အားလုံးသိကြတဲ့အတိုင်းပဲ စွယ်တော်ရိပ်သင်္ကြန် ဆိုတာက ယိမ်းအက၊ ပြဇာတ်၊ ခေတ်ဟောင်း၊ခေတ်ပေါ် သီချင်းများ ၊ အငြိမ့်သဘင် စတဲ့ အစီအစဉ်မျိုးစုံနဲ့ အစဉ်အလာ ကြီးမားတဲ့ ပွဲတစ်ခုပါ။ မျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တာ ယခုနောက်ဆုံးမျိုးဆက်များထဲက မင်းသမီးရွှေဇင်မ၊ ၀င်းဝင်းကြည်၊ ဇင်မာဝင်း၊ လူရွှင်တော် ပူလီ၊ သြဘာ၊ ဓာတ်ကြိုး၊ ချိန်သီး အစရှိတဲ့ အဖွဲ့သားတွေ ဆိုရင် ဒီကျွန်းပိစိမှာတော့ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ နေတိုး၊ ပြေတီဦး၊ လူမင်း၊ ဟိန်းဝေယံ တို့အလား နာမည်ကြီး ဆယ်လီဗျစ်တီတွေမို့ သွားလေရာမှာ ပရိသတ်က အော်တိုစာအုပ် လက်မှတ်ထိုးခိုင်းကြ၊ ပါပါရာဇီတွေက ဓာတ်ပုံလိုက်ရိုက်ကြတဲ့ အထိပါပဲ။ ဒါကြောင့် သူတို့ဟာ ပင်နီဆူလာပလာဇာလို မြန်မာတွေ စည်ကားရာ နေရာမှာဆိုရင် မျက်မှန်မည်းတပ်၊ ဦးထုပ်ငိုက်ငိုက်ဆောင်း၊ ဆံပင်တု နှုတ်ခမ်းမွှေးတုတွေ တပ်ပြီး သွားလာရပါတယ်။
မနှစ်က သားတရားစီရင်ခန်း ပြဇာတ်ဆိုရင်လည်း အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ အထိ သတင်းပေါက်သွားပြီး ထွားမေအဖြစ် သရုပ်ဆောင်တဲ့ ဓာတ်ကြိုးနဲ့ မိန်းမလည်သိန်းကြွယ်အဖြစ် သရုပ်ဆောင်တဲ့ လူရွှင်တော်သြဘာတို့ကို အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအဖြစ် ဘယ်သူ့ရွေးရကောင်းနိုးနိုး ဆုံးဖြတ်ချက်မချနိုင်လို့ နောက်ဆုံးတော့ အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီဆုကို မပေးဖြစ်လိုက်တော့ဘူး လို့လည်း သတင်းကြားလိုက်ပါတယ်။
အခုလည်း စွယ်တော်ရိပ် ၂၀၁၁ မှာ ဘာအစီအစဉ်တွေနဲ့ တင်ဆက်ဦးမှာလဲ လို့ ပရိသတ်က စောင့်မျှော်နေကြမှာပါ။ ဘာကိုမှ ထိန်ချန်မရတဲ့ အင်တာနက်ခေတ်ကြီးမှာ ဖေ့စ်ဘွတ်ခ်လိခ် ကတဆင့် စွယ်တော်ရိပ်ရဲ့ အစီအစဉ်များလည်း ပေါက်ကြားသွားရပါပြီ။
ငလက်မပြဇာတ်
စွယ်တော်ရိပ်ရဲ့ လူရွှင်တော်လေးယောက်က ငလက်မ လူသေးသေးလေးတွေအဖြစ် သရုပ်ဆောင်မယ့်  ပြဇာတ်ဖြစ်ပါတယ်။ Gulliver's Travels ရုပ်ရှင်ကလည်း ရုံတင်နေတယ်မဟုတ်လား။ ပရိသတ်များ မှန်ဘီလူးယူသွားဖို့ လိုနိုင်ပါတယ်။ ဇာတ်စင်ပေါ်မှာ လူကိုသေးအောင် နည်းပညာအားဖြင့် ဘယ်လိုချုံ့လိုက်မလဲဆိုတာလည်း အတော် စိတ်ဝင်စားစရာပါ။ အောက်က ပိုစတာကိုကြည့်ပါ။ ဖလားအရွယ်အစားနဲ့ လူရွှင်တော်လေးယောက် အရွယ်အစားကိုသာ ယှဉ်ကြည့်လိုက်ပါ။
ရေလွှာလျှောစီးအက
ဒါကလည်း စိတ်ဝင်စားစရာပါ။ ဘယ်လို ဆက်တင်မျိုးနဲ့ တင်ဆက်လေမလဲ။ ကျွန်းပိစိရဲ့ ရှားပါး ဂန္ထ၀င် ဇာတ်ရုံတစ်ရုံ ဖြစ်တဲ့ ခရီတာအေရာ ဇာတ်ရုံဟောင်းကြီးကို ဆေးကြောပေးချင်တဲ့ စေတနာလည်း ပါမယ်လို့ ယူဆရပါတယ်။ ရှေ့တန်းက အားပေးမယ့် ပရိသတ်တွေ ထီး မိုးကာ ယူသွားဖို့ လိုနိုင်ပါတယ်။ အောက်ကပိုစတာကိုကြည့်ပါ။ လူရွှင်တော်တွေ မင်းသား မင်းသမီးတွေ ရေလွှာလျှောစီးနေကြပါတယ်။
အထက်ပါ အချက်အလက်များကို အတည်ဟု မမှတ်ယူစေကြောင်း သတိပေးလိုက်ရပါတယ်။ (ဤကား X ထုံ တို့အတွက် ဖြေရှင်းချက်။း))
ဧပြီလ ၉ ရက် စနေနေ့ ညနေ ၄ နာရီ ၄၅ ကနေ ည ၁၀ နာရီအထိ စင်ကာပူနိုင်ငံ Kreta Ayer People’s Theater မှာတင်ဆက်မယ့် စွယ်တော်ရိပ်သင်္ကြန် ၂၀၁၁ အတွက် လက်မှတ်များကို စတင်ရောင်းချပေးနေပြီ ဖြစ်ပါကြောင်း စေတနာရှေ့ထားလို့ ကြော်ငြာဝင်ပေးလိုက်ပါတယ်။း)
စွယ်တော်ရိပ် ၂၀၁၀ ကြည့်ခဲ့စဉ်က ရေးဖြစ်ခဲ့တဲ့ ပို့စ်တစ်ခုကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ပန်ဒိုရာ
ဓမ္မအထွေထွေမှတ်စုများ.....(၃၁)
-
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစ...
2 days ago
5 comments:
ကြော်ငြာကောင်းတော့လဲ ကြည့်ရသေးတာပ...း))
ပထမဆုံး ကော်မန့်ရေးတဲ့သူကို လက်မှတ် Discount ပေးမလားဟင်...
ပထမဆုံး ကော်မန့်ရေးသူကို ၃ စောင်ရောင်းမယ်နော် :P
မနှစ်က မကြည့်လိုက်ရဘူး။ အခွေထွက်လာတော့ ပြဇာတ်က ပါမလာဘူး။ စွယ်တော်ရိပ်ပြဇာတ်ကတော့ နှစ်တိုင်းဆင်ဆာထိတယ်နော်... ပန်ပန်ကြော်ငြာကောင်းလို့ ဒီနှစ်တော့ ကြည့်ဖြစ်အောင်ကြည့်မယ်။
အခွေထွက်လာရင်ကြည့်ပါရစေခင်ဗျာ..(မှတ်ချက်။ ။မေတ္တာလက်ဆောင်အခွေ သာလျင်အားပေးတတ်ပါကြောင်း)
ပန်ပန်တို့များ..
နာမည်တပ်ပြီးကို စော်ကားတာပဲ..
Xထုံ
Post a Comment