စစ်အတွင်းပြုသည့်သစ္စာ
တည်အံ့လော
မတည်အံ့လော
ယုံသင့်သလော
မယုံသင့်သလော
ချောင်ပိတ်ခံရသူများ အငြင်းပွားကြ။
သဲအောက်မှာ ၀ှက်ထားတဲ့ ဓားတွေ
တနေ့
နိုင်သူတို့မှတ်တမ်းက
ဖုံးလွှမ်းသွားလိမ့်။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
3 weeks ago
34 comments:
နိုင်သူတို့
ရှုံးသူတို့၊
သစ္စာရှိသူတို့
သစ္စာမဲ့သူတို့၊
ယုံလွယ်သူတို့
မယုံလွယ်သူတို့၊
သူရဲကောင်းတို့
သူရဲဘောကြောင်သူတို့၊
ယောက်ျားကောင်းတို့
ယောက်ျားယုတ်တို့၊
မည်သို့ဖြစ်ဖြစ်
ပြက္ခဒိန်စစ်စစ်ကတော့
မည်သူ့ကိုမျှ လျစ်လျူမပြုဖြစ်။
ကြက်သီးဖြန်းဖြန်းထသွားတယ်….
မကြီးပန်
ကဗျာဖတ်သွားတယ်ဗျ။
ရာဇဓိရာဇ်အရေးတော်ပုံမှာ ဒီအခန်းဖတ်ဖူးတယ်။
အခု မကြီးပန်ကဗျာကိုဖတ်ရတာ ပိုပြီးထင်းသွားတယ်ဗျို့ ။
ပျော်ရွှင်ပါစေခင်ဗျာ
အဲ့ တစ်နေ့ ကလည်း ကြာလိုက်တာဗျာ။
ဒါပေမယ့် အမှန်တရားကတော့ တစ်နေ့  လာကိုလာမှာပဲ ။
အခုအထိ .. မကြိုက်ဘူး။
အမှန်တရားလိုလို၊ မမှန်တရားလိုလိုနဲ့ ။
ရာဇဓိရာဇ်အရေးတော်ပုံနဲ့ လည်း ဆိုင်ပုံမရ။
:(
နတ်ဆိုး
အမ်မလေး ပန်ပန်ရယ် ကောင်းချက်ကတော့ ....
သဲတွေ အောက်က ဓါး အမြန်ယူပါရစေတော့......
အဲဒီတုန်းကတည်းက အချင်းချင်း ကလိမ်ကညစ်အနိုင်ယူရတာကို မကြိုက်ခဲ့။
ရှုံးရှုံးနိုင်နိုင် ပြောင်တိုက်ရဖို့ကိုသာကြိုက်တယ်။
ဒါပေမဲ့ မလိုအပ်ဘဲနဲ့တော့လည်း စစ်မဖြစ်ချင်။
ပြီးးတော့ ကိုယ့်အချင်းချင်းတွေပြန်တိုက်ရတဲ့စစ်ကို မလိုချင်။ နဂိုတည်းကိုက သမိုင်းမကောင်းခဲ့သူတွေ... ဒီလိုနဲ့ မိုးကြီးချုပ်ခဲ့တာကြာပြီ။
သဲတွေအောက်က
ဝှက်ထားတဲ့ ဓါးတွေ
ဖော်ထုတ်ဖို့... ဘာတွေလိုအပ်နေပါလဲ..!!
အရေး အသားတွေ အားလုံး
ရဲရင့်ပြောင်မြောက်လွန်းပါတယ် ။
တနေ့ ..
အဲဒီ တနေ့ .. ဘယ်တော့လဲ...!!!
သဲအောက်က ဓါးက ဘာဓါးလဲ ဆိုတာ အရင် ပြောပြပါ..။
ဒေါ်မေငြိမ်းပြောတာကို ကြိုက်သည်။
အပြန်အလှန် ယုံကြည်မှုနဲ့ တွေ့ဆုံကြတဲ့နေရာမှာ မဆွခင်ကတည်းက ကိုယ်က သဲအောက်ဓားတွေ ကြိုတင် ဖွက်ထားပြီး ဆွေးနွေးပွဲအတွင်း ရုတ်တရက်ထခုတ်ကြခြင်းဖြင့် အရေးတော်ပုံတခု အောင်မြင်တယ်ဆိုစေဦးတော့ အဲဒီလုပ်ရပ်ကို မထောက်ခံသင့်။
မည်မျှပင် ချောင်ပိတ်မိပစေ ထိုနည်းလမ်းကို ကျင့်သုံးသင့်သည်မဟုတ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်များနှင့် မဟာမိတ်တို့အကြား ရှေ့တန်းစစ်မြေပြင်တွင် ခရစ်စမတ်ရက်ကဲ့သို့ အခါကြီးရက်ကြီးများအတွင်း အပြန်အလှန် အပစ်အခတ်ရပ်စဲကာ ကတုတ်ကျင်းများမှ ထွက်၍ ပျော်ကြရွှင်ကြဆဲ မည်သည့်ဘက်ကမျှ စည်းကမ်းဖောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်းမရှိ။ ဂတိသစ္စာကို စောင့်ထိန်းကြသည်ဟု မှတ်သားရပါသည်။
မြန်မာရာဇ၀င်တွင်သာ ထိုသို့ ဓားဖွက်ထားပြီး ထခုတ်သည့်လူများ နာမည်ကောင်းရနေသည်မှာ အံ့သြစရာ ကောင်းလှပေသည်။
opinion ဒါမှမဟုတ် တိုက်တွန်း အကြံပြုခြင်း မပါပဲ အချက်အလက်သာ ရိုးရိုး ဖော်ပြလိုက်သော (သည်လို ကိုယ့်ဘာသာ ထင်မိသော) ကဗျာတစ်ပုဒ်အပေါ် ရေးကြသော မှတ်ချက်များ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အားလုံး ကျေးဇူးပါ။
ကိုပေါ သို့ 
တခုလောက်မေးပါရစေ။
မြန်မာရာဇ၀င်တွင်သာ ထိုသို ဓါးဖွက်ပြီး ထခုတ်သူများနာမည်ကောင်း ရနေသည် ဆိုတာ တကယ်ရာဇ၀င်ကို ညွန်းချင်တာလား၊ လက်ရှိ အခြေအနေတွေကို ရည်ရွယ်ချက်တစ်ခုနဲ့ ပြောချင်တာလားဆိုတာကိုပါ။
တကယ်ရာဇ၀င်ကို ညွန်းချင်တာဆိုရင်တော့ တော်တော်ခံစားရတယ်။ သိသလောက် မြန်မာရာဇ၀င်မှာ သူရဲဘောကြောင်တဲ့ လူတွေ နာမည်ကောင်း မရပါဘူး။ မြန်မာ ရာဇ၀င် တွေ ဟာ သူရဲ ကောင်းတွေကို သာ နာမည်ကောင်းပေးထားပါတယ်။ အပေါ်က ရာဇ၀င်လို့  ဆိုတာ ရာဇဓိရာဇ် အရေးတော်ပုံက အဖြစ်အပျက်ကို ညွန်းချင်တာဆိုရင်လည်း အဲဒီအဖြစ်အပျက်ဟာ သူရဲကောင်းလဂွန်းအိမ် ရဲ့  သူရဲကောင်းပီသမှု့ ၊ ယောင်္ကျားပီသမှု့ ၊ ဘုရင် ရာဇဓိရာဇ်ရဲ့  သူရဲ ကောင်း ဘုရင်ပီသမှု ၊ အမှန်တရားကို လက်ခံတက်မှုတို့ နဲ့  အတော် နာမည်ကြီးတဲ့ ကိစ္စပဲ။ အတော်လေးစားစရာကောင်းခဲ့တဲ့ အဖြစ်အပျက်ပါ။
အဲဒီ အချိန်ကတည်းက နိုင်သူတို့ မှတ်တမ်းဖုံးလွမ်းသွားတာမျိုးကို လဂွန်းအိမ်လို လူတွေက လက်မခံခဲ့ဖူး။ အဲဒီ ပွဲမှာ နာမည်းကောင်းထွက်တာ ဒါးဖွက်ဖို့  လုပ်တဲ့ သူတွေ မဟုတ်ဘူး။ ဘုရင် သတ်တာခံရနိုင်မှန်းသိလျှက်နဲ့  ဆန့် ကျင်ခဲ့တဲ့ လဂွန်းအိမ် ပါ။
ကိုပေါ အံ့သြရတဲ့  အကြောင်းအရင်းဆိုတာ ကို ကျွန်တော် နားမလည်ဘူး။ အချိန်ရရင် ဖြေပေးပါ။
တေးမွန်
မပန်ရယ်.. ရေးတတ်လိုက်တာ..။
တေးမွန်သို့
စိတ်မကောင်းမဖြစ်ပါနဲ့ဗျိုး။
လဂွန်းအိမ်ကို ဆိုလိုချင်းမဟုတ်ပါ။ လဂွန်းအိမ်၏ လုပ်ရပ်ကို တေးမွန်ကဲ့သို့ပင် ကျနော်လည်း အင်မတန် အထင်ကြီးလေးစားလျက် ရှိပါသည်။
ကျနော်ပြောချင်သည်မှာ ဦးဖိုးကျား ရေးသားသည့် “ခေတ်မီမြန်မာရာဇ၀င် အကျဉ်းချုပ်” တွင် ပါဝင်သော “သိုဟန်ဘွား” ကို လုပ်ကြံခဲ့သည့် မင်းကြီးရန်နောင်ကိုသာ ဆိုလိုပါသည်။
အဖြစ်အပျက်ကို ကျနော်မှတ်မိသလောက် ပြောပြပါမည်။ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖတ်ခဲ့ရသည်ဖြစ်၍ အချက်အလက်အချို့ လွဲချော်နေပါက သိသူများ ဖြည့်ဆည်းနိုင်၊ တည့်မတ်ပေးနိုင်ပါသည်။ အဖြစ်အပျက်မှာ…..
သိုဟန်ဘွား ယာယီတဲနန်းနဲ့ စံမယ့်နေရာမှာ မင်းကြီးရန်နောင် အခစားဝင်မယ်လုပ်တော့ သူ့တပည့်တွေကို ဓါးတွေ ၀ှက်ယူလာခိုင်းပြီး “ငါထခုတ်ပြီ ဆိုတာနဲ့၊ မင်းတို့လည်း ထခုတ်ကြ” လို့ မှာထားတယ်။ (သဲထဲမှာ မြှုတ်ခိုင်းသလား၊ ဖင်ခုထိုင်ခိုင်းသလား အတိအကျ မမှတ်မိ)။
နောက်တကယ် အခစားဝင်တော့ သိုဟန်ဘွားနဲ့ စကားပြောနေကြရင်း မင်းကြီးရန်နောင်က (ဥပါယ်တမျဉ်နဲ့) ဓါးကောင်းတွေအကြောင်း မရောက်ရောက်အောင် စကားစပ်ပြီးပြောတယ်။ မြန်မာရာဇ၀င်မှာ နာမည်ကြီးခဲ့တဲ့ ဓါးတွေအကြောင်းကိုပေါ့။ အဲဒီခေတ်က စစ်ဘုရင်ခေတ်ပီပီ သိုဟန်ဘွားကလည်း ဓါးတွေအကြောင်းကို သွားရည်ကျပေသပေါ့။ စိတ်ဝင်စားပေသပေါ့။ မင်းကြီးရန်နောင်ကိုင်တဲ့ ဓါးကလည်း နာမည်ကြီးဓါးလို့ သိရတယ်။ (ယိမ်းနွဲ့ပါးက မင်းကြီးရန်နောင်ကိုင်တဲ့ ဓါးဟုတ်မဟုတ်တော့ ကျနော်ကောင်းကောင်းမမှတ်မိတော့)။
ဒါနဲ့ သိုဟန်ဘွားက မင်းကြီးရန်နောင်ကိုင်တဲ့ ဓါးကို ကြည့်ပါရစေ လို့ တောင်းဆိုလိုက်တော့ မင်းကြီးရန်နောင်က ဓါးကို ဓါးအိမ်ကချွတ်ပြီး ဆက်သမလိုလိုနဲ့ သိုဟန်ဘွားကို စလွယ်ခုတ် ခုတ်ထည့်လိုက်တာ သိုဟန်ဘွားကို စလွယ်သိုင်း ပြတ်ရုံမက သိုဟန်ဘွားမှီပြီး ထိုင်နေတဲ့ ၀ါးဘိုးဝါး တိုင်၂တိုင်နဲ့ ကြမ်းငါးချောင်းတိတိ ပြတ်သေးတယ်လို့ ဖတ်ရပါတယ်။ (မင်းကြီးရန်နောင်ရဲ့ ဓါးကောင်းပုံကို မြန်မာစာအုပ်တွေမှာ အဲသည်လို ညွှန်းကြတယ်။) မင်းကြီးရန်နောင်ခုတ်ချလိုက်တာနဲ့ သူ့နောက်လိုက်တွေကလည်း သိုဟန်ဘွားနောက်လိုက်တွေကို တပြိုက်နက်မှာ ထခုတ်ကြတော့ မင်းကြီးရန်နောင်ရဲ့ လုပ်ကြံမှုအရေးတော်ပုံလည်း အောင်မြင်သွားလေသတည်းပေါ့။
သိုဟန်ဘွားသည် ဗိုလ်သန်းရွှေကဲ့သို့ပင် ဆိုးညစ်သောမင်းဖြစ်သည်ဟု ကျနော်ကြားဘူးပါသည်။
မင်းကြီးရန်နောင်သည် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် သိုဟန်ဘွားကို လုပ်ကြံခဲ့သည် ဆိုသည့်အချက်ကိုလည်း ကျနော်အသိအမှတ်ပြုနိုင်ပါသည်။ သို့သော် လုပ်ပုံလုပ်နည်းအရ ကျနော့်အနေဖြင့် မထောက်ခံပါ။
ဂျူလီယပ်ဆီဇာလည်း သူ့ခေတ်သူ့အခါကတော့ အာဏာရှင်ပေါ့။ ဒါပေမယ့် သူ့နောက်ကျောကို ဓါးနဲ့ထိုးတဲ့ ဘရုတပ်စ်ကတော့ သူတို့သမိုင်းမှာ နာမည်ပျက်ခဲ့တယ်။ မင်းကြီးရန်နောင်က ကျနော်တို့ သမိုင်းမှာ ရာဇ၀င်မပျက်ပါဘူး။ ဟိုးတလောလေးကတောင် မင်းကြီးရန်နောင်လို ပုဂ္ဂိုလ်မျိုး အခုခေတ်မှာ ထပ်ပေါ်လာရင်ကောင်းမယ်လို့ ဘလော့ဂ်တခုမှာ တောင့်တသံကို ကြားလိုက်မိပါသေးတယ်။
ကျနော်ပြောခဲ့တဲ့ သမိုင်းသာ ကျနော်အမှတ်မမှားခဲ့ဘူး၊ အဲသည်အတိုင်းမှန်မယ်ဆိုရင် တေးမွန်…အနေနဲ့ရော မင်းကြီးရန်နောင်လုပ်ရပ်အပေါ်မှာ ဘယ်လိုသဘောရပါသလဲ။
မပန်၏စာလည်း ကောင်းပါသည်။ Comment တွင် ရေးသားသွားသော အကိုအမများ၏ မှတ်ချက်များသည်လည်း အလွန်ကောင်းမွန်ကြောင်း ......
တေးမွန်သို့....
ဦးဖိုးကျားရဲ့ စာအုပ်က လောလောဆယ် ကျနော့်လက်ဝယ် မရှိလို့ မြန်မာ့စွယ်စုံကျမ်းမှာပါတဲ့ အင်းဝဘုရင်တပါးဖြစ်ခဲ့ဘူးတဲ့ သိုဟန်ဘွား (မြန်မာ ၈၆၇-၉၀၄) အကြောင်းကနေ ကျနော့်မှတ်ချက်များနဲ့ သက်ဆိုင်တဲ့အပိုင်းကို ကောက်နှုတ်ကာ မျှဝေလိုက်ပါတယ်။
“သိုဟန်ဘွားလည်း သံဃာတော်တို့အား သတ်ပြီးလျှင် ကျောင်းကန်ဘုရားတို့၌ ရှိသော စာပေကျမ်းဂန်တို့ကို ယူ၍ မီးတိုက်၏။ သာသာနာတော်ကို ယင်းသို့ ဖျက်ဆီးရုံမက လူတို့အားလည်း ညှဉ်းပန်းလွန်းလှသည်။
မြန်မာမှူးမတ်မျာအားလည်း ရှမ်းမှူးမတ်များက စော်ကားဖန်များလှသဖြင့် မြန်မာတို့သည် သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်နှင့် တိုင်ပင်၍ အညီအညွတ်ပြုကြသည်။
သက္ကရာဇ် ၉၀၄ ခုနှစ် ကခုန်လတွင် ရှမ်းမင်း သိုဟန်ဘွားအား ယာယီပြုသင့်သည်ဟု ပညာရှိတို့ လျှောက်၍ မနော်ရမ္မာဥယျာဉ်၌ ယာယီနန်း ဆောက်ကာ မြန်မာတို့ ကိုယ့်နေရာကိုယ် အမှတ်အသားပြု၍ စွဲသည့်ဓါးကို မြုပ်ထားကြသည်။ ရှမ်းတို့အားမူ ယာယီနန်းထွက်ကြိုက် လက်နက်မပါ အယဉ်အကျေးလိုက်၍ နေရသည်ဆိုကာ လက်နက်မပါဘဲ ခစားစေသည်။
ယာယီတဲနန်းသို့ သိုဟန်ဘွားထွက်၍စံစဉ် ရွှေနန်းကြော့ရှင်၏ ဓားအစွမ်းကိုရောက်အောင် မင်းကြီးရန်နောင်က စကားသွယ်၍ ပြောကာ ထိုဓားကိုပြဟန်နှင့် သိုဟန်ဘွားအား ခုတ်လိုက်ရာ သိုဟန်ဘွားကျသည့်နေရာတွင် ကျသည့်အပြင် မှီထားသော ၀ါးပိုးတိုင်နှင့် ကြမ်းငါးချောင်းပြတ်သောဟူ၏။ မြန်မာအမတ်တို့သည်လည်း ရှမ်းအမတ်တို့အား ခုတ်ကြရာ အများအပြားသေကုန်ကြလေသည်။”
ကိုပေါ။
ကိုပေါသို့ 
ကောင်းပါတယ်။ ကျွန်တော်တို့  ရာဇဓိရာဇ်အရေးတော်ပုံ အကြောင်းမှာ သဘောထားတူတယ်ပေါ့။
ဒါပေမယ့် ကွဲလွဲမှု က ပိုပြီး သိမ်မွေ့ လာတယ်။ ဆက်ပြောကြဦးစို့ ။
ပထမဆုံးဒါကို မပြောခင် ကျွန်တော်ပြောတာကို ပြီပြင်စေချင်လို့  သဘောတစ်ခုကို အရင်ပြောချင်ပါတယ်။ အဲဒါကတော့ အဖြစ်အပျက် တစ်ခုဟာ နောက်ခံ အကြောင်းအရာတွေ အများကြီး ပေါ်မူတည်ပြီး ကွဲပြားခြားနားတယ် ဆိုတာပါပဲ။
ဟုတ်လား။ ကျွန်တော်တို့ ငယ်သူငယ်ချင်း တသိုက်က အရမ်းခင်ကြတယ်။ မတွေ့ တာကြာလို့  ပြန်တွေ့ ကြရင် ငါချင်းထပ်နေအောင် ဆဲတက်ခဲ့ကြတယ်။ ငါ -ီး.. မင်းငါ့ ကိုတောင် အဆက်အသွယ်မလုပ်ဘူး။ ငါ -ီး မင်း ဘာကောင်ဖြစ်လာမှန်းမသိဘူး။ စသည်ဖြင့်။ ဒါပေမယ့် ဒီလို ငါချင်ထပ်နေပေမယ့် အားလုံး ၀မ်းသာအားရနဲ့  ပြုံးရွင်နေကြ ၊ ဖက်လှဲတကင်း ဖြစ်ကြနဲ့ ။ အဲဒီလို ငါချင်းထပ်လေ့ ရှိတဲ့ အတွက် ကျွန်တော်တို့ ကို ရိုင်းတယ်လို့  မပြောနိုင်ဘူး။
ရိုသေရမယ့် ဟာကို ကျွန်တော် ညာတာပါတေးမဟုတ်ပဲနဲ့  ရိုသေပါတယ်။
ကျွန်တော် ရန်ဖြစ်တက်တယ်။ ဒီအခါမှာလည်း တခါတလေ ဆဲတက်ကြပါတယ်။ ငါ -ီး မင်းဘာဖြစ်ချင်လဲ ဟေးရောင်.. စသည်ဖြင့်။ ဒါပေမယ့် ငါချင်းထပ်မနေရင်တောင် တဖက်လူဟာ၊ ဒါမှမဟုတ် ကျွန်တော်ဟာ အတော် ခံရခက်ပါတယ်။အဲဒီ ငါ -ီး ဆိုတဲ့ စကားလုံးက ဖြစ်နေတဲ့ ၇န်ပွဲကို ပိုပြီး အားမြင့် ပေးလိုက်ပါတယ်။
ဘာကို ပြောတာလဲ ဆိုရင် အကြောင်းအရာ ချင်း တူပေမယ့် အခြေအနေမတူ တဲ့ အခါ သက်ရောက်မှု့ ၊ အဓိပ္ပါယ်၊ အားလုံးကွဲပါတယ်။
ဒီတော့ မင်းကြီး၇န်နောင် ကိစ္စကို ဘယ်လို ထင်လည်း လို့ မေးတဲ့အခါ ။ လုပ်သင့် လုပ်ထိုက်သည်ကို လုပ်သွားတဲ့ အတွက် သူကို သူရဲကောင်းအဖြစ် အသိအမှတ်ပြုပါတယ်။ လေးလည်း လေးစားပါတယ်။ တခြားသူရဲ့ ကောင်း တွေလို ရဲရဲတောက် အားကျတာမျိုးမဖြစ်ပေမယ့် အတ္တနည်းနည်း နဲ့  သူလုပ်ခဲ့တဲ့ အလုပ်တွက် ကျွန်တော်ကြိုက်ခဲ့တယ်။
ဘာလို့ လည်းဆိုတော့ မင်းကြီးရန်နောင်ရဲ့  အခြေအနေဟာ ဟိုဖက်ဒီဖက် စစ်ဖြစ်နေကြတာမျိုးမဟုတ်ဘူး။ ကိုယ်ရဲ့ ဘုရင်ဟာ ဘုရင်ဆိုးဖြစ်နေတဲ့ အတွက် အများအတွက် ကိုယ်ဟာ သူအပေါ်ထားတဲ့ သစ္စာကို ဖျက်ပြီး ပြန်လည် သုတ်သင်ရတဲ့ အခြေအနေပါ။ သူဟာ ဘုရင်လုပ်ချင်လို့  ဒီအကြံကို ကြံစည် တာ မဟုတ်ဘူးဆိုတာကို လည်း သိုဟန်ဘွားကို လုပ်ကြံအပြီးမှာ သိသာပါတယ်။ သူဟာ ဘုရင် မလုပ်ခဲ့ပါဘူး။ ကိုပေါလည်း သူရဲ့  ရည်ရွယ်ချက်ကောင်းပုံကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့  ဟာ သဲထဲ ဓါးဖွက်ထားတာ တစ်ခုတည်းကို ကြည့်လို့ မရပါဘူး။
တကယ်လို့  မင်းကြီးရန်နောင်ကလည်း မင်း၊ သိုဟန်ဘွားကလည်း မင်း၊ စစ်ခင်းနေတဲ့ အခါ မှာ ဒီ ဥပါယ်တမျဉ်ကို သုံးတာမျိုး၊ နှစ်ယောက်လုံး မင်းသား ၊ ဘုရင် အရာအတွက် ဒီလို ဥပါယ်တမျဉ်ကို သုံးတာမျိုး ဆိုရင်တော့ ရွံရှာစရာပါပဲ။ မြန်မာ ရာဇ၀င်တွေမှာလည်း ဒါမျိုးတွေကို နာမည်ကောင်းပေးမထားဘူး။
နောက်တစ်ချက်
ဆီဇာ နဲ့  ဘရုတပ်စ် ကိစ္စဟာ မင်းကြီး ရန်နောင်နဲ့  သိုဟန်ဘွား နဲ့  နိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့  ပြောဆို နေတဲ့ အကြောင်းအရာ အရ နိုင်းယှဉ်ဖို့  အတွက် အခြေအနေတွေ မတူပါဘူး။ ဆီဇာဟာ မင်းဆိုးမင်းယုတ် အဖြစ် လူတွေက လက်မခံခဲ့ပါ။ ဆီးဇာကို ရောမအင်ပါယာကို ကြီးကျယ်အောင် လုပ်တဲ့ သူအဖြစ် လူတွေ ဂုဏ်ပြုခဲ့ကြတာပါ။ ဘရုတပ်စ် ဆီဇာကို သတ်တာဟာ ပြည်သူ့ နိုင် ငံတော် (republic) ကို ဆုံးရုံးမှာစိုး လို့ သတ်ဖို့ သဘောတူခဲ့တာ ဖြစ်တယ်။ ဆီနိတ်ကို မျက်ကွယ်ပြုဖို့  ကြိုးစားလာတဲ့ ဆီးဇာက မင်းဆိုးမင်းညစ် ဖြစ်နေလို့ မဟုတ်ပါ။ ပြည်သူပြည်သားတွေ အရေးထက် အုပ်ချုပ်နေသူတွေရဲ့  နိုင်ငံရေး ပြသာနာမျိုးနဲ့ ပိုတူပါလိမ်မယ်။ မင်းကြီး ရန်နောင်နဲ့  အခြေအနေကွာပါတယ်။ ဒါကို သေသေချာချာ နားလည်ထားရင် ကောင်းပါမယ်။ အဲဒီ အတွက် ဘရုတပ်စ်ကို နာမည်ကောင်း မပေးခဲကြတာပါ။ သိုဟန်ဘွားကတော့ မင်းဆိုးမင်းညစ် အဖြစ်မှတ် ကျောက်တင် ခံခဲ့ရသူပါ။ ဒီအတွက် မြန်မာရာဇ၀င်မှာ မင်းကြီးရန်နောင်ဟာ ဘရုတပ်စ်လို့ မဖြစ်ခဲ့ရပါ။ နောက် ကွာခြားတာက၊ ဆီဇာသေအပြီးမှာ ရောမဟာ အခြေအနေတွေ ရှုပ်ထွေးကုန်ပြီး ပြည်တွင်းစစ် ပြန်ဖြစ်ပါတယ်။ သိုဟန်ဘွား သေအပြီးမှာ အခြေအနေဟာ မဆိုးတော့တာမျိုးပါ။
နောက်တစ်ချက်အနေနဲ့  အများကောင်းကျိုး (အစစ်အမှန်) လုပ်ခဲ့တဲ့ သူတစ်ယောက်ကို နာမည်ကောင်းမပေး ရဘူးဆိုရင် ကျွန်တော်တော့ နားမလည်နိုင်ပါဘူး။
အသေ ချိန်ထားတဲ့ စံညွန်းတစ်ခုဟာ အရာအားလုံးအတွက် ဘယ်တော့မှ မမှန်နိုင်ပါဘူး။ မကိုက်ညီနိုင်ပါဘူး။ အခြေအနေ၊ အချိန်အခါ၊အကြောင်းအရာ၊ ကျင့်ဝတ်၊ သိက္ခာ စတဲ့ အရာအားလုံး ထည့်တွက်ပေးရမယ်။ ဒီတော့ သဲအောက် ဒါးဝှက်ထားပြီး ထခုတ်ခြင်းဆိုတဲ့ စံညွန်းတစ်ခုဟာ အားလုံးအတွက် မဖြစ်နိုင်ပါ။
တချို့  ဟာတွေက ကြားလို့  နားထောင်လို့  ကောင်းပေမယ် အစစ်အမှန် နဲ့  မကိုက်ဖူးလို့  ခဏခဏ ကျွန်တော် ကြုံတွေ နေရတယ်။
အတိုင်း(dimension) လေးတစ်ခု (အခြေအနေ၊ အချိန်အခါ၊ အကြောင်းအရာ၊ အမူအရာ၊ ရည်ရွယ်ချက် စသည်) ပြောင်းသွားတာနဲ့  အဓိပ္ပါယ်တွေ အများကြီး ပြောင်းသွားတယ်။
အဆုံးအနေနဲ့ ကိုပေါက မင်းကြီး၇န်နောင် ကို နာမည်ကောင်းမရထိုက်သူလို့ သတ်မှတ်တယ်ဆိုရင် စိတ်မကောင်းရုံ နားမလည်နိုင်ရုံပါပဲ။ တက်နိုင်သမျှတော့ သိသမျှတော့ မဟုတ်ကြောင်း ပြောသွားပါမယ်။ တိုက်တွန်းလိုပါတယ်။ အခြေအနေတွေဟာ ပြောသလောက် အပေါ်ယံဟုတ်လေ့မရှိဘူး၊ ဒီအတွက် ပိုပြီး စဉ်းစားကြစေချင်ပါတယ်။
ကျွန်တော်အနေနဲ့ ကိုပေါရေးသမျှကို ဆန့် ကျင်ဖို့ ကြိုးစားခဲ့တာမျိုးမဟုတ်ပါဘူးဆိုတာကို လည်း ပြောချင်ပါတယ်။ :) ။ လက်ခံနိုင်ရင် လက်ခံဖို့ အသင့်ပါပဲ။ ငါ သူဆီက ဘာကို လက်ခံနိုင်မ လဲဆိုတဲ့ စိတ်နဲ့ ပဲ စကားပြောပါတယ်။ ကြံဖန်ပြီး စကားနိုင်လုတာမျိုးမဟုတ်ပါဘူး။ နားလည်မယ်လို့ ယုံပါတယ်။ :)
တေးမွန်
အင်း ၀င်ပါလိုက်ဦးမယ်... အမလဲ တေးမွန်ပြောတာကို လက်ခံတယ်။ အခြေအနေအရ ဒီလို ဥပါယ်တမျင်ကို သုံးသင့်ရင်လဲ သုံးမယ် လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။ အများကောင်းကျိုးအတွက် ၊ နိုင်ငံကောင်းကျိုးအတွက် အဲလို လုပ်လိုက်လို့ နာမည်ကောင်းမကျန်လဲ လုပ်မယ်လို့ စဉ်းစားထားပြီးသား။
တေးမွန်သို့...
ကျနော်တေးမွန်ရဲ့ တုန့်ပြန်ချက်ကို ဖတ်ပြီးပါပြီ။ အမှန်အတိုင်းပြောရရင် ဒီလိုမျိုးတုန့်ပြန်လိမ့်မယ်ဆိုတာကို မျှော်လင့်ပြီးသားပါ။ လူတရာကို သွားပြောရင် ၉၀ ယောက်လောက်ကလည်း တေးမွန်လိုဘဲ တုန့်ပြန်လိမ့်မယ် ဆိုတာကို ကျနော်ရဲရဲကြီး ပြောရဲပါတယ်။ (ဘာကြောင့်လဲဆိုတော့ ဒီအကြောင်းမျိုးကို ကျနော် ဗမာတွေအကြားမှာ မကြာခဏ ဆွေးနွေးဘူးလို့ပါ။း-)
ဒီတော့ တေးမွန်ရဲ့ ခံစားချက်နဲ့ ယူဆချက်ကို ကျနော်ရေးသမျှ ဆန့်ကျင်ဘို့သက်သက် အားထုတ်ထားတာလို့ ယူဆစရာအကြောင်းမရှိပါဘူး...ဟုတ်ပြီလား။ နားလည်ပါတယ်။ စိတ်မပူပါနဲ့။း-)
သို့သော် ပြောလက်စနဲ့ ကျနော်ပြောလိုသော ရည်ရွယ်ချက်ကို ပေါ်လွင်အောင်တော့ နည်းနည်းတော့ ဆက်ပြောရပါဦးမည်။ (ဘလော့ပိုင်ရှင်....နည်းနည်းသည်းခံပါရန်)
မြန်မာရာဇ၀င်မှာ မြန်မာတွေဘက်က ဒီလိုသစ္စာပျက်တာမျိုးက မင်းကြီးရန်နောင်တွင်သာမက ကိုတေးမွန်ပြောခဲ့တဲ့ သူရဲကောင်း လဂွန်းအိမ်ရဲ့ နိဂုံးခန်းမှာပါ သတိထားမိပါတယ်။ ရှင်းရှင်းပြောရရင် မြန်မာရာဇ၀င်မှာ ဒီလို ဘက်လိုက်ရေးသားထားတာတွေကို ဒီတနေရာသာမဟုတ်၊ အများကြီးတွေ့ရပါတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုမျိုး ဖြစ်နေမလားမသိ။ သိှု့သော် နိဂုံးမှာ ကျနော့် ဆိုလိုရင်း အဓိပ္ပါယ်ကို ပိုမိုလေးနက်အောင် ပံ့ပိုးပေးလိုသော ဆန္ဒနဲ့ နည်းနည်း ထပ်ပြီး ကောက်နှုတ်ပြပါဦးမယ်။
“သက္ကရာဇ် ၇၇၄ ခုနှစ်အတွင်း ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့ စစ်ပြုနေကြစဉ် တကြိမ်၌ ပြည်မြို့ဘက်တွင် မင်းခေါင်တို့က တပ်ချနေ၏။ ရာဇာဓိရာဇ်တို့က တဖက်အောက်နားတွင် တပ်ချနေ၏။ ဤသို့ စစ်နားနေကြစဉ် လှေတစ်စီးချင်း ကစားစေ၏။ မြန်မာတို့က ဉာဏ်ကူ၍ လှေလေးစင်း၊ သူရဲကောင်းလေးယောက် ဦးစီးစေပြီးလျှင် သုံးစင်းကို မြစ်အနောက်ဘက် ကမ်းထောင့်အကွေ့တွင် ပုန်းကွယ်နေစေ၏။ တစ်စင်းကိုသာ စည်မောင်း နရည်းတီး၍ ထွက်စေ၏။ ကြည်ဘက်ကမ်းမှ မြင်းနှစ်ထောင်လည်း လိုက်၍ နေရ၏။ မွန်တို့ဘက်က သူရဲ့ကောင်းလဂွန်းအိမ် ဦးစီး၍ လှေတစ်စင်းနှင့် စည်မောင်းတီးကာ ထွက်လာ၏။ လှေနှစ်စင်းတွေ့သော်အခါ ပုန်းနေသော မြန်မာလှေသုံးစင်းတို့က ထွက်လာပြီးလျှင် ၀ိုင်းအုံ ကူညီတိုက်လေသောကြောင့် မွန်လှေစီးတို့ ရေသို့ ကျကုန်၏။ လဂွန်းအိမ်၏ ပေါင်ခြံကိုလည်း လှံထိလေ၏။ ထိုအခါ ဘေးက ကြည့်နေသော မင်းရဲကျော်စွာက မသေစေနှင့်၊ မသေစေနှင့်ဟု ဟစ်၍ ဆိုသဖြင့် လဂွန်းအိမ်ကို ရေမှ ဆယ်ကာ အသာအယာ ယူဆောင်ခဲ့ကြ၏။......” (မြန်မာ့စွယ်စုံကျမ်းမှ ကောက်နှုတ်ချက်)
ဒါက မြန်မာတွေဘက်က ညစ်တဲ့ ရာဇ၀င်ပါ။ ဒါတောင် မြန်မာရာဇ၀င်မှာ၊ မြန်မာ့စွယ်စုံကျမ်းမှာ ဉာဏ်ကူ၍ ဆိုပြီး ဖော့ပြီးရေးတာမျိုးပေါ့။
(ဗမာရာဇ၀င် ညစ်ထေးပုံကို ကြည့်ပြန်ရင်လည်း....မင်းလောင်းပေါ်တယ်ကြားလို့ မွေးကင်းစကလေးငယ်တွေကစ...ဘုန်းကြီးကျောင်းသားအရွယ်ပါမချန်...ယောက်ျားကလေး မှန်သမျှ အကုန်သတ်သူနဲ့။.....ကိုယ့်ဘုရင်ကို ဆင်ချေးတွင်းထဲ တွန်းချပြီးသတ်တဲ့လူနဲ့။ ...မင်းညီမင်းသားအချင်းချင်းကို ချုပ်နှောင်သတ်ဖြတ်သူနဲ့။...ဖအေကို ဘုရားထဲခေါ်သွားပြီး ခေါင်းအုံးနဲ့ ဖိသတ်သူနဲ့။.....မြန်မာရာဇ၀င်က တကယ်ဘဲ ညစ်ထေးလှပါတယ်။)
နောက်တချက်စဉ်းစားစရာက....ကျနော်တို့ သူရဲကောင်းလို့ အမွှန်းတင်ခဲ့တဲ့ ဘုရင့်နောင်။ ဘုရင့်နောင်ကလည်း ထိုင်းလူမျိုးတွေဘက်က ခံစားကြည့်ရင် သိုဟန်ဘွားနဲ့ ဘာထူးလို့လဲ။ ဘုရားတွေဖျက်၊ လူတွေသတ်၊ ပစ္စည်းတွေ သိမ်းယူ။ ဒါပေမယ့် မြန်မာရာဇ၀င်မှာတော့ သူက သူရဲကောင်း။ မောင်သာရ၀တ္ထုခေါင်းစဉ်လို “သူတို့ဘက်ကကြည့်တော့သူရဲကောင်း... ငါတို့ဘက်က ကြည့်တော့ သစ္စာဖောက်” ဆိုသလိုများ ဖြစ်နေရော့သလားမသိ။
နိုင်ငံတိုင်းဟာ သူ့နိုင်ငံရဲ့ ရာဇ၀င်ကို သူလိုရာ ဆွဲရေးတတ်ကြတာမျိုးမို့ ခွင့်လွှတ်လို့ရတယ်ထားဦး၊ စောစောက မင်းကြီးရန်နောင်တို့၊ လှေတစင်းချင်းတိုက်ပွဲမှာ မြန်မာလှေလေးစင်းထွက်တာတို့....စတဲ့လုပ်ရပ်တွေဟာ ကတိမတည်၊ သစ္စာမတည်တဲ့ လုပ်ရပ်တွေလို့ဘဲ ရှုမြင်ပါတယ်။ အဲဒီ သစ္စာမတည်တဲ့ လုပ်ရပ်တွေကြောင့် လတ်တလော သိသာထင်ရှားတဲ့ အကျိုးရလာဒ်ထက် ပိုမို လေးနက်တဲ့ အကျိုးတရားတွေ ဆက်လက်ဖြစ်ပေါ်လာစေခဲ့တာကို အပေါ်ယံရှပ်ကြည့်ရုံနဲ့ မသိနိုင်ပေဘူး။
မင်းကြီးရန်နောင်နဲ့ သိုဟန်ဘွားမှာ....ဘုရင်အဆင့် အချင်းချင်းတော့မဟုတ်။ ဒါပေမယ့် ဘုရင်နဲ့ ဘုရင့်ထံ သစ္စာခံထားတဲ့ ၀န်ကြီးတယောက်။ မင်ကြီးရန်နောင် သူ့ဘုရင်အပေါ်မှာ သစ္စာဖောက်ပြီး ခုတ်လိုက်တဲ့ ဓားတချက်ဟာ (လူထုအတွက်) ကောင်းသောစိတ်ဆန္ဒနဲ့ ရှေ့ဆောင်လုပ်လိုက်ပေမယ့် မှန်ကန်သော လုပ်ပုံလုပ်နည်းလို့ဖြင့် ကောက်ချက်ချလို့ မဖြစ်ပေဘူး။ ရုတ်တရက်ကြည့်လိုက်ရင် အာဏာရှင်လက်အောက်က လွတ်အောင်လုပ်ပေးလိုက်တာမို့ ဘယ်လို ဖြုတ်ချလိုက်တယ်ဆိုတဲ့ လုပ်ပုံလုပ်နည်းဟာ အရေးမကြီးဘူးလို့ ထင်မှတ်စရာပါဘဲ။
ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီနေ့ ကြုံတွေ့နေရတဲ့ အခြေအနေဟာ အဲသည် အရေးမကြီးဘူးလို့ ထင်တဲ့ အချက်တွေက အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ပထမဦးဆုံး အခုကျနော်တို့ လိုချင်တောင့်တနေတဲ့ ဒီမိုကရေစီ ဆိုတာ Rule of Law ဆိုတဲ့ ဘယ်သူမှ ဥပဒေအထက်မှာ မရှိစေရဆိုတဲ့ ဥပဒေကြောင်းအရ တိတိပပ လိုက်နာကြတဲ့၊ အုပ်ချုပ်ကြတဲ့ စနစ်ပါဘဲ။ အဲဒီ Rule of Law ကို အများပြည်သူ (လူထုက၊ လူထုတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များက) က ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေသတွေအတိုင်း တသွေမတိမ်းလိုက်နာခြင်းမျိုးပေါ့။ သူက သမ္မတဖြစ်လို့ ဥပဒေတမျိုး၊ ငါက သမ္မတဖြစ်လို့ ဥပဒေတမျိုး ပြုပြင်သတ်မှတ်လို့ ရတာမျိုးမဟုတ်။ အားလုံးက တန်းတူညီတူ လိုက်နာကြ၊ စီရင်ကြရတာမျိုးပါ။
ရှေးခေတ် ပဒေသရာဇ်ခေတ်မှာလည်း အဲဒီလိုဘဲ သူ့ခေတ်သူ့ခါအလျောက် လိုက်နာရတဲ့ ထုံးတမ်းစဉ်လာ ဥပဒေသတွေ ရှိပါတယ်။ အဲဒီခေတ်က သက်ဦးဆံပိုင် ဘုရင်စနစ်ဆိုတော့ ဘုရင်ဆီမှာ အမှုတော်ထမ်းရင် ဘုရင့်ထံမှာ သစ္စာခံရပါတယ်။ အသက်ကို ပေးပြီး သစ္စာနှံမယ်ဆိုတာမျိုးပေါ့။
အဲဒီဘုရင်ကို မကြိုက်ရင် အဲဒီ သစ္စာကို မခံဘဲ ပေါ်ပေါ်ထင်ထင် သူပုန်ထလို့ရပါတယ်။ လူသူလက်နက်စုဆောင်းပြီး ပုန်ကန်စားလို့ရတယ်။ စီးချင်းထိုးဘို့ စိန်ခေါ်ပြီး ဖြုတ်ချနိုင်ပါတယ်။ (အနော်ရထာက စုက္ကတေးကို ဒီလိုဘဲ စီးချင်းထိုးပြီး ဖြုတ်ချခဲ့တာမဟုတ်လား။)
ဒါပေမယ့် သစ္စာခံတယ်ဆိုပြီးမှ သစ္စာကို ဖောက်ဖျက်ပြီး နောက်ကျောကို ဓားနဲ့ထိုးတာမျိုးကတော့ တမျိုးပေါ့။ တဖက်သားရဲ့ ယုံကြည်မှုကိုရော၊ ကိုယ်ထားခဲ့တဲ့ သစ္စာ ကတိကိုရောပါ ဖောက်ဖျက်ပြီး ကလိန်ကကျစ်နည်းသုံးရတာမျိုးပေါ့။
ရန်သူကို ချောင်းမြောင်းလုပ်ကြံတာအထိတော့ နားလည်ခွင့်လွှတ်နိုင်ပါတယ်။ ဒါကဘာလဲဆိုရင် ရန်သူကို မိမိက ဘာကတိက၀တ်မှ ပေးမထားခဲ့ဘဲကို။ သူက ကိုယ့်ကို တွေ့ရင်လည်း သတ်။ ကိုယ်က တွေ့ရင်လည်း သူ့ကို သတ်မှာဘဲကိုး။
သို့သော် မိမိနဲ့ သစ္စာနှံထားသူတယောက်၊ လက်နက်မဲ့သူတယောက်ကို လက်နက်အားကိုးနဲ့ သစ္စာဖျက်ပြီး လုပ်ကြံတာမျိုးကတော့ မိမိကတိသစ္စာကို မစောင့်ထိန်းသူ၊ တနည်းပြောရရင် Rule of Law ကို မလိုက်နာသူအဖြစ် သတ်မှတ်ရပါမယ်။
အဲဒီ Rule of Law ကို မလိုက်နာတဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေကဘာလဲ။ အထင်ရှားဆုံး ဥပမာကိုပေးရရင်.....ခေတ်သစ်မြန်မာ့သမိုင်းမှာ အထင်ရှားဆုံးဘဲ။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးတဲ့အခါမှာ ပါလီမန်ဒီမိုကရေစီ။ သည်တော့ ဖဆပလ (တည်မြဲ၊ သန့်ရှင်း)၊ ပမညတ စသဖြင့် ပါတီပေါင်းစုံနဲ့။ ပါတီတွေ တပါတီနဲ့ တပါတီ ဝေဖန်ကြ၊ အပုပ်ချကြ။ တကယ်တော့ ဒါတွေဟာ အဆန်းမဟုတ်။ ပါလီမန်ဒီမိုကရေစီမှာ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ။ ဒီမိုကရေစီ ရင့်ကျက်လာပါပြီဆိုတဲ့ အမေရိကန်တို့ ဗြိတိန်တို့မှာတောင် အခုထိ ဒီလိုဘဲ ဖြစ်နေကြသေးတာမဟုတ်လား။
တခါတလေ Choas တွေ၊ Conflict တွေ ဖြစ်ကြမယ်။ မတည်မငြိမ်ဖြစ်မယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပါဘဲ။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ကြုံရလေ့ရှိတဲ့ အဖြစ်မျိုးတွေပါဘဲ။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းက အဲဒါကို တိုင်းပြည် မတည်မငြိမ်ဖြစ်တယ်၊ ပြိုကွဲလိမ့်မယ်ဆိုပြီး အာဏာဝင်သိမ်းတယ်။ ဒါဟာ အခြေခံဥပဒေနဲ့ မညီဘဲ ဦးနေ၀င်းဟာ ပထမဦးဆုံးအကြိမ် အများသဘောတူညီချက်စည်းကမ်း တနည်း Rule of Law ကို ဖောက်ဖျက်တာဘဲ။ အဲဒီတုန်းက ကျနော်တို့ မြန်မာအများ အာဏာသိမ်းတာကို ဘယ်လိုသဘောထားကြလဲ။ ကျနော်အင်မတန် နှစ်သက်တဲ့ စာရေးဆရာ ရွှေဥဒေါင်းကြီးကအစ“ဟာ....ကောင်းတာပေါ့။ အခုမှဘဲ တိုင်းပြည် တည်ငြိမ်တော့တယ်၊ အေးချမ်းသာယာတော့တယ်”...စသဖြင့် ခုနကပြောသလိုဘဲ ၉၀% လောက်က ထောက်ခံကြသဗျာ။ ကန့်ကွက်ခြင်းလည်း မရှိခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အများက Rule of Law ကို ဖောက်ဖျက်တာကို အရေးကြီးတယ်လို့ မထင်ကြဘူးလေ။ သမိုင်းတလျှောက်မှာ ဒီလိုဘဲ လက်နက်အားကိုးနဲ့ အနိုင်ယူဖြုတ်ချ၊ အာဏာရခဲ့ကြတာကိုးခင်ဗျ။
နောက်တခုက နိုင်ငံတနိုင်ငံမှာ ပါတီတခု အာဏာရလာပြီဆိုရင် နိုင်တဲ့ ပါတီကလည်း နောက်ရွေးကောက်ပွဲကို မျှမျှတတ ကျင်းပပေးရမယ်။ ကြားထဲမှာလည်း လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရမယ်။ အတိုက်အခံပါတီက အင်အားကြီးထွားလာမှာစိုးလို့ ပိတ်ပင်တာတွေ၊ တားမြစ်တာတွေ မလုပ်ရဘူး။ အတိုက်အခံကလည်း ငါအာဏာလက်လွှတ်ရလေခြင်းဆိုပြီး အောက်လမ်းနည်းတွေနဲ့ ဖြုတ်ချဘို့ မကြိုးစားရဘူး။
ဖြစ်သင့်ဖြစ်ထိုက်တာက ကြိုတင်သဘောတူညီပြီး စည်းဘောင်အတွင်းကဘဲ ကစားရမယ်။ ဘောလုံးပွဲလိုပေါ့။ မျှမျှတတပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် စည်းကမ်းကို ကိုယ့်သဘောကျ အကြိမ်ကြိမ်ပြင်ဆွဲမယ်ဆိုရင် မတရားတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ နောက်ပြီး ကိုယ့်ဘက်ကနိုင်ရင်ပြီးရောဆိုပြီး ညစ်ပြီး ကစားတာမျိုး၊ လူချကစားတာမျိုးကို ဗမာအသင်းက တခြားနိုင်ငံအသင်းကို သွားလုပ်ရင် မထောက်ခံဘူး။ ရှက်စရာကောင်းတယ်လို့ဘဲယူဆတယ်။
ဒီတော့....အသေးအဖွဲဘဲ ဖြစ်ပါစေ...ဘောလုံးသမားလည်း ဘောလုံးသမားစည်းကမ်း၊ စစ်မြေပြင်မှာလည်း စစ်မြေပြင်စည်းကမ်း၊ နန်းတွင်းမှာလည်း နန်းတွင်းစည်းကမ်း၊ မင်းမှုထမ်းမှာလည်း မင်းမှုထမ်းစည်းကမ်း၊ တရားသူကြီးမှာလည်း တရားသူကြီးစည်းကမ်း၊ စစ်ဗိုလ်ချုပ်မှာလည်း စစ်ဗိုလ်ချုပ်စည်းကမ်း၊ ပြည်သူမှာလည်း ပြည်သူ့စည်းကမ်းနဲ့ ကိုယ့်စည်းကို ကိုယ်စောင့်ကြရမယ်။ ကျနော်တို့ အဲသည်စည်းကမ်းကို ဖောက်ရင် ဘာဖြစ်မလဲ။ သီပေါမင်းပါတော်မူတော့ “တို့ဗမာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ခဲ့ရပြီ” ဆိုတာလေ။ သည်ကနေ့လည်း ကျနော်တို့တွေ စည်းကမ်းမစောင့်သရွေ့၊ ကတိမတည်သရွေ့၊ သစ္စာမစောင့်ထိန်းသရွေ့ သည်လိုဘဲ အချုပ်အခြာအာဏာက ပြည်သူက ဆင်းသက်နိုင်ဦးမှာ မဟုတ်သေးဘူး။
ဒီတော့ အများအကျိုးကို အကြောင်းပြပြီး အဲသည် အများသဘောတူညီပြီး (တနည်း) ကိုယ်လည်း သဘောတူ သစ္စာဆိုပြီးတဲ့ စည်းကမ်း၊ ကတိ ကို မဖောက်ဖျက်သင့်ဘူးလို့ ထင်ပါတယ်။ “မင်းမှာ သစ္စာ၊ လူမှာ ကတိ” ဆိုတဲ့ စကားပေါ်လာရတာကလည်း အကြောင်းမဲ့တော့ မဟုတ်တန်ရာဘူး။
သစ္စာမစောင့်ထိန်းတဲ့လူတွေ၊ ကတိမတည်တဲ့လူတွေ အာဏာရလာပြီဆိုရင် သူတို့ တချိန်ကပေးအပ်ခဲ့တဲ့ ကတိတွေ ဖောက်ဖျက်ပြီး လူထုကို ထင်သလို ဖိနှိပ်အုပ်ချုပ်တတ်ပါတယ်။ (အကောင်းဆုံး ဥပမာ....နအဖ)။
သည်တော့ သည်လို ကတိ၊ သစ္စာ အရေးကြီးပုံကို လူအများ နားလည်သဘောပေါက်ဘို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီကနေ့ ကျနော်တို့ လိုအပ်နေတာ အများအကျိုးဆောင်သူတွေမဟုတ်။ (အများအကျိုးဆောင်သူ မရှားပါ။ နာဂစ်အတွင်းမှာ အများကြီးထွက်လာပါသည်။)
ကျနော်တို့ဒီကနေ့ လိုအပ်နေတာ ကိုယ့်အခွင့်အရေးကိုယ်သိသူတွေ၊ သစ္စာရှိသူတွေ၊ ဂတိတည်သူများ၊ Rule of Law ကို ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်နာသူများပင်ဖြစ်ပါသည်။
သို့မဟုတ်ပါက အစိုးရတရပ်ပြောင်းလဲလျှင်လည်း ၁၉၆၀ မတိုင်ခင်နှစ်များက ကဲ့သို့ပင် မကြာခင်မှာဘဲ လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးသွားမည်မှာ မလွဲပေ။ ဒီကိစ္စဟာ နာမည်ကောင်း ကျန်ခြင်း၊ မကျန်ရစ်ခြင်းထက်....အများပြည်သူလူထုရဲ့ စိတ်အသွင်သဏ္ဍာန်ဝယ် ကလိန်ကကျစ်ပိုကျနိုင်သူက နိုင်ပေမည်ဆိုသော အယူအဆ ကိန်းအောင်းသွားလျှင် ဒီမိုကရေစီအတွက် အန္တရာယ်အရမ်းများသည်။ (နောက်ပြီး ကလိန်ကကျစ်အရာမှာ ကျနော်တို့ အတိုက်အခံတွေက ဗိုလ်သန်းရွှေကို ဘယ်တော့မှ မှီမှာမဟုတ်။ သူ့ထက်သာရင် သူပြုတ်တာ ကြာပြီပေါ့ဗျာ။း-)
နိဂုံးချုပ်အနေနဲ့ ကျနော်နှစ်သက်သော စာရေးဆရာမှ ဂျူး၏ ရေမျောသီး ၀တ္ထုတိုမှ စာကြောင်းတကြောင်းကို မျှဝေလိုက်ပါသည်။
“လူတယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တ၀ါအမျိုးအစားကို လူဟုခေါ်ရာမှာ နည်းနည်း စဉ်းစားဘို့ကောင်း၏။”
ကိုပေါ။
majority of the Burmese are so frustrated with that kind of government that they would do whatever they can to get rid of it, even though the strategy does not seem to be right. For Min Gyi Yan Naung, the way he did was the best to dethrone a vicious king like Tho Han Bwa because he did it for the sake of the people. In this case, the end result justified the mean. In terms of principle, I absolutely agree with Ko Paw. But the big question we have to answer is, what kind of rulers we are dealing with.
မပန်ကဗျာကောင်းသလို ကော်မန့်တွေကနေလည်း ဗဟုသုတအများကြီးရပါတယ်။
ကိုပေါသို့ 
ကိုပေါက အများကြီးပြောသွားတော့ အကြောင်းအရာက ကျယ်ပြန့် ပြီး သိမ်မွေ့ လာတယ်။ အများကြီးဆိုတော့ လက်ခံစရာတွေကော၊ လက်မခံစရာ တွေကောပါလာတယ်။ နောက်တစ်ခု ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတဲ့ ဗဟိုကနေ သွေဖည်သွား မှာလည်း စိုးရိမ်တယ်။ ကျွန်တော်စပြီးဆွေး နွေးခဲ့ကြတာဟာ မြန်မာရာဇ၀င်တွေမှာပဲ၊ (မြန်မာရာဇ၀င်တည်းမှပဲ) နာမည်ကောင်း မကျန်သင့်တဲ့ သူတွေ နာမည်ကောင်းရနေတယ်လို့  ကိုပေါ ပြောသွားတဲ့ အတွက် ဒီအကြောင်း အရာကစခဲ့တယ်။ အဲဒီမှာ ကိုပေါက မင်းကြီးရန်နောင်ကိစ္စ ကိုတင် ပြခဲ့တယ်။ ဆွေးနွေးနေရင်းနဲ့  ဒီလို ပြောစရာများလာတာ သဘာဝပဲ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့  ဗဟိုက နေခွာပြီး ကျန်တာတွေနောက်ပဲ လိုက်မပြော သွားနိုင်ပါ။ ကျန်တာတွေကိုလည်း ဆွေးနွေး၊ ဒါမှမဟုတ် လက်ခံတဲ့အကြောင်း၊ လက်မခံတဲ့အ ကြောင်း ပြောပါမယ်။ သိုသော် ကျေနပ်မူ မရှိသေးတဲ့ အချိန်ထိ ဗဟိုကနေ ခွာမှာမဟုတ်ဘူး။
ကိုပေါပြောတာကို ထပ်ဖြည့်ပြောပါမယ် ။ သူရဲကောင်း လဂွန်းအိမ် ရဲ့  အဲဒီစီးချင်းထိုးခန်းဟာ စိတ်ထိခိုက်စရာပါ။ သုရှင် ဟာ လဂွန်းအိမ်ကို အင်းဝဘက်က ကတိမတည်ပဲ ၀ိုင်းပြီးတိုက်ခိုက်နေ တာကို မြစ်ကမ်းတဖက်ကနေ စိတ်ထိခိုက်စွာနဲ့  ကြည့်နေခဲ့တယ်။ ကျွန်တော် ငယ်ငယ်က ဘာလို့ စစ်ကူမလွတ်လည်းလို့  တွေးခဲ့ဖူးတယ်။ လဂွန်းအိမ်ဟာ သုရှင်ရဲ့  အလွန်ကိုအရေးပါတဲ့ သူရဲကောင်းပါ။ တကယ်ကို လေးစားဖို့ ကောင်းခဲ့တဲ့ ဘုရင်ပါ။ အဲဒီလိုအချက်တွေ ကြောင့်လည်း မြန်မာ သမိုင်းမှာ တန်ဖိုးထား စရာတွေ ပြည့်နေတဲ့ ရာဇဓိရာဇ်အရေးတော်ပုံ လို့ ခေါ်တဲ့ နှစ်၄၀ စစ်ပွဲမှာ၊ အင်းဝဘက်က လက်ရှိကျွန်တော်တို့  ရင်ထဲကျန်နေခဲ့တဲ့ သူရဲကောင်း ဘယ်နှစ်ယောက်ရှိပါလဲ။ မင်းရဲကျော်စွာတစ်ယောက် အသက်အရွယ်နဲ့  မလိုက်အောင် အစွမ်းထက်ခဲ့လို့  နာမည် ကျန်ခဲ့ပါတယ်။ ဟံဟာဝတီဘက်က သူရဲကောင်းတွေပိုများတာပဲ။ အမတ်ဒိန်တို့ ၊ မင်းကြီးဗြတ်ဇတို့ ။
ကျွန်တော်ပြောခဲ့ပြီးပါပြီ။ အဲဒီလို ကတိမတည်တာဟာ လက်ခံနိုင်ဖွယ်မရှိပါ။ ပိုပြီးသေချာအောင်ပြောပါမယ်။ မင်းရဲကျော်စွာ နောက်ဆုံးဖမ်းခံရတဲ့ စီးချင်းထိုးပွဲ။ သုရှင်ဟာ သိမ်မခြားနားတဲ့ အပြုအမူကို လုပ်ခဲ့ပါတယ်။ အဲဒီအခါမှာလည်း ကျွန်တော် လက်မခံခဲ့ဖူး။ ဒါပေမယ့် ဒီသူရဲကောင်းတွေဟာ ဘာကြောင့် သမိုင်း၊ ရာဇ၀င် စာမျက်နှာတွေပေါ်မှာ ၊ ကျွန်တော်တို့ ရင်ထဲမှာ ကျန်ခဲ့ရတာလည်း။ ရာဇဓိရာဇ် ဟာ သစ္စာ၊ရဲရင့်ခြင်း စတဲ့ သူရဲကောင်း တို့ ရှိအပ်တဲ့ အရာတွေ သူဘ၀တစ်လျှောက်လုံး ထိန်းသိမ်းထားခဲ့တဲ့ ကာလတွေ အများကြီးဖြစ်တယ်။ အဲဒီ အတွက် သူဟာ သူရဲကောင်းဘုရင်အဖြစ်မှတ်တမ်းတင်ခံခဲ့ရတယ်။ ကျွန်တော်တို့  လည်း သူ ကို ရင်ထဲကနေ နှစ်သက် အားကျမိတယ်။ မင်းရဲကျော်စွာလည်း ဒီလိုပါပဲ။ ဒါကြောင့် မြန်မာ့ရာဇ၀င်တွေဟာ ညစ်တဲ့သူတွေ နာမည်ရတယ်လို့ မဆိုနိုင်ပါဘူး။
တကယ်မလုပ်ထိုက်တဲ့ ကိစ္စကို လုပ်ခဲ့တဲ့သူတွေ မြင်းကွန်းမင်းသားတို့ ၊ မြင်းခုံတိုင်မင်းသားတို့ ။ ကနောင်မင်းသားကြီးကို သတ်လိုက်လို့  မင်းကြီးရန်နှောင်လို နာမည်ရပါသလား။ ကျွန်တော်ပြောခဲ့ပါတယ် ၊ အခြေအနေတွေကွဲပြားခြားနား ပါတယ် ဆိုတဲ့အကြောင်း။ (အကြောင်းစုံလို့ ပါ၊ ကျွန်တော်ဟာ အသေချိန်ထား တဲ့စံနှုန်းတစ်ခုတည်း (ဒီကိစ္စမှာ သစ္စာရှိခြင်း၊ မဲ့ခြင်း) တစ်ခုတည်းနဲ့  လိုက်တိုင်းတာကို အခုအချိန်ထိ လက်မခံပါ။ အကြောင်းအကျိုး ဆက်ဆက်မှုတွေမှာလည်း အဲလို အကြောင်းအရာတစ်ခုကြောင့် ဒီလိုအကျိုးဖြစ်ပေါ်ရတယ်ဆိုတာကိုလည်း လက်မခံပါ။ အကြောင်းတွေ ပေါင်းစုံလို့  အကျိုးဖြစ်ရတယ်။ အဲလို ပေါင်းစုံသွားတဲ့ အကြောင်းတွေကို ထည့်သွင်းစဉ်းစားပါတယ်။ အကျိုးကိုလည်းထည့်သွင်းစဉ်းစားပါတယ်။ ပြီးမှ ဆုံးဖြတ်ချင်တယ်။)
စွယ်စုံကြမ်းက လဂွန်းအိမ်ကို အင်းဝက ညစ်တဲ့ အခန်းကို အလို ရေးပါတယ်။ ရာဇဓိရာဇ် အရေးတော်ပုံ စာအုပ်မှာ အဲလို ဖော့ရေးထားမယ်လို့ မထင်ပါ။ ကျွန်တော်ဆီမှာ အခုဘာစာအုပ်မှ မရှိတဲ့အတွက် ကိုးကားစာတော့ မထည့်နိုင်ဘူး။ ဒါတွေကတော့ ရေးတဲ့သူရဲ့  သိက္ခာပေါ်၊ ခေတ်ကာလပေါ် စတာတွေပေါ် မူတည်ပြီးကွဲမှာပဲ။ စာဖတ်တဲ့ကျွန်တော်တို့ လည်း ကိုယ့်ဟာကိုယ့် လက်ခံ၏၊ လက်မခံ၏ကို ဆုံးဖြတ်ကြတာပဲ။
မြန်မာရာဇ၀င်ညစ်ထေးတဲ့ အဆိုကတော့ ပခုံးတွန့် ရုံပါပဲ။ ညစ်ထေးတာတွေရှိသလို့ ၊ မြင့်မြတ်တာတွေ လည်း၇ှိတယ်။ ဒီလို သားက အဖေကိုသတ်၊ အဖေက သားကိုသတ်တာ၊ သစ္စာမဲ့တာ စတဲ့လူသားမဆန်တဲ့ ဟာတွေက မြန်မာရာဇ၀င်တစ်ခုတည်းမှာ ဖြစ်တာလား ဆိုတာကိုတော့ ပြန်ပြီးဆန်းစစ်စေချင်တယ်။ ကျွန်တော်အနေနဲ့  ကတော့ ဒါဟာ ယဉ်ကျေးမှု့ နှိမ့်တဲ့ ခေတ်ရဲ့  ရလဒ်ပဲ။ မြန်မာနိုင်ငံတစ် ခုတည်းဖြစ်ခဲ့တာ မဟုတ်ဘူး။ သိပ်အထူးအခြား ပြောစရာမရှိပါဘူး။
ဘုရင့်နောင် အကြောင်းလည်း အဲလိုပါပဲ။ စစ်ဖြစ်ကြတဲ့ ကာလမှာ အဲဒီခေတ်အခါက အဲလိုပါပဲ။ဘုရင်နောင်ဟာ စစ်ပွဲအပြီးမှာ ထိုင်နိုင်ငံမှာ ဘုရင်ခံထားပြီး အုပ်ချုပ်ခဲ့ပါတယ်။ သူလက်ထက်မှာ ထိုင်းနိုင်ငံက မူးမတ်တွေပါ ဟံသာဝတီမှာခစားပါတယ်။ သူကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ထိုင်းအမတ်ကို ခွင့်လွတ်ခဲ့တယ်လို့  မှတ်မိနေတယ်။ထိုင်းကို သိမ်းပိုက်ပြီးတဲ့ နောက် ဆက်လက်ပြီး ဖျက်ဆီးနေတုန်းပဲလား။ သိုဟန်ဘွားနဲ့  ဘုရင်နောင်ကို ကိုပေါ နိုင်ယှဉ်တာဟာ အချို့ အချက်တွေကို ပဲ ကွက်ပြီး နိုင်းယှဉ်တယ်လို့  မြင်ပါတယ်။ ဒါမျိုးနိုင်းယှဉ်မှုတွေက ရှုပ်ထွေးမှုတွေကို ဖြစ်စေတယ်။ ထိုင်းဘက်ကခံစားကြည့်ရင်လို့ ဆိုတယ်။ :) ။ ဟုတ်တယ်။ အဲလိုခံစားကြည့်ရင် ကမ္ဘာပေါ်က ထင်ရှားခဲ့တဲ့ ရှေးခေတ်မင်း တွေတော်တော်များများ မင်းဆိုးမင်းညစ်တွေဖြစ်ဖို့ များနေပြီ။ ကလ္လိင်္ဂ (စာလုံးပေါင်း မသိဘူးဗျ) စစ်ပွဲကို နွဲပြီး နောင်တရသွားတဲ့ အာသောက လည်း မင်းဆိုးမင်းညစ်ဖြစ်ရောပေါ့။ စစ်ရေးစစ်ရာနဲ့  သူ့  ခေတ်သူအခါ ကိုပါ ထည့် သွင်း ညှိနိုင်ပေးပါ။ ထိုင်းဖက်ကနေ ခံစားပေးမယ်ဆိုရင်တောင် သိုဟန်ဘွားနဲ့  ဘုရင်နောင်ကှိ နှိုင်းထားတာဟာ လက်ခံနိုင်စ ရာမ၇ှိပါဘူး။ ဘုရင့်နောင်ဟာ ထိုင်းကို သိမ်းပိုက်ပြီးတဲ့ အထိ ဆက်ပြီး ဆက်လက်ဖျက်ဆီး နေဦးမယ်ဆိုရင်တော့ ထိုင်းအတွက် သိုဟန်ဘွား လို့ ပြောလို့ ရပါတယ်။ ထိုင်းက မကြိုက်တာဟာ ကျွန်ဖြစ်နေတယ် (လူမျိုးခြားအုပ်ချုပ် တာခံနေရတယ်) ဆိုတဲ့ အချက်ကြောင့် အများကြီးဖြစ်ပါတယ်။ နောက်ဆုံး ဒါမျိုးတွေအားလုံးဟာ မြန်မာရာဇ၀င်တစ်ခု တည်းမှာ ဖြစ်တာလား။ ထပ်မေးပရစေ။
(မြန်မာရာဇ၀င်လို့ ကျွန်တော်ပြောနေတာ သိုဟန်ဘွာက ရှမ်းဖက်၊ ရှမ်းရာဇ၀င်မဟုတ်ဘူး။ သူလည်းမြန်မာရာဇ၀င်ထဲမှာပါတယ်။ ရှမ်းမင်းမိုလို့  ခံပြောနေတာမဟုတ်ဘူး။ ရှမ်းညီနောင်သုံးဦး ဆိုကျွန်တော်နှစ်သက်တဲ့သူတွေထဲမှာပါတယ်။ အဲဒီလို လူမျိုးကြောင့် ၊ နေရာကြောင့် အဲလို အစွဲနဲ့  မဟုတ်ပါဘူး။ ဒီလိုပဲ ဟံသာဝတီနဲ့ အင်းဝဟာ မြန်မာရာဇ၀င်ပါပဲ။)
သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံပုံဟာ ကောင်းသောစိတ်ထားနဲ့ လုပ်ဆောင်ပေမယ့် မှန်ကန်သော လုပ်နည်းမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါအတွက်တော့ သဘောထားကွဲကြမှာ အမှန်ပါပဲ။ ဘာလို့ လည်းဆိုတာ့ မှန်ကန်သော ဆိုတဲ့စကားလုံး။ ကျွန်တော်ကတော့ ပြောခဲ့ပြီးပါပြီ။ မင်းကြီးရန်နောင်ရဲ့ လုပ်ရပ်ကို လက်ခံတယ်၊ ကြိုက်တယ်။ကိုပေါက စီးချင်းထိုး၊ သူပုန်ထ၊ ပုန်ကန်စားလို့ ရတယ်လို့ ပြောတယ်။ လက်ခံပါတယ်။ အဲဒါတွေဟာ ကောင်းမွန်တဲ့ နည်းလမ်းပဲ။ ဒါပေမယ့်ဗျာ၊ မင်းကြီးရန်နောင်ရဲ့ ဖြစ်နိုင်တဲ့ အခြေအနေကို ကျွန်တော်တို့  ထည့်မတွက်ကြတော့ဘူးလား။ စီးချင်းထိုးဖို့ စိန်ခေါ်၊ ဘုရင်ကလက်ခံဦးမှ။ လက်မခံပဲ ဖမ်း၊သတ်ဆိုမဖြစ်ဘူး။ သူပုန်ထဖို့ ရော အင်အားရှိပါရဲ့ လား။ အဲဒီအချိန်ဟာ သိုဟန်ဘွားအင်အားကြီးလို့  အင်းဝကိုသိမ်းပြီးဖျက်ဆီးတဲ့ အချိန်ပါ။ ရှိတဲ့ အင်းအားနဲ့ ထဦး။ နိုင်ပါမလား။ သေချာတာကတော့ မဖြစ်ခဲ့ရင် အင်းဝဟာ ဆက်လက်ဖျက်ဆီးခံနေရဦးမယ်။ သူလုပ်နိုင်တဲ့ လမ်းပေါ်က သူလုပ်သွားတာကို (အားလုံးကောင်းစားဖို့ ၊ တကယ်အစစ်အမှန်။ အတုအရောင်မဟုတ်ဘူးနော်။ဒါဟာအရေးကြီးပါတယ်။) ကျွန်တော်အနေနဲ့ တော့ ဂုဏ်ယူတယ်။ ကြိုက်တယ်။ နောက် သိုဟန်ဘွား ကျသွားပြီးတဲ့နောက် အင်းဝဟာ ဖျက်ဆီးခံရခြင်းကနေ လွတ်ခဲ့ပါတယ်။
အောက်ပိုင်းအကြောင်းအရာတွေ ဆက်ပြောပါမယ်။ rule of law ။ ဥပဒေ စည်းမျဉ်း လို့ ဆို ရမလားမသိဘူး။ အဲဒီကနေလွတ်တဲ့ကိစ္စ တွေ။ နေ၀င်း ဒီ ချထားတဲ့ ဥပဒေ စည်းမျဉ်းတွေကို စဖောက်တာကို ဘယ်သူမှမပြောခဲ့ကြဘူး။ ဟုတ်တယ် သိပ်မှားခဲ့တာပါ။အဲဒီခေတ်က မြန်မာပြည်သူ တွေကို ဒီမိုကရေစီ ပညာရေး အဆင့်မြင့်ပေးဖို့  လိုအပ်ခဲ့တာ ဖြစ်ဖို့ များတယ်။ သမိုင်းတလျှောက် ဒါးတွေနဲ့  ပွဲပြီးခဲ့တာတစ် ခုတည်းနဲ့  တော့ မဟုတ်ဘူး။ ဒါဟာ တက်တက်ကြွကြွနဲ့ မြန်မာ့ အနာဂတ်အတွက် ဆန့်  ကျင်ခဲ့ကြဖို့  ကောင်းပါတယ်။ အနိုင်ရ ပါတီတစ်ခု က သဘောထားကြီးရမယ်။ အတိုက်အခံက လည်းကလည်း အောက်လမ်းနည်းနဲ့ မသုံးရဘူး။ သိပ်မှန်ပါတယ်။ အဲလိုပဲလက်ခံပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာကို သတ်မှတ်ခဲ့တဲ့ စည်းဘောင်အတွင်း ကပဲလုပ်ရမယ်။ မြန်မာဘောလုံး လူချကစားတာ၊ အနိုင်ရ ရင်ပြီးရော မျှတစွာ မကစားတာ ရှက်စရာ ကောင်းပါတယ်။ လက်ခံပါတယ်။ ရှက်စရာပါပဲ။ အသေးအဖွဲပဲဖြစ်ဖြစ် စည်းကမ်းနဲ့ နေရင်ကောင်း မယ်။ စည်းကမ်းဖောက်ရင် ထီးနန်းပျောက်မယ်။ ဘယ်လို မှ ငြင်းစရာမရှိတဲ့ အယူအဆတွေပါပဲ။ သိပ်မှန်တယ် သစ္စာမ စောင့်သရွေ့  စည်းကမ်း မရှိသရွေ့  အချုပ်အချာ အာဏာ ဟာ ပြည်သူကနေ ဆင်းသတ်မှာမ ဟုတ်ဘူး။ လက်မခံစရာမရှိပါ။
ပြောစရာရှိလာတာက ခုနက ဥပဒေ စည်းမျဉ်းတွေကို လိုက်နာတဲ့ကိစ္စ၊ လွတ်သွားတဲ့ကိစ္စ။ ကျွန်တော် ထပ်ပြောပါမယ်။ ဘယ်လို အချိန်အခါ၊ ဘယ်လို အခြေအနေ၊ ဘယ်လိုနေရာမှာ လိုက်နာရမလဲ။ ဘယ်လို အချိန်အခါ၊ ဘယ်လို အခြေအနေ၊ ဘယ်လိုနေရာမှာ လွတ်သွားရမလဲ။ ဘယ်လို အတိုင်း(dimension)မှာလည်း။ ဒါပါပဲ။ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီ။ ပါတီတွေ နိုင်ငံရေးလုပ်ကြပြီ။ အဲဒီအချိန်မှာ ဥပဒေ စည်းမျဉ်း (rlue of law) ကို လွတ်သွားခြင်းဟာ ရှက်စရာ၊ ရှုံ့ ချစရာ ၊မလုပ်သင့်တဲ့ အရာ၊ အောက်တန်းကျတဲ့  အရာအဖြစ် လက်ခံနေစေရမယ်။ ဟုတ်လား။ နိုင်ငံဟာ အာဏာရှင်လက်အောက်ကို ရောက်နေပြီ။ တိုင်းပြည်ဟာ ရစရာ မ၇ှိအောင်ပျက်စီးနေပြီ။ လူသားကျင့်ဝတ်အရ ဘယ်လို မှ လက်မခံနိုင်တဲ့ ဥပဒေ စည်းမျင်း( rule of law) တွေကလွဲရင် ကျန်တာတွေကို စံကြီးအတိုင်း အသေကိုင်ထားဖို့  လက်မခံပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ အခြေအနေ၊ အချိန်အခါနဲ့  ညီမျှစွာ အမှန်အကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချနိုင်ရပါမယ်။ ဘယ်အချိန် လိုက်နာရမလဲ။ ဘယ်အချိန် ဆန့် ကျင်ရမလဲ။ ဘာကြောင့်လည်း။
ကျွန်တော်တို့ ဟာ ပါတီကိုရော၊ တပ်မတော် ကိုရော၊ ပြည်သူကိုပါ စာရိတ္တ၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ပညာ - စဉ်ချင်စဉ်းစား နိုင်တဲ့ အသိညဏ် အဲဒါတွေကို မြင့်တင်ပေးဖို့ လိုပါလိမ့်မယ်။ မြင့်နေရပါမယ်။ အဲဒီအခါ သူတို့  ဆန့်  ကျင်ရမလား၊ လက်ခံရမလား။ တော်လှန်ရမလား ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ဦးနှောက်ကရော ၊ နှလုံးသားနဲ့ ပါ ချလာ နိုင်လိမ့်မယ်။ အချိုးအစားမျှတနေဖို့ လိုပါတယ်။ ဒါပါပဲ။ အကောင်းအဆိုး၊ အကျိုးအပြစ်၊ ရလဒ်တွေကို နားလည်လာတဲ့အခါ
ကလိန်ကကျစ် ကျဖို့ မလိုပါ။ ကောင်းတဲ့ အလုပ်အတွက် ကောင်းတဲ့အ ကြောင်းအရာ တစ်ခုအတွက်( အစစ်အမှန်နော်။ အစစ်နဲ့ အတုဟာတပုံစံထည်းလိုပဲ ထင်ယောင်ထင်မှား ဖြစ်စေတယ်။) ဘယ်လို အနေအထားမှာ ဘယ်လိုလုပ်ရမလဲဆိုတာသိလာဖို့ ပါပဲ။
အများအကျိုးဆောင်သူတွေ မရှားဖူးလား။ သေချာလားဗျာ။ အဆင့်တော့ ရှိမှပါ။ ဘယ်အဆင့်မှာ အများအကျိုးဆောင်သူမရှားတာလည်း။ ဘယ်လိုအချိန်မှာ အများအကျိုးဆောင်သူမရှာတာလဲ။ ဘယ်လိုကိစ္စလည်း။ ရှားတယ်လို့ တော့ မဆိုခြင်ဘူး။ မပေါတာတော့ အမှန်ပါပဲ။ ကတိတည်သူ၊ သစ္စာရှိသူတွေလိုအပ်နေတာတော့ လက်ခံပါတယ်။
“လူတယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တ၀ါအမျိုးအစားကို လူဟုခေါ်ရာမှာ နည်းနည်း စဉ်းစားဘို့ကောင်း၏။”
ဒါအတွက်တော့ စဉ်စားချင်သူတွေ စဉ်းစားပါ။ ကျွန်တော့်အနေနဲ့ တော့ အလစ်ချောင်းရိုက်တာ ဘယ်လို ၊ဘာကြောင့် အဟတ်.. အဲဒါတွေ သိတော့မှပဲ လူလို့ ခေါ်ဖို့  သင့်မသင့် စဉ်းစားပါမယ်။ ကြားလို့ ကောင်းတဲ့ ၊လှပတဲ့ စကားလုံးတွေရဲ့ နောက်ကိုပဲ သိပ်မလိုက်ကြဖို့ လိုပါတယ်။
ဘလောပိုင်ရှင် ပန်ဒိုယာကိုတော့ အားမနာနဲ့ ဗျို့ ။ ကျွန်တော်သိတယ်။ သူက တကယ်ကို သဘောကောင်းတဲ့ အမပါ။ ကျွန်တော်တို့  ဆွေးနွေးလို့ မပြီးရင် သူအိမ်မှာ သူကိုယ်တိုင် ထမင်းဟင်းချက်ကျွေးပြီး ဆွေးနွေးမလို့  တဲ့။ သူချက်တာ စားမကောင်းမှန်းသိလို့ ကျွန်တော်တော့ ငြင်းထားတယ်။ :D ။
တေးမွန်
ပန်ဒိုရာ တို့တော့..ဒိုင်စားပီဗျိုး..၀ိုင်းကောင်းတယ်။ မျိုး၂ မျက်၂ လေး။
အဟဲ-
နဲနဲပွားကြည့်လိုက်အုံးမယ်..လူထူတုန်း။
သမိုင်းတိုင်း ကတော့..သူ့ခေတ်နဲ့သူပါပဲ။
နေရူးပြောခဲ့တာ..တခု ဖတ်ဘူးတာ က-( ဒီပွဲမှာ..ကိုးကားချက် ပါမှ ဖြစ်မယ်ထင်လို့း)
ပြီးခဲ့တဲ့..အချိန် တွေက..အဖြစ်အပျက် တွေကို..ဒီခေတ် နဲ့..အံမ၀င် လို့..မဖြစ်သင့်ဘူးလို့..ပြောမရ ပါတဲ့။
ဒါပေမဲ့..ဒီခေတ်မှာ တော့..သူရဲကောင်းဝါဒ က..သိပ် အားမကောင်းတော့ဘူး ထင်ပါတယ်။ လက်ရုးံရည် ရော နှလုံးရည် ရော ပြည့်စုံ မှ..ပြည်သူ့အသဲကို..သိမ်းပိုက်ဆွဲ နိုင်မယ် ထင်ပါတယ်။
နောက်ပီး.. အခု တပ်မတော် မော်ကွန်းရုံး မှတ် တမ်း က ထုတ်တဲ့စာ အုပ်တွေ နဲ့..ရွှေတိဂုံ ကုန်းတော် ဘေး က..တခမ်းတနား..သူရဲကောင်းဗိမ္မာန် ကြီးကို..နောက် နှစ်ပေါင်း.. ၃၀၀ လောက် မှာ.. ( ကြားထဲမှာ..ခေတ် ပျက်သွားတယ် ဆိုပါတော့လေ..း) မြေကြီး တွေ အောက်က..ပြန် တူးဖော် တွေ့ လိုက် တဲ့.. နှောင်း
လူ တွေ ဆို ရင်..ဘယ်လို ဆုံးဖြတ် ကြမလည်းနော်- ဒါလည်း..စိတ်ဝင်စား စရာ ။
တေးမွန်သို့…
ဒီကိစ္စမှာ တေးမွန်နဲ့ ကျနော့်မှာ အခြေခံအားဖြင့် အယူအဆ ကွဲပြားနေတဲ့ တချက်ရှိပါတယ်။ ဘယ်လောက်ဘဲ ဆက်လက် ဆွေးနွေးသည်ဖြစ်စေ အဲဒီ ကွဲပြားနေတဲ့ အယူအဆနှစ်ခုကို (တယောက်ယောက် အယူအဆမပြောင်းသရွေ့) ကျေလည်အောင် ဆွေးနွေးလို့ ရမယ် မထင်ဘူး။…..
ကျနော်က “လူသားအချင်းချင်း တဖက်နှင့်တဖက် အပ်နှံထားတဲ့ သစ္စာကတိ ကို ဘယ်လို အခြေအနေမှာမှ မဖောက်ဖျက်သင့်ဘူး။” လို့ ယူဆတယ်။
ကိုတေးမွန်က “လူသားအချင်းချင်း တဖက်နှင့် တဖက် အပ်နှံထားတဲ့ သစ္စာကတိကို စောင့်တော့စောင့်ထိန်းသင့်တယ်။ ဒါပေမယ့် အချိန်အနေအချိန်အခါအရ ချွင်းချက်တော့ရှိသေးတယ်။ ဥပမာ အများကောင်းကျိုးအတွက်ဆိုရင်သော်လည်းကောင်း၊ ရလဒ်က ကောင်းနေလျှင်သော်လည်းကောင်း ချွင်းချက်အဖြစ် သတ်မှတ်နိုင်တယ်” လို့ ယူဆတယ်။
ဒီတော့ နဂို ဗဟိုကနေ မသွေဖီဘဲ ပြန်ကောက်ရရင် “ကလိန်ကကျစ်နဲ့ အနိုင်ယူရတာကို ကျနော်တို့ သဘောမကျဘူး”လို့ ဆိုခဲ့တယ်။ မြန်မာ့သမိုင်းမှာ ကလိန်ကကျစ်နဲ့ အနိုင်ယူခဲ့တဲ့သူတွေ၊ သဲအောက် ဓားဝှက်ထားခဲ့သူတွေ နာမည်ရနေတာကို ကျနော်က အံ့သြတယ်လို့ ဆိုခဲ့တယ်။ တေးမွန်က ကျနော်အံ့သြရခြင်းအကြောင်းရင်းကို သိချင်နေတယ်။
ရာဇာဓိရာဇ်အရေးတော်ပုံမှာတော့ ကိုတေးမွန်ရော၊ ကျနော်ကပါ “သဲအောက်ဓားဝှက်ထားသူတွေ နိုင်ခဲ့ရင် နိုင်သူတွေရဲ့ သမိုင်းက သူတို့ရဲ့ ကလိန်ကကျစ်လုပ်ရပ် (တနည်း) သဲအောက်ဓားဖွက်တဲ့ လုပ်ရပ် ကို ဖုံးလွှမ်းသွားမှာကို မလိုလားဘူး” ဆိုတဲ့အချက်ကို သဘောတူညီခဲ့တယ်။ ဟုတ်တယ်နော်။ ကိုတေးမွန်ပြောတဲ့အထဲမှာ လဂွန်းအိမ်က အဲသည်အဖြစ်ကို မလိုလားလို့ ဘုရင့်အမျက်ကိုတောင် ခံပြီးတော့ ဖော်ထုတ်ခဲ့တာလို့ ပြောခဲ့တယ် မဟုတ်လား။
မင်းကြီးရန်နောင်ရဲ့ အရေးတော်ပုံမှာလည့်း “မင်းကြီးရန်နောင်ရဲ့ သဲထဲ ဓားဖွက်တဲ့လုပ်ရပ်ကို အနိုင်ရသွားသူတွေရဲ့ သမိုင်းက ဖုံးလွှမ်းသွားတာ” ကို ကျနော်က မလိုလားခဲ့ဘူး။ မလိုလားတဲ့အလျောက် မင်းကြီးရန်နောင် မြန်မာရာဇ၀င်မှာ နာမည်ကောင်းရသွားတာကို အံ့သြတယ်လို့ ဆိုခဲ့တယ်။ တေးမွန်ကတော့ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး မင်းကြီးရန်နောင်ရဲ့ လုပ်ရပ်ကို လက်ခံနိုင်တယ်လို့ ဆိုတယ်။ စံချိန်စံညွှန်းကို တသမတ်တည်း မကိုင်သင့်ဘူး၊ အခြေအနေအရပ်ရပ်ကို ထည့်တွက်သင့်တယ်လို့လဲ ဆိုတယ်။
အရေးတော်ပုံ ၂ ခုစလုံးမှ တဖက်သားရဲ့ ယုံကြည်မှုကို လှည့်ဖြားပြီး သဲထဲဓားဖွက်ပြီး လက်နဲ့မဲ့သူကို လုပ်ကြံဘို့ကြိုးစားတဲ့ လုပ်ရပ်ဟာ လုပ်နည်းလုပ်ဟန် သဘောသဘာဝအားဖြင့် တသွေမတိမ်းနီးပါး ထပ်တူထပ်မျှ ကျနေတာကတော့ သိသာထင်ရှားတဲ့အချက်ပါ။ ဒါပေမယ့် ပထမတခုမှာ ကျနော်တို့ နှစ်ဦးလုံးသဘောတူညီခဲ့သလောက် ဒုတိယ တခုမှာ သဘောမတူညီနိုင် ကြဘူးနော်။
ဒါဟာ ဘာကိုပြသလဲဆိုရင် ကျနော်က အပေါ်မှာ “အမည်မသိ” ပြောသွားသလို The End result justified the mean ကို မယုံကြည်တဲ့လူမျိုး။ ကိုတေးမွန်ကတော့ The End result justifies the mean ကို လက်ခံယုံကြည်တဲ့လူမျိုးလို့ ကျနော် ကောက်ချက်ဆွဲရမယ်ထင်တယ်။ ဘယ်သူ့အမြင် မှားတယ် မှန်တယ်ဆိုတာထက် ကျနော်တို့ နှစ်ဦးအပြန်အလှန်ရေးခဲ့တဲ့ ကော်မန့်တွေထဲကနေဘဲ အဲသလို ကောက်ချက်ချမိတာပါ။ ကျနော့်ကောက်ချက်လွဲရင် ထောက်ပြနိုင်ပါတယ်။ အဲဒီအချက်ဟာ ကျနော်တို့နှစ်ဦးအကြားမှာ အခြေခံအားဖြင့် ကွဲပြားတဲ့အချက်လို့ ဆိုနိုင်ပါတယ်။
အဲဒီကွဲပြားတဲ့အယူအဆအရ ကျနော်တို့ဟာ ဓားထဲသဲဖွက်တဲ့ ကိစ္စမှာသာမက ကျန်တဲ့ ကိစ္စတော်တော်များများမှာလည်း ကျနော်တို့ရဲ့ လုပ်ပုံကိုင်ပုံ၊ တွေးခေါ်ယူဆပုံကလည်း (approach) ကလည်း တူညီမယ်မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်နဲ့ စိတ်စေတနာ တူကောင်းတူမယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ လုပ်ပုံလုပ်နည်း ကွဲပြားနိုင်ပါတယ်။
ဒါပေမယ့် တချို့သောကိစ္စတွေမှာ မိမိဘာသာချမှတ်ထားတဲ့ ကတိ၊သစ္စာ၊ Principle စတာတွေကို မဖောက်မဖျက်ဘဲ တသွေမတိမ်းလိုက်နာတာကို “စကားလုံးအလှတွေ၊ လက်တွေ့မကျဘူး” ဆိုတာကိုတော့ ကျနော် လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိမိကတိကို၊ သစ္စာကို၊ principle ကို ဘယ်လိုအခြေအနေမျိုးမှာမှ မဖောက်မဖျက်ဘဲ လိုက်နာစောင့်စည်းတဲ့လူတွေ သည်လောကကြီးမှာ ရှိနေလို့ပါဘဲ။ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။
ကိုတေးမွန်ပြောသလို မြန်မာ့သမိုင်းမှာ အစွန်းအထင်းမညစ်ထေးဘဲ လှနေတဲ့ သမိုင်းကွက်ကလေးတွေလည်း အနည်းအကျင်း ရှိပါတယ်။ ဥပမာပေးရရင်…ကျန်စစ်သားမင်းကြီးဟာ မြေးတော်ကို ထီးနန်းလွှဲအပ်မယ် ကတိပေးပြီးတဲ့နောက်မှာ သားတော်ရာဇကုမ္မာ နန်းတော်ကို ရောက်လာပေမယ့်လို့ သူ့ကတိသူဖျက်ပြီး သားတော်ကို ထီးနန်းလွှဲပေးတာမျိုးမလုပ်ခဲ့ဘူး။ သူ့သားကို သူလွှဲချင်လို့ ကတိဖျက်ခဲ့ရရင်လည်း လူတွေနားလည်ခွင့်လွှတ်နိုင်ကြမှာ ဖြစ်ပေမယ့် သူ့စကားကို သူပြန်မဖျက်ခဲ့ဘူး။
အလားတူဘဲ သမိုင်းမှာ မိမိ principle ကို trade off မလုပ်ချင်လို့ အဆိပ်ခွက်ကို မော့သွားတဲ့လူတွေ၊ မိမိဗိုက်ထဲက အူတွေ အခွေလိုက်အပြင်ကိုထွက်ကာ အစာရှာစေဦးတော့ သူ့ဥပုသ်သီလကို မဖျက်ချင်ဘူးဆိုတဲ့သူတွေ၊ လူ့သမိုင်းမှာ အများကြီးရှိခဲ့ပါတယ်။
နောက်ပြီး တချို့က ဘယ်နေရာမှာမဆို Fair Play ကိုဘဲကြိုက်တယ်။ အဲသည် တချို့ထဲမှာ ကျနော်လည်းပါတယ်။ ကျနော့်အမြင်အရဆိုရင် ဒီအယူအဆဟာ မဟုတ်မဟတ်လုပ်ရမှာကို ရှက်ကြောက်တဲ့စိတ်ကနေ အခြေခံတာမို့ လောကပါလ တရားလို့တောင် ခေါ်ဆိုချင်ပါတယ်။
ဗိုလ်သန်းရွှေကို ဘယ်လိုပင်ကျနော်မထောက်ခံ၊ စက်ဆုပ်သော်ငြား ဗိုလ်ချုပ်မြတို့ ရန်ကုန်ကို ငြိမ်းချမ်းရေးသွားတော့ ဘာအန္တရာယ်မှ မပေးခဲ့တဲ့အချက်ကို ကျနော် လေးစားတယ်။ ဒီလောက် ကလိန်ကကျစ်ကျသူတောင်မှ လိုက်နာအပ်တဲ့ စည်းမျဉ်းစည်းကမ်းကို အဲသည်အချိန်မှာ လိုက်နာခဲ့တယ်။
ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းရန် နယ်စပ်က အတိုက်အခံစခန်းကို လာတဲ့ခရီးစဉ်မျိုးမှာ ကိုယ့်နယ်မြေထဲရောက်လာတုန်း တိုင်းပြည်ကောင်းစားဘို့အတွက် အဲဒီစခန်းက အတိုက်အခံတွေက လုပ်ကြံကြမယ် ဆိုရင် အဲသည်လုပ်ရပ်ကို ကျနော်ဘယ်တော့မှ ထောက်ခံမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ တိုင်းပြည်ကောင်းစားရေးအတွက်တော့ ဟုတ်ပါတယ်။ သိုဟန်ဘွားကို လုပ်သလိုဘဲ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဘယ်တော့မှ အဲသည်လုပ်ရပ်ကို ထောက်ခံမှာ မဟုတ်ပါဘူး။
ဒါက ကျနော့်အမြင်ကို ပြောပြတာပါ။ ကိုတေးမွန် လက်ခံလာအောင် ကျနော် မစွမ်းဆောင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအယူအဆမျိုးကို လက်ခံသူက နည်းပါး ပါတယ်။ ကျနော် သူတို့အမြင်ကို ပြောင်းလဲအောင် တထိုင်တည်းနဲ့ ဘလော့ဂ်ကွန်မင့် ကဏ္ဍမှာတော့ မတတ်နိုင်ပါဘူး။ ဒါပေမယ့် နှစ်ရှည်လများ ကိုယ်နဲ့အတူ နေ့စဉ်ထိတွေ့နေတဲ့သူတွေကိုတော့ အဲဒီအယူအဆမျိုးကို တဖြည်းဖြည်းလက်ခံလာအောင် ပြောဆိုဆွေးနွေးလို့ရတာမျိုးတော့ အရေအတွက် နည်းပါသော်လည်း တွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော်ဖတ်ခဲ့ဘူးသော ၀တ္ထုတိုလေးတပုဒ်ကို အတိုချုပ်ပြောပြလိုက်ပါတယ်။ (၀တ္ထုမို့ အပြင်မှာ အဲသည်လို လူမျိုး မရှိ၊ အတုအယောင်လို့ မယူဆပါနဲ့ဗျိုး။ အဖြစ်အပျက်မတူပေမယ့် အဲသည်လိုဘဲ စည်းစောင့်တဲ့လူတွေ လူ့သမိုင်းမှာရော၊ ကျနော်တို့ ပတ်ဝန်းကျင်က မထင်မရှားလူတွေထဲမှာရော အရေအတွက်နည်းပေမယ့် ရှိပါတယ်။)
ဘာလဲဆိုတော့ နယ်တနယ်က မြို့လေးတခုမှာ ဆတ္တာသည် (ဆံပင်ညှပ်ဆရာ)တယောက်ထံကို သူပုန်ဗိုလ်လူဆိုး တယောက်လာပြီး ဆံပင်ညှပ်တယ်၊ မုတ်ဆိတ်ရိပ်ခိုင်းတယ်။ အဲဒီ သူပုန်ဗိုလ်က ဆက်ကြေးတွေ မတန်တဆကောက်၊ မြို့ခံလူထုကို ဒုက္ခပေး။ ဘယ်လောက်အထိလဲဆိုရင် အဲသည် ဆတ္တာသည်ရဲ့ ညီနဲ့အဖေ ကလည်း ဒီသူပုန်ဗိုလ်လက်ချက်နဲ့ သေခဲ့ရတာ။ ဆတ္တာသည်ရဲ့ အမုန်းတရားနဲ့ နာကျည်းချက်ကို တွက်ဆကြည့်နိုင်ပါတယ်။ သူပုန်ဗိုလ်ကလည်း သူ့နာကျည်းချက်ကို သိပါတယ်။ ဒါပေမယ့် သူပုန်ဗိုလ်က ဆတ္တာသည်ဟာ လူမသတ်ရဲဘူးလို့ ထင်တယ်။ ဒီတော့ သူ့ဆီမှာ ဆိုက်ဆိုက်မြိုက်မြိုက်လာညှပ်တယ်။ အခု အဲသည် ဆတ္တာသည်မုန်းတဲ့ သူပုန်ဗိုလ်ဟာ သူ့ရဲ့ ဆံပင်ညှပ်ဆိုင် ဆုံလည်ကုလားထိုင်ပေါ်မှာ မျက်နှာကို မော့လို့၊ မျက်စိကို မှိတ်ပြီး မုတ်ဆိတ်အရိပ်ခံနေတယ်။ ဆတ္တာသည်ဟာ သူ့လက်ထဲက သင်တုန်းဓားနဲ့ သူပုန်ဗိုလ်ရဲ့ လည်ပင်းကို လှီးချလိုက်ချင်စိတ် အကြိမ်ကြိမ်ပေါ်ပါတယ်။ လှီးလိုက်ရင်တော့ တချက်ပါဘဲ။ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးရွားတကောင် ချုပ်ငြိမ်းသွားမှာပေါ့လေ။ အများကောင်းကျိုးလည်း မှန်တယ်။ သူ့အတွက်လည်း လက်စားချေပြီးသားပေါ့။ ဒါပေမယ့် သူ့စိတ်ကို သူချုပ်တည်းပါတယ်။ သူဟာ မသတ်ရဲလို့မဟုတ်။ သူ့အလုပ်ဟာ ဆတ္တာသည်။ သူ့အလုပ်အပေါ်မှာ သူဂုဏ်ယူတယ်။ သူ့ရန်သူကို သူမုန်းတီးရင် တခြားနည်းနဲ့ဘဲ သူသတ်မယ်။ ဒီလို သူ့အပေါ်မှာ ယုံကြည်စိတ်နဲ့ သူ့ဆီမှာ လည်ပင်းကို လာမော့ပေးနေတဲ့အချိန်မှာ သူဟာ သူစောင့်စည်းအပ်တဲ့ သစ္စာတရား၊ စည်းကမ်းကို ဖောက်ဖျက်ပြီး ကလိန်ကကျစ်နဲ့ အနိုင်မယူချင်ဘူး။ သူဟာ မုတ်ဆိတ်ကို အပြီးရိတ်ပေးလိုက်ပါတယ်။ သူပုန်ဗိုလ်ကတော့ ဒီဆတ္တာသည် သူ့စိတ်ကို သူအောင်နိုင်လိုက်တာ၊ သူ့ Principle ကိုသူ မဖော်မဖျက်ဘဲ စောင့်စည်းနိုင်ခဲ့တဲ့ သူရသတ္တိကို နားမလည်ဘူး။ ဒီတော့ ဆံပင်ညှပ်ဆိုင်ကအထွက်မှာ သရော်တော်တော်အပြုံးနဲ့ ဆတ္တာသည်ကို ကြည့်ပြီးတော့ “လူတယောက်ရဲ့ အသက်ကိုသတ်ဘို့ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်ပါဘူးကွာ” လို့ ပြောသွားသေးသတဲ့။
ကျနော့်သဘောထားကို ပြောရရင် ကျနော်တို့ မြန်မာ့ဒီမိုကရေစီအရေးမှာရော လူ့လောကမှာပါ မင်းကြီးရန်နောင်လို လူမျိုးတွေထက်၊ ခုနက ဆတ္တာသည်လို လူတွေ ပိုပေါများလာရင် လူ့လောက ပိုမိုစည်ပင်ဝပြော အေးချမ်းမယ်၊ တိုးတက်မယ်လို့ ထင်မြင်မိပါတယ်ဗျား။ ကိုယ့်အလုပ်ကိုယ် အပြောင်မြောက်ဆုံး လုပ်သူတွေပေါ့ဗျာ။
ကျနော်အခု မျက်မှောက်ခေတ်မှာ အဲသည်လို principle ကို တရွေးသားမှ မဖောက်မဖျက် ထိန်သိမ်းနေတဲ့ ကျနော့်သူရဲကောင်းတွေကတော့ ဦးဝင်းတင်၊ အန်တီစု နဲ့ ကိုမင်းကိုနိုင်တို့ပါဘဲ။
ဒီလောက်ဆိုရင် ကျနော် အံ့သြရခြင်းရဲ့ အကြောင်းရင်းကို တေးမွန်ရိပ်စားမိလောက်ပြီလို့ ထင်ပါတယ်။ ဒီဆွေးနွေးခန်းကို ဒီမှာ ရပ်ပါဦးမယ်။ တော်ကြာ မကေသွယ်ပြောသလို…ဒိုင်စားသွားမှာ ကြောက်လို့ပါဗျိုး။
ကျွန်တော်အနေနဲ့ စပြီး ပြောခဲ့ကတည်းက ကိုပေါကို ကျွန်တော်အယူအဆ လက်ခံလာ အောင်ဆိုတဲ့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ လက်ခံမယ်လို့ လည်းမထင်ခဲ့ဘူး။ အတ္တနဲ့ ၊ မောဟနဲ့ ၊ အ၀ိဇ္ဖာနဲ့  လူတွေပဲ။ဒါပေမယ့် နောင်နောင် ကျွန်တော်တို့ ရဲ့  အတွေးအခေါ် တွေမှာ၊လုပ်ဆောင်ချက်တွေမှာ တစ်ယောက် ၊ တစ်ယောက်တို့ ရဲ့  အတွေးတွေကို ကို မသိမသာ လက်ခံလုပ်ဆောင်လာတက်လေ့ရှိတယ်။ ဒါလည်း ရှက်စရာ မဟုတ်ဘူး။ ပြီးပြည်စုံတဲ့ လူတွေမှ မဟုတ်ကြတာ။ ဒါဟာ ဆွေးနွေးခြင်းရဲ့  အကျိုးအမြတ်ပဲ။ ပိုမိုကျယ်ပြန်လာတာပဲ။ ငါနိုင်ဖို့ ၊ ငါအယူအဆကို လက်ခံဖို့ လို မရည်ရွယ်ခဲ့တဲ့ အတွက် ယခုလတ်တလော လက်ခံတာ လက်မခံတာဟာ ထည့်တွက်စရာ မရှိပါဘူး။ အတွေးတွေ ဖလှယ်ရတဲ့ အတွက် ကိုယ်မမြင်မိ တာတွေ မြင်လာတယ်။ မတူတဲ့ တွေးပုံ ယူဆပုံတွေ မြင်လာတယ်ဆိုရင်ကိုပဲ အကျိုး အမြတ်ရှိနေပါပြီ။ မျက်လုံးကြီးပိတ်၊ ရင်ဘတ်ကြီးပိတ်၊ အဲလို ဖင်ပိတ်ပြီး ငြင်းတက်တဲ့ လူမျိုးနဲ့  ဆိုရင်တော့ တမျိုးပေါ့။
ကိုပေါကောက်ချက်ဆွဲသွားတာတွေဟာ အတိုင်းအတာ တစ်ခုအထိတော့မှန်တယ်။
ကျွန်တော် အနေနဲ့  လူသားချင်း ထားရှိတဲ့ သစ္စာ ဖောက်ဖျက်မှု့ မှာ အခြေအနေ၊ အချိန်အခါ အရ လုပ်ခွင့် ရှိတယ်ဆိုတဲ့ ဟာ မှာ အခြေအနေနဲ့  အချိန် အခါ ဟာ နမူနာအနေနဲ့ ပြောခြင်းပါ။ ရှင်းအောင်ပြောရရင် အဖြစ်တစ်ခုကို ဖြစ်စေတဲ့ အကြောင်းပေါင်းစုံကို တက်နိုင်သမျှစဉ်းစားဆင်ခြင်ပါ။ အဲဒီ အကြောင်းတွေကြောင့် ဖြစ်လာရမယ့် အကျိုးကိုလည်း ထည့်သွင်း စဉ်းစားဆင်ခြင်ပါ။ ကိုယ်ကျင်တရား၊ သိက္ခာ၊ လူ့ ကျင်ဝတ် ၊ စောင့်ထိန်းအပ်တဲ့ အရာတွေ၊လူအများ၊ သစ္စာ ဟုတ်လား ရှိသမျှ ၊တက်နိုင်သမျှ အဲဒါတွေလည်း ထည့်သွင်း စဉ်းစားဆင်ခြင်ပါ။ လက်တွေ အကျဆုံး၊ လောကကို အကျိုးပေးဖို့ အများဆုံး အဲလိုတွေ ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ဦးနောက်ရော ၊ နှလုံးသားရော သုံးပြီး ဆုံဖြတ်ပါ။ စံပေတံ တခုတည်းနဲ့  အရာအားလုံးကို မတိုင်းစေချင်ဘူး။
သစ္စာဟာ အလွန်ကိုစောင့်ထိန်းအပ်တဲ့ တရားပါ။ အဲလို စောင့်ထိန်းသူတွေကိုလည်း ကျွန်တော် ရင်ထဲကနေ တကယ်လေးစားတယ်။ ကျွန်တော်ပြောခဲ့သမျှမှာ သစ္စာစောင့်သူတွေကို ဘာညာ ဆိုပြီး ဆန့် ကျင်ပြောခဲ့တာ မရှိဘူး။ ရှင်းရှင်းနားလည်ထားဖို့ လိုပါမယ်။ ကျွန်တော်ပြောခဲ့သမျှဟာ သစ္စာကို ဖောက်ခဲ့တဲ့ တချို့ တွေဟာ အောက်တန်းကျတဲ့၊ ဒါမှမဟုတ် မကောင်းတဲ့ ၊ ညစ်တဲ့၊ သူရဲဘောနည်းတဲ့၊ အဲလိုတွေကြောင့်ကြည့်ပဲ့  မဟုတ်ဘူးဆိုတာကို ထင်ရှားစေချင်တာပါပဲ။ နောက်တစ်ချက်ကတော့ လူတွေ ကောင်းရာကောင်းကျိုးအတွက် လုပ်ခဲ့သူတွေ အပေါ် (သူတို့ လုပ်ခဲ့တာလည်း နာမည်ပဲ မဟုတ်ဘူး။ တကယ်ကောင်းမွန်ခဲ့တယ်) နောက်လူတွေ က သစ္စာမဲ့သူတွေ၊ သူရဲ ဘောနည်းသူတွေလို့ ပြောပြီး မလေးမစား လုပ်တာ ပြောတာကို ကိုလည်း မဖြစ်စေချင်တဲ့ အတွက်။
ဒီနေရာမှာ အစစ်အမှန်နဲ့  အတုအယောင်ဆိုတာကို နည်းနည်းပြောချင်တယ်။ လူတော်တော်များများ ဟာ ကိုယ်ဆန္ဒ (အတ္တ) အတွက် လူတွေ နှစ်သက်တဲ့ စကားလုံးတွေ၊ အကြောင်းအရာတွေနဲ့  ဗန်းပြပြီးလုပ်ကြတယ်။ ဒါပေမယ့် ဒီမှာ မင်းကြီးရန်နောင်ဟာ လူတွေ အတွက် လုပ်ခဲ့တာ ထင်းရှားလွန်းလှတယ်။ သိုဟန်ဘွားကို သတ်ပြီး တာတောင်မှ၊ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်နိုင်တဲ့ ခေတ်မှာတောင်မှ သူဘုရင်မလုပ်ခဲ့ဘူး။။ သူရဲ့  ရည်ရွယ်ချက်ဟာ အစစ်အမှန် စေတနာပါတယ်။ အဲဒါကို ကျွန်တော်တို့ က တိုင်းပြည်ကောင်းစားဖို့ ဆိုပြီး မင်းကိုသတ်တယ်၊ တကယ်တမ်းမှာကျတော့ ကိုယ်လုပ်ချင်တာကို ၊ ကိုယ်အတ္တ၊ ကိုယ်ဆန္ဒ ကို ရှေ့ တန်းတင်မယ်ဆိုရင်တော့ ဒါဟာ အတုအယောင်ပါပဲ။ ဒါမျိုးလေးတွေ ခွဲခြားနားလည်ဖို့  လည်းလိုပါမယ်။ အဲဒီလို လူယုတ်မာတစ်ယောက် ငရဲရောက်သွားလို့  တကယ်ပြည်သူတွေကောင်းစားနိုင်လား၊ တိုင်းပြည်ကောင်းစားနိုင်လား၊ ခြုံပြောရရင် စစ်မှန်လားလို့ မေးရမယ်။ စစ်မှန်တယ်၊ ကောင်းစားနိုင်တယ်ဆိုရင်တော့ လုပ်ပါ။ ကျွန်တော်အနေနဲ့ လက်ခံတယ်။ ဂုဏ်ယူတယ်။
ဒီတော့ ဟစ်တလာကို အင်္ဂလိပ်တွေ၊ မဟာမိတ်တွေ၊ဒါမှမဟုတ် သူတို့ ဂျာမန်နာဇီဆန့် ကျင်သူတွေက တွေ့  ဆုံဆွေးနွေးဖို့ ခေါ်ပြီး လုပ်ကြံမယ်ဆိုရင် ကျွန်တော် လက်မခံဘူး။ မြန်မာပြည်မှာလည်း အဲလိုဖြစ်မယ်ဆိုရင် မလုပ်သင့်ဘူးလို့ ခံယူတယ်။ သစ္စာတစ်ခုတည်းကြောင့် မဟုတ်ဘူး ဆိုတာတော့ ဒီလောက်ဆို ပြောစရာမလိုတော့ဘူးထင်တယ်။ သစ္စာ ရှိသင့်တယ်ဆိုတာကိုလည်း လက်ခံတယ်။ အကျိုးဟာကောင်းတာထက် ဆိုးတာဖြစ်ဖို့  များတယ်လို့  တွေးမိလို့ လည်းပါတယ်။ နှလုံးသားကနေ ဒါမျိုးမလုပ်သင့်ဘူးလို့  ခံစားရလို့ လည်းပါတယ်။ အဲ..ဒါပေမယ့် ဂျာမန်အာဏာရှင် ဟစ်တလာကို အစည်းအဝေးလာတဲ့အခါ ဗုံးခွဲပြီး လုပ်ကြံခဲ့တဲ့ ဂျာမန် ဗိုလ်မှုးကြီး အကြောင်း ကြားဖူးလားမသိဘူး။ အဲလိုဆိုရင်တော့ အဲဒီ လူကို ကျွန်တော်က သူရဲကောင်းအဖြစ်သတ်မှတ်မှာပဲ။ လေးစားမှာပဲ။ ချစ်ခင်နှစ်သက်မှာပဲ။
အကြောင်းသင့်လို့ ပြောလိုက်ပါဦးမယ်။ အဲဒီ ဗိုလ်မှုးကြီးက မင်းကြီး၇န်နောင်လိုပါပဲ။ သူတို့ ဆီမှာလည်း အမှတ်တရ အရေးတယူ လုပ်နေကြပါတယ်။ မြန်မာရာဇ၀င်တွေမှာသာ မဟုတ်ဘူး။ အဲဒီစကားလုံးလေးက ကျွန်တော့်ကို စိတ်ဆွသွားခဲ့တာ။ မြန်မာရာဇ၀င်တွေတည်းမှာပဲ ဆိုတာ။ ကျွန်တော်လူမျိုးတော်တော်များများကို သူတို့ ရဲ့ ကောင်းတဲ့အပြုအမူအတွေအတွက် အထင်ကြီးတယ်။ ဒါပေမယ့် အဲဒါဟာ မြန်မာ လူမျိုးတွေအပေါ် အထင်သေးဖို့  အတွက် မဟုတ်ဘူး။ အဖြူကောင်တွေလို့  နှိမ်တလိုလိုနဲ့  အထင်တကြီး ခေါ်နေတဲ့ ဥရောပ အမေရိကန်တွေ တင်မကဘူး၊ တရုတ်၊ အိန္ဒယ၊ အာရှသား တွေ အားလုံးမှာ အကောင်းအဆိုး ဆိုတာ ရှိနေတယ်။ အခုနောက်ပိုင်း မြန်မာတွေ မဟုတ်ဘူးလို့  ခံယူသူတွေ တော်တော်များနေပါတယ်။ မှန်ပါတယ်။ မြန်မာတွေ ညံ့နေပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ညံ့တာ၊ လက်ရှိ အသက်၇ှိနေတဲ့ မြန်မာတွေ သောက်သုံးမကျတာ။ ကျွန်တော်တို့ မျိုးဆက်တွေ ဖျင်းတာ။ ဒို့ ခေတ်ရောက်မှ ညံ့တာ။ ဟုတ်လား။ မြန်မာ ညံ့တာမဟုတ်ဘူး။ ရှင်းရှင်းနားလည်ထားကြပါ။ အမေရိကန်တွေ ၊ ဥရောပသားတွေ ဆီက ကျွန်တော်တို့  လေ့လာစရာတွေ အများကြီး၇ှိတယ်။ သူတို့ ရဲ့  ကောင်းမွန်တဲ့ အမူအကျင့် အလေ့အထတွေကို ကျွန်တော်တို့  နဲ့  ဘယ်လိုပေါင်းစပ်လို့ ရမလည်းဆိုတာပဲ စဉ်းစားရမယ်။ သူတို့ ရဲ့  ကောင်းတာလေးကိုပဲကြည့်ပြီး မြန်မာ ကို လှည့် နှာခေါင်းရှုံ ဖို့ မဟုတ်ဘူး။ တနေ့ တချိန်ကျရင် မြန်မာဟာ အလေးစားခံရတဲ့ လူမျိုးဖြစ်လာမှာကို ယုံကြည့်ထားကြရလိမ့်မယ်။ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှု့(globalization) ဖြစ်လာလို့  အမျိုးသားရေး (nationalization) မရှိတော့ဘူးဆိုရင် ဒီအချိန်ဟာ အချိန်မှန်မဟုတ်သေးဘူး။ ကမ္ဘာမှာ ဘယ်နေရာမှာမှ အမျိုးသားရေးကို မစွန်လွတ်ကြသေးဘူး။ ကောင်းတဲ့ လက္ခာဏာ အနေနဲ့  နေရာတော်တော်များများမှာ မကျဉ်းမြောင်းတော့တာပဲ၇ှိတယ်။ ဒါတောင် ကျဉ်းမြောင်းတဲ့နေရာတွေက ကျဉ်းနေတုန်း။ ဒီမှာလည်း အမျိုးသားရေးဆိုတာ အမှန်အကန်။ အမှန်အကန်ဆိုရင် အမျိုးသားရေးကို စိတ်ထဲရှိတာ ရှက်စရာမဟုတ်ဘူး။
The End result justified the mean ကို ယုံကြည်တဲ့လူလို့ ကိုပေါ့ ကျွန်တော်ကို မှတ်ချက်ပေးသွားတာ အမှန်တ၀က်ပါပဲ။ end result တစ်ခုတည်ကို ကြည့်တာမဟုတ်ပါဘူး။ အကြောင်း၊ အကျိုး၊ ရလဒ် ၊ သိက္ခာ၊ သစ္စာ ၊ စိတ်နေစိတ်ထား ဟုတ်လား။ အားလုံးက လာပြီး ညှိဖို့ ပါပဲ။ everything justified the mean လို့  ပြောရင်ရမယ်။ အကျိုးမ၇ှိရင် (ကိုယ်ကျိုးကို မပြောပါ) အမှန်တရားတောင် အခြေအနေကိုကြည့်ပြီး မပါသင့်ရင် မပါတာကောင်းပါတယ်။ တိတ်တိတ်နေသင့်တယ်။ အခုထိတော့ အဲလိုပဲ ယူဆတယ်။
မျှတစွာ ကစားရမယ့် နေရာအားလုံးမှာ မျှတစွာ လူသားဆန်စွာကစားတာကို ကြိုက်တယ်။ အဲလိုပဲ ကစားရမယ်လို့ ယုံတယ်။ တချို့ နေရာတွေမှာ ချွင်းချက်ဆိုတာမ၇ှိဘူး။ ဘောလုံးပွဲဆိုပါစို့ ။ ဘယ်လိုသောအကြောင်းကမှ မျှတစွာ ကစားခြင်းဆိုတဲ့ ကျင့်ဝတ်ကို မဖျတ်ဆီး၇ဘူး။ ဒါပါပဲ။
ကိုပေါပြောတဲ့ ဆတ္တာသည်ကို ကျွန်တော်လည်းလေးစားတယ် ။ အားကျတယ်။ သူလုပ်တာ ကြီးမြတ်တယ်လို့  ခံယူတယ်။ ဒီလောက်ဆို ကျွန်တော် ပြောချင်တာကို ၊ဆိုလိုချင်တာကို သဘောပေါက်မယ်လို့ ယူဆပါတယ်။
သဘောထားကွဲတာတော့ ကွဲကြမှာပါပဲ။ ရည်မှန်းချက်တူတယ်ဆိုရင် သဘောထားကို သူဖက်ကိုယ်ဖက် ညှိပြီး ပြောကြဆိုကြ ၊ လုပ်ကြကိုင်ကြတာဟာ ယဉ်ကျေးလာခြင်းပဲ။ ဒီမိုကရေစီရဲ့  ကောင်းတဲ့ အချက်တချက်လို့  လည်း ပြောလို့ ရမယ်။
ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဆွေးနွေးပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ တနေ့ တချိန်ကျရင် ကျွန်တော်တို့ သဘောထားတွေ ပြောင်းလည်းလာချင်လည်း ပြောင်းမှာပေါ့။ ကျွန်တော်အနေနဲ့  ကောင်းမွန်တဲ့ ဆွေးနွေးမှုတခုအဖြစ် မှတ်ယူပါတယ်။ ဒီအကြောင်းအချင်း၇ာနဲ့ ပတ်သတ်လို့  ထပ်ပြောစရာ မရှိတော့ဘူးလို့  ယူဆပါတယ်။
ပျော်ရွင်ငြိမ်းချမ်းပါစေဗျာ။
တေးမွန်
(ချစ်သောအမ ပန်ဒိုယာကိုလည်း သည်းခံပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :D )
Some may claim that "the means are more important than the end." However, some may say that the end is more important than the mean.
I think it will be too naive to think the wars will be won by honesty and bravery. Wars are won with deception, decisiveness, divisive (for the enemy), and diligence (for own side). And it is true that the history is written by the victors. For example, while we praise and learn that Abrahim Lincoln is a noble man, no less than a saint, if we were to say the truth that Abbie used a lot of Niger words then we will become politically incorrect, while everyone will nod that Martin Luther King and his dream, no one will dare to say the truth the he committed plagarism, he was financed and PRed by communists, etc.. I mean history is full of BS and to read through the lines, to filter out the truth, to see through the agenda, to avoid traps, to see deceptions through smoke and dummies and decoys is our job, the learned man. It will be naive to say that Oh No I dont like deception blah blah blah, well girl, it is good to listen but it will never work. Dont be naive.
(၀ိုင်းစောစော သိမ်းသွားလို့ ဒိုင်က စိတ်မကောင်းပါဘူးဗျာ။ နှမ်းလေးတော့ ဖြူးပါရစေဦး။)
ကိုပေါ တေးမွန် မကေ နှင့် အခြား ဖတ်ရှုသူများ ရေးသွားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးရေးသွားတဲ့ အမည်မသိသူကိုလည်း စဉ်းစားစရာ အမှန်တရားတခုကို အသေအချာ ချပြသွားလို့ ကျေးဇူးတင်ပါတယ်။
ကိုယ်ရေးလိုက်တဲ့ အတိုအစကလေးကနေ အခုလို လေးလေးနက်နက် ဆွေးနွေးစရာတွေ ဖြစ်လာခဲ့တာ ၀မ်းသာစရာပါ။ ဒီ့ထက်ကို ၀မ်းသာစရာကတော့ ဆွေးနွေးကြသူတွေဟာ ကိုယ့်အယူအဆမှာ တဖက်က ခိုင်ခိုင်မာမာ ရပ်တည်သလို တဖက်ကလည်း သူ့ဆီက ငါ ဘာလက်ခံနိုင်မလဲဆိုတဲ့ အပြုသဘောနဲ့ တစ်ဦးကိုတစ်ဦး လေးလေးစားစား အယူအဆချင်း ဖလှယ်ကြတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် ကာလချာ လို့ပဲပြောရမလား။ ဒီလိုမျိုး ကွဲပြားနိုင်တဲ့ အယူအဆတွေကို မတူညီတဲ့ဘက် နှစ်ခုကြားမှာဖြစ်ဖြစ် တူညီတယ်လို့ ယူဆရတဲ့ ဘက်အသီးသီးက အချင်းချင်းတွေမှာပဲဖြစ်ဖြစ် လူကြီးလူကောင်းဆန်ဆန် မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း လေးလေးစားစား ပြောကြဆိုကြ ရှိခဲ့ကြရင်….။
အခုမှ ဖတ်မိလို့ အခုမှ နည်းနည်း တွေးမိသလောက်လေး ဝင်ပြောဦးမယ်။
ကိုယ့်သမိုင်း ကိုယ်ရေးပါ လက်ရေးတော့ လှပါစေ။ ကိုယ့်သမိုင်း ကိုယ်ရေးပါ သူများလည်း ဖတ်လို့ ရပါစေ။
ဆိုတဲ့ စကားလေးကို ကြိုက်မိပါတယ်။ ( ဒီစာသားက ဘယ်စာအုပ်မှာမှန်း မသိ ဖတ်ဖူးပေမဲ့ ၊ အခု နောက်ဆုံး ဖတ်မိတာကတော့ မစုမွန် ဘလော့ မှာပါ )
ဘာမှမဖြစ်ပါဘူး ဆိုတဲ့ တစစ လေးနဲ့ လူတွေ ပျက်လာတာပါပဲ။ အခု ဆွေးနွေးသွားတဲ့ လူတွေကို မြင်လိုက်ရတာကတော့ ဒီလို အရေးတော်ပုံမှာ ငါသာဆိုရင် ဘယ်လို စီစဉ်မယ် ဆိုပြီး ရင်ထဲကို တွေ့လိုက်ရတာပါပဲလို့ ရိုးသားစွာပဲ ပြောပါရစေ။ အားလုံးရဲ့ စိတ်ကို မြင်လိုက်ရတဲ့ ကဗျာတိုလေးပါ။
အဲဒီဓါးကြီးမြင်တော့ ဆရာကြီး ဦးတင်မိုးရဲ့ ကဗျာတစ်ပုဒ်ကို သတိရမိတယ်။
“အဖေ့အမွေ”
အဖေချန်ထား
သွေးစွန်းဓားဖြင့်
သားက ခဲတံချွန်ပါကြောင်း။
သူများတွေ အလေးအနက် ရေးထားတာကို သရော်တာမဟုတ်ဘူးနော်။ စပ်မိလို့ပါ။
တကယ်ပဲ ကြည်နူးစရာ ဗဟုသုတဖြစ်ဖွယ်ရာ လွတ်လပ်စွာ ငြိမ်းချမ်းစွာ သဘောကွဲလွဲခြင်းကို ဖတ်ရလို့ မပန်နှင့် ဆွေးနွေးသွားသူများ ကိုပေါနှင့်တေးမွန် အားလုံးကို ကျေးဇူးတင်ပါကြောင်း ဖတ်ရတာ နောက်ကျလို့ စိတ်မကောင်းပါကြောင်း..
လူငယ်တွေ အပြုသဘောဆွေးနွေကြတာ ဖတ်ရလို့ ဝမ်းသာပါတယ်၊ ခောတ်ကြီက အများကြီး ပြောင်လဲသွားပါပြီ၊ နိုင်သူတို့ ဖုံးလွမ်းမဲ့ခောတ် မဟုတ်နိုင်တော့ပါ၊ ယနေ လူငယ်တွေဟာ နည်းပညာ အရရော အသိပညာပါ ကြွယ်ဝသူတွေပါ၊ သူတို့ဟာ အမှန်တရားကို ဖေါ်ထုတ်ကြပါလိမ့်မယ်။
မပန် ဖဘမှာ ထပ်တင်တော့မှာသာ သိရတာပါ...
ကွန်မန့်တွေအကြောင်းကိုလည်း တခုတ်တရ သတိပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ် မပန်...
ကိုပေါနဲ့ ကိုတေးမွန်တို့ကို ကျေးဇူးအထူးတင်ပါတယ်...
ဗဟုသုတတွေ အများကြီးရလိုက်သလို ကိုယ့်ရဲ့ခံယူချက်နဲ့ ချိန်းထိုးကြည့်လိုက်တော့ အားနည်းချက်တွေ၊ အားသာချက်တွေ တွေ့လိုက်ရတာ သိပ်ကောင်းတယ်...
ပြန်လာဖတ်သူတွေ ကျေးဇူးပါ
အဲဒီမှတ်ချက်တွေထဲ က သူငယ်ချင်းတေးမွန်က ဘလော့ဂ် ဆက်မရေးတော့ပါဘူး။ ဒါကြောင့် သူ့ပရိုဖိုင်းမှာ ပန်ဒိုရာကို နည်းပညာနဲ့ပတ်သက်လို့ admin ကူညီလုပ်ပေးထားတဲ့ လင့်ခ်ကိုပဲ မြင်ရမှာပါ။
ဒါက သူ့ဘလော့ဂ် အဟောင်းလေးပါ။
http://ahnai.blogspot.com/
Post a Comment