Sunday, May 23, 2010

Navy Open House 2010

စင်္ကာပူ ရေတပ်က အများပြည်သူအတွက် ၂၂ ကနေ ၂၃ မေ အထိ တံခါးဖွင့်လှစ်ပြီး ပြသထားတဲ့ Navy Open House 2010 ပွဲကို သွားကြည့်ဖြစ်ပါတယ်။ Expo ရထားမှတ်တိုင်ကနေ ပြပွဲကစီစဉ်ထားတဲ့ အခမဲ့ဘတ်စ်ကားကို မိနစ်၂၀လောက် ဆက်စီးပြီး Changi Naval Base ဆိုတဲ့နေရာကို သွားရပါတယ်။






အထက်က ပုံတွေကတော့ ဘတ်စ်ကားပေါ်မတက်မီ Expo မှာ ပြသထားတာ ဖြစ်ပါတယ်။




Changi Naval Base ကို ရောက်ပါပြီ။ လမ်းမှာတော့ ရေဆိုးကနေ ရေသန့်ကို ထုတ်တဲ့စက်ရုံတို့ဘာတို့ ဖြတ်ခဲ့ရပါတယ်။





ဒီပုံတွေက ကုန်းပေါ်မှာ ပြသထားတာဖြစ်ပါတယ်။




အခုရေထဲက တက်လာနေတဲ့ ယာဉ်က ကုန်းပေါ်မှာရော ရေထဲမှာပါ သွားလို့ရတယ်။ Duck Tour ဆိုပြီး လူတွေကို တင်ပြီး ရေထဲမှာ ၃ ပတ်လောက် မောင်းပေးပါတယ်။ ဒါကို စီးဖို့ တန်းစီရတာတော့ အတော်ကြာတယ်။








ရွက်ဖျင်တဲကြီးတွေထဲမှာ ပြပွဲတွေ စီစဉ်ထားတယ်။ ရေယာဉ်နမူနာ အသေးစားလေးတွေ လက်နက်တွေ ရေတပ်သားတွေရဲ့ ၀တ်စုံမျိုးစုံ နမူနာတွေကို ပြထားပါတယ်။




သေနတ်ပစ် လေ့ကျင့်လို့လည်း ရပါတယ်။ ကလေး၊လူကြီး၊ကျား၊မ မရွေး ၀င်စမ်းကြတယ်။ သေနတ်တွေက တော်တော်လေးသား။ တစ်ချက်ချင်းပစ်မလား။ အတွဲလိုက်ဆွဲမလား။ လေယာဉ်ကိုပစ်ချတဲ့ အကြီးစားတွေလည်း ပါတယ်။ လေ့ကျင့်တဲ့ဂိမ်းကတော့ စင်္ကာပူက ပိုလီကျောင်းတစ်ကျောင်းက ရေးထားတဲ့ software လို့ပြောပါတယ်။ ပထမဆုံးအကြိမ် အဲဒီလောက် သေနတ်အကြီးကြီး ကိုင်ကြည့်ဖူးခြင်းပဲ။ ပစ်သမျှ ထိတာများတယ်လို့ ထင်မိပေမယ့် မပစ်ရမယ့် ဟာတွေကိုပါ ပစ်မိလို့လားမသိဘူး။ အမှတ်ထွက်လာတော့ တော်တော်နည်းတယ်။ လက်ရုံးရည်နဲ့ ပြည့်စုံချင်ရင် လေ့ကျင့်ဖို့ လိုသေးတယ် ပြောရမယ်။ :P






ကလေးတွေကစားဖို့ ပျော်စရာရွှင်စရာတွေ ဖန်တီးထားတဲ့ တဲတစ်တဲရှိပါတယ်။ အားကျလာပြီး ဓာတ်ပုံအရိုက်ခံကြတဲ့ အနာဂတ်ရဲ့ သားကောင်းကလေးတွေကိုလည်း တွေ့မိပါတယ်။




ဒီသင်္ဘောက patrol လှည့်တာလို့ ပြောပါတယ်။



အခုလှမ်းမြင်ရတဲ့ သင်္ဘောထဲမှာက ရှင်းပြနေတဲ့သူရှိတယ်။ မဲပေါက်တဲ့သူတွေပဲ ၀င်ရတယ်။ လူဦးရေကို ကန့်သတ်တဲ့အတွက်လို့ ထင်ပါတယ်။ အထူးအစီအစဉ်တွေက ကံစမ်းမဲပေါက်သူတွေပဲ သွားလို့ရပါတယ်။ မဲထည့်ထားပြီးရင် ပေါက်တဲ့အခါ သူတို့က ဖုန်းနဲ့ဆက်သွယ်ပါတယ်။ တစ်ခုမှ မပေါက်ခဲ့ပါ။




ဒီသင်္ဘောကတော့ carrier လို့ဆိုတယ်။ အဲဒီလိုသင်္ဘောမျိုး တစ်စီးအပေါ်ကို တက်ကြည့်ခဲ့ပါတယ်။




ဒီလိုတက်ပါတယ်။




သင်္ဘောပေါ်မှာ ပုစဉ်းတစ်ကောင် တင်ထားတယ်။ ကလေးတွေကတော့ တက်ကစားကြပါတယ်။




အပေါ်ကို ဆက်တက်တော့ ဒီဟာကို တွေ့ရတယ်။



ဒါက သင်္ဘောဦးကနေ ရှေ့ဘက် ကိုလှမ်းကြည့်တဲ့ မြင်ကွင်းပါ။





စက်တွေ ထိန်းချုပ်မှု စနစ်တွေ။




သင်္ဘောအတွင်းဘက်ကို လျှောက်သွားကြည့်ပါတယ်။ ဒါကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဆုတံဆိပ်တွေကို ရိုက်လာတာ။




ဒါက ရေတပ်သားတွေရဲ့ အနားယူခန်း။ တခြားနေရာတွေကိုလည်း တွေ့ခဲ့ပါတယ်။ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်စင် စသည်ဖြင့်ပေါ့။ လှေခါးမတ်စောက်စောက် ကျဉ်းကျဉ်းလေးတွေကို ဆင်းရတာ အသည်းယားစရာပဲ။




ဒီအသေးလေးက သင်္ဘောဗိုက်ထဲမှာပါ။



ဒါက သင်္ဘောအသေးလေး စီးဖို့ လူတွေစောင့်နေကြတာ။ ကိုယ်တိုင်ကတော့ Duck Tour မှာ စီးခဲ့ပြီမို့ ထပ်မစီးခဲ့တော့ဘူး။



ဗိုက်ထဲကနေ ဒီကို ထွက်သွားမှာပါ။

ဒီလောက်ပါပဲ။ ကိုယ့်လို မမြင်ဖူးသူတွေ ကြည့်ရအောင် ဓာတ်ပုံအချို့ကို ဝေမျှလိုက်တာပါ။ ၂၃ ရက်နေ့အထိ ဆိုတော့ အခုတနင်္ဂနွေအထိ ရှိပါတယ်။ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ တဲ့။ အထူးသဖြင့် ကလေးတွေကို လိုက်ပြသင့်တဲ့ show လို့ ထင်မိပါတယ်။

ပန်ဒိုရာ



11 comments:

Hmoo said...

စစ်သွေးကြွနေတယ်ပေါ့လေ... :)

ဂျစ်တူး ( မုံရွာ ) said...

ဓါတ်ပုံတွေနှင့်တကွရှင်းရှင်းလင်းလင်းရှင်းပြထားတာမို့ 
တကယ်ရောက်သွားသလိုခံစားရမိပါတယ်ဗျာ-
ကျေးဇူးတင်စွာဖြင့်
ဂျစ်တူး

ရွှေရတုမှတ်တမ်း said...

ကလေးတွေပဲ လိုက်ပြရမှာလား..
ဒါဆိုဘယ်သူ့ခေါ်သွားရပါ့နော်...

ကိုဇော် said...

ကျေးဇူးပဲ အမရေ. .
ဗဟုသုတတွေ ရတယ်။
ပစ်ချင် ခတ်ချင်စိတ်ပေါက်တယ် သေနတ်တွေ့ရင် ကျနော်က သေနတ် အရမ်းဝါသနာပါတာ . . .။

An Asian Tour Operator said...

Navy Open House ဆိုလို့ ရေတပ်မိသားစု က "အစ်" အပြီး မှာအကျွေး အမွေးနဲ့ဧည့်ခံတဲ့ ပွဲကိုရောက်သွားတယ် ထင်နေတာ :P

အိန္ဒြာ said...

တော်တော် နားနားနေနေ နေနေတယ်ပေါ့လေ..။

ခေါ်တောင်မခေါ်ဘူးးးးးးး(

သက်ဝေ said...

မအိန္ဒြာ ပြောသွားတာ အားရတယ်... ဟီဟိ
ကောင်းတယ်...း))

ပုံတွေကြည့် စာတွေဖတ်လိုက်တော့ ကိုယ်ပါ ရောက်သွားသလိုပါပဲ... ဒါပေမယ့် ရေးပြထားတဲ့ အတိုင်းဆို သေနတ်တော့ သွားပစ်ကြည့်ချင်သား... ကိုယ် လက် ဘယ်လောက်တည့်သလဲ သိချင်နေတာ... ဒါမှ အရေးကြုံလာရင် သေသချာချာ ပစ်နိုင်မှာ...

ခက်ပုံခက်နည်းက ကလေးက စိတ်မဝင်စားပဲ
လူကြီးက စိတ်ဝင်စားတာ ဖြစ်နေတယ်...။
ဒီနေ့တော့ သွားဖြစ်တော့မယ် မထင်ပါဘူး...
အိမ်မှာ ရှုပ်ပွနေတာတွေ ရှင်းနေရတယ်...
ဟင့်.. ဟင့်..

rose of sharon said...

စိတ်ဝင်စားစရာပုံလေးတွေကြည့်သွားတယ်

ချစ်ကြည်အေး said...

ညီမပန်...သေနပ် သေနပ်...စိတ်ဝင်စားတယ်...။ တတိယပုံ နှုတ်ခမ်းနီတောင့် အပြာကြီးတွေကိုလည်း စိတ်ဝင်စားတယ်...ပစ်ချင် ခတ်ချင်စိတ်တွေပေါက် သွားတယ် ဟက် ဟက်... :D

Anonymous said...

Thanks for your sharing. =)

ကလူသစ် said...

တယောက်ထဲပျင်းနေရင် အိမ်ကတယောက်ကိုပါ လာခေါ်ပြီး လိုက်ပြလိုက်ပါတော့လားကွယ်။