Monday, August 8, 2011

Mythical Moments




Mythical Moments


moments make myths mired

meanwhile
melting morals’ mistake
musical mountains’ mute
mellow mornings’ moan
molded mustangs’ mutiny
mid-summer mirages’ magnet

meanwhile
mysterious mentor’s make-over
motivation / meditation
maturity / modernity
mercy / misty
may mend misprinted memoirs

meanwhile
may Martians mitigate misuse

Ko Pan
Yangon, 10:00 pm, 08.08.11




ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်များ


အခိုက်အတန့်တွေက
ဒဏ္ဍာရီတွေကို ရုန်းထွက်လို့မရအောင် ဖန်ဆင်းတယ်

ဒီအခိုက်အတန့်မှာ
အရည်ပျော်နေတဲ့ နီတိတရားတွေ မှားယွင်းကြ
တေးသံသာတောင်တန်းတွေ တိတ်ဆိတ်ဆွံ့အကြ
နူးညံ့ညင်သာ နံနက်ခင်းတွေ ပြင်းပြငြီးညူကြ
ပုံစံသွင်းထားတဲ့ မြင်းရိုင်းတွေ ပုန်ကန်ထကြွကြ
နွေလယ်ကာလရဲ့ တံလျှပ်တွေက ဆွဲဆောင်ကြ

ဒီအခိုက်အတန့်မှာ
လျို့ဝှက်သိုသိပ် ကြီးကြပ်သူရဲ့ ပြုပြင်ပြောင်းလဲမှု
တက်ကြွစိတ်အား/ ပဋိပတ္တိတရား
ရင့်ကျက်တည်ငြိမ်ခြင်း/ ခေတ်မီလတ်ဆတ်ခြင်း
ကြင်နာမှု/ နာကျင်မှု တွေက
စာစီမှားခဲ့တဲ့ အတ္ထုပ္ပတ္တိ ကို ပြင်ဆင်နိုင်စေ

ဒီအခိုက်အတန့်မှာ
မားစ်ဂြိုလ်သားတွေလည်း အလွဲသုံးများ နည်းပါးနိုင်စေ

ကိုပန်
ရန်ကုန်၊ ည ၁၀ နာရီ၊ ၈.၈.၂၀၁၁
(ဘာသာပြန် ပန်ဒိုရာ၊ ကိုပန်)

9 comments:

Hmoo said...

စာပြန်စီနေပါတယ်၊ကျေးဇူးပါ၊ :)

မေဓာဝီ said...

ကဗျာလေးက ကောင်းပါ၏။
တခုပဲ ... ပရိပတ္တိတရား ဆိုတာ မရှိဘူးထင်တယ်။
ပရိယတ္တိလား ပဋိပတ္တိလား တခုခုပဲ အရီးပန်။
ပရိယတ္တိက သင်ကြားတာ၊ ပဋိပတ္တိက ကျင့်ကြံအားထုတ်တာ ဆိုတော့ကာ meditation ကို ဘာသာပြန်တာဆိုရင် ပဋိပတ္တိပဲ ဖြစ်မယ် ထင်တယ်။

နောက်ပြီး ပြောလက်စနဲ့ ဆက်ပြောရရင် အတ္ထုပ္ပတ္တိ စာလုံးပေါင်းလေးလဲ ပြောပါရစေအုံး။

တန်ခူး said...

အခိုက်အတန့် လေး တွေးနေမိတယ်... ကိုပန်ဆိုတာ ပန်ဒိုရီလား ပန်...

pandora said...

မမေ ရေ. ကျေးဇူး.. ပြင်လိုက်ပြီ
မတန်ခူး ကိုပန်ဆိုတာ ပန်ဒိုရီအပြင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ.. လို့း)

သက်ဝေ said...

Meaningwhile, P & P make magical...
Meaningful / Marvelous / Miraculous poem... :)

kay said...

အော..ကိုပန်က.. မပန်းကို အမှီ လိုက်နေ တာကိုး..း)

Cameron said...

ပန်ဒိုရာ ပန်ဒိုရီ...ပေါင်းစပ်ကဗျာပေါ့...။

မေသိမ့်သိမ့်ကျော် said...

မပန်ရေ ဖတ်သွားတယ်။ m တွေနဲ့ ရေးထားတဲ့ကဗျာကော မပန်ရဲ့ ဘာသာပြန်လေးပါ သေချာဖတ်သွားတယ်။း)


ခင်တဲ့

ShwunMi- said...

ဒီအခိုက်အတန့်မှာ
မားစ်ဂြိုလ်သားတွေလည်း အလွဲသုံးများ နည်းပါးနိုင်စေ

နောက်ဆုံးပိုဒ်ကို အကြိုက်ဆုံးပဲ မပန်နဲ့ကိုပန်..