Sunday, February 6, 2011

Finding Art in the City - 3

ခဏအိပ်သွားတာ တစ်ပတ်လောက်ကြာတယ်လို့တော့ မထင်ပါနဲ့။ ပြတိုက်ထဲ ဆက်သွားကြရအောင်။


အင်ဒိုနီးရှားက Handiwirman Saputra ရဲ့ Sofa လို့အမည်ရတဲ့ installation art ဖြစ်ပါတယ်။ နံရံမှာ ရုပ်ပုံကားချပ်ပုံသုံးပုံ။ အဲဒီပုံတွေအတိုင်း ခင်းကျင်းပြသထားတဲ့ ဆိုဖာခုံနဲ့ အမဲသားတုံးပုံစံတွေ။ two dimensional နဲ့ three dimensional ရဲ့ ဆက်စပ်ပုံကို စဉ်းစားစရာဖြစ်အောင် ပြသထားပါတယ်။


နောက်အခန်းတစ်ခန်းရဲ့ အ၀င်ဝမှာ ကလေးသူငယ်တွေ နဲ့ ကြောက်လန့်တတ်သူတွေအတွက် သတိပေးစာ ကပ်ထားတယ်။ တရုတ်ပြည်က Shen Shaomin ရဲ့ Summit လို့အမည်ရတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ Summit ဆိုတာက ထိပ်သီးအစည်းအဝေး မဟုတ်လား။ တက်ရောက်နေသူတွေက ကျော်ကြားတဲ့ ကွန်မြူနစ် ခေါင်းဆောင်ကြီးတွေပါ။ ရုရှားရဲ့ လီနင်၊ တရုတ်ပြည်ရဲ့ မော်စီတုန်း၊ မြောက်ကိုရီးယားရဲ့ ကင်အီဆွန်း၊ ဗီယက်နမ်ရဲ့ ဟိုချီမင်းတို့က ခေါင်းတလားတွေထဲမှာ လဲလျောင်းလို့။ ကျူးဘားပြည်ကကြယ်နီ ကက်စထရို ကတော့ ဆေးရုံခုတင်ပေါ်မှာ မိန်းမောနေပါတယ်။ အားလုံး ၀တ်စုံပြည့် အခန့်အညား ၀တ်ဆင်ထားကြပါတယ်။

မှောင်ပျပျအခန်းထဲမှာ ဓာတ်ပုံရိုက်ရတာ ပြတ်သားဖို့ သိပ်ခက်တယ်။ လက်မငြိမ် မကျွမ်းကျင်တာလည်း ပါလိမ့်မယ်။ ရှုစားကြည့်ပါဦး။














(ဆက်ချင်ဆက်ပါဦးမည်။)

9 comments:

Unknown said...

လူရုပ်တွေက အသက်ဝင်နေသလိုပဲ လက်ရာမြောက်တယ် စိတ်ဝင်စားဖို့ကောင်းတယ် ..ဆက်ပါဦး ကောင်းသောနေ့ပါ မပန် :)

PAUK said...

ကလေးငယ်မဟုတ်ပေမဲ့ အသည်းငယ်သူမို့
နောက်တစ်ပုံကို နှိပ်မကြည့်မိဘူး။
အရင်က ပြတိုက်တွေ စိတ်မဝင်စားဘူး.။
မနှစ်လောက်က ခရီးထွက်ဖြစ်တော့ ရပ်ဝေးမှာ
ပြတိုက်တော်တော်များများ သွားလည်ဖြစ်တယ်.။
သဘောကျပါတယ်..။

ကိုဇော် said...

လက်တုန်နေတဲ့ ပုံတွေတောင်မှ ဒီလောက် ကောင်းနေတာပဲကွယ်။ တော်ပါပေတယ်။
မဆက်ချင်လည်း ဆက်ပါဦး။
( မရဘူး အတင်းပဲ )

မေဓာဝီ said...

သြော် ဒေါ်ပန် တရေးနိုးလာတာကိုး ...
လူပုံတွေရိုက်ထားတာ သဘောကျတယ်။
ဆက်ချင်ဆက်မယ်တော့ မလုပ်နဲ့လေ ... ဆက်ကို ဆက်ပါအုံး။

ညီလင်းသစ် said...

Low light မှာ ဒီလိုပုံတွေထွက်တာ ကောင်းလှပါပြီ..၊ ထိုင်ခုံတွေရဲ့ Installation art ကို သဘောကျတယ်၊

စန္ဒကူး said...

ပြတိုက်တွေအရမ်းစိတ်ဝင်စားတယ်..
တစ်ခုချင်းဆီအဓိပ္ပယ်တွေအပြည့်ဝရှိတယ်..
ကူးလဲပြတိုက်သွားရင် တစ်နေရာတစ်နေရာမှာ အကြာကြီး... ပုံလေးတွေတင်ပေးလို့ကျေးဇူး

မိုးစက်ပွင့် said...

ဟုတ်ပါ့ လူပုံတွေက အသက်ဝင်လိုက်တာ မပန်၊ သူတို့ထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေပြောနေကြမလဲလို့ အတွေးဆန့်မိတယ်...။

သက်ဝေ said...

ပုံတွေက အသက်ဝင်လွန်းလို့ လျှပ်တပျက်ပဲ ကြည့်သွားတယ်... သာမီး ကြောက်ကြောက်လေ...း))

အဲဒီ ပြတိုက်မှာ အဲလိုပုံတွေ မဟုတ်ပဲ တခြားဟာတွေ ပြတဲ့ အခါ သွားရင် ခေါ်ပါနော်...

ရွှေပြည်သူ (ShwePyiThu) said...

Summit ပုံတွေကိုကြည့်ပြီး သံဝေဂလည်း ရမိပါတယ်။ ထိတ်ထိတ်ကြဲလူတွေရဲ့ နောက်ဆုံးသွားရာလမ်းကလည်း ဒီလမ်းပဲ ဆိုတာမျိုး တချက်တွေးလိုက်မိပါတယ်။ ရိုးရိုးထိုင်နေတဲ့ပုံစံမျိုးတွေ မဟုတ်ဘဲ ဒီလိုပုံစံမျိုး Present လုပ်ပြတဲ့လူရဲ့ စိတ်ကူးကလည်း တကယ်ထူးခြားပါတယ်။ ပြန်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အစ်မပန်ဒိုရာ...