Sunday, September 7, 2008

ကိုယ်မပြောချင်တဲ့ ကိုယ့်အကြောင်း

မမကြီး မခင်မင်းဇော်က tag ထားတာပါ။ ကျောင်းတုန်းကတော့ ဒါမျိုးတွေ ရေးဖို့ အတတ်နိုင်ဆုံး ရှောင်တယ်။ ကိုယ့်အကြောင်း ရေးမယ့်အစား သူတို့အတွက် အမှတ်တရ စကားဖြစ်ဖြစ် ကဗျာလေးတွေဖြစ်ဖြစ် ရေးပေးတတ်တယ်။ သို့သော် အခုတော့ ချစ်ခြင်းအားဖြင့် ရေးလိုက်ပါတယ်။


နာမည် - ဒီမှာတော့ ပန်ဒိုရာပေါ့။
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မပန်၊ ပန်၊ ပန်ပန်၊ ပန်ဒို၊ ဒိုရာ၊ ပန်ဒိုရာ၊ ပန်ဒိုယာ၊ မမပန်၊ ချစ်မမပန်၊ မကြီးပန်၊ ဒေါ်ဂျီးပန်၊ ဒေါ်လေး၊ ဒေါ်ပန်လေး၊ မယ်ပန်၊ စသည်ဖြင့်…။
ကိုယ်ဒီမှာ နေတယ် - အိမ် ဆိုတဲ့ အရပ်မှာ မဟုတ်ဘူး။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဆက်ရင် မမူးနဲ့၊ မူးရင်လည်း မရစ်နဲ့။

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အစိမ်းကိုနှစ်သက်။ အဖြူကို ချစ်တယ်။ အနက် ၀တ်ဖြစ်တယ်။ ခုနောက်ပိုင်း အပြာတွေကို သဘောကျတတ်လာတယ်။ သို့သော် ပစ္စည်းမှာ မူတည်ပြီး သင့်တော်တဲ့ အရောင်ကို ရွေးတယ်။
အ၀တ်အစားဆိုရင် - ကာလံ ဒေသံမှာ မူတည်တယ်။ ပေါ့ပါးတဲ့ အချိန်လည်းရှိ စမတ်ကျတဲ့ အချိန်လည်းရှိ ပဲများတဲ့ အချိန်လည်းရှိ။

အစားအစာဆိုရင် - ရောက်ရာအရပ်မှာ ရှိတာကို ၀င်အောင်စားပါတယ်။ အသီးအရွက် နဲ့ ပင်လယ်စာ ပိုကြိုက်တယ်။ မြန်မာလို ချက်ပြုတ်တာကို ပိုကြိုက်ပါတယ်။
ပစ္စည်းဆိုရင် - လောလောဆယ်တော့ အီလက်ထရွန်းနစ် ပစ္စည်းတွေ အသစ်ပေါ်သမျှ လိုချင်နေတယ်။ မိန်းကလေးတိုင်း ကြိုက်တတ်တဲ့ ဖိနပ်တို့ လက်ကိုင်အိပ်တို့ ရေမွှေးတို့လည်း အမြဲ ကြည့်မိတာပါပဲ။ လောဘ လောဘ..။
သီချင်းဆိုရင် - အမျိုးအစား မခွဲပဲ ကြိုက်ပါတယ်။ (တကယ်က အမျိုးအစားတွေလည်း သိပ်မသိလှပါဘူး။) ခံစားချက်နဲ့ တိုက်ဆိုင်လာရင်တော့ ပိုကြိုက်တာပေါ့။ လောလောဆယ်တော့ Madonna ရဲ့ သီချင်းအေးအေး တပုဒ်ကို မကြာခဏ နားထောင်နေမိတယ်။
စာရေးဆရာ - ပြည်တွင်းရော ပြည်ပရော အများကြီးပဲလေ။
စာအုပ် - ဒါလည်း အများကြီးပဲ။ ရသစာထဲမှာ ဆိုရင်တော့ လောလောဆယ် စိတ်ထဲရောက်နေတာက တဂိုးရဲ့စာတွေရယ် စိတ္တရလေခါရယ်။
Life style - အေးဆေးနေချင်တာပေါ့။

ကိုယ့်ရဲ့ ၀ါသနာ - စာရေးခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း။ တောင်ခြစ်မြောက်ခြစ် ပုံဆွဲခြင်း။ အခုနောက်ဆုံး ၀ါသနာကတော့ ပင်လယ်ကမ်းခြေတွေမှာ ငေးမောခြင်း။
အလိုချင်ဆုံး လက်ဆောင် - ဘာမှမလိုချင်ဘူး။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ကိုယ်ကိုပဲ ဖြစ်နေသေးတယ်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ရှာဖွေနေတုန်းပဲ။
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - တစ်ယောက်ပြီး တစ်ယောက်။ (ဒီကမ္ဘာကြီးထဲမှာ ခင်စရာ ကောင်းသူတွေက ထပ်ထပ် တွေ့လာတာကိုး။)
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - ပန်ဒိုရီကတော့ အတိုင်းအတာ တစ်ခုအထိ နားလည်ကောင်း နားလည်ပါလိမ့်မယ်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မမုန်းမိအောင် နေနေတယ်။
ရင်အခုန်ဆုံး အချိန် - တာဝေးဝေးပြေးပြီးရင်။ ဟောဟဲ…။
အကြောက်ဆုံး အချိန် - သူတို့ ကိုယ့်ကို စိတ်ဆိုးမှာကို။
အပျော်ဆုံး အချိန် - သူတို့ကို ပျော်အောင် လုပ်ပေးနိုင်ချိန်။
အမှတ်တရနေ့ - တို့ကမေ့တတ်တယ်။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။

အချစ် ဆိုတာ - စေတနာ။ ရင်ထဲမှာပဲ ထားတဲ့အရာ။
အမုန်း ဆိုတာ - မကောင်းဘူး။
အလွမ်း ဆိုတာ - မြူတွေလိုပဲ။ လှတော့လှတယ်။
သံယောဇဉ် ဆိုတာ - ဖြစ်လွယ်ပျက်လွယ်။
ဘ၀ ဆိုတာ - ပေးထားချက်များကြားမှာ မသေခင် ရှင်သလောက် နေထိုင်ခြင်း။
သူငယ်ချင်း ဆိုတာ - တူတာတွေလည်းရှိ မတူတာတွေလည်းရှိ။
ချစ်သူ ဆိုတာ - ကိုယ်ကချစ်တဲ့သူ။
ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - ဘာမှမထူးဆန်းဘူး။
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဘာမှ လက်မစွဲချင်ပါဘူး။ လေးတယ်။
အပြောချင်ဆုံး စကားတခွန်း - စိတ်ကောင်းကောင်းထားပါ။



ပန်ဒိုရာ ဘာကောင်လဲ ဆိုတဲ့ ပို့စ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။



13 comments:

ခင်မင်းဇော် said...

ပန်ပန် ချစ်ခြင်းအားဖြင့် ကျေးဇူးပေါ့ကွယ်....

Anonymous said...

“ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဘာမှ လက်မစွဲချင်ပါဘူး။ လေးတယ်။” တဲ့
လေးစားပါတယ်ဗျာ။ လွတ်မြောက်ချင်စိတ်မှာ အကျဉ်းကျနေသူများအား ထိုစကား ဝေငှလိုပါသည်။

Moe Cho Thinn said...

ဘာမှ မထူးဆန်းတာကပဲ ထူးဆန်းနေပါတယ်။
သဘောကျတယ် ညီမပန်ပန်ရေ။

nu-san said...

မပြောချင်တဲ့ မပန်အကြောင်းတွေ လာဖတ်သွားတယ်.. :)

Anonymous said...

မပန်ရေ ကိုယ့်ကိုယ်ကိုက လွဲရင်ကော ဘယ်သူ့ကို အချစ်ဆုံးလဲ။ (ရစ်ကြည့်သည်။)

စူး said...

သံယောဇဉ် ဖြစ်လွယ်ပျက်လွယ်တဲ့..တရားမှတ်တာလား မပန်..
ဟီးဟီး

တန်ခူး said...

ပန်ရေ…သူတို့ ဆိုတာ ဘယ်သူတို့ လဲဟင်… အချစ်ဆိုတာ စေတနာတဲ့လား… လှတယ်… ငြိမ်းချမ်းတယ်… ဆုတောင်းလေးကတော့ အကောင်းဆုံး…

winlatt said...

အင်း...
မပြောချင်လို့ဘဲနော်...
အခုမှဘဲသိရတော့တယ်...
မှတ်ထားလိုက်မယ်နော်...

Thet Oo said...

ပင်လယ်ကိုငေးကြည့်နေတတ်တယ်ဆိုတော့ “ပင်လယ်နှင့်တူသော မိန်းမ” များလား...

Anonymous said...

ဒေါ်လေးအကြောင်းလာဖတ်တယ် စိတ်ကောင်းကောင်းထားပါတယ်ဂျား) ဘာမှမဆွဲချင်ရင် ကူလီခေါ်လေ ကျနော်လည်းဝိုင်းဆွဲပေးမယ် ၀ယ်ပြီးမစားဖြစ်တဲ့ ပေါင်မုန့် တော့ ကျွေးနော့် ။

တားမြစ် ထားသော... said...

“ဘ၀ ဆိုတာ - ပေးထားချက်များကြားမှာ မသေခင် ရှင်သလောက် နေထိုင်ခြင်း။”

ပေးထားချက်နဲ့ မသေခင်ကြား
ဖက်တာ(factor)တွေက
များမှများ။

SuN said...

အစားအစာဆိုရင် - တနေ့သောအချိန်က တစုံတယောက်သော အိမ်ကို မပြောမဆိုနဲ့ ရောက်လာတဲ့ လူ၃ယောက်၊ မူတူးကာရီက ထမင်းတွေဟင်းတွေကို အ၀စားတဲ့နေ့ က ပုဇွန်ဟင်းလေးလေ... အရမ်းကောင်းတာပဲသိလား။ .. ဟီးး အဲ့ဒါလေးကိုလွမ်းတယ်။ ဟီးးးးး

pandora said...

မခင်မင်းဇော်.. ယူအာဝဲလကမ်းပါ
မာရေးသျှင်... လွတ်မြောက်ချင်စိတ်မှာ အကျဉ်းကျနေသူများ ဆိုတဲ့စကား ကြိုက်သွားပြီ
မမိုးချိုသင်း မနုစံ ကျေးဇူးပါနော်
ပုံရိပ်... ကိုယ်ကလွဲရင်တော့သူတို့ပေါ့ ဟုတ်ဘူးလား
မမြတ်နိုး... တရားနဲ့ဖြေတာပါလေ
မတန်ခူး... သူတို့ဆိုတာ သူတို့တွေပေါ့ မတန်ခူးရယ်
ကိုဝင်းလတ် ...ဟုတ်ကဲ့ မှတ်ထားနော်။
ကိုသက်ဦး... မိန်းမတိုင်းက ပင်လယ်နဲ့တူတာ မဟုတ်ဘူးလား
မောင်မျိး... တကယ်ဝိုင်းဆွဲပေးမလား
တားမြစ်ထားသော... စဉ်းစားစရာပါ
sun နောက်တခါဆိုရင်
လာဖတ်ကြတာကျေးဇူးနော်