ပုံပြင်ပါးပါးလေးတစ်ပုဒ်
ချစ်ခြင်းနဲ့ ချစ်ခြင်းမဟုတ်တာကြား
အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်…
ဝိုးတ၀ါး အကြည်ရောင်အောက်မှာ
ဘာသာစကားတူမိသူနှစ်ယောက်
နားလည်မှုတွေကို မိန်းမူးခဲ့ကြတယ်…
အချိန်ရဲ့မြှောက်ထိုးပင့်ကော်နဲ့
စကားလုံးတွေရဲ့ဖြားယောင်းမှုမှာ
ရင်ခုန်သံတွေ အနက်ဖွင့်ခဲ့မိတယ်…
ရင့် မှည့် ချိန်တန်လို့
တစ်ယောက်က လက်ကမ်းလာတော့မှ
တစ်ယောက်က မလှမ်းနိုင် .. ခဲ့ပြီကွယ်…
အဲဒီလိုနဲ့
ကူး လူး သွယ် ယှက်
ဗဟိုချက်တူတဲ့ကြိုးလေးတွေကို
မြင်ပြင်းကတ်တဲ့ ကြမ္မာ*က
ပညတ်မာယာ နဲ့ ဖြတ်ချလိုက်ချိန်မှာ
သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။
ပန်ဒိုရာ
*“မြင်ပြင်းကတ်တဲ့ ကြမ္မာ” ဆိုသော အသုံးအနှုန်းကို ချစ်သူငယ်ချင်းတစ်ဦး၏ ကဗျာတစ်ပုဒ်မှ ယူသုံးမိပါသည်။
Tuesday, July 10, 2007
ပုံပြင်ပါးပါးလေးတစ်ပုဒ်
Subscribe to:
Post Comments (Atom)
9 comments:
ချစ်ခြင်းနဲ့ မချစ်ခြင်းကြားက အလွှာပါးပါးလေးကလည်း ...
ဘလိတ်ဓား ထင်ပါရဲ့ဗျာ ... ပါးသာပါးတာ ...အကိုင်မတတ်ရင် ရွှက်ကနဲပဲ .. ဟက်တက်ကိုကွဲရော ...
“သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။”
အင်း ...
ပုံပြင်လေးကတော့ ဒါတင်မကသေးပါဘူးကွယ် ... လို့ ဆက်လုပ်ပေးပါဦးဗျာ ...
ဟိုက်ရှားပါး.. တယ်ကောင်းတာပဲ.. နောက်ဆုံးစာသားလေးတွေ အကြိုက်ဆုံးပဲ ။
`ရင့် မှည့် ချိန်တန်လို့
တစ်ယောက်က လက်ကမ်းလာတော့မှ
တစ်ယောက်က မလှမ်းနိုင် .. ခဲ့ပြီကွယ်…´ တဲ့လားဗျာ။
ကျွန်တော်မောက်(စ)နဲ့ ဆွဲပြီး၊ ဘရပ်(ရှ်) အမျိုးမျိုး ပြောင်းသုံးထားတာပါ။ အသေးစိတ်ရှင်းပြဖို့ လာတာ မပန် ဆွဲထားတဲ့ ပုံက တော်တော်ကောင်းနေပြီဘဲ..လိုင်းတွေက မောက်(စ)နဲ့ တစ်ချက်ထဲ ၀ိုက်လိုက်တယ်။ အရောင်လိုင်းတွေ အရင်ဆွဲ။ကာလာဖြည့်တန်ဖြည့်ပြီး။အဖြူမျဉ်းကောက်ကြောင်းတွေ လိုက် ၀ိုက်လိုက်တယ်။ အခုဒီပိုံ(စ) ထဲက ပုံထဲမှာ အဲဒါတွေ မပန်လုပ်ထားပြီးပါပြီ..color tone နဲ့ ရေမျှော mixing ရေးချက်လေးရအောာင် spray နဲ့ လုပ်လို့ ရပါတယ်..
``ကူး လူး သွယ် ယှက်
ဗဟိုချက်တူတဲ့ကြိုးလေးတွေကို
မြင်ပြင်းကတ်တဲ့ ကြမ္မာ*က
ပညတ်မာယာ နဲ့ ဖြတ်ချလိုက်ချိန်မှာ
သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။ ´´
မိုက်တယ်ဗျာ။
ပညတ်မာယာ တဲ့။ တယ်ဟုတ်ပါလား။
ရင့်မှည့် ချိန်တန် တဲ့။ မပန်က စာလုံး အရွေးကောင်း
ပန်ဒိုရာရေးတာ ကောင်းလိုက်တာလို့ ပြောရင်… ကျွန်တော်ကို ခေါ်ပြီး ထမင်းကျွေး အအေးတိုက် … နောက် အဲလိုမပြောနဲ့ လို့ မှာမလားပဲ .. :D
(ချစ်ခြင်းနဲ့ချစ်ခြင်းမဟုတ်တာကြား) ဆိုတာလေးကိုကြိုက်တယ်….ချစ်ခြင်းမဟုတ်တာဆိုတာလေးကို အမျိုးမျိုး တွေးကြည့် နေမိတယ်…..
မိုးညို > ပုံပြင်လေးက ဒီမှာရပ်တာပဲကောင်းပါတယ်.. ဘလိတ်ဓားတွေဈေးကြီးတယ်.. ဟဲ
ဂျစ်> ကြိုက်စေသတည်း
မောင်စစ် > ဟုတ်တယ်.. အဲလိုဖြစ်သွားကြတယ်
ကိုမောင်ရင် > သေသေချာချာ ရှင်းပြတာ ကျေးဇူးပါ
ဇင်ကိုလတ်> ညည်းလည်း ကျေးဇူးပါ ပဲပြောရမှာပဲ
ပုံရိပ် > စာလုံးပဲရွေးကောင်းတာ စပါးလုံးတွေတော့ မရွေးနိုင်တော့ဘူး
ကိုပီတိ > သင်လည်း ငတာမဟုတ်။ ကျွန်ုပ်လည်း ယောအတွင်းဝန်မဟုတ်.. ရဲရဲကြီးသာ ချီးကျုးလိုက်ပါလေ။
လေးမ > အဲဒါ အနှစ်ပဲ
Post a Comment