
မနှစ်က ဒီအချိန် ဒီပုံကလေးဆွဲပြီး သူ့ကိုပေးခဲ့တယ်။ သူ့ ဂျီတော့မှာ တင်ထားလေ့ရှိတဲ့ ပုံသေးသေးလေးက ၀တ်စုံလေးအတိုင်း မှန်းပြီး ဆွဲလိုက်တာပေါ့။ အဲဒီညက သူက ဘာတွေစိတ်ညစ်နေလဲ မသိပါဘူး။ သူ့ပုံဆိုပြီး ပေးလိုက်တော့ ကလေးတယောက်လို ပျော်သွားလေရဲ့။
သူ့စာတွေကို ဖတ်ရင် သူ့စိတ်ကို ခံစားနိုင်မယ်။ သူ့အရောင်အသွေးကို မြင်နိုင်မယ်။ ဇွတ်ဆန်သူ၊ မှန်တယ်ထင်ရင် နောက်မဆုတ်ချင်သူလို့ သူ့ကိုယ်သူ မြင်သေးတယ်။ အချိန်က စကားပြောလာလိမ့်မယ်။ ရိုးသားမှုက သူ့ရဲ့ကိုယ်ပိုင်အလှပဲ။ သူက နှင်းတွေကို ချစ်တယ်။ နှင်းဆိုတာက အေးမြတယ်။ ဖြူစင်တယ်။ ဆောင်းလေရူးတွေက မတည်မငြိမ် တိုက်ခတ်သွားမှာကိုတော့ စိုးမိသေးတယ်။
ဘလော့တွေထဲမှာ ကောက်ရခဲ့တဲ့ သံယောဇဉ်ကြိုးတွေထဲက တစ်မျှင်သော ကြိုးကလေးပေါ့။ သူပြောပြောနေတဲ့ ၃ ဂဏန်းတခု အခုတော့ ဂျစ်ဂျစ်ဂျစ်ဂျစ် နဲ့ တွန်းတိုက်လှုပ်ခတ်လာခဲ့ပြီ။ သူ့အတွက် အမြဲဝေနေတဲ့နှင်းတွေ ၂၀၀၈ ဇူလိုင် ၁၅ မှာလည်း ငြိမ်းချမ်းပျော်ရွှင်ပါစေ။
အသာလုပ်ပါ အက်မေရယ် ..
-
အိမ်မှာ သားအဖ၂ယောက်က သတင်းပလင်းစုံသည်။ နိူင်ငံမှာ တစ်ခုခု ဖြစ်ပြီ၊ ကမ္ဘာမှာ
တစ်ခုခု ဖြစ်ပြီဆို သူတို့ အရင်သိနှင့်သည်။ TV ကနေ လိုင်းပေါ်ကနေ သတင်း ပလင်း
upd...
1 day ago





10 comments:
ဇူလိုင်လကြီးကို နှင်းတောထဲကို ဘယ်လိုရောက်သွားတာလဲ မသိဘူး။ ပြီးတော့ ရေခဲခွဲနေတာ ထင်တယ် ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့။ ဟိဟိ။
အမ ဆွဲပေးတဲ့ ပုံလေး ခုထိ သိမ်းထားတုန်းး)
ဒီနေ့ အိပ်ရာထနောက်ကျလို့ အလုပ်ကို နေ့တ၀က်ခွင့်ယူမယ် စဉ်းစားပြီး ၊ ကိုယ့်အမ ဘလောဂ့်တွေ ၀င်ကြည့်တာ မွေးနေ့ဆုတောင်းတွေ တွေ့ ပြီး တကယ် အားတက်သွားတယ် ။
အမလို အမတယောက်နဲ့ ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်နေမှာပါ ။
မွေးနေ့မှာ တယောက်တည်းမဟုတ်ဘူးဆိုတဲ့ အသိက အကောင်းဆုံးမွေးနေ့လက်ဆောင်တခုပါပဲး)
အမပြောသလို ... ဂျစ်ကြိုက်တဲ့ နှင်းတွေကို ဆောင်းလေရူးက မတိုက်ခတ်သွားပါစေနဲ့လို့ မွေးနေ့မှာ ပြန် ဆုတောင်းလိုက်ပါတယ် ။
Happy Birthday ဂျစ်တူး။ မွေးနေ့မှသည် အနာဂတ်နေ့ပေါင်းများစွာမှာ ဖြစ်နေတာနဲ့ ဖြစ်ချင်တာ တထပ်တည်း ကျနိုင်ပါစေ။
Happy Birthday ပါ ဂျစ်ဂျစ်ရေ
ဒီမှာလည်း လာဆုတောင်းပေးသွားတယ်နော်
မွေးနေ့အတွက် အကြွေးမှတ်ထားမယ်နော်
နောက်မှ စားမယ် ဟဲဟဲ
အင်း ... မပန်ရေ - မဂျစ်က သုံးဂဏန်းအတွက် Chilli Crab ၃ ကောင်တဲ့ဗျ။
ပျော်ရွှင်စရာ 30+ နေ့ရက်တွေကို ချစ်ခင်တဲ့ မိသားစု၊ သူငယ်ချင်း၊ ဘလော့ဂ်ဂါတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ဒီနေရာမှာ ထပ်လာဆုတောင်းသွားပါတယ် ...
မဂျစ်တစ်ယောက် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ :) :)
ဒီမှာ ပဲ ဆုတောင်း ပေးသွားပါတယ် ... နောက်ကျနေပြီ ... ဟက်ပီး ... ဘတ်သ်ဒေး :)
ဒီမှာ ဆုတောင်းပေးသွားကြသူတွေကို ကျေးဇူးတင်ပါတယ်း)
happy birthday Gyit tu
မ...
မဖော်ပြရင်တောင် ရင်ထဲမှာ အမြဲရှိနေတဲ့ လူ... ဆုတောင်းပေးလျက်ပါ။
အေးချမ်းသူ
Post a Comment