
နေ့ကောင်းရက်သာများ
သမ္မာဒေ၀တို့က ဓမ္မကို စောင့်လာသည့်နေ့
ရေပြင်ထက် ပေါလောပေါ်နေသော ကျောက်ဖျာများ နစ်မြုပ်နိုင်မည့်နေ့
ကြက်ဆူပင်တို့ ခေါင်းမဖော်ဝံ့ဘဲ အနှစ်ရှိတောများသာ မင်းမူမည့်နေ့
နာသည်ကို နာသည်ဟု ပြောနိုင်မည့်နေ့
ဆာသည်ကို ဆာသည်ဟု ပြောနိုင်မည့်နေ့
ဘုရားက ဘုရားနေရာ မျောက်က မျောက်နေရာ
ခြင်္သေ့က ခြင်္သေ့နေရာ ဖားသူငယ်က ဖားသူငယ်နေရာ
ထို့သို့အစီအစဉ်တကျဖြစ်ရန် ဦးတည်လာမည့်
နေ့ကောင်းရက်သာများဝယ်
တွေ့ဆုံချင်ပါသည် ဟု ဆိုလိုခဲ့သည်။
ပန်ဒိုရာ
တရုတ် စတိုင် ဝက်သုံးထပ်သားပေါင်း (Braised pork belly)
-
ဒီနေ့ ဒင်ဒင်ကတော့ တရုတ်ဆိုင်တွေမှာ စျေးကြီးပေးဝယ်စားရတဲ့ Braised Pork
Belly ဝက်သုံးထပ်သား ပေါင်းပေါ့။အလွန်အင်မတန်မှ စားကောင်းလို့ ဘော်ဘော်တွေ
လုပ်စားရအောင...
1 week ago





17 comments:
နေ့ကောင်းရက်သာများ မကြာမတင်ရောက်ပါစေခင်ဗျာ
ပန်..............
တို့ခေတ်ရောက်မည်မလွဲပါ.....တဲ့
နေ့ကောင်းရက်သာရောက်..မှ...
ခြေဆန့်လက်ဆန့် ထွက်ကြတာပေါ့လေ...
ဟုတ်လိုက်လေ..။ ".. မျောက်တို့ မည်သည် ဘုရားဦးခေါင်းတော်ပေါ် တက်နေလဲ သန်းရှာနေတတ်သည်.." ဆိုတော့ ခက်သားလားဗျာ။
နေ့ကောင်းရက်သာတွေက လူကောင်းသူကောင်းတွေရဲ့ရှေ့ကို ရောက်လာရဦးမှာပေါ့ မပန်ရေ...
ကျန်းမာရွှင်လန်း ပျော်ရွှင်အဆင်ပြေနိုင်ပါစေဗျာ
တောင်းတဲ့ဆုနဲ့ ပြည့်ချင်လှပါပြီ..။
တည့်တည့်ပစ်တဲ့ စကားမြားတွေက လှတယ်...
သမ္မာဒေ၀တွေလည်း lay-off မိတတ်လေသလား စဉ်းစားနေမိပါရဲ့ဗျာ...
နေ့ အမြန်ကောင်းလို့  ရက်အမြန်သာပါစေသား ပန်ရေ…
excellent ပေးခဲ့ပါတယ်။
အဲဒီနေ့ကောင်းရက်သာများကို မသေခင် ကြုံဖူးချင်လှတယ်။
နေ့ကောင်းရက်သာ မြန်မြန်ရောက်ချင်လိုက်တာ။
ဘုရားက ဘုရားနေရာ မျောက်က မျောက်နေရာ
ခြင်္သေ့က ခြင်္သေ့နေရာ ဖားသူငယ်က ဖားသူငယ်နေရာ
ဟုတ်ပါ့ အခုတော့နေရာတွေမှားနေတယ် နေ့ကောင်းရက်သာရောက်ချင်ပြီး
:)
wish for all to get pleasure days.
ကဗျာလေးကို ကြိုက်တယ်...
နေ့ကောင်းရက်သာ ဆိုတဲ့ စကားလုံးလေးကိုလဲ ကြိုက်တယ်...
ကဗျာက ကောင်းလှချည်ရဲ့ ညီမမပန်ရေ ကောင်းသောရက်ကို အကိုတို့တော့ လျှောက်ရင်း လှမ်းနေတာပါပဲ။
အမိန့်အရ ခေါင်းမညိတ်ရသောနေ့ 
သူခိုးက လူပြန်မဟစ်နိုင်သောနေ့ 
ကြေးက ကြေး ရွှေက ရွှေဖြစ်သောနေ့ 
ဘောင်းဘီ၀၀တ်သော မျောက်တို့ မကြီးစိုးနိုင်သောနေ့ 
ဘကြီးအောင် မညာသောနေ့ 
ထိုနေ့  ငါတို့ နေ့ ..
နေ့ ကောင်းရက်သာများသည် ကောင်းသောနေ့ များနှင့်သာယာသောရက်များကို ဆိုလိုခဲ့သည် ။
Post a Comment