Tuesday, July 3, 2012

ရေနွေးငွေ့ခန်းထဲမှာ




ရေနွေးငွေ့ခန်းထဲမှာ

မျက်မှန် (တပ်ထားလျှင်)- ချွတ်
ဆွဲကြိုး/နာရီ/လက်စွပ် (ဝတ်ဆင်ထားလျှင်)- ချွတ်
အခြားသတ္ထုပစ္စည်းများ (ဝတ်ဆင်ထားလျှင်) - ချွတ်
အပေါ်အင်္ကျီ/အင်္ကျီ (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
လုံချည်/ဘောင်းဘီ/စကပ် (ဝတ်ဆင်ထားခဲ့ဟုယူဆ)- ချွတ်
အတွင်းခံအင်္ကျီ (ဝတ်ဆင်ထားလျှင်)- ချွတ်
အတွင်းခံဘောင်းဘီ (ဝတ်ဆင်ထားလျှင်)- ချွတ်
ဤသို့ဖြင့်
အခန်းထဲမဝင်ခင်
ရေ အရင်ချိုးသင့်
အိပ်စက်ခြင်း
နှိပ်နယ်ခြင်း
လက်သည်းနီ ခြေသည်းနီ ဆိုးခြင်း
ဆေးလိပ်သောက်ခြင်း
အပေါ့အလေးစွန့်ခြင်း
များ
အခန်းတွင်းတွင်
 မပြုလုပ်သင့်
အပူချိန်ဒီဂရီ ကိုးဆယ်ထက်
မကျော်သင့်
အသက်ရှူကျပ်လာလျှင်
ရပ်လိုက်သင့်
ဤသို့ဖြင့်
အခိုးအငွေ့များ
ကွေ့ကာ ဝိုက်ကာ
ရှိုက်ကာ ဖိုကာ
အရေပြားအောက်
အဆီပြင်များ
တိုက်စား
ပါးသထက်ပါးလွှာ
ပျော်ကျ
ကိုယ်ရည်ကိုယ်ငွေ့များ
တပေါက်ပေါက် တပေါက်ပေါက်
ပေါက်ပေါက်
ကျ
ဤသို့ဖြင့်
အေးခဲမှုတွေ - ချွတ်
တောင့်တင်းမှုတွေ - ချွတ်
ညောင်းညာခြင်းတွေ - ချွတ်
ကြေးညှော်တွေ - ချွတ်
အနံ့အသက်တွေ - ချွတ်
အပိုအလျှံတွေ - ချွတ်
အစွန်းအထင်းတွေ - ချွတ်
စိတ် ကိုပါ - ချွတ်

ပန်ဒိုရာ
၂ဝ.၁-၃.၇.၂ဝ၁၂

6 comments:

Unknown said...

ပျော်ကျ
ကိုယ်ရည်ကိုယ်ငွေ့များ
တပေါက်ပေါက် တပေါက်ပေါက်
ပေါက်ပေါက်
ကျ
ဤသို့ဖြင့်
အေးခဲမှုတွေ - ချွတ်
တောင့်တင်းမှုတွေ - ချွတ်

Anonymous said...

ရင်တွေခုန်မြန်မြန်လာတဲ့အခါ
မီးဖိုလေးကို ရေတွေအများကြီးမလောင်းရ

သိ င်္ဂါ ရ said...

စိတ်ကို ကျွတ်အောင် ချွတ် ...

ချွတ် ... ချွတ် ...

ရသ တစ်ခု အတွက် ကျေးဇူးပါ ပန်ဒိုရာ

ငြိမ်းစိုးဦး said...

တပေါက် ပေါက် ကျအောင် စိတ်တွေကို ချွတ် ဤသို့ဖြင့် အခိုးအငွေ့များကြားမှာ လူးလွန့် ... ဘ၀ထဲကို မရဲတရဲ ...

Angelhlaing(May everybody be happy and healthy! said...

အစွန်းအထင်းတွေ - ချွတ်
စိတ် ကိုပါ - ချွတ်

မြသွေးနီ said...

အပိုအလျှံတွေ - ချွတ်
အစွန်းအထင်းတွေ - ချွတ်
စိတ် ကိုပါ - ချွတ်