Friday, September 12, 2008

ဗိုလ်လုပ်ချင်တဲ့ကောင်




ဗိုလ်လုပ်ချင်တဲ့ကောင်

သွေးထွက်သံယို
ကြောက်တတ်တဲ့လူကိုမှ
လက်နက်ဆင် တံဆိပ်ကပ်
သတ်ကွင်းထဲပစ်ချလိုက်တယ်
အချစ်ကပြဌာန်းတယ်
ခေတ်ကပြဌာန်းတယ်
ဘ၀ကပြဌာန်းတယ်
ကိုယ့်ဆုံးဖြတ်ချက်ကပြဌာန်းတယ်
ကြီးကြီးကျယ်ကျယ်တော့လည်း မဟုတ်ပါဘူး
တခါတခါ
လေပြင်းထန် မိုးစိုရွှဲလို့
အဖြူနဲ့ အမည်း
ခွဲကြတဲ့ပွဲတွေမှာ
တုန်ချိချိနှလုံးကို မဲ့ပြုံးနဲ့ဖုံးရင်း
ဲဗြုန်းဆိုရောက်လာတဲ့သေနတ်နဲ့
ဆတ်ခနဲ ပစ်ချုပြလိုက်ရတဲ့အခါ
လွယ်သလား ခက်သလား
လွယ်သလား ခက်သလား
အဲဒီ ဇာတ်ကားထဲက ဗိုလ်အောင်ဒင်ကို
စာနာသနားစိတ်ဝင်သွားခဲ့တယ်။

ပန်ဒိုရာ




20 comments:

ညိမ်းညို said...

မကြီးပန်ရေ ကဗျာကောင်းတစ်ပုဒ်ပါပဲဗျာ။ သတိထားမိတယ်ဗျ။ နာမည်ရပီးသား လူသိများတဲ့အနုပညာပစ္စည်းတွေကနေ( သမိုင်းအဖြစ်အပျက်၊ ရုပ်ရှင်၊ အသံသွင်းဇာတ်လမ်း) မတူညီတဲ့ တွေးထောင့်ရှုထောင့်နဲ့ ကဗျာကောင်းတွေ ပြန်ပီးဆင့်ပွားရေးသားနိုင်တာကို..။


တိုက်တိုက်ဆိုင်ဆိုင် မကြီးပန်ရေ
ပီးခဲ့တဲ့ရက်ပိုင်းကမှ ဗိုလ်အောင်ဒင်ဇာတ်လမ်းတွဲကို mp3 ဖိုင်နဲ့တွေ့လို့ နားထောင်ပီးတာ :)
အဲဒါ ခေတ်ကရိုက်တာပါကလေးရယ် ဆိုတဲ့ နာမည်မမှတ်မိတော့တဲ့ မိုးဝေကဗျာတပုဒ်ကိုလဲ သတိရမိတယ်။

ပျော်ရွှင်ပါစေခင်ဗျာ။

Moe Cho Thinn said...

ညီမလေး ပန်ပန်ရေ
ကဗျာကောင်းလေးတွေ စပ်တတ်သူလို့ အမြဲ အမှတ်ရနေတော့မှာပဲ။
အဖြူနဲ့ အမည်းခွဲတဲ့ပွဲမှာ နာကျင်၊ နာကြည်းရတာလဲ များခဲ့ပြီလေ..။

ATN said...

အင်း --
ဖြေးဖြေး စဉ်းစားကြတာပေါ့ဗျာ

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

…..ငါလုပ်စားနေကျ ဗိုလ်အောင်ဒင်လေး သူ..အပိုင်စီးသွားပါပေါ့လား။

ဗိုလ်အောင်ဒင်က ရာမကို ထိုးကြိတ်ဆုံးမပြီးတဲ့အခါမှာ ပြောလိုက်သေးတယ်။

“ကဲ…. ဘယ်ကောင်ဗိုလ်လုပ်ချင်သေးလဲ။ ဗိုလ်လုပ်ချင်တဲ့ကောင်ရှိသေးရင်….ထွက်ခဲ့”

ဘယ်ကောင်မှ တုပ်တုပ်မလှုပ်ရဲဘူး။ အဲသည်မှာ ဗိုလ်အောင်ဒင်က ဘေးနားမှာ မှုန်တေတေနဲ့ ရပ်နေတဲ့ အကောင်တကောင်ဘက်ကို လှည့်တဲ့ပြီး….

“အောင်မယ်…..မင်းက ရာမရဲ့ ဘော်ဒီဂတ်ပေါ့လေ။ ဘာလဲ မင်းက မကျေနပ်ဘူးလား။ ရုပ်ကို ရှုသိုးသိုးနဲ့” ………………လို့ ပြောလိုက်တော့…ဟိုကောင်က

“ဆရာ….. ဆရာ့ကို ကျနော်ဘာပြောလို့လဲ ဆရာ။ ကျနော့်ရုပ်က အမေမွေးကတည်းက ခပ်ဆိုးဆိုးမို့လို့ပါ”……………….တဲ့။

……………..အင်း လောကကြီးမှာ အလုပ်လုပ်စားရတာ တယ်ကြပ် ပါလားကွာ………

Chaos said...

မပန်ရေ
ကဗျာ ခေါင်းစဉ်ကို စဖတ်မိကတည်းက အားရနေတာ
အဟတ်
ဘာလို့မှန်တော့မသိဘူး။
ကဗျာလေးကိုဆက်ဖတ်တော့လဲ သဘောကျတယ်။
ပျော်ရွှင်ပါစေ အစ်မ

mgphonemyint said...

ကောင်းတယ်ဗျာ...
ပစ်ကွင်းကို ချိန်သားကိုက်..
တိုက်ရိုက်မှန်သွားတဲ့ ပစ်ချက်ပဲ...

အင်း..မောင်းမဖြုတ် ခင်အချိန် အထိ
အထပ်ထပ် စဉ်းစားနေရတာပါ..
မောင်းဖြုတ်ပြီးသွားရင်တော့
လွယ်သွားမယ် ထင်တာပဲ..။

သစ်နက်ဆူး said...

ပန်ဒို....
ကဗျာကတော့ ပေါက်ကွဲနေသလိုဘဲ....
စိတ်ထိန်းပါ....ပန်ဒို။
တခါတရံ မောင်းဖြုတ်ပြီးကာမှ............။
...............။

Anonymous said...

မပန် .. ဒီလိုပဲ ဖြစ်တတ်ပါတယ် ။

Anonymous said...

ဒိုင်း.......


ပစ်ရတဲ့သူ သနားစရာ ..
ပစ်ခိုင်းတဲ့ ဇာတ်ဆရာကမှ ဗိုလ်လုပ်ချင်တဲ့သူအစစ်

ကလိုစေးထူး said...

နောက်ဆုံးတော့ အတ္တက ပြဋ္ဌာန်းလိုက်ပါလေရောလား။

thonn thonn said...

အတွေးတွေ ခေါင်းထဲအများကြီးရောက်လာတယ်။

Anonymous said...

မင်္ဂလာပါ ခင်ဗျာ။
ကဗျာကောင်းတစ်ပုဒ်ပါပဲ။
အဖြူနဲ့ အမည်း
ခွဲကြတဲ့ပွဲတွေမှာ.......
အင်း.........စဉ်းစား စရာတွေကတော့
အများသားဗျာ။

Moe Hlaing Nya said...

မမပန်
ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ....
....
....
.....
......
အများကြီးပဲ မိုက်မဲတွေဝေပြီး
လူသတ်တဲ့အလုပ်ကို စုံမက်နေတဲ့ လူတွေရှိတာကို
စိတ်ပျက်နေတယ်အစ်မရယ်

Anonymous said...

“စစ်ပွဲတစ်ရာကို အောင်နိုင်ခြင်းထက်
မိမိကိုယ်ကို အောင်နိုင်ခြင်းက သာ၍မြတ်၏။”
………………………………………………………
အချစ်ရဲ့ပြဌာန်းမှုတွေကြား
ခေတ်ရဲ့ပြဌာန်းမှုတွေကြား
ဘ၀ရဲ့ပြဌာန်းမှုတွေကြား
ကိုယ့်ဆုံးဖြတ်ချက်ရဲ့ပြဌာန်းမှုအား
ခံ့ညားကြည်ဖြူ
ငါခံယူသည်
မည်သူဗိုလ်လုပ်ချင်သနည်း။

ပုံရိပ် / Pon Yate said...

အဖြူနဲ့ အမည်း
ခွဲကြတဲ့ပွဲတွေမှာ
တုန်ချိချိနှလုံးကို မဲ့ပြုံးနဲ့ဖုံးရင်း
ဲဗြုန်းဆိုရောက်လာတဲ့သေနတ်နဲ့
ဆတ်ခနဲ ပစ်ချုပြလိုက်ရတဲ့အခါ
လွယ်သလား ခက်သလား
လွယ်သလား ခက်သလား
အဲဒီ ဇာတ်ကားထဲက ဗိုလ်အောင်ဒင်ကို
စာနာသနားစိတ်ဝင်သွားခဲ့တယ်။


အဲဒီ နောက်ဆုံးပိုင်းကို အကြိုက်ဆုံးပဲ။ ဗိုလ်အောင်ဒင် ကားကိုတောင် သတိရလာပြီ။

တန်ခူး said...

မျိုးကျော့မြိုင်သီချင်းလေးသွားသတိရတယ်…

ကိုပေါ said...

အင်း….(ပန်ဒို)ရာမ…..(ပန်ဒို)ရာမ….လုပ်လိုက်ရင် အရာနဲ့ အကြောင်းကြောင်းချည်းပါလားကွ.ဟင်…..

ဒီကောင် လက်ထဲမှာ သေနတ်ကိုင်ရရင် သွေးပြောင်းတယ်……တွေ့ကြသေးတာပေါ့…. တွေ့ကြသေးတာပေါ့…..ဟွန်းဟွန်းဟွန်း

pandora said...

ညိမ်းညို - ဖတ်သူကောင်းရင်လည်း ကဗျာကောင်းသွားတတ်ပါတယ်
မမိုးချိုသင်း - လာအားပေးနေတာ ကျေးဇူးအစ်မ. အစ်မလည်း ကဗျာရေးကြည့်ပါလားဟင် တဖြည်းဖြည်း ထွက်လာမှာပေါ့
ကိုအောင်သာငယ် - အချိန်မရှိဘူးဗျ
ကိုပေါ - ကတုံးပေါ်ထိပ်ကွက်လိုက်တာလေ.ဟဲဟဲ
ခဲရော့စ်- ခေါင်းစဉ်က မိုက်သွားလို့ဖြစ်မယ်
ကိုဖုန်းမြင့် - မောင်းဖြုတ်ပြီးတော့လည်း ပြီးသွားတာပေါ့လေ
ကိုသစ်နက်ဆူး- စိတ်ထိန်းအောင် ပန်းချီဆွဲမှပါပဲ
ဂျစ်ဂျစ် လေးမ ကိုစေးထူး မစ်စ်သွန်းသွန်း စကိုင်းဘလူး မိုးလှိုင်ည မာရေးသျှင် ပုံရိပ် မတန်ခူး မှတ်ချက်များ အသီးသီးအတွက် ကျေးဇူးပါနော်.
တကျော့ပြန်ကိုပေါ. အဲဒီပန်ဒိုရာမဆိုတာ ကဒေါင်းအစုတ်ပလုတ် ခေါ်တာလေ ဘယ်လိုသိသွားပါလိမ့်

ဗီလိန် said...

ဗိုလ်လုပ်မလို့လား။ ကျနော်လည်းဗိုလ်တော့ဗိုလ်ပဲ။ ဒါပေမယ့် မီးပို။ :)