သြဂုတ်လ ၃၁ ရက် (3108) နေ့ကို ရောက်တော့မယ်။ ဒီနေ့ကိုရောက်တိုင်း 3l0gDay - ဘလော့ဂ်ဒေးကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေ ကျင်းပကြတယ်။ ဘလော့ဂ်အဟောင်းတွေက အသစ်တွေကို ကြိုဆိုမိတ်ဆက်တဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးကြလေ့ ရှိပါတယ်။ ပန်ဒိုရာကတော့ တခြားဘလော့ဂ်တွေကို လည်ပတ်သွားလာမှု နည်းပါးတဲ့ ဘလော့ဂ်အသစ်တွေကို အဓိကထား မိတ်ဆက်ပေးချင်ပါတယ်။
http://kyiaye-literature.blogspot.com/
ဆရာမကြီးဒေါ်ကြည်အေးရဲ့ စာပေလက်ရာတွေကို စုစည်းထားတဲ့ ဘလော့ဂ်ပါ။
http://wirahtetnaung.blogspot.com
ဝီရထက်နောင်ရဲ့ It's all about ART ကဗျာဘလော့ဂ်လေးပါ။
http://thatoe99.blogspot.com/
သတိုးရဲ့ စိတ်ကူးအတောင်ပံများ တဲ့။ သြဂုတ်လကမှ စတင်တဲ့ ဘလော့ဂ်လေးတစ်ခုပါ။ဘ၀သရုပ်ဖော် ၀တ္ထုတိုလေးတွေ ရေးထားတာကို တွေ့ရပါတယ်။
http://minsoeyarpoem.blogspot.com/
ပိတောက်ပွင့်သစ်မဂ္ဂဇင်း မှာ "နေကောင်းလားကောင်းကြီး" ဆိုတဲ့ နင့်နင့်နဲနဲ ကဗျာလေးကို ရေးခဲ့တဲ့ မင်းစိုးရာ ရဲ့ "ကျွန်တော့်ကဗျာ ကျွန်တော့်ကမ္ဘာ" ကဗျာဘလော့ဂ်ပါ။ သူကတော့ ဒီနှစ် ဇန်န၀ါရီလလောက်ကတည်းက ဘလော့ဂ်စရေးခဲ့တယ်။
http://turnonideas.blogspot.com/
နေ့စဉ်ဖြတ်သန်းရတဲ့ ဘ၀တွေကို ရိုးရိုးလေး ထင်ဟပ်စေတဲ့ ဘလော့ဂ်လေးပါ။
အခုလို ညွှန်းပြီးတဲ့အခါ ထုံးစံရှိတဲ့အတိုင်း BlogDay web site ကို ဒီလို လင့်ခ် ပေးလိုက်ပါတယ်။ http://www.blogday.org
အားလုံး ပျော်ရွှင်အေးချမ်းစွာ ဘလော့ဂင်းနိုင်ကြပါစေ။ :)
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
2 weeks ago
12 comments:
အားလံုးထဲက
http://turnonideas.blogspot.com/ တစ်ယောက်ရဲ့ ဘလော့ကိုပဲသိသေးတယ် သူ့ဘလော့ကိုတော့တစ်နေ့ကမှရောက်ပြီး ဖတ်ရတာ သဘောကျတာနဲ့ လင့်ထားလိုက်တယ် ။ ကျန်ဘလော့တွေကိုလည်း သွားလည်ကြည့်အုံးမယ် ။ ဒီပို့စ်လေးကိုတွေ့တော့ ကိုယ်ဘလောရေးကာစတုန်းက ဘလော့သွေးကြွနေတဲ့ အချိန် မ99 က ကြော်ငြာပေးထားတာတွေ့တော့ ပျော်တဲ့ အပျော်ကို သွားသတိရမိတယ် ။ကျေးဇူး ဒေါ်လေး ဘလော့ဒေး အမှတ်တရ အတွက်း)
ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ အရေးတော်ပုံအောင်ရမည် ( ဘာမှလည်း ဆိုင်ဘူး ဟိဟိ )
အန်ကယ်ကျောက်ကတော့ ကိုယ်လဲအသစ်က စတာပဲမို့
ဘလော့အသစ်လေးတွေ သွားပြီးအားပေးတတ်တာပဲ
(အဟဲ...ဒီလိုကြီးကြီးကျယ်ကျယ် သာလျှောက်ပြောတာ..
ကိုယ့်ဘလော့က အခါတောင်မလည်သေးဘူး.....)
ပြောရရင် ကဗျာကိုတော့ ကိုယ်က ငယ်ငယ်က ဆိုတဲ့ မယ်သီလရင်သေးပေါက်ချင်..နန်းတော်အောက်ကိုဝင်......
လောက်ပဲသိတာဆိုတော့ ကဗျာဘလော့ဆိုရင် ထပ်မရောက်ဖြစ်တာများတယ်..ခုတော့ ကျန်းမာရေးအခြေအနေအရ သွားနေကြတွေဆီပဲရောက်ဖြစ်ပြီး အသစ်တွေကို မရောက်ဖြစ်တော့ဘူး.. တချို့ကို မကြားဖူးလို့ အသစ်ထင်လို့သွားတာ ကိုယ့်ထက်တောင်ဟောင်းနေလို့ ပြန်ပြေးလာခဲ့ရသေး..အင်း..သူတို့က စာရေးကြဲလေတာကိုး
တို့လဲ ဘလော့ဂင်းတာ ၄-နှစ်ပြည့်ပြီ။ :)
ဟုတ်ကဲ့ မြန်မာပြည်ကိုချစ်သူ ကျနော်ပါပဲ။
ဘလော့ဂ်မိတ်ဆက်အတွက် ကျေးဇူးပါ အစ်မပန်ဒိုရာ။
HAPPY 310g Day!!! :))
တို့အစ်မကြီးက စီနီယာ ပီသတယ် ... အမြဲတမ်း အသစ်တွေကို မိတ်ဆက်ပေးတယ်။။။ :)
မင်းစိုးရာရဲ့ အက်ဆေးတွေ၊ ကဗျာတွေ အပြည့်အစုံသာ သူ့ဘလော့ဂ်မှာ တင်လိုက်ရင် သူတို့ ရွတ်ဆိုခဲ့တဲ့ တိပ်သားအကျိုးကြေ ကဗျာတွေလို သူ့ဘလော့ဂ်လေး ကြေမွသွားလေမလားပဲ။
မိတ်ဆက်ပေးတဲ့ဘလော့တွေကူးသွားတယ်နော်
Happy Blog Day Pan Pan:)
မသွားဖူးသေးတဲ့ ဘလော့ဂ်အသစ်တွေ သွားလည်လိုက်ပါ့မယ်....
ဘလော့ဂ်ဂါ အသစ်လေး ချစ်ကြည်အေးကိုလည်း ကြော်ငြာပေးဦးလေ...ဟဲ ဟဲ :P
ဆရာမ
သူများဘလော့လည်း မိတ်ဆက်ပေးဦးလေ....
း)
ကျွန်တော်တို့မြန်မာစာပေ လောက ( မြန်မာမဂ္ဂဇင်း လောက) မှာ အယ်ဒီတာနဲ့ ရင်းနှီးသူ ၊ ထုတ်ဝေသူတဲ့ ပတ်သက်သူ၊ နာမည်ကြီးသူနဲ့ ပတ်သက်သူတွေနဲ့ ရင်းနှီးသူတွေရဲ့ စာတွေ၊ကဗျာတွေကို မဂ္ဂဇင်းပေါ်မှာ ပုံနှိပ်ဖော်ပြခွင့်ရကြတယ်။ တချို့စာရေးသူ ၊ စာရေးသက်ရှိသူတွေကလည်း သူတို့လောက်ပုံနှိပ်စာလုံးအနေနဲ့မဖော်ပြဖူးတွေကိုချဲတာတွေလည်း အမြဲရှိနေခဲ့တာပဲ။ အဲသည့်ရေစီးကြောင်းထဲကမဟုတ်ဘဲ ဘလော့ပေါ်ကနေကိုယ်ရေးသားထားတဲ့ စာ၊ကဗျာကိုဖော်ပြခွင့်ရလာတာ သိပ်အားသာတဲ့အချက်တစ်ခုလို့ဘလော့တွေဖတ်ရင်းခံစားရတယ် ။ မဂ္ဂဇင်းပေါ်မှာရေးသားခွင့် အနေအထား၊ အသော်ရတီ --အဟွတ်-အဟွတ် ရသူတွေက လည်း ဘလော့ဂါတွေကိုဆော်ကြတယ်။ နှိမ်ကျတယ်။လက်သစ်၊ တဲလန့်တက်--အဟွတ်-အဟွတ်--ပေါ့လေ။ကိုယ်ပြောချင်တာကိုလည်း တခြားလူ၊နာမည်ကြီး စာရေးဆရာ၊သမိုင်းဆရာတို့ရဲ့လေနဲ့လည်းကူးချပြီးပြောလို့ရတဲ့ အခွင့်အရေးလည်းရှိတယ်။ ကက စဆည။စဆဆဆည။ပုံစံနဲ့ကဗျာရေးရင် နောက်ထပ်ကကစဆည။ ဆဆဆည ပုံစံကဗျာတွေလိုက်ရေးပြီး၊ အဲသလိုမရေးသူတွေကိုဝေဖန်ကျ--အဟွတ်-အဟွတ်။ဒါပေမယ့် ဘလော့ဖတ်ရတာပျော်ဖို့ကောင်းပါတယ်။ဘလော့ရေးသူများစာများဆက်လက်ရေးသားနိုင်ပါစေလို့ဆုတောင်းလိုက်ပါသည်။
မပန်ပြောပြတဲ့ ဘလော့တွေကို လင့်ခ်ချိတ်
ပြီးကြောင်းပါ ....း)
[URL=http://www.giantbomb.com/profile/dddttd/blog/#] chapmans volkswagen bellevue
[/URL]
Post a Comment