Thursday, July 10, 2008

ငတိ

ငတိ..
လေးစားစရာမလို
အရေးထားစရာမလို
ကလေးကလားခွေးပစ်တဲ့တုတ်
ကွယ်ရာမှာခေါ်တော့ ငတိ
ရှေ့တင်ခေါ်လည်း ငတိ။


ဆောင့်ကြောင့်ထိုင်တတ်လျှင်
ခြင်္သေ့ဖြစ်သူများ
ဟိန်းလိုက်ဟောက်လိုက် ထိပ်ပုတ်ခေါင်းပုတ်
ဟိုလိုလုပ် ဒီလိုလုပ်
ငတိလည်း ခေါင်းလေးတလှုပ်လှုပ်
ပါးပါးကလေး ပြုံးလို့
ပီတာဇော်မြင့်ပြုံးကလေးပြုံးလို့
ဂုရုကွေးပြုံးကလေးပြုံးလို့..။

သို့သော် ပရိဿတ် ကြပ်ကြပ်သတိ
ခေတ်ကမကောင်း အကြောင်းတိုက်ဆိုင်လာသော်
ငတိတကောင်တောင် စာတစောင်ပေတဖွဲ့ဖြစ်နိုင်၏ ။


ပန်ဒိုရာ

14 comments:

Anonymous said...

:) Glad to read..

Chaos said...

ငတိ
ငတိ
အခုချိန်ဆို ဘယ်နားမှာ ဘာတွေလုပ်ဘာတွေရေးလို့ ဘာတွေ ကြံစည်နေပီလဲမသိ

တန်ခူး said...

ငတိဆိုတာ ဘယ်သူမှန်းမသိပေမယ့် ငတိcharacterတော့ ဒီကဗျာဖတ်ပြီး သိသွားတယ်…

ညိမ်းညို said...

အဲလိုမျိုးငတိတွေက ခေတ်ကြီးကောင်းသွားတော့ တိုက်ပုံဝတ်ပြီး စင်ပေါ်ရောက်လာကြရောတဲ့ ။ ရွှေဝါပြည်ထဲမှာဖတ်ဖူးတာ :)
ပျော်ရွှင်ပါစေခင်ဗျာ ။

Anonymous said...

ဒီကဗျာတော့ နားလည်တယ်း) ကြိုက်တယ် ။

စိုးထက် - Soe Htet ! said...

:)

Anonymous said...

ငတိ.. တဲ့..
ဟိ.. ဟိ..

မပန်က ငတိ လို့  ခေါင်းစဉ်ပေးပြီး
ရေးထားတာ ဖတ်ရတော့ ငတိတကောင်တောင် စာတစောင်ပေတဖွဲ့ဖြစ်နိုင်၏ ဆိုတာကို လက်ခံလိုက်တယ်..။

P.Ti said...

ပန်ဒိုရာက တခြားနာမည်သုံးတာမဟုတ်ဘူး... ငတိ ဆိုတော့ ပီတိ နဲ့ အမျိုးတော်နေသလိုလို... :P
ဒီလိုပဲ ဘာမှမဟုတ်ပါဘူးလို့ပြောရင်းနဲ့ပဲ... အံ့သြကုန်နိုင်ဖွယ်တွေ ဖြစ်လာတတ်တယ်နော်...

ကိုပေါ said...

“ငတိ”က ပါးပါးလေးပြုံးလို့ မျက်လုံးကို ဖွင့်ကြည့်တော့ “ငတုံး” ကို မြင်ရသတဲ့။ “ငတုံး” က အူတူအတနဲ့ စွေကြည့်လိုက်ပြန်တော့ “ငတေ” ကိုမြင်ရတယ်တဲ့။ “ငတေ”မျက်လုံးကို လှန်ကြည့်ရင် “ငတွမ်” ကိုလည်း မြင်ရဦးမယ်။ “ငတွမ်” ရဲ့ ဘေးဘက်မှာ သီချင်းဆိုနေတာက “ငတို” တဲ့။ အဲဒီ ငါးယောက်ကို တအိမ်ထဲ ထည့်ထားလိုက်ရရင် ဘာတွေ ဖြစ်လာမလဲ။

Anonymous said...

ငတိ ဆိုတာ ဟို “ငတိ” လား ဟုတ်မှာပါ ကျနော်ထင်တဲ့ “ငတိ” ပါပဲ အဲ့ “ငတိ” က :)

ကလူသစ် said...

ဟိဟိ :)

ပါဂနာ said...

ငတိ အကြောင်း
စတိ ဖတ်တာနဲ့ သိနေသလိုဘဲ

ကဲ .. အကြည့် တွေမရောက်ခင်
အသိ နှစ်ယောက်နဲ့ အတူ
ဓနိ ရည်သောက် သွားလိုက်ဦးမယ်

အဟိ :P

pandora said...

ငတိကို ကလိသွားကြသူတွေအားလုံး ကျေးဇူးအထူးတင်ပါတယ်။

သက်ဝေ said...

ငတိ မသိ..
အဟိ..။
သိမှသိဘဲ.. အဟဲ..။