ ရွာရဲ့အသံတွေက နားထဲမှာ ဝေးဝေးပြီး နောက်ဆုံး ပျောက်ကျန်ခဲ့မယ်။ လှည်းဘီးပွတ်သံ၊ နွားကိုငေါက်သံ၊ ခွေးဟောင်သံ၊ ကလေးငိုသံ စက်ဘီးတွေ ဆိုက်ကားတွေ တဂျောက်ဂျောက် စီးသွားသံ။ လမ်းမကြီးပေါ်မှာ ကားတွေက တော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းနေကြဦးမှာပဲ။ ခဏကြာတော့ မိုးချုပ်တော့မယ်။ ငှက်တွေ အိပ်တန်းတက်တော့မယ်။ တမျှော်တခေါ်လမ်းမကြီးထဲကို ဆည်းဆာဟာ တစ်လှမ်းချင်း ဖြန့်ခင်းလာမယ်။ မကြာခင် တဖွဲဖွဲ နိုးထလာတော့မယ့် ကြယ်တွေကို ဆက်ငေးကြရင် ကောင်းမလားဟင်။ ညရဲ့စိမ့်ဝင်မှုမှာ လက်ဖျားခြေဖျားတွေလည်း ပြန်အေးစက်သွားဦးမယ်။ ဒီလိုပါပဲ နေ့တွေနေ့တွေ.. မရပ်မနားပြေးလွှားရင်း ပြတ်တောက်မာဆတ် အဆုံးသတ်သွားဦးမှာပေါ့။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





10 comments:
thanks. downloaded~
ပန်ဒို
စာတွေကဗျာတွေအတွက် ချီးကျူးပါတယ်..
စာတွေလည်းတော်တော်ရေးနိုင်တယ်..။
စက္ကူပုတီးကဗျာလေးကို ဟိုတုန်းကလည်းကါန်မန့် ရေးဘူးတယ်..အခုပြန်ဖတ်ကြည့်တော့မှ..
ခံစားမှုအစုံကို အဖွဲ့အနွဲ့ စကားလုံးသစ်တွေတော်တော် များများနဲ့ သုံးထားတာ သတိထားမိပါတယ်..။
ဝေါဟာရအသစ်ပေါ့..။ကြိုက်တယ်.။
စာတွေအများကြီးဆက်ရေးနိုင်ပါစေ..။
ပုံလေး ဆွဲထားတာ ကောင်းလိုက်တာ။ စာအုပ်လေး ဒေါင်းလုတ်သွားပြီ ကိုပန်ဒါရေ.. ကျေးဇူးပါနော်။
အထီးကျန်လမ်းမကြီးတွေနဲ့
အိမ်ထောင်ကျနေသူအတွက်
်မက်မောကျေးဇူးတင်စရာလက်ဆောင်ပါ။... :)
Happy New Year Ko Pan do Ra :)
စာအုပ်လေး ဒေါင်းသွားပါတယ်.. ကျေးဇူးပါနော်..
ကျေးဇူး.. မကြီးပန်..
မကင်းရာမကင်းကြောင်းနဲ့ ရွှေလက်တွဲလို့ ပျော်ရွှင်နိုင်ပါစေ :D
ပန်..
မင်္ဂလာနှစ်သစ်ပါရှင်း))
ဘယ်တုန်းက အမည်ပြောင်းလိုက်သလည်းဟင် :P
လျှပ်စစ် စာအုပ် ဆွဲသွားတယ်ဗျာ..
ကျေးဇူးနော်... ဒေါင်းလုတ်သွားတယ်...
Post a Comment