
စိတ်အစွန်းရောက်ရောဂါနှင့် နှစ်ဆယ့်ရှစ်ရက်အကြာ
ငါ့ဦးနှောက်ကို ဘယ်သူလာရွှေ့သွားသလဲ
လူသေးသေးလေးနှစ်ယောက် ကြွက်သေးသေးလေးနှစ်ကောင်
ဗယ်ဘက်လက်ဖျံသွေးကြောထဲမှာ သွားလာခေါက်ပြန်လုပ်နေတယ်
ငါချိုတယ်-ငါခါးတယ် ငါကြိုက်တယ်-ငါမကြိုက်ဘူး ငါသိနေတယ်-ငါမသိတော့ဘူး
အပြောင်းအလဲတွေဟာ နာနိုစက္ကန့်တိုင်းမှာ ဖြစ်တယ်-ပျက်တယ်
မပြောင်းလဲရင် ငါဟာ တစ်ဦးတည်း ထီးထီးဖြစ်မှာ ကြောက်လှချေရဲ့
ပြောင်းလဲရင် ငါဟာ ငါ မဟုတ်တော့မှာ ကြောက်လှချေရဲ့
ငါ့နေသားကျမှုဟာ အပြောင်းအလဲတိုင်းနဲ့ လိုက်လျောညီထွေ ကပ်ပါနေတာလည်း ပုံမှန်ဟုတ်ပါစ
စိတ်လိုက်မာန်ပါ ဂြိုဟ်တုတွေ ၀ုန်းဒိုင်း လွှတ်တင်လိုက်ပြန်ပြီ
ဖြည်းဖြည်းသက်သာ ငှက်တောင်တစ်ချောင်းကို ပွတ်သတ်နေပြန်ပြီ
ငါ့အရေပြားမှာ ရေးထိုးထားခဲ့တဲ့ မသိနားမလည်မှုတွေကို ကျေးဇူးပြုပြီး ပြန်ရှာပေးပါ
ငါ့အင်္ကျီအိပ်ကပ်ထဲက ပင်လယ်ကို အကုန်အစင် မော့မသောက်လိုက်ပါနဲ့
စိတ်မချတော့တဲ့အခါ ငါ့ကို တသက်လုံး သော့ကြီးကြီးနဲ့ခတ်ထားလိုက်ပါ
ငါတို့ကို မပျော်အောင် လုပ်ထားတဲ့ စကားလုံးကြီးကြီးတွေကိုတော့ ဂျိမ်းဂျွိုက်စ်က ကြောက်ခဲ့သတဲ့
ငါပြောနေတာတွေ တကယ်တော့ တစ်ခုမှမဟုတ်ခဲ့ဘူးဆိုရင်ရော မင်းစိတ်ဆိုးသွားမလား ဘော့ကျန်* ။
ပန်ဒိုရာ
၂၆.၅.၂၀၁၁
*Botchan ဂျပန်ဝတ္ထု မှ ဇာတ်ကောင် ဘော့ကျန်
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
15 hours ago





10 comments:
မပြောင်းလဲရင် ငါဟာ တစ်ဦးတည်း ထီးထီးဖြစ်မှာ ကြောက်လှချေရဲ့
ပြောင်းလဲရင် ငါဟာ ငါ မဟုတ်တော့မှာ ကြောက်လှချေရဲ့
အပြောင်းအလဲတွေဟာ နာနိုစက္ကန့်တိုင်းမှာ ဖြစ်တယ်-ပျက်တယ်
မမရေ ကဗျာလေး ခံစားအားပေး သွားလျှက်...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။
ခုတလော မပန်ရေးတဲ့ ကဗျာတွေဖတ်ရတာ စဉ်းစားစရာတွေ ကျန်ကျန်နေခဲ့တယ် ကောင်းသောနေ့ပါ မပန် :)
ဘော့ကျန် နေရာမှာ ကျနော်ဆိုရင်တော့ “ ဟေ...အဲ့လိုလည်းရတာပဲလား အေး ဟုတ်သား ” လို့ဖြစ်မိသွားမှာ စိတ်တော့မဆိုးပါဘူးလေး)
ကဗျာကလဲမိုက်တယ်၊ ပန်းချီးကကလည်းမိုက်တယ် အထည်ဒီဇိုင်းဆွဲသူတွေရဲ့ အခိုးခံရကိန်းရှိတယ်၊
“နာနိုစက္ကန့်တိုင်းမှာ ဖြစ်တယ်-ပျက်တယ်”
အပြောင်းအလဲ တွေကတော့ ခန္ဓာကြီး ရှိနေသရွေ့ ဖြစ်နေမှာပေါ့... မဖြစ်ချင်လို့လည်း မရဘူးလေ..။
အရောင်စုံနေတဲ့ ပန်းချီလေးသဘောကျလိုက်တာ
(လူသေးသေးလေးနှစ်ယောက် ကြွက်သေးသေးလေးနှစ်ကောင်
ဗယ်ဘက်လက်ဖျံသွေးကြောထဲမှာ သွားလာခေါက်ပြန်လုပ်နေတယ် )
ငါယားတယ် - ငါနာတယ်။ အသည်းတွေ ယားတယ် မပန်ရေး)
ခင်မင်လေးစားလျက်
ပထမအကြိမ် အဖြစ် လာလည်ပါတယ်။ ဒါမျိုးကဗျာ တပုဒ် ချရေးနိုင်ဖို့က ခင်ဗျားမှာ ဘဝဖြတ်သန်းမှု၊ အသိဥာဏ်၊ အနုပညာမှော် ရှိရလိမ့်မယ်.။ ဥပမာ၊ ကျနော့်မှာဆိုရင် ဒီလို အနုပညာမှော်မျိုး မရှိတာတော့ ၁၀၀% သေချာတယ်ဗျ။ ဒါကြောင့် အားကျပြီး ပြန်သွား ပါတယ်..။
Post a Comment