ဇွန်လ ၁၄ ရက်က မမေငြိမ်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ နောက် တပတ်ကြာရင် မခင်မင်းဇော်ရဲ့ မွေးနေ့တဲ့။
အသက်အရွယ်ဆိုတာ ရှင်သန်ခြင်းရဲ့ ဖြတ်သန်းမှုတွေပဲ မဟုတ်လား။ အရေအတွက်တွေက အဓိပ္ပာယ်တခုခုကို ပြောပြနေတယ်။ ပန်ဒိုရာက အသက်လေးဆယ်ကျော်ပိုင်း အရွယ်တွေရဲ့ ဘ၀ကို စိတ်ဝင်စားတယ်။ ခါးသက်မှုတွေကို မြိုးမြက်ခံစားရချိန်မှာ ချိုမြိန်မှုတွေနဲ့လည်း လတ်ဆတ် စိုစွတ်နေသေးတယ်။ အားကောင်းနေသေးတဲ့ ရေစီးကြောင်းတွေကို တည်ငြိမ်မှုဘောင်က ဘေးနားကွပ်လို့။ အဲဒီအချိန်ရဲ့ ဖြတ်သန်းမှုတွေ တွေးခေါ်မှုတွေဟာ ဘယ်လိုနေမလဲ။ အဲဒီကာလ အပိုင်းအခြားထဲမှာမှ မျက်နှာချင်းဆိုင် ဂဏန်းနှစ်လုံးရဲ့ သင်္ကေတက ဘာကို နိမိတ်ပုံညွှန်းချင်နေသလဲဆိုတာ စိတ်ဝင်စားစရာ။ 
ချစ်ခင်ရတဲ့ အစ်မကြီးနှစ်ယောက် အတွက် ဒီပုံလေးကို မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ်။ ဘလော့ဂါ မိတ်ဆွေ အစ်ကိုအစ်မများထဲမှ ဒီနှစ်ထဲမှာ ၄၃ နှစ် ပြည့်ပြီးသူများ ပြည့်လုလုများ အားလုံးအတွက်လည်း တလက်စတည်း ဆုတောင်းလိုက်ပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ။
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
5 days ago





3 comments:
ကျောချင်းကပ် နေ တဲ့.. ၃ နဲ့ ၄ ကရော..ဘာ အဓိပ္ပါယ် လဲ ဟင်...
kayရေ ၃၄ ကို ကပ်လိုက်ရင် ပစည်းတင်လို့ ရတဲ့ ကလပ် တခုဖြစ်နိုင်မှာပါ အဟဲ.
ကျောချင်းကပ်တာက အရေးကြီးလို့ သွေးနီးစို့ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်မှာပေါ့ မကေရယ်။..
ဂျေ ပြောသလို ပစ္စည်းတင်တာ ဖြစ်သလို အလှူခံခွက်လည်း ဖြစ်နိုင်တာပေါ့.. ဟဲဟဲ
Post a Comment