အတန်းသားအားလုံးရဲ့ မျက်လုံးတွေဟာ ဆရာ့လက်ထဲက စာရွက်ကလေးအပေါ်မှာပဲ အာရုံ ကျနေကြတယ်။ ဆရာက စာရွက်ထဲက အကြောင်းအရာကို တစ်လုံးချင်း ဖတ်ပြလိုက်တယ်။
“xxx မြို့ အခြေခံပညာ အထက်တန်းကျောင်း တွင် xxx ရက်က အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့သော “မမေ့နိုင်သော အာဇာနည်နေ့မြင်ကွင်း” ဟူသော ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တွင် မပန်ဒိုရာ က ပထမဆုကို ရရှိသွားပါသည်။”
ဆရာက စာရွက်ကလေးကို ပြန်သိမ်းလိုက်တယ်။ “ဟင်.. ဒါပဲလား။ ဒုတိယတွေ တတိယဆုတွေရော။ ဘာလို့ ဒီနှစ်မှာ ပထမဆု တစ်ခုတည်း ပေးရတာလဲ။” ကျောင်းသားတွေရဲ့ တီးတိုးသံ ညံသွားတယ်။
ပန်ဒိုရာ ခုနစ်တန်းနှစ်က တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ (ကြွားတယ်လို့ ထင်ချင်လည်းထင်ပေါ့လေ။)
ဆုပေးပွဲ အခမ်းအနား ရောက်တော့ ပြိုင်ပွဲကျင်းပရေး ကော်မီတီ ဆရာတွေက ဆုပေးပုံ အကြောင်းကို ရှင်းပြကြပါတယ်။ အဲသည်နှစ်က အလယ်တန်းဆင့်အတွက် ခေါင်းစဉ်က “လှည့်” ထားတဲ့အတွက်ကြောင့် ပြိုင်ပွဲဝင် ကျောင်းသားတွေက ခေါင်းစဉ်နဲ့ ကိုက်ညီအောင် မဖြေခဲ့ကြဘူးတဲ့။ သမားရိုးကျ နိဒါန်း စာကိုယ် နိဂုံးနဲ့ အာဇာနည်နေ့ အကြောင်း ရိုးရိုးရေးကြတာကိုး။ ခေါင်းစဉ်နဲ့ မကိုက်ညီလို့ အခု ပထမရသူကလွဲလို့ ကျန်တဲ့လူတွေဟာ ဒုတိယ တတိယ ဆုပေးဖို့အတွက် အံမ၀င်ဘူးလို့ ရှင်းပြကြတယ်။
ပန်ဒိုရာက စာစီစာကုံး ဖြေမယ့် စာမေးပွဲခန်းထဲမှာ အဲသည် ခေါင်းစဉ်ကို တွေ့တယ် ဆိုရင်ပဲ တမျိုးပါလားလို့ စိတ်ထဲ ထင်မိလိုက်တယ်။ ချက်ချင်း မရေးသေးပဲ စဉ်းစားတယ်။ မြင်ကွင်း ဆိုတာက ပါတာကိုး။ အာဇာနည်နေ့ တို့မမေ့ လည်းမဟုတ်ဘူး။ မမေ့နိုင်သော အာဇာနည်နေ့ လည်း မဟုတ်ဘူး။ ဒီတော့ အာဇာနည်နေ့ မြင်ကွင်းဆိုတာ ဘာကို ဆိုလိုတာပါလိမ့်။ တကယ် ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ဇူလိုင် ၁၉ အာဇာနည်နေ့ရဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြင်ကွင်း ဆိုတာကို ရေးရရင်လည်း ကိုယ်က အဲဒီမြင်ကွင်းကို တကယ် ကြုံတွေ့ခဲ့တာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ်ပြီး မမေ့နိုင်ပါဘူးတွေ ဘာတွေ ရေးလို့ရမလဲ။ ဒါဆိုရင် အာဇာနည်နေ့ အခန်းအနားရဲ့ မြင်ကွင်းကို ပြောတာပဲ ဖြစ်မယ် လို့တွေးလိုက်တယ်။ သည်လို ဆိုပြန်တော့လည်း အခန်းအနား ကျင်းပပုံတွေကိုပဲ ရေးရရင် အာဇာနည်နေ့ရဲ့ အဓိက အချက်တွေ သမိုင်းတွေကို ဘယ်နေရာမှာ သွားရေးရမလဲ။
အချိန်ကလည်း ကန့်သတ်ထားတယ် ဆိုတော့ အဲသည်လို တွေးပြီးတဲ့အခါ ဇာတ်လမ်းတွေ ရေးရတာ အားသန်သူပီပီ ဇာတ်လမ်းဆင် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၀တ္တုဆန်နေလို့ ဘောင်ဝင်ပါ့မလားလို့တော့ ပူလိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းစဉ်နဲ့ ကိုက်အောင် ရေးမှဖြစ်မယ်ပေါ့.။
နိဒါန်းကို အာဇာနည်နေ့ အခမ်းအနားတစ်ခု ကျင်းပနေပုံနဲ့ စလိုက်တယ်။ သီချင်းတွေဖွင့်ကြ ပန်းခွေတွေ ချကြ အလေးပြုကြပေါ့လေ။ ဇာတ်ကြောင်းပြန် (narrative) ဆန်ဆန် ရေးလိုက်တယ်။ ငြိမ်သက်နေတဲ့ အချိန်ကျမှ အတွေးတွေက ဗိုလ်ချုပ်အကြောင်းနဲ့ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ရောက်သွားတယ်ပေါ့။
အဲသည်တော့မှ ဗိုလ်ချုပ်ရဲ့ ဘ၀သမိုင်းအကျဉ်းတို့ အဲဒီကာလက နိုင်ငံရေးအခြေအနေ သမိုင်းကြောင်းတို့ အာဇာနည်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေတို့ကို (အလွတ်ကျက်ထားတာတွေ) ချရေးလိုက်တယ်။ အချက်အလက်တွေ ရေးစရာ နေရာရဖို့ ဆက်စပ်လိုက်တာပေါ့။ ဒါတွေပြီးတော့မှ ကိုယ့်စိတ်က အခမ်းအနားမှာ ပြန်လည်လာပြီး ၀မ်းပမ်းတနည်း မျက်ရည်တွေဘာတွေကျလို့ ဗိုလ်ချုပ်ကို တိုင်တည်ပြီး သန္နိဌာန်တွေဘာတွေ ချခဲ့ပါတယ်ဆိုပြီး နိဂုံးချုပ်လိုက်တယ်။ (ငယ်ငယ်ကတည်းက ပလီစိချောက်ချက်တွေ တတ်တယ်လို့တော့ မထင်နဲ့ဦး။)
အကဲဖြတ်တဲ့ ဆရာတွေက ခေတ်မီတဲ့အတွေးနဲ့ ပျောင်းလွယ်ပြင်လွယ် ရှိလို့ပဲလား။ တခြားဘယ်သူမှ သည်လိုမရေးတဲ့အတွက် ထူးထူးခြားခြား ဖြစ်နေလို့ပဲလား တော့ မသိပါဘူး။ ခေါင်းစဉ်နဲ့ ဆီလျော်အောင်ရေးတဲ့ အဲသည် တစ်ခုတည်းသော စာစီစာကုံးကိုပဲ မထမဆု ပေးလိုက်ကြတယ်။
ဘာပဲဖြစ်ဖြစ် ခေါင်းစဉ်က ကြောင်တော့ ကြောင်ပါတယ်လေ။ ကျောင်းသားတွေလည်း အတော်ကို ပွစိပွစိ ဖြစ်ကြပါတယ်။ အာဇာနည်နေ့မြင်ကွင်း ဆိုတာက အခမ်းအနား ကျင်းပပုံ ကိုပြောတာဆိုရင် နှစ်တိုင်းကျင်းပနေတာပဲ ဘာလို့ မမေ့နိုင် ဖြစ်ရမှာလဲ။ မမေ့နိုင်သော အာဇာနည်နေ့ လို့ပဲ ခေါင်းစဉ်ဖြစ်သင့်တယ် ဘာညာပေါ့လေ။
သည်ကနေ့ခေတ်ရဲ့ အာဇာနည်နေ့ အကြောင်းကို စဉ်းစားတော့ အဲသည်အဖြစ်ကလေးကို သတိတရနဲ့ ပြန်တွေးမိပုံက သည်လိုပါ။ အခုအချိန်မှာတော့ တကယ့်ကိုပဲ မမေ့နိုင်သော အာဇာနည်နေ့ မြင်ကွင်းတွေလို့ တခုတ်တရ ပြောနေရပြီပဲ။ နောင်လာနောက်သားတွေကို… ကလေးတို့ရေ .. ဟိုးတချိန်က အာဇာနည်နေ့ဆိုတာ ရှိခဲ့တယ်ကွယ်။ ကျောင်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေဆိုရင် လွမ်းသူ့ပန်းခွေတွေ လုပ်ကြ အာဇာနည် ကျောက်တိုင် ရှိရာကို ချီတက်ကြပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုကြတယ်ကွဲ့။ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့ ဘာတို့လည်း ကျင်းပကြတာပေါ့ကွယ်။ အဲသည်လို မမေ့နိုင်တဲ့ အာဇာနည်နေ့ မြင်ကွင်းတွေ ရှိခဲ့တာပေါ့..။ သည်လိုမျိုး နောက်ပိုင်းမှာ ပုံပြင်ပြောသလို ရှင်းပြရတော့မယ် ထင်ပါရဲ့။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
9 comments:
နာ့အမကြီးက အဲသလို တော်တား)
ဒီပို့စ်က နိဂုံးလေးကတော့ sad reality ပဲ ။ နောင်လာနောက်သားတွေ မမေ့အောင် ပြောပေးရမယ့် တာဝန်ကတော့ ခုခေတ်လူကြီးတွေဆီမှာ ရှိနေပြီပေါ့ ။
ငယ်ငယ်ကတည်းက တော်လို့ အခုလည်း တော်နေတာကိုး…
ဟုတ်တယ်… အာဇာနည်နေ့မှာဆို အလံထူတာကအစ၊ သွားပြီးအလေးပြုတာကအလည်၊ အထိမ်းအမှတ်တွေကျင်းပတာက အဆုံး သတိတရကျင်းပခဲ့တာတွေကို နောက်လောနောင်သားတွေသိအောင် လက်ဆင့်ကမ်းပြောရမလိုဖြစ်နေပြီနော်….
(ပန်ဒိုရာလောက် စာရေးမကောင်းပေမယ့် ကျွန်တော်လည်း ငယ်ငယ်က စာစီစာကုံးပြိုင်ပွဲတွေမှာ ဆုတွေ ရခဲ့ဖူးတယ်… ပြန်ကြွားတာကွ)
no doubt.. really believe you must a good writer since u was young... :P
Otherwise how can u now to be a good writer.. I think It's call "PaRaMe" .. :P
လုပ်ဇတ်ထွင် တတ် တာ..ငယ်ငယ် တည်းက ကိုး...
း)
Pandora,
You hit it! You did it!
I got your message.
Yes it is really a sad thing. It's going to be gone.
btw, congrads to your acheivement in your tender age!
moe
နိုင်ငံတစ်နိုင်ငံရဲ့ တန်ဖိုးအထားသင့်ဆုံး နေ့တစ်နေ့ဟာ ဒီနေ့ခေတ်မှာ လျစ်လျူ အရှုခံရဆုံး နေ့တစ်နေ့ ဖြစ်နေတာတော့ ရင်နာစရာ အကောင်းဆုံးပါပဲ။ ကျနော်တို့လို မမေ့တဲ့လူက မမေ့ဘူးပေါ့။ မေ့တဲ့လူကလည်း မေ့ကုန်ကြပြီ။ မမေ့သင့်ဘူးဆိုတာတောင် မသိတဲ့သူကလည်း မသိဘူး။ မေ့ဖို့ ကြိုးစားတဲ့လူကလည်း ကြိုးစားနေကြတယ်။ မေ့ခိုင်းဖို့ ကြိုးစားနေတဲ့သူတွေကလည်း ကြိုးစားနေကြတယ်။ ဒီတော့ ကျနော်တို့ကလည်း မမေ့အောင် လုပ်ဖို့ ကြိုးစားသင့်တာပေါ့။
အဲဒါကြောင့် လဲ…
ပန်ဒိုရာ ဆိုတာ ဖြစ်လာတာနေမှာ….
တစ်ကယ်လို့ များ….
မေ့ထားစေသော မြင်ကွင်း ဆိုရင်..
ပထမဆု တောင်ရှိပါ့မလား
ကျောင်းဆရာရဲ့ ထမင်းအိုးလဲ...
ဘယ်ချောင်သွား၍ကွဲလိမ့်မည်…
လက်စသတ်တော့
အစ်မပန်က ငယ်ငယ်ကတည်းက စာရေးကောင်းတာကိုး
ဂျစ်ဂျစ် ပီတိ အမည်မသိ(၁) အမည်မသိမိုး ကိုမောင်ရင် ခေးရော့စ် အဲလို မမြှောက်ကြပါနဲ့..။
မကေ ကတော့ ရက်စက်တယ် ..။ ဟင့်။
ပီကေ.. မမေ့အောင် လုပ်ကြရမှာပါ။
အားလုံးမှာ တာဝန်ရှိပါသည်။
Post a Comment