Sunday, May 9, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁) ထဲက ပျံသန်းမှုတွေ


ရေကာတာတွေဆောက်လို့လား၊ ရေအားလျှပ်စစ်စက်ရုံတွေကြောင့်လား၊ သံလွင်ရေစီးက ဒီတစ်ခေါက်တော့ နည်းနည်းနှေးသွားတယ်။း) ဘယ်လိုပဲဖြစ်ဖြစ် ဇန်န၀ါရီလ ကတည်းက ထွက်ဖို့ စိုင်းပြင်းခဲ့တဲ့ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁)ကို ဒီနေ့ကစပြီး ဖြန့်ချိလိုက်ပါပြီ။ အကျင့်ပျက်ခြစားမှုတွေ အကြောင်းကို အထူးပြု ဖော်ပြထားတဲ့ မဂ္ဂဇင်းမှာ ခြစားမှုနဲ့ ပတ်သက်တဲ့ ဘာသာပြန်အင်တာဗျုး၊ ဆောင်းပါးတွေနဲ့အတူ နေဘုန်းလတ်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ပေးစာကိုလည်း ဖတ်ရမှာပါ။

ပန်ဒိုရာ ရေးထားတဲ့ အတောင်မပါသောပျံသန်းမှုများ ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ဖေါ်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ဖြစ်ပါတယ်။ ဘလော့ဂ်ထဲမှာ ခုတလော ၀တ္ထု ကဗျာ အသစ်မတင်ဖြစ်တာမို့ အသစ်ဖတ်ချင်နေသူတွေရှိရင် အဲဒါလေးပဲ သွားဖတ်လိုက်ကြပါနော်။ :)

...........................

အတောင်မပါသောပျံသန်းမှုများ

သူတို့ ပြန်လာတော့မည်..တဲ့။ ရိုးရိုးသားသားပြောရလျှင် ဒီသတင်းကို ကြားတော့ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲ လှုပ်ခတ်ပျော်ရွှင်မိတာ အမှန်ပါ။ ခဏပေါ့။ သူတို့ပြန်လာကြမယ်ပေါ့။ သူတို့ မိဘဆွေမျိုး သူငယ်ချင်းတွေ (ကျွန်တော့်ကို အပါအ၀င်) တွေ့ကြဆုံကြမှာပေါ့။ ပြီးတော့ ဒီကို ရောက်တုန်းရောက်ခိုက် ခါတိုင်း ပြန်လာလျှင်လည်း အော်ဟစ်နေကြသလို ဟိုဟာတန်တယ် ဒီဟာ တန်တယ်နဲ့ သူတို့ ရှာထားသမျှတွေထဲကနေ အပျော် သုံးသွားကြဦးမှာပေါ့။ သူတို့အားလုံး တသွေးတမွေး တောက်ပြောင် နေကြမှာပါ။

သူတို့ရောက်တော့ ကျွန်တော် သောင်တင်နေသည့် မြို့တော်ဟောင်းကြီးမှာ ခဏနားပြီး ဇာတိမြို့ကလေးဆီကို အတူ ပြန်လာခဲ့ကြတာ တစ်ခရီးတည်းပါပဲ။ ခေါင်းခန်း၊ ဘေးထိုင်ခုံတန်း၊ နောက်မှီမပါတဲ့ အလယ်ထိုးထိုင်ခုံ၊ သည်လိုတွေ ခွဲခြားထားတဲ့ အဆင့်အတန်းတွေ ရှိနေပေမယ့်လည်း ဘတ်စ် ကားအိုကြီး တစ်စီးတည်းရဲ့ တစ်မိုးထဲအောက်မှာပါပဲ။ ညဘက်မောင်းတဲ့ကားနဲ့ သွားတဲ့ခရီးမို့ လူးလိမ့်ငိုက်မျဉ်းရင်း ဇော်ပိုင်ရဲ့ “မြို့အ၀င်ည” သီချင်းလေးကို အားလုံး သတိရနေကြမှာလည်း အတူတူဖြစ်မှာပါပဲ။ ဟိုးတချိန်ကတော့ ကျောင်းပိတ်လို့ အိမ်ပြန်ချိန် ဒီလိုခရီးမျိုးတွေမှာ အဝေးပြေးလမ်းမပေါ် ပြေးလွှားနေတဲ့ ကားစက်သံနဲ့အတူ အဲဒီသီချင်းကို သံပြိုင် အော်ဆိုကြရင်း ရင်ခုန်သံတွေ စည်းဝါးညီခဲ့ဖူးသည်။ အခုတော့ ကျွန်တော့်ရင်ခွင်က သူတို့လို ပူနွေးတုန်ယင်နေမှာ မဟုတ်တော့တာ သေချာလှသည်။

ဆက်ဖတ်ရန် ဒီကို သွားပါ။

6 comments:

TZA said...

ကြိုက်တယ်ပန်ပန်၊ အရေးအသားက ပရိုပဲ။

khin oo may said...

ငါ့မျက်ရည်တွေ မိုးရည်ထဲစီးဆင်းခဲ့တယ်ငယ်ငယ်။

kay said...

excellent as usual. :)

သိင်္ဂါကျော် said...

ရပ်တည်ရာချင်း မတူမှတော့ ပေါင်းစည်းဖို့ မဖြစ်နိုင်တာ သဘာဝပါ..။ ဘဝကို မျှောလိုက်ချင်တဲ့ ယောက်ျားတစ်ယောက် လက်ထဲ မရောက်တာ ငယ်ငယ် ကံကောင်းပါတယ်။
အရေးအသားကတော့ ထုံးစံအတိုင်း ဖတ်ကောင်းနေတာပါပဲ..။

Hmoo said...

မိန်းကလေးတယောက်ရဲ့သဘာဝတခုကိုတိုတိုလေးနဲ့"လက်ခနဲထအောင်" ဖော်ကျူးသလိုဘဲနော်..
'“နင် တကယ် ပြောတာလား ဖိုးဇော်။ ဒါဆို နင်စိတ်မဆိုးဘူးပေါ့နော်”...နောက်ပြီးအိမ်မက်တွေအကြောင်းပြောတာလူတွေရဲ့
အကြောင်းခတ်တိုတိုနဲ့ထပ်ပြနိုင်ပါ့၊ကောင်းတယ်နော်..

~ဏီလင်းညို~ said...

မပန်ရေ.......

အတောင်မပါသော ပျံသန်းမှုများ.........

ဖတ်လိုက်ရတာ..... ခံစားလိုက်မိတယ်ခင်ဗျ......။

“ညကို လမပါတဲ့ ကောင်းကင်က သေသေချာချာ အနိုင်ယူသွားချိန် ရောက်ပြီ”............
အဲ့ဒီလို အရေးလေးတွေဆို ကျွန်တော်.အားကြီးနှစ်သက်တာပဲဗျ........။

ပုံလေးဆွဲထားတာလည်း....... မိုက်တယ်......။
မလေးရဲ့ “ကုန်စိမ်းသည်မအေးကြည်”... လည်း......ကောင်းတာပဲ.....။ ဒီမှာလာပြောသွားတာ...........း))
အားပေးနေဆဲပါခင်ဗျ....

ခင်မင်တဲ့
ဏီလင်းညို