Wednesday, February 20, 2013

သူတို့တူးဖော်ကြပါလိမ့်မယ်


painting ICN2, water colour, study


သူတို့တူးဖော်ကြပါလိမ့်မယ်

တီးမှုတ်ကခုန်နေတဲ့ စားသောက်ခန်း
အာရုံငါးပါးက မုန်တိုင်းကို ဖုံးလွှမ်းနေလို့

ကုန်းပတ်ကွင်းပြင်
ဘတပြန်ကျားတပြန် သတ်ပုတ်နေကြစဉ်  ရေလုံးတွေ ဝေါခနဲ

အထက်တန်းအိပ်စင်
ဇောချွေးပြန်နေဆဲ လည်ဆွဲတစ်ကုံး နက်ကတိုင်တစ်ချောင်း

ဒီဝမ်းဗိုက်ပေါက်
ဒီလမ်းနောက်ကို တားမရဆီးမရ တကောက်ကောက်

ပျောက်ဆုံးနေတဲ့ ကျောက်ဆူးကြိုး
တွေ့ခဲ့ရင်တောင် ဒီအခြေအနေမှာ အသုံးချလို့ မရဘူး

နောက်ဆုံးပျဉ်ချပ် တစ်ချပ်
ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ တန်းစီလျက်

လုပ်ဖော်ကိုင်ဖက်အဖွဲ့
ပရိုတိုကောလ်အတွင်း ရုန်းရင်းဆန်ခတ်

ကပ္ပတိန်
ဦးထုပ်ကို ချွတ်တယ် နှုတ်ဆက်အနမ်း နမ်းလိုက်တယ် ပြီးတော့ ပြန်ဆောင်းလိုက်တယ်

အချိန်တွေ ………………………………….
………………………………………………..
………………………………………….. ကျော်ဖြတ်သွားပါလိမ့်မယ်

ပေါလောမျောနေမယ့် အုတ်ဂူတစ်လုံးထဲမှာ
နစ်မြုပ်မှုအား သစ္စာရှိစွာ ဖက်တွယ်နေရစ်သူရဲ့ ဝိညာဉ်ပေါ်
ပင့်ကူတစ်ကောင် အိမ်ဆောက်ရင်း လှိုင်းစီးနေ။

ပန်ဒိုရာ
၂၀.၂.၂၀၁၃



3 comments:

Anonymous said...

I like better other works you've written,this one,in my taste,is way too descriptive.

မိုးနတ်ကြယ်စင် said...

ကဗျာလေးဖတ်ပြီး အရင်ဆုံး သတိရလိုက်မိတာက
“တိုက်တန်းနစ်” သဘောင်္ကြီးးးးးးးးးးးးးးးးး

ဟန်ကြည် said...

ဝိုး...

တစ်ခွန်းပဲ အော်လိုက်နိုင်တယ်...ကောင်းလိုက်တဲ့ ကဗျာ...ပြန်ကိုဖတ်ရဦးမယ်...ကူးသွားပြီနော်...မှတ်စုထဲမှာ သိမ်းထားဖို့...