Saturday, December 13, 2008

ဘလော့ဂါများအတွက် ကော်ပီရိုက် နှင့် နောက်ဆက်တွဲများ

အခုတလော မိသားစုကိစ္စလေးတွေနဲ့ အလုပ်များနေလို့ အင်တာနက် သိပ်မ၀င်ဖြစ်ခဲ့ပါဘူး။ တခါတလေတော့ ရင်းနှီးရာဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါတယ်။ ရှေ့တစ်ပတ်လောက်မှ စာပြန်ရေးမယ်လို့ စဉ်းစားထားပြီး IP နဲ့ပတ်သက်တဲ့ ဗဟုသုတ ပို့စ်တွေကိုလည်း ဒီလောက်ဆို တော်သင့်ပြီ လို့ စိတ်ကူးပေမယ့် ရေးစရာက ပေါ်လာပါတယ်။

ပထမဆုံးကတော့ အမည်မသိသူတစ်ဦး မှတ်ချက်ရေးပြီး လာပေးသွားတဲ့ သတင်းပါ။ အဲဒါကတော့ ၂၀၀၇ ဧပြီ ၃၀ က ပန်ဒိုရာ ရေးခဲ့တဲ့ ချက်ခြင်းအနုပညာ ဆိုတဲ့ ပို့စ်ကို “မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀များ” ဆိုတဲ့ ဘလော့ဂ် ဒီနေရာမှာ credit မပေးပဲ တင်ထားတဲ့ ကိစ္စပါ။ သူဟာ ပန်ဒိုရာရဲ့ ဘလော့ဂ်ကနေ လာယူပြီး တင်လိုက်တာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ forward email တခုခုကနေ ရပြီး ဘယ်သူမှန်းမသိလို့ ဒီလိုပဲ တင်လိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဘာမှမပြောပဲ အဲဒီပို့စ်ကို တင်ထားတဲ့အတွက် သူရေးတယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ ရှင်းလင်းပေးစေလိုပါတယ်။ သတင်းပေးသူကို ကျေးဇူးတင်ပါတယ်။

ဒီကိစ္စတွေဟာ မြန်မာ ဘလော့ဂ်ဝန်းကျင်မှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါတွေကို ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဘယ်သူမဆို ကိုယ့်ဖန်တီးမှု မဟုတ်တာကို ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ (သို့မဟုတ် creative common license အောက်ကနေ ခွင့်ပြုထားတာ မဟုတ်ဘဲ) ဆိုရင် ကိုယ့်ဘလော့ဂ်မှာ လုံးဝမတင်တာ အရှင်းဆုံးပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူဖန်တီးတယ် ဆိုတာ ဖော်ပြပြီး မူရင်းလင့်ခ်ကိုပါ ပေးထားပြီး တင်သင့်ပါတယ်။ ဒီလိုမဟုတ်လို့ ဝေမျှချင်လွန်းပြီး ဘယ်သူရေးမှန်းလည်း မသိခဲ့ရင် ပို့စ်တင်လိုက်တဲ့အခါမှာ အနည်းဆုံးတော့ ကိုယ်ရေးတာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားသင့်ပါတယ်။

ဒီနေရာမှာ လင့်ခ် ပေးတာနဲ့ ပတ်သက်လို့ တွေးမိတာတခုရှိပါတယ်။ တကယ်လို့ နိုင်ငံခြား website တခုခုက ပုံကို ယူသုံးမိခဲ့ရင် ကိုယ်က သူ့ပုံကို ကိုယ်ဖန်တီးတာပါလို့ ပြောမထားပေမယ့်လည်း သူကမြင်သွားပြီး မြန်မာလို ကိုယ်ရေးတာတွေကိုလည်း ဖတ်မရတဲ့အခါ အထင်လွဲ နိုင်ပါတယ်။ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်က သူ့ပုံအောက်မှာ သူ့ website လိပ်စာ အင်္ဂလိပ်လိုရေးထားတာဖြစ်ဖြစ် click လုပ်လို့ရတဲ့ လင့်ခ် ပေးထားတာဖြစ်ဖြစ်ဆိုရင်တော့ ဒါ သူ့ဆီကလို့ ပြောထားတာပဲလို့ အနည်းဆုံး သဘောပေါက်သွားနိုင်ပါတယ်။ ပန်ဒိုရာက ကြံဖန်ပြီး သိပ်တွေးလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အသုံးဝင်မယ်ဆိုရင် ဒီအကြံကို လက်ခံနိုင်ပါတယ်။

တလက်စတည်း လူတွေကြားမှာ မှားယွင်းထင်နေတတ်တာလေးတွေကို ဆက်ပြောချင်ပါတယ်။ အဲဒါကတော့ ဘာသာပြန်စာတွေ ကိစ္စပါ။ ပင်ကိုယ်ရေးမဟုတ်ပဲ ဘာသာပြန်ထားတာဆိုရင် “ဒါကဘာသာပြန်ကြီးပဲ ဘာသာပြန်သူကို credit ပေးစရာမလိုဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဘာသာပြန်သူအနေနဲ့ အတိုင်းအတာ တစ်ခုအထိ အားထုတ်ခဲ့ရပါတယ်။ ဘာသာပြန်ထားတဲ့ စာဟာ သူ့ရဲ့ အားထုတ်ဖန်တီးမှု ဖြစ်ပါတယ်။ ဘာသာပြန်သူက ဘယ်က ဘာသာပြန်ထားပါတယ် လို့ ပြောပြီးရင် သူ့စာကို ထပ်ပြီး ဖြန့်ဝေသူ အနေနဲ့ကလည်း ဒီစာဟာ ဘယ်သူု ဘာသာပြန်ထားတာပါ။ ဘယ် website က ရခဲ့တာပါ လို့ credit ပေးရမှာပါ။ ထပ်ပြောရရင် ဘာသာပြန်ထားတဲ့စာ ဘယ်လောက် တိုတို ရှည်ရှည် လွယ်လွယ် ခက်ခက် ပြန်ဖြန့်ဝေခဲ့ရင် ဘာသာပြန်သူကို credit ပေးသင့်ပါတယ်။

ဆက်လက်ပြီး စာဖတ်သူတွေကိုလည်း အကူအညီ တောင်းချင်ပါတယ်။ အဲဒါကတော့ အခုလို ရှုပ်ထွေးမှုတွေကို ကူညီဖြေရှင်းပေးစေဖို့ပါ။ တကယ်လို့ ရေးသူမသိ မူလလင့်ခ်မသိတဲ့ မြန်မာ post တခုကို forward email ကနေ ရလာခဲ့ရင် ကိုယ့်ကို ပို့တဲ့လူကို “ဖတ်စရာ ဝေမျှပေးလို့ ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် စာရေးသူနဲ့ မူရင်းလင့်ခ်ကို သိလိုကြောင်း၊ နောက်တခါဆိုရင် ထည့်ပေးစေလိုကြောင်း။ တကယ်လို့ အခုစာပို့သူဟာ စတင်ပြီး ဖြန့်ဝေသူ မဟုတ်ခဲ့ရင် သူ့ကိုပို့ခဲ့တဲ့လူကို ဒီအကြောင်း ဆက်ပြောစေလိုကြောင်း၊” ။ အဲဒီလို email လေးတွေ အဆင့်ဆင့် ပြန်ပို့ပြီး သတိပေးခဲ့မယ်ဆိုရင် စာရေးသူကို credit ပေးတဲ့ အလေ့အထလေး အင်တာနက် သုံးစွဲသူ မြန်မာတွေကြားမှာ ထွန်းကားလာမယ်လို့ မျှော်လင့်မိပါတယ်။

မြန်မာတွေကြားမှာ နောက်ထပ် မှားယွင်းထင်မြင်တတ်တာ တစ်ခုကို ဆက်ပြောပါရစေဦး။ မနိုင်းနိုင်းစနေ ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ပို့စ် အောက်က မှတ်ချက်တစ်ခုလို ထင်မြင်ချက်မျိုးပါ။ “မြန်မာနိုင်ငံမှာ ကော်ပီရိုက်မရှိဘူး…” ဆိုတာပါ။ အဲဒီအယူအဆဟာ မှန်ကန်တယ်လို့ မထင်ပါ။ မြန်မာနိုင်ငံမှာ ကော်ပီရိုက် ရှိပါတယ်။ ကော်ပီရိုက်ကို အတိုင်းအတာတစ်ခု အထိ လေးစားဖို့ လိုပါတယ်။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်တွေမှာလည်း ပြောခဲ့ပြီးပါပြီ။

မြန်မာနိုင်ငံမှာ ဥပဒေအားဖြင့်လည်း ကော်ပီရိုက် ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကော်ပီရိုက် ဥပဒေဟာ ၁၉၁၄ ခုနှစ်ကတည်းက စပြီး အသက်ဝင်လာခဲ့ပါတယ်။ Intellectual Property နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဘာဥပဒေတွေရှိသလဲ ဆိုတာကို အတိုချုပ်သိချင်ရင် WIPO website က ဒီလင့်ခ်မှာ သွားဖတ်ကြည့်လို့ရပါတယ်။ http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf

နောက်ထပ် အကြောင်းရင်းတခုကတော့ ဥပဒေ ရှိရှိမရှိရှိ ကော်ပီရိုက်ဆိုတာ သဘောသဘာဝအားဖြင့်ကို ရှိပါတယ်။ ဖန်တီးတီထွင်လိုက်တဲ့ Intellectual Property ဉာဏပစ္စည်း ဆိုတာ တခြား အိမ်၊ မြေ၊ ရွှေ၊ ငွေ၊ ယာဉ် စတဲ့ပစ္စည်းတွေလို လူသားတွေရဲ့ ပိုင်ဆိုင်မှု တမျိုးပဲဖြစ်ပါတယ်။ တခြားပစ္စည်းတွေကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိသလိုပဲ ဉာဏပစ္စည်းကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိပါတယ်။ ဒါဟာ အခြေခံစာရိတ္တနဲ့ ဆိုင်ပါတယ်။ ဒီတော့ စာရွက်ပေါ်မှာ ရေးထားထားမထားထား ကိုယ့်အသိတရားနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာ စဉ်းစားပြီး လုပ်ကြရင် ပိုမကောင်းပေဘူးလား။ အစိုးရက ပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းထားမှ ကြောက်ပြီး မချိုးဖောက်ဘူးဆိုတဲ့ အဆင့်မျိုးထက် ကိုယ့်အသိဉာဏ်ကို ကိုယ်တိုင် ပြဋ္ဌာန်းတာက ပိုကောင်းမယ် ထင်ပါတယ်။

ဒီနေရာမှာ enforcement နဲ့ပတ်သက်လို့လည်း ပြောစရာ ရှိပါတယ်။ ကော်ပီရိုက် ရှိမရှိဆိုတာ ရဲတွေက အတုတွေကို လိုက်ဖမ်းနေတာတို့ တရားရုံးမှာ အမှုဖြစ်မဖြစ်တို့နဲ့ အတိအကျ တိုင်းတာလို့ မရပါဘူး။ “ရဲ” ဆိုတာတွေက ဘာတွေကို ဦးစားပေး လုပ်နေတယ် ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်တူပါ့မလဲ။ နောက်ပြီးတော့ ကော်ပီရိုက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်လာရင် တရားရုံးအထိ ရောက်ချင်မှ ရောက်ပါတယ်။ နိုင်ငံအများစုမှာ တော်ရုံအဆင့်ဆိုရင် ရုပ်ရှင် ဂီတ သဘင် စာပေ အစည်းအရုံးတွေကပဲ ဖျန်ဖြေတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အစည်းအရုံးတွေ ရှိပါတယ်။

နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ လေးစားလိုက်နာသင့်လဲ ဆိုတာပါပဲ။ ပန်ဒိုရာလည်း ဥပဒေပညာရှင် မဟုတ်တဲ့အတွက် အကြံဉာဏ်ပေးဖို့ အရည်အချင်း မရှိပါဘူး။ အခုအချိန်မှာ မြန်မာတွေ ပြည်ပမှာ အများကြီး ရောက်နေကြပါတယ်။ မြန်မာစာ မြန်မာသီချင်း မြန်မာလက်ရာတွေကို ငတ်မွတ်နေကြတယ်။ ၀ယ်ချင်ပေမယ့် အလွယ်တကူ ၀ယ်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ သတင်း အချက်အလက်နဲ့ ပတ်သက်တာတွေ ကျတော့လည်း လူများများသိလေ ကောင်းလေ ဆိုတာမျိုး ဖြစ်နေတယ်။ တချို့ဖန်တီးမှုတွေ ကျတော့လည်း ကိုယ်က ဆင့်ပွားဖန်တီး ကြည့်ချင်တယ်။ ဒီတော့ ကိုယ်တခုခု မကူးယူခင် မတင်ပြခင် မဖြန့်ဝေခင်မှာ ကိုယ့်ဘာသာပဲ ကျိုးကြောင်းဆင်ခြင်ပြီး တရားမျှတတယ် ထင်တာ လုပ်သင့်တယ် ထင်တာကို လုပ်ကြဖို့ပါပဲ။ အဓိက ကတော့ ကိုယ့်လုပ်ရပ်ကြောင့် တဖက်သားကို ဘယ်လိုနည်းနဲ့မှ နစ်နာမသွားစေဖို့ပဲ မဟုတ်ပါလား။



ပန်ဒိုရာ


( အမှားပါခဲ့ရင် အပြုသဘောနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်များ အားလုံးကို ကြိုဆိုပါတယ်။
ကော်ပီရိုက်အကြောင်း ထပ်အသေးစိတ် သိချင်ရင် ဒီပို့စ်ကို ပြန်ဖတ်ပါ။ http://pandora-and-pandora.blogspot.com/2008/11/blog-post.html)


18 comments:

အလှတရား said...

ကော်ပီရိုက်နဲ့ပတ်သက်လို့
မြန်မာပြည်မှာလည်းရှိပါတယ်
နောက် ဘလော့ဂါတွေမှာလည်း
ကိုယ်ကျင့်တရားတို့ သိက္ခာတို့ရှိပါတယ်..
ပိုစ့်လေးအတွက်ကျေးဇူးပါ။

အောင်သာငယ် said...

ဖြစ်ကြပြန်ပြီ နောက်တခါ...

ဘယ်လိုလူတွေ ဘလော့ရေးနေကြသတုန်းဗျာ...

Childish said...

The truth is we, most of our people, don't care copyright. That you can see clearly in Music industry. Most of the songs we listen are not our own, our famous singers take or rather steal the best of the best tune from foreign artist.

Not only Music but also, for example, look at the book like Oxford Learner's dictionary that we bought from 30th street Yangon. It's not original piece from the publisher clearly, even if you want to buy the real book, well frankly speaking I've never seen one before except in the British library.

I figured you used operation system software from Microsoft to post this one. I don't know about you. For me and for all the people I know around me, we've never bought single original software. We can’t afford, they are expensive. No choice we just bought or downloaded a pirated one.

We have been breached the copyright law happily. Whatever books we want to read, what we do is just go online, there are loads of them as the e-book version freely available. We never complain. So why now, why them?

I understand that now you are angry because you think your work has been taken without your permission. Of course, if I were you I might feel the same. It's my own work man, MY OWN!

But let's put it the other way; at least they don't use your work to make money. And you know that they are not professional writers. They just want their readers to be happy by reading it. I didn't see any serious beyond that. People like to copy your work because it's good, people like it, you should be proud. So don't be too harsh on them. Our Burmese blogger community is booming but still in it’s infant. We are amateur; we might not be so moral; we have no idea what IP is. If we find something is interesting we just want to put it on the blog, just like taking a good poem into our notebook, when we found it. Let them be as long as they don’t use it commercially. Why not?

ရွာသားလေးဝိုင်တီယူ said...

မေးလ်က အမြဲရတတ်တဲ့ အကြောင်းအရာတွေကို google ထဲမှာခေါင်းစဉ် ရိုက်ထည့်ပြီး တကယ့်ပိုင်ရှင်အစစ်ကို ရှာတွေ့နိုင်ပါတယ်။ မသိခင်တုန်းက ကျနော်လည်း တင်ခဲ့ဖူးပါတယ်။ အဲလိုရှာလို့ရတယ်လို့လည်း မသိခဲ့ဘူးဗျ။ မသိသေးတဲ့ သူတွေဆိုရင် ရှင်းပြပေးရင်းနဲ့ သူတို့နားလည်ပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင်ရေးမဟုတ်တဲ့ စာတွေအတွက် ဘလော့မှာ မတင်ရင် ဒီလိုဖြစ်လာနိုင်မယ်မထင်ပါဘူးဗျာ။ အားလုံးပျော်ရွှင်စွာ စာရေး စာဖတ်လုပ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

Anonymous said...

I agree with you, childish.

Childish said...

i changed my mind. I'm sorry for my wrong (actually with "inferiority complex") comments...Now I realize the ethics should be valued for all arts and sciences and we should pay respect. To follow all or none or partially is another matter.

True Anonymous said...

Welcome! Childish. It's good at least that you become Mature.

မောင်မျိုး said...

ထပ်ပြီး ဖတ်သွား မှတ်သွားတယ် ။ ဒေါ်လေးရေ့ ဘလော့ရေးရတာလည်းကြောက်လာသလို ကော့မန့် ပေးရတာပါ ကြောက်လာပြီး ခုက မှန်နေလဲ အောက်က မသိသလိုနေတော့ ကြောက်တယ်ထင်ကြ နဲ့ လေတယ် ။ ဒီပို့ စ်လေးအတွက် ထပ်ဆင့်ကျေးဇူးးဗျး)

MANORHARY said...

အဓိက က ကိုယ်ကျင့်တရားနဲ့ သူတစ်ပါးရဲ့ creation ကို credit ပေးတတ်ဖို့စိတ်
ကလေးလိုတာပါ..ဒီမှာတော့ ဒိထက်မကတာ
တွေနည်းမျိုးစုံနဲ့လှည့်ပတ်ခိုးခံရတာတွေကို
နောက်မှရေးဖြစ်အောင်ကြိုးစားဦးမယ်။

mirror said...

အစ်မရေ..မြန်မာပြည်မှာ မရှိဘူးပဲ (မနိုင်းနိုင်းဆီမှာအော်သွားသလိုပဲ)ထားပါဦးတော့...ဒါက
လူတစ်ဦးတစ်ယောက်ချင်းရဲ့ ပင်ကိုယ်အသိစိတ်လေးနဲ့တင်ပဲ မလုပ်သင့်မှန်း သိသင့်ပါတယ်..နော်
အလိုလိုကမှ ဆင်းရဲလို့ သူတကာနှိမ်ချင်ရတဲ့အထဲကိုယ့်တန်ဖိုး ကိုယ်သတ်မှတ်သလိုလုပ်နေတာတွေကြားရ၊မြင်ရတော့ မောတယ်..အစ်မရယ်..
ဘာပဲဖြစ်ဖြစ် ဘာမှသိပ်နားမလည်သေးတဲ့ ညီမအတွက်တော့ အစ်မပိုစ့်တွေက ဗဟုသုတတွေပါပဲ

ချစ်ခင်လေးစားစွာဖြင့်
ညီမ
Mirror

ကလေးအတွေး said...

Oupppssss that Childish is not me.....

Anonymous said...

I think Internal Copywright Law is applicable only to WTO member countries.

Nu Thwe said...

I think what Pandora has said/ suggested here is fair. I am not an expert in the fields of copyright or morality but would like to share my thoughts. I try to look at the issues involved as facts at a general level, not as emotions at an individual personal level.

Sadly, it is true that many people in third world countries grow up with or benefit from materials which violate the copyright laws. Financial constraint is often the reason and impoverished countries become easy targets for people who develop (and sell) pirated copies of copyrighted materials of all kinds. It is a widespread phenomenon and even people without financial problems exploit it. The majority in these countries do not know the existence or concept of 'copyright', let alone abiding by its regulations.

Mentioning someone's name on the blog for a piece of work that he/ she has created does not involve money. It is an expression of appreciation and respect. So what makes the second-hand user keep quiet?

1. Is it a matter of being totally ignorant and not knowing anything about 'giving credit to the creator of original piece of work' ? As dubious as it may sound, it is still a possibility. Then, whose duty/ responsibility is it to shed some light into the dark corner? Anyone with good will and tact can volunteer to do that but approaches such as blaming and pointing fingers do not help. The person at the receiving end also needs to be open-minded and receptive. Becoming defensive and aggressive does not serve anybody any meaningful purpose. In fact it prevents someone from developing into a wiser and better being.

2. Not knowing the owner of the work should not stop someone from being open and honest. He/ she can at least declare that it is not his/ her own work or just find it out from the internet or from one's network of contacts, friends or fellow bloggers (who are generally willing to be helpful). If one can put effort in writing posts on one's own blog, it is reasonable for others to expect that person to put some effort in finding out the source of his/ her work. Adopting such good habits would do us all good in the long run.

The danger of allowing exceptions and excuses is that it can inevitably cause an impact on people's attitude towards moral principles and standards. The gradual but negative change in attitude changes people's behaviour in a negative way. The behavioural change in turn affects people's views and attitudes further and the vicious circle goes on. And before we know it, there would be a widespread false belief that it is moral and acceptable to treat other people's property as one's own. If that happened, it is highly unlikely that it would stop in the area of blog posts. This is a slippery slope which could take a society down through the collapse of moral principles.

Is that how we want our next generation/ our future to be?

(NB: I do not know anybody here or have any ill intent for any reason. I simply wish to share my views with a modest hope that what we discuss would contribute for the better of our small community.)

NBWI SAM said...

Thank you very much for sharing about copyright. Actually, I didn't know before.
Now, I’ve known it. And I am giving credit to the owner.

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မလေးလဲ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မသိတာမေးဖို့ ပိုစ်တင်ဖြစ်ဦးမယ်ထင်တယ်.... Coldplay rock band အကြီးအကျယ်တရားစွဲခံရတဲ့ ကိစ္စတွေ၊ မြန်မာနိုင်ငံမှာ ဘာသာပြန်အမျိုးသားစာပေဆုဆိုတာ.. မလေးနားမလည်တာလေးတွေပါ.. အွန်လိုင်းပေါ်က လူတွေ ဘယ်လိုအမြင်ရှိသလဲ သိချင်တယ်..
အခုတော့ မဟုတ်သေးဘူး။ အအေးမိပြီး ဖျားနေလို့ မပန်ရေ.. တင်ဖြစ်ရင် မပန်အမြင်လဲ သိချင်ပါတယ်..
ခင်မင်လျှက်..

YoungGun said...

မှတ်သားစရာတွေကို မှတ်သားရင်း၊ တခါက ကျနော့်ပို့စ်လေးတစ်ပုဒ် လူမသိသူမသိ သမခံလိုက်ရတာ ပြန်တွေးမိလို့ ရင်ထဲ မကောင်းဘူးဗျာ

ကလိုစေးထူး said...

ဒိုရာ့ အဲဒီစာကို forward လုပ်တဲ့ မေးလ်က ကျနော့်ဆီလဲ ရောက်လာသေးတယ်။ အဲဒီတုန်းကတော့...၊ ဟာ...၊ ဒါ ဒိုရာ ရေးတဲ့စာပဲဟ လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် တယောက်ယောက်က ကြိုက်လို့ လက်ဆင့်ကမ်းတာပဲလေ လို့ပဲ တွေးခဲ့တာပဲ။ တကယ်ကတော့ဗျာ...၊ သူများစာ၊ သူများဖန်တီးမှုကို ကိုယ်က သွားယူတင်မှတော့ ကျနော်/ကျမတော့ဖြင့် ဘယ်ကနေ ယူလာတာပါလို့ ပြောလိုက်ရင် ကိစ္စပြတ်တာပါပဲ။ စကားစပ်လို့ ... ...၊ အဲဒီလို ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီထက်ပိုဆိုးလာနိုင်သေးတဲ့ အခြေအနေ အကြောင်း ကျနော်နဲ့ ဒိုရာ ပြောဖြစ်ဖူးကြသေးတယ်ထင်တယ်။ :) အခုတော့ အဲဒါမျိုးတွေ မတွေ့ရသေးပါဘူး။ :D

Yan said...

မပန်ရေ....

မှတ်သားစရာကောင်းတဲ့ ဒီပို့စ်လေးကို အများဖတ်နိုင်အောင် Myanmar Blogs Digest အတွက် ယူသွားပါတယ်. ကျေးဇူး မပန်.

Regards,

Yan.