
စိတ်မပါလက်မပါ ညနေခင်းတွေ
ဘာအရည်နဲ့မှ ဖျော်စပ်လို့မရ
ပျစ်ခဲနေတဲ့ဆေးတွေဟာ
တိမ်တွေကိုခြယ်လို့မရဘူး။
အမျိုးအမည်မသိ-မရှိ ငှက်တစ်ကောင်
သူပျံလိုရာကို ပျံသွားတာကို ငေးရင်း
ကြားဖူးတဲ့ ပုံပြင်တွေထဲက
နတ်သမီးကိုလည်း လိုက်မရှာတော့ပါ။
မပြတ်မြည်နေတဲ့ တယ်လီဖုန်းတစ်လုံးက
အင်အားကုန်လို့ အခန်းထောင့်မှာ ငြိမ်ကျသွားတယ်။
အပြင်လောကနဲ့ မိမိ
ပြတင်းပေါက်တစ်ပေါက်စာ ကွာဝေးနေချိန်
နေရောင်ဖျဖျက တိုက်တာခေါင်မိုးတွေထဲ တဖြည်းဖြည်းပျော်ဝင်နေတယ်။
ကြုံးဝါးကြွေးကြော်သံများ ဆိတ်သုဉ်းလျက်ရှိသော
တယောအိုတစ်လက် တအီအီမြည်တွန်နေသော
လူသွားလမ်းဘေးဝယ် တရွတ်တိုက်မျောပါနေသော
စားပွဲပုလေးပေါ် မေးတင်ငိုက်မျဉ်းနေသော
ကြေမွတွန့်ခေါက် ညနေခင်းကလေးကို
ကောက်ကိုင်လိုက်မှ ဖြတ်ခနဲ အက်ကွဲသွားလေတယ်။
ပန်ဒိုရာ
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
1 day ago





12 comments:
စိတ်ပါလက်ပါ ညနေခင်းများ ရောက်ရှိပါစေခင်ဗျားးးး
၁ နဲ့ ၁ ပေါင်းတဲ့အခါ ၂ မရဘူးလို့ သင်ကြားရတဲ့အချိန်မှာ သင်္ချာပညာကို စိတ်ကုန်သွားခဲ့ဖူးတယ်... အတတ်ပညာတခုမှာ ဘာလို့ အဲလိုမျိုး မာယာတွေ များနေတာလဲ- လို့တွေးခဲ့ဖူးတယ်... ဒါတောင် သိပ္ပံဘာသာ တခုနော်... ခုတော့ လောကကြီးကို စိတ်မပါ လက်မပါ... ဘာတခုမှ မပါပဲနဲ့ ပွေ့ဖက်နေခဲ့ရတာ ဆိုတော့... ညနေခင်းတွေနဲ့ပါ ထပ်တွေ့လိုက်ရတဲ့အခါ .... ... ...
ဘာပဲဖြစ်ဖြစ် ရွှေရောင်တောက်ပသော ညနေခင်းများကို မပန် စိတ်ပါလက်ပါ ပွေ့ဖက်ခွင့်ရပါစေ...
စိတ်မပါတဲ့ ညနေခင်းတွေပေမယ့်
စိတ်ပါလက်ပါဖတ်သွားခဲ့ပါတယ်...
ပန်ရေ...
စိတ်ပါလက်ပါ မရယ်မောရတာလဲကြာပါပေါ့
မပန်ရေ
မပန်ရဲ့စာတွေကို စောင့်နေတာကြာပြီ
ခုလဲ စိတ်ပါလက်ပါ လာဖတ်ပါတယ်။
ပျောက်နေတာ ကြာတဲ့ မ ဆီက လှလှပပထွက်လာတဲ့ ကဗျာလေးကို စိတ်ပါဝင်စားအားပေးသွားပါတယ်။
ကြေမွတွန့်ခေါက် ညနေခင်းကလေးကို
ကောက်ကိုင်လိုက်မှ ဖြတ်ခနဲ အက်ကွဲသွားလေတယ် တဲ့
မပန်ရေ..
ကဗျာလေးကောင်းတယ်..
ညနေခင်းတွေက
အထိမခံတတ်ဘူး
အထားလည်းမခံဘူး
ပုံစံမပျက် ကွဲအက်ကြေမွနေသော
ညနေခင်းများးးးး
I really like it...Thank you Ma Pan..
Takecare your helth too.
ဘာပြောရမှန်းတောင်မသိတော့ပါဘူး...
ကိုယ့်မှာလဲ အဲဒီလို စိတ်မပါ လက်မပါ ညနေခင်းတွေ ရှိနေတယ်...။ စိတ်မပါလို့ ဒီအတိုင်း ပစ်ထားလို့မရ... တာဝန်အရ မဖြစ်မနေ လှုပ်ရှားနေရတဲ့ ညနေခင်းတွေရောပဲ...
အဲ... ကောက်တော့မကိုင်ရဲဘူး... ကွဲသွားမှာ စိုးလို့...။
စိတ်မပါလက်မပါညနေခင်းတဲ့လား..
ဘ၀တွေကိုက စိတ်ပျက်စရာပြဌာန်းတတ်ခဲ့လေတော့..
သစ္စာနဲ့မေတ္တာဟာလည်း ရွှေမန်းသဘင်နဲ့ မော်တော်ဘုတ်လောက်သာ ရှိတတ်ခဲ့ပြီလေ..
ဒီတော့ ညနေခင်းဟာလည်း ကွဲအက်ကြေမွခြင်းမှာ တကယ့်ကို....တကယ့်ကိုပါဘဲ စိတ်မပါလက်မပါပေါ့..
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အက်ကွဲသွားတဲ့ ညနေခင်းကို စိတ်မပါလက်မပါနဲ့ ပဲ ထိုင်ကြည့်နေမိတော့တယ် ။
မရေ... စိတ်ပါလက်ပါနဲ့ကို ခံစားသွားပါတယ်။
အေးချမ်းသူ
Post a Comment