မင်းနဲ့မင်းအိပ်မက်တွေရဲ့ ကြားမှာ
သင်းပျံ့တဲ့ နံနက်ခင်းတွေပဲ ရှိတယ်ဆိုပါစို့
ညအိုက ပြိုကျလို့
ငှက်သံချိုတေးဆိုလို့
ရွက်ကြွေတွေပျောက်ဆုံးသွားတဲ့
ဆောင်းရင့်ရင့်ပန်းချီကားကိုတော့
ပြုတင်းနားက ခဏလောက်ငေးချင်ငေးပေါ့
လတ်ဆတ်တဲ့ ကော်ဖီတစ်ခွက်နဲ့အတူ
စိတ်ကူးယဉ်အလွမ်းတွေကို သစ်ချလိုက်ပါ
ဟိုဝေးဝေးမှာ မြင်နေရတဲ့ တောင်တန်းတွေလို
ပေးဆပ်မှုတွေ ထုနဲ့ထည်နဲ့
မင်းခြေရာတွေ မို့မောက်ခဲ့ပြီပဲ
လမ်းကလေးရေးရေး တေးသီရင်းချီတက်
မင်းရဲ့လေချွန်သံတွေ ချိုလွင်လတ်ဆတ်နေတာ
မင်းကိုယ်တိုင် နားစိုက်ထောင်လိုက်ပါ
မျက်နှာပေါ်က ရေစက်ရေပေါက်တွေရဲ့ ဟိုမှာဘက်ကို
လေနုအေးလေးနဲ့အတူ ကူးမြောက်လို့
မင်းရဲ့နှုတ်ခမ်း ပြုံးယောင်သန်းလိုက်ပါ
ညငိုက်မူးချိန် တိတ်တိတ်စိုက်ပျိုးထားခဲ့တဲ့
အမျိုးအမည်မသိ ကြယ်တစ်ပွင့်ကတော့
မိုးစင်စင်လင်းသွားတဲ့ ကောင်းကင်ကရိုက်ချလိုက်လို့
ဒလိန့်ခေါက်ကွေး မှေးမှေးမှိန်မှိန်
သူက မင်းကိုသာ လန်းဆန်းစေမယ်ဆိုရင်
လက်ညိုးညွှန်ရာ နံနက်ခင်းပဲ ဖြစ်စေချင်သေးသတဲ့...။
ပန်ဒိုရာ
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
1 day ago





4 comments:
နံနက်မိုးမလင်းခင် ဖတ်မိသွားပေမယ့် ဒီကဗျာလေးက လက်ညိုးညွှန်ရာ နံနက်ခင်းဖြစ်သွားခဲ့တယ်...။
ထက်ကတော့ လက်ညှိုးညွှန်ရာ ညပဲ ဖြစ်စေချင်တယ် ဒါမှ များများ အိပ်ရမှာ အဟိ
အိပ်လို့ ကောင်းတုန်းတော့ လက်ညှိုး မညွှန်နဲ့ နော်။ နံနက်ခင်းဖြစ်မှာကြောက်လို့ ။ :D
နံနက်ခင်းမှာ လန်းဆန်းပါစေ မတန်ခူးရေ
ပင့်ဂိုးလ်နဲ့ ကောင်းကင်ကို
အိပ်ချင်သူများလည်း အိပ်ရေးဝပါစေ..
Post a Comment