
The Horizontal Rule
အကန့်အသတ်ဟာ ပေါလောမျောပါသွားတယ်
ခြေထောက်တွေ အထက်အောက် မရွေ့ဘဲ
အမြင်အာရုံက မရပ်မနား လိုက်ပြေးနိုင်ခဲ့
အုပ်မိုးလွှမ်းခြုံခြင်းဖြင့် ကျေးဇူးပြုတယ်
ခင်းကျင်းထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုတယ်
အဲဒီ အလွှာနှစ်ထပ်အလယ်မှာ
မြေကိုကျောခင်း မိုးနဲ့မျက်နှာချင်းဆိုင်ရင်း
ငါ သင်ယူနေတာပေါ့
အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက်ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။
ပန်ဒိုရာ
အနားမှာ လိပ်ပြာလေးရောက်မလာတော့တဲ့အခါ....
-
ခုရက်ပိုင်း စိတ်ပျော်မနေဘူး.....။ ဝမ်းနည်းသလိုလို ဘာလိုလိုတွေဖြစ် တခါတလေ
မျက်ရည်တွေ ပိုးပိုပေါက်ပေါက်ကျတဲ့အထိငိုသေး ကျန်းမာရေးကြောင့်လည်းပါတယ်..။
ခြေလ...
2 days ago





8 comments:
ကမ္ဘာကြီးက လုံးနေတော့ ရေပြင်ညီမျဉ်းတွေ
ကွေးနေသလားလို့ စဉ်းစားမိတယ် ....း)
“အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက်ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။”
မလိုလားအပ်တဲ့ မာန်မာနတွေကို ထောက်ပြနေသလိုပဲ...။
ကဗျာကို ဖတ်နေတာ ခဏ ခဏရှိပါပြီ...
ဒါပေမယ့် နားမလည်ဘူး...
ဆွဲထားတဲ့ ပုံလေးကိုတော့ တကယ် သဘောကျမိတယ်... အရောင်တွေ တဖြည်းဖြည်းချင်း ပြောင်းသွားတာ ပြေပြေလေး... သိပ်လှတယ်...
မသက်ဝေနဲ့ တူတူပဲ သိလား။
ဒီကဗျာကို ပန်ပန် တင်တင်ချင်းကတည်းက လာဖတ်တယ်။
ကွန်မန့်ရေးဖို့ ကြိုးစားတယ်။
နောက်ဆုံး ဘာမှထွက်မလာလို့ ပြန်သွားတယ်။
နောက်ထပ် လာဖတ်ရင်း သူများကွန်မန့်တွေ ဖတ်ကြည့်တယ်။
ရေးဖို့ ထပ်ကြိုးစားတယ်။ ထူးမခြားနားပဲ။
ခုတော့ မသက်ဝေနဲ့ အဖော်ရလို့ ၀မ်းသာအားရ ၀င်ရေးလိုက်တာ။
ကဗျာက သိပ်မြင့်လွန်းတော့ လိုက်မမီဘူး ပန်ပန်ရေ ... ။
ဒါနဲ့ မသက်ဝေ ပုံလေးဆွဲပေးထားတာ သဘောကျလို့ ပန်ပန့်ဆီ ပုံအပ်ချင်စိတ် ပေါက်လာတယ်။ :)
မိုးကုပ်စက်ဝိုင်း...
ဒေါင်လိုက်...
အလျားလိုက်...
ဥပဒေသ...
အရောင်တွေကျတော့
စဉ်းစားစရာကို မလိုတော့...
It should be ... The Horizontal rules all... :)
မှတ်ချက်များ ကျေးဇူးပါ။ ဘာရယ်မဟုတ်.. လဲလျောင်းရင်း မိုးကောင်းကင်ကြီးကို မော့ကြည့်မိတဲ့အခါ ဖြစ်လာမယ့်အတွေးတွေပါ။
မမေ.. ပုံတူအပ်ချင်ရင် ပို့လိုက်ပေါ့ ;)
အားပါး ... မိုက်တယ်ဗျ ....
အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက်ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။
ဒေါ်ပန်.. ဒီကဗျာကို ကြိုက်တယ်.. : )
Post a Comment