Monday, March 10, 2008

ပန်ဒိုရာနှင့် ဘန်နာများ

အခုတလော ဘန်နာတစ်ခုပြောင်းလိုက်ပြန်တာကို သတိထားမိမှာပေါ့။ စိတ်ကူးရရင် ရသလို မကြာခဏ ပြောင်းဖြစ်တယ်။ ဒါနဲ့ လုပ်ခဲ့တဲ့ ဘန်နာလေးတွေကို အမှတ်တရဖြစ်အောင် ဒီပို့စ်မှာ ပြန်ဖော်ပြလိုက်ပါတယ်။

ဘလော့ဂ် စလုပ်ခါစကတော့ သူ့တန်းပလိပ်မှာ ပုံသေပါတဲ့ အစိမ်းရောင် နဲ့ ပန်ဒိုရာဆိုတဲ့စာလုံးနဲ့ ရိုးရိုးပါပဲ။ နောက်တော့ ရထားကြီးအောင်မော်ဟိန်းက ပြန်ပြင်ပေးတယ်။ ကိုယ်ကလည်း အင်တာနက်ကပုံတို့ဘာတို့ ဆိုရင် ကော်ပီရိုက်ငြိမှာစိုးလို့ ကိုယ်ပိုင်ဖြစ်ချင်တယ်။ ဒါနဲ့ သူ့ကို ရှိတဲ့ ဓာတ်ပုံတစ်ပုံ ပေးလိုက်တယ်။ အဲဒါကို သူက ဖြတ်ညှတ်ကတ် လုပ်ပြီး ဒီဘန်နာလေး ထွက်လာတယ်။




မူလဓာတ်ပုံ ၁
(စင်္ကာပူ အနောက်ဘက်ကမ်းခြေမှာ ရိုက်ထားတဲ့ပုံ။ ရိုက်သူကတော့ မောင်လေးပါ။)



ဘန်နာ ၁


နောက်တော့ သူက ဘန်နာအသစ်လဲရင် ဘယ်နေရာ ကုဒ်ဒင်း မှာ အစားထိုးရမယ်ဆိုတာပြောတော့ နောက်ပိုင်း ဘန်နာကို ကိုယ့်ဖာသာ ဖိုတိုရှော့ပ်မှာ ဖြတ်ညှတ်ကတ် လုပ်တယ်။

မူလဓာတ်ပုံ ၂
(KL မှာရိုက်ထားတဲ့ပုံ။ ကိုယ်တိုင်ရိုက်တယ်။)



ဘန်နာ ၂



မူလဓာတ်ပုံ ၃
(စကာင်္ပူ အရှေ့ဘက်ကမ်းခြေမှာ ရိုက်ထားတဲ့ပုံ။ ကိုယ်တိုင်ရိုက်တယ်။)


ဘန်နာ ၃



မူလဓာတ်ပုံ ၎
(ဒါကတော့ ဧရာဝတီမြစ်။ ကိုရဲမွန်ရဲ့ အွန်လိုင်း ဓာတ်ပုံတွေထဲက တွေ့လို့ ဆွဲစားလိုက်တာ။ သူလည်း ပန်ဒို့ရာ့ ဘန်နာမှာ ဓာတ်ပုံပါခွင့်ရလို့ ဂုဏ်ယူမဆုံး ဖြစ်သွားတာပေါ့။ ဓာတ်ပုံ ဆြာရဲမွံ။)



ဘန်နာ ၎



မူလဓာတ်ပုံ ၅
(ဒါကတော့ စင်္ကာပူ ပင်လယ်ဝထဲမှာပါ။ မောင်လေးရိုက်တာ။)


ဘန်နာ ၅


မူလဓာတ်ပုံ ၆
(အမရပူရ ဦးပိန်တံတား။ ပန်ဒိုရီ ရိုက်တာပါ။)


ဘန်နာ ၆


မူလဓာတ်ပုံ ၇
(ငွေဆောင်မှာရိုက်တာလေ။ မှတ်မိမှာပါ။ ကိုယ်တိုင်ရိုက်တာပါ။)


ဘန်နာ ၇


မူလဓာတ်ပုံ ၈
(ဒါလည်း ငွေဆောင်မှာပါပဲ။ ကိုယ်တိုင်ရိုက်တယ်။)


ဘန်နာ ၈



နှစ်သက်တာပါရင် အကြိုက်ဆုံး ၁ ၂ ၃ ရွေးကြည့်မလား။ ဘာကြောင့်ကြိုက်လဲ ဆိုတာရောပေါ့။

24 comments:

imaginary clouds no 2 said...

ကြိုက်တာတစ်ခုကို ရွေးပါဆိုရင်တော့ ဘန်နာ ၆ ဖြစ်မယ် ။ ငှက်တွေရယ် ။ ညာဘက်ထောင့်မှာ ပိတ်နေတာရယ် ကို ကျနော်သဘောကျတယ် ။ ကျန်တာတွေက သူဟာနဲ့သူကောင်းပါတယ် ။ ကြိုက်တာရယ်ကောင်းတာရယ်က မတူ--ဟုတ်

wai lin tun said...

အကြိုက်ဆုံးက ခုနောက်ဆုံးတင်ထားတဲ့ ဘန်နာပဲ။ ဘန်နာနဲ့ ပြောင်းလိုက်တဲ့ စာသားလေးကပါ ဘလော့ကလေးကို နေရောင်အောက်မှာ မိုးရေခါနေတဲ့ ငှက်ကလေးလို လန်းမော့လာစေတယ်လို့ ခံစားရလို့ပါ။ ဒုတိယကတော့ ဦးပုံတံတားမှာရိုက်ထားတဲ့ ငှက်နှစ်စင်းနဲ့ ပုံလေးပေါ့။ ဒဿနအတွေးလေး ဖြစ်စေလို့ပါ။ ဘန်နာအသစ်အသစ်တွေနဲ့ ပိုလို့ လန်းဆန်းကြည်လင်နိုင်ပါစေဗျာ။

wai lin tun said...

လုပ်ပါအုန်းဗျာ။ ဦးပိန်ကို ဦးပုံလို့ မှားရေးလိုက်မိတယ်။ ပြင်လို့ရရင် ပြင်လိုက်ပါ။

Anonymous said...

၁) ငွေဆောင်
၂) ဦးပိန်
၃) ဧရာဝတီ

ကြိုက်တယ်ဗျာ... ကျွန်တော်အချိန်ရှိရင် Banner တွေကိုယ့်ဟာကိုယ် လုပ်နေကျဗျ။ အားပေးတယ်။ Banner ဟာ Site ရဲ့ Image နဲ့ Impression ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်က ယူဆတယ်။

Anonymous said...

ဦးပိန်တံတားနောက်ခံ ကြိုက်တယ်.. လွမ်းစရာမြစ်ပြင်က လှေလေးတွေက ပြည်၇ွာကို အလွမ်းပြေစေသလား ဒါမှမဟုတ် အလွမ်းပိုစေသလားမသိဘူး။ စိတ်ကူးလေးနဲ့ အဲဒီ တိုင်လုံးလေးကို မှီပြီး ကဗျာတွေ ပိုခံစားလို့ရတယ်။ နောက် ပန်ဒိုရီက သူရိုက်တဲ့ပုံ မပန်ေ၇ွးတင်တာသိရင် မပန်အမှတ်ပိုရမှာပေါ့ မဟုတ်ဘူးလား..။

ငွေဆောင်လဲကြိုက်တာပဲ.. ဘ၀ဆိုတာ နောက်ဆုံးတော့ နေ၀င် သွားကြရတဲ့ အမှန်တရားပြယုဒ် မို့လို့လားတော့မသိဘူး ..။ နေ၀င်တွေဆို မလေး အကုန်ကြိုက်တယ်။

နောက်… စကားပန်းလေးနဲ့ အပြာရောင်ကောင်းကင်က မျက်စိအေးတယ်။ လေကောင်းလေသန့်ရှုလိုက်ရသလိုလဲ ခံစားရတယ်..။ အဖြူရောင် ပန်းလေးတွေကို မလေး ကြိုက်တာလဲပါပါတယ်..။ စာသားကလဲ တိုတိုတုတ်တုတ်နဲ့ လိုရင်းရောက်တယ်..။ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိပဲ ကြိုက်တယ်..

ဟုတ်.. ပြောရင်း လေရှည်သွားပါသည် မပန်ရေ… ဟင်းဟင်း
(ခံစားချက်တွေ နဲနဲများသွားတယ်)

ခင်တဲ့ မလေး

တန်ခူး said...

ပန်ရေ...အကြိုက်ဆုံး ၃ခုကို အောက်မှာစီထားတယ်

(၁)ဘန်နာ-၈
အပြာရောင်ကောင်းကင်ကြီးနဲ့ စကားပင်လေးက ပနံရ ငြိမ်းအေးတယ်။ ရှင်းရှင်းလေးပေမယ့် ဆွဲဆောင်မှူတွေ အများကြီး။ စာတန်းအသစ်လေးနဲ့ ကောင်းကင်ကြီးမှာ ရှင်သန်ခြင်းတွေ ဖြန့်ခင်းနေရသလို။

(၂)ဘန်နာ-၆
မြန်မာပြည်က အချစ်ဆုံးနေရာထဲမှာ ဦးပိန်တံတားလဲပါတယ်။ မြစ်ပြင်ပြာလဲ့လဲ့ရယ်၊ တခရီးထဲအတူလှော်ခတ်နေတဲ့ လှေငယ်မောင်နှံလေးရယ်၊ ဦးပိန်image တိုင်လုံးကြီးတွေပေါ်မှာ မြေဖြူနဲ့ရေးခြစ်ထားသလို ပန်ဒိုရာရဲ့imageစာတန်းလေးရယ် အားလုံးပေါင်းလိုက်တော့ ကဗျာဆန်တဲ့ ဘန်နာလေးပေါ့။

(၃)ဘန်နာ-၃
ကောင်းကင်ပြာနဲ့ တိမ်ဖြူဖြူ၊ သဲသောင်ပြင်နဲ့အုန်းပင်တန်း၊ ပင်လယ်ပြာပေါ်မှာ အဖေါ်အသင်းနဲ့ အနားယူနေတဲ့ သင်္ဘောကြီးတွေ လိုက်ဖက်မှူတွေနဲ့ မျှမျှတတ လှပတဲ့ ဘန်နာလေးပါ။

nu-san said...

မပန်ရေ.. ဘန်နာ ၆ နဲ့ ၇ ကို ကြိုက်တယ်..ဘာကြောင့်ကြိုက်သလဲဆိုတာတော့ သေချာ မပြောတတ်ဘူး။ သေချာတာတစ်ခုကတော့ မြန်မာပြည်ကို လွမ်းနေလို့ မြန်မာပြည်က ရှုခင်းတွေကိုပိုသဘောကျတာများလား မသိဘူး။ အကြိုက်ဆုံးကတော့ ငွေဆောင် ဘန်နာပဲ.. မပန်ရဲ့ ငွေဆောင်ခရီးပို့စ်တင်ကတည်းက အဲဒီဓာတ်ပုံကို သဘောကျနေတာ.. ပြောရင်းနဲ့ ငွေဆောင်သွားချင်လာပြီ။

P.Ti said...

ဘာဟာမှ မကြိုက်ဘူး။ ကိုယ့်ဘန်နာကို အကြိုက်ဆုံး။ အဟိ.. စတာနော်…
ဘန်နာ ၆ နဲ့ ဘန်နာ ၈ ကို ကြိုက်တယ်။
ဘန်နာ ၆ ဦးပန်တံတားပုံကို အကြိုက်ဆုံးပါပဲ။

Anonymous said...

ဘန်နာ( ၃ ) ကိုကြိုက်တယ် အပြာရောင်ကောင်းကင်လေးနဲ့ လှပနေတယ်။ ကမ်းခြေရဲ့အလှလေးတွေကိုလည်း ခံစားနိုင်တယ်။

ဘန်နာ (၅) ညနေခင်းဆည်းဆာက ကန်ရေပြင်ပေါ်ကျနေတဲ့ နေေ၇ာင်ကိုအရမ်းသဘောကျတယ် တစ်စုံတရာကို လွမ်းသလိုလိုလည်းခံစားရတယ် ။

နောက်ဆုံးဘန်နာ.လေးလဲလှတာပဲ ကြည်လင်နေတဲ့ ကောင်ကင်နဲ့  ပန်ကလေးတွေ နောက်တော့ ဘန်နာကစာသားလေးတွေ နဲ့ လည်းလိုက်ဖက်တယ်ထင်တယ်။

အများကြီးတော့မပြောတတ်ဘူး ဒါပေမယ့် ဒေါ်လေးရွေးထားတဲ့ဘန်နာတွေက တစ်မျိုးဆီတော့ထူးခြားမှုရှိတယ်ဗျ။

စိုးထက် - Soe Htet ! said...

နံပါတ် (၈) ကို ... အကြိုက်ဆုံးပဲ ... စိတ်ထဲမှာ ပို ပြီး ရှင်းရှင်း လင်းလင်း ခံစားရ လို့ ...

ပြီးတော့ စာတမ်းကလဲ အဓိပ္ပါယ် ပိုကောင်း သလားလို့ :D

Anonymous said...

ဘန်နာတွေ အားလုံး သူ့ ဟာသူ တစ်မျိုးစီ လှနေကြပြီး တစ်ခုချင်းမှာ အဓိပ္ပါယ်တွေ ကိုယ်စီ ကိုယ်စီနဲ့ ...
ပန်ဒိုရာ ရဲ့ မျှော်လင့်ချက်တွေ နဲ့  ရှင်သန်ခြင်းတွေ ကို တည်ငြိမ်စွာ ပြသနေကြတယ်...။ ဒီတော့ အကြိုက်ဆုံးကို ရွေးရမယ်ဆိုရင် ကျန်တဲ့ ဘန်နာလေးတွေ အပေါ်မှာ မတရားရာကျနေမှာမို့  မရွေးတော့ပါဘူးနော်။

M.Y. said...

ဘန်နာ-၆..တစ်ခုပဲ..
အကြောင်းက……
အမရပူရ ဦးပိန်တံတားမြင်ကွင်းလေးက ရေပြင်ပေါ်မှာပေမယ့် ပူပြင်းလွန်းတဲ့အညာမြေရနံ့  လေးသင်းနေတယ်.. ပြီးတော့လှေကလေးနှစ်စင်းပေါ်ကခရီးသည်တွေ..သူတို့ ကိုလိုရာကမ်းကို ပို့ ဆောင်ပေးဖို့ ငှက်ခတ်သမားနှစ်ယောက်နေပူပူမှာ အားကုန် လှော်လို့ ..သူတို့ ဘ၀တွေကိုပါလိုက်စဉ်းစားစေမိတယ်..
.ခရီးသည်တွေက လိုရာခရီး ကမ်းဘက်ကိုရောက်ဖို့ မျှော်လင့်ခြင်းတွေရှင်သန်စွာနဲ့ ဒီဘက်ကမ်းကို အာရုံလွှင့်နေတယ်..
ငှက်ခတ်သမားကလဲ....အိမ်အပြန်မျှော်နေမယ့်မိသားစုရဲ့ ရှင်သန်ရေးအတွက် သူ့ အလုပ်ကိုမျှော်လင့်ခြင်းတွေနဲ့ အားစိုက်နေတယ်..
ကမ်းကပ်တော့မယ်ဆိုတဲ့ကမ်းခြေရေးရေးလေးကပုံရဲ့ တစ်ဖက်မှာ..
အမရပူရဆိုတဲ့လက်ရေးလေးနဲ့ သစ်လုံးတိုင်အခိုင်အမာကြီးကပုံရဲ့ အခြားတစ်ဖက်မှာ..
လှေနှစ်စီးက ကမ်းကပ်တော့မယ့်အနေအထားမှာ..ဟိုးဝေးဝေးမှာ..တောင်ပြာတန်းရိပ်ရိပ်ကလေး..ဒါတွေအားလုံးပေါင်းလိုက်ရင် ပုံရဲ့ Composition ကလဲကောင်းနေတယ်..
အရေးအကြီးဆုံးအချက်ကတော့..ပန်ဒိုရာ ရဲ့ ဘန်နာက ရှင်သန်ခြင်း ဆိုတဲ့ စာတမ်းကို အပြည့်အ၀ပုံဖော်ပေးသလိုဖြစ်နေတဲ့ပုံမို့ ပဲ..တိမ်ရောင်တွေဟပ်နေတဲ့ရေပြင်ကျယ်ကြီးကပဲရှင်သန်ခြင်းကွင်းပြင်တစ်ခုလိုပဲ

ရွှန်းမီ said...

ပုံ ၈ ကို အကြိုက်ဆုံးပဲ မပန် .. ပြီးရင် ပုံ ၂ ကြိုက်တယ်.. ၇ ကြိုက်တယ်..
အဲဒီပုံလေးတွေက ဘောင်ခတ်လို့ ငြိမ်သွားတဲ့ ပုံသေတွေမဟုတ်ဘဲ ခပ်ဖြည်းဖြည်းလေး စပြီး လှုပ်ရှားတော့မယ့် အရိပ်လေးတွေ ပါတယ်။ အရောင်ကတော့ ပုံ၈ အလှဆုံး..
ပန်းရနံ့လေးတွေ သင်းတဲ့ လေပြေထဲ အရွက်ကလေးတွေ မသိမသာလှုပ်နေတယ်လို့ ခံစားရတယ်။

Winkabar said...

အစ်မရဲ့ဘန်နာတွေက နေတစ်လှည့် တိမ်တစ်လှည့်လိုပဲနော်။ နေပုံတွေက မှောင်ပြီး လေးနက်တယ်။ တိမ်နဲ့ပုံတွေကတော့ လင်းပြီး ကြည်လင်တယ် ဖြူစင်တာပေါ့နော်။ နေပုံတွေထက်စာရင် တိမ်ပုံတွေကိုပိုကြိုက်တယ်။ အားလုံးကတော့ လှပါတယ်။ အခုနောက်ဆုံးဘန်နာကိုတော့ အကြိုက်ဆုံးပဲ။

Andy Myint said...

ဘန်နာထိန်း တစ်ယောက်တော့ လိုပြီ ထင်တယ်။
ဘန်နာ ၃ ကို အကြိုက်ဆုံးပါ။ ကြည်လင်တယ်။ ရှင်းသန့်တယ်။ ကုန်းပါတယ်။ ရေပါတယ်။ ကောင်းကင်ပါတယ်။ တိမ်ပါတယ်။ သစ်ပင်တွေက လူကို ကိုယ်စားပြုတယ်။

Tesla said...

နံပါတ် (၁) ကမ်းခြေနဲ့ နံပါတ် (၄) ကမ်းခြေ ကို ယှဉ်ပြီး ကြည့်သွားတယ်။ ပြီးတော့ နံပါတ် (၃) နဲ့ နံပါတ် (၇).. တောက်.. ဒီလောက် ရေခံမြေခံ ကောင်းတာတောင်.. (လူတွေမကောင်းတာများလား..) အမ်.. မဆိုင်တာတွေ ခံစားမိပြီ. ကဲ.. ဘန်နာအတွက် နံပါတ် (၄) ဗျာ.. အဲ့ထဲက နေက ၀င်မှာလိုလို ထွက်မှာလိုလို နဲ့ သိပ်ပိရိတာပဲ.. ဓါတ်ပုံကတော့ ဦးပိန်ကြီးကို ကြိုက်ပါတယ်. ဦးပိန်မို့လို့.. ကြည့်လိုက်တာနဲ့ ခံစားလို့ ရလို့ .. ဆုံချက် နဲ့ ထောင့်နဲ့ ယူထားတာကြိုက်လို့. (အထာက နားလည်သလိုလိုဘာလိုလိုနဲ့ :P ). ကဲ ရှင်းရှင်းပဲ ပြောမယ် ထို့ထက်ပိုမိုသည်မှာ ပန်ဒိုရာထက် သာတဲ့ ပန်ဒိုရီ ရဲ့ ရိုက်ချက်မို့လို့.. :P

Anonymous said...

ပန်ဒိုရီရဲ့  ဦးပိန်က မမိုက်ဆုံးပဲ။ ဒီလောက်ကောင်းတဲ့ ဥပိန်။
တော်တော်ညံတဲ့ ရိုက်ချက်။ ဟိ.. တက်စလာနဲ့  ကျွန်တော်နဲ့ ပေါင်းလိုက်ရင် ပန်ဒိုယာ ဘယ်လောက် ညံ့သွားလဲ :P
နောက်တာပါဗျာ။
ပုံတွေ အားလုံးကောင်းတယ်။
အကောင်းဆုံးကတော့ ပန်ဒိုယာရဲ့  အလှ မြင်တက်ခံစားတက်မှုပါ။ ဓာတ်ပုံတွေကို ဘောင်ခတ်ထားတာကို ကြည့်တာနဲ့ သိသာတယ်..
:)

နတ်ဆိုး

ကိုပေါ said...

သြော....ရှင်သန်ခြင်းတွေကို ဖြန့်ခင်းထားလိုက်ပြီဆိုတော့.........ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ရှာတွေ့သွားပြီပေါ့နော်။

ကလိုစေးထူး said...

မမလေးတို့ကတော့ ဖြန့်ခင်းထားလိုက်တာ ပရိသတ် အပြည့်ပဲဗျာ။ :) ကျနော်ကတော့ နံပါတ် ၆ ကို အကြိုက်ဆုံးပဲ။

pandora said...

မြတ်နိုး: မပန်ရေ.. ဘန်နာ ၆ ကို အကြိုက်ဆုံးပဲ
14 Mar 08, 03:10
ခွန်မြလှိုင်: စာ၊ ပုံ၊ မြန်မာ ထင်ဟပ်ချက် အဓိပ္ပာယ် ပြည့်ဝ လွန်းလို့ ဘန်နာ ၆ ကို အကြိုက်ဆုံး မပန်ရေ..
SYL: အားလုံးကောင်းပါတယ်..၄နဲ့၇ကိုတော့ အကြိုက်ဆုံးပါဘဲမပန်ရေ
ငြိမ်းချမ်းအောင်: အော် အကြိုက်ဆုံးကို ရွေးခိုင်းတာကိုး။ အားလုံးကြိုက်။ ခုနောက်ဆုံးဟာလည်းကြိုက်တယ်၊ သုံးနဲ့ ရှစ်ကိုလည်း ကြိုက်တယ်။ အရောင်မှိန်ရင် သိပ်မကြိုက်။


လာရောက်မဲထည့်သူများကို ကျေးဇူးတင်ပါတယ်။ ရလာဒ်ကို ကြေညာပါမယ်။

Anonymous said...

I felt your banners as your inner diary. I like no.8 banner most. It looks like you define what you are, you know what you want, and you see the way how to get it.It makes me feel that you already get it or gonna to get it what you dream before :) The rest of the banners are pretty good but with clouds/down sun symbols, looks like still finding what you want but it reaches out of your hand. And finally, clear image of life meaning in ur mind bcoz of banner 8..is it?

pandora said...

Mr/Ms Anonymous: Yes, these banners may possibly be the reflection of my mind. Banner 8 could be the fresher version of my mind. Well, still hard to say that I have now found out a clear meaning of life. I am not so sure if such a great thing can come that fast. Anyway, isn't it sufficiently meaningful in a way when one just understands what he/she is looking for?

Anonymous said...

အကြိုက်ဆုံး ၁၊၃၊၆ အမြင့် မှာတင့်တယ်တာ ၇ယ် ၊အားမာန်ပါတာ ၇ယ်ကြောင့်ပါ၊

ချစ်မောင် said...

ဘန်နာ လုပ်ပုံလုပ်နည်းလေး shareပါလားခင်ဗျာ။ ဒါမှမဟုတ် ဘယ်မှာလေ့လာရမလဲဆိုတာ ညွှန်းပေးစေလိုပါတယ်။ ကျေးဇူးပါ။