Friday, July 6, 2007

Education?

Education?

ဘ၀က သင်ပေးတာလား
ဘ၀ကို သင်ယူရမှာလား
သင်ယူခြင်းက ကျောင်းလား
ကျောင်းက ပညာရေးလား
ပညာရေးအတွက် ဘ၀နဲ့
ဘ၀အတွက် ပညာရေး
ပင့်ခ်ဖလွိုက်က ပြောတယ်
We don't need no education*
ညနေစာအတွက် မြောင်းထဲမှာ ငါးဖမ်းနေတဲ့
ကလေးတစ်ယောက်ကလည်း
အဲဒီလိုပဲပြောတယ်
အဲဒီကလေးကို စာသင်ခန်းထဲရောက်အောင် လိုက်ဖမ်းဖို့အတွက်
အသက်လေးဆယ် အရွယ်မှာ စီမံကိန်းမစခင်
စာသင်ခန်းထဲမှာ အနှစ်သုံးဆယ် အချိန်ယူမိတယ်။

ပန်ဒိုရာ

*From Pink Floyd's Another Brick in the Wall Part 2

(ဒီလို inspiration ရအောင် ဟိုနေ့က စကားပြောပေးခဲ့သော ဟိုအစ်ကိုကြီးကို ကျေးဇူးတင်ပါသည်။ )

8 comments:

May Nyane said...

အီးးးးးး
ပန်နော် မနောက်နဲ့။
အမကတော့ စနစ်ကျတဲ့ပညာရေးကို
စနစ်ကောင်းတဲ့ကျောင်းကနေ ရတယ်လို့
RFA ကနေ အော်နေတာနော်..
အင်းးး
ဒါပေမဲ့
ပန်ပြောသလိုပဲ
မြောင်းထဲမှာ ငါးဖမ်းနေတဲ့
ကလေးတစ်ယောက်ကိုတော့
စာသင်ခန်းထဲရောက်အောင်
အမ ပို့နိုင်သေးရဲ့လား.. မသိဘူး ပန်။
စဉ်းစားမိတဲ့အခါ စိတ်မလုံ ဖြစ်မိတယ်။

ပုထုဇဉ် said...

မပန်ရေ... “ပညာရေးအတွက် ဘ၀နဲ့၊ ဘ၀အတွက် ပညာရေး” ဆိုတဲ့ စကားကို သဘောကျတယ်။ အသက်လေးဆယ်မှာ စီမံကိန်း စနိုင်သူများကို လေးစားပါတယ်။ တသက်လုံး ဘာမှ မစွန့်နိုင်၊ မလုပ်နိုင်တဲ့ ကျွန်တော်လိုလူတွေထက် စာရင် ဘ၀ရဲ့ ပထမ အနှစ်သုံးဆယ်ကိုရင်းပြီး အသက်လေးဆယ်မှာ စီမံကိန်းစနိုင်သူများကို အကြီးအကျယ် လေးစားပါကြောင်း...

“ဆင်သွားမှ လမ်းဖြစ်တယ်” ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား၊ လမ်းထွင်ဖို့ ဆင်ထွားအောင် ကြိုးစားနေသူတွေကို လုပ်သင့်လုပ်ထိုက်တာ လုပ်နေတယ်လို့ မြင်ပါတယ်၊ ဆင်ထွားပြီးမှ တောမတိုးရဲတော့ရင်တော့ အလုပ်မဖြစ်ဘူးပေါ့။ ကျွန်တော်တော့ အစကတည်းက တောမတိုးရဲလို့ ဆင်ထွားအောင်လည်း အပူတပြင်း အားမထုတ်တော့ပါဘူး... တတ်နိုင်သလောက်လေးနဲ့ပဲ... :(

ponyate said...

တခါတလေ စဉ်းစား မိတယ်။ ပညာရေး ဆိုတာ အခြေခံ လူ့အခွင့်အရေး (basic right) မှာပါ ပေမယ့် ဘယ်အတိုင်းအတာ အထိက လူ့အခွင့်အရေး လည်း၊ ဘယ် အတိုင်းအတာ ရောက်ရင် အခွင့်ထူးခံ (privilege) ဖြစ်သွားပြီ လည်း။ ပညာတွေ သင်ပြီးရင် တွေဝေတယ်။ မတွေဝေ အောင်ကော သင်ယူလို့ ရပါသလား။
ပြောခွင့် ရအောင် ဒီပို့စ်ရေး ပေးတာ ကျေးဇူးပါ မပန်။

pandora said...

ဆရာမရေ.. တကယ်တော့ ဒီအတွေးလေးက တပိုင်းတစလေးရယ်ပါ.. ထပ်ပြီး ရှုပ်အောင်ပြောရရင်တော့ အရေးကြီးတာရယ် အလျင်လိုတာရယ် နှစ်ခုကြားမှာ လုပ်ချင်လာတဲ့ လုပ်သင့်တဲ့အရာတွေအတွက် ကိုယ့်ထိန်းချုပ်မှုအောက်မှာ ဘယ်လောက် ဘာတွေရှိသလဲ ဆိုတာ အားမလိုအားမရ ဖြစ်မိတာပါပဲ။ လုပ်နိုင်သလောက်ကို လုပ်ဖြစ်နေတဲ့ ဆရာမတို့ကို လေးစားအားကျမိပါတယ်။

ကိုပုရေ .. တောတိုးဖို့အတွက် ဆင်ကို ကကြိုးတန်ဆာ ခန်းခန်းနားနား ဆင်ထားပေးရင်တော့ ဆင်လည်း အခက်ကြုံရမယ်ထင်ပါရဲ့.. လူလည်း လူ့သဘာဝ ဆင်လည်း ဆင့်သဘာဝ.. သဘာဝကို နားလည်ပေးနိုင်အောင်တော့ ကြိုးစားနေပါတယ်

ပုံရိပ်ရေ.. အခွင့်အရေးနဲ့ တာဝန် ဆိုတာ ဒွန်တွဲနေတတ်ပါတယ်။ တချို့လူအနည်းစုက အခွင့်အရေးကို ရယူဖြစ်သွားတဲ့အခါ လူများစုရဲ့ အခြေခံအတွက် ပြန်လည်ဝေမျှပေးဖို့ ရည်ရွယ်ချက် ရှိခဲ့မှာပါလေ။

တွေဝေတဲ့ မှတ်ချက်တွေနဲ့ ပြန်ကြားပေးမိတာ တောင်းပန်ပါတယ်။

Kay said...

တို့ထင်တာတော့..ပညာရေးဆိုတာ..ထမင်းစားဖို့အတွက်ရင်လည်းဖြစ်..ဘ၀အခြေမြင့်မားဖို့ရင်လည်းဖြစ်မှာပေါ့နော်..
ဒါပေမဲ့..ပိုအရေးကြီးတာက..Wisdom ဥာဏ်ပညာပါ..ဘာဖြစ်လို့ဆို..သူ့ဖွင့်ဆိုချက်က..How to manage education တဲ့..
(စကားစပ်လို့..လင့်ထားတဲ့အတွက်..ကျေးဇူးပါ..ခင်မင်လျက် ...)

pandora said...

မှတ်ချက်အတွက် ကျေးဇူး.. မကေရေ

Ye-Mon said...

ကျောင်းတွင်း ပညာရေးဟာ ဘ၀နဲ့ရင်းလေ့လာခဲ့သူတွေရဲ့ ဥာဏ်ပညာ (wisdom) တွေကို ဖြတ်လမ်းကနေ ပြန်ပြီးလေ့လာတာလို့ ခံစားမိပါတယ်။ ဒါကြောင့် ကျောင်းတွင်း၊ ကျောင်းပြင် သင်ယူမှုတွေဟာ အီးသားအော် မဟုတ်ပဲ ခေါင်းနှင့်ပန်း သာဖြစ်ကြောင်းပါ။ သင်ထားတာသမျှတွေကို အဓိပ္ပါယ်ရှိတဲ့ကိစ္စတွေမှာ အသုံးမချလိုက်ရဘူး ဆိုရင်တော့ နှမြောစရာပါပဲ။

pandora said...

ကိုရဲမွန်ပြောတာ သဘောတူပါတယ်။ အဲဒီ အသုံးချတဲ့ ကိစ္စကတော့ မလွယ်လှဘူး.. ဟူးးးး