တိတ်တခိုးဆိုတဲ့ နာမည်နဲ့ ကဗျာတွေ အများကြီးရှိကြတဲ့ အထဲက တစ်ပုဒ်လို့သာ မှတ်လိုက်ပါနော်။
(မလေး အတွက်..)
တိတ်တခိုး
တကယ်တမ်းမတော့
မရွယ်ပန်းတစ်ပွင့်ပန်ဆင်။
အလှမ်းပြင် ဘ၀င်ဇောရယ်နဲ့
မနွမ်းခင် လိုချင်မောပါပေါ့
စောစောကသာမြင်လိုက်ချင်။
ကိုယ့်ဘ၀ကိုယ်ဆင်ခြင်
မျှော်မြင်ကာ ဘ၀င်ကျရသူမို့
တော်ဝင်စရာ ဟိုပင်အလှဆီက
သခင့်ဘ၀နှင့်မတန်သေး။
အလှမ်းသင့်ရာ
ပန်းတစ်ပွင့်သာ တော်သလို ဆွတ်ပြီးသူမို့
ညွတ်မိသူသခင်အရိပ်မှာ
တိတ်တိတ်အသာရှိုက်ရတယ်
ရင်လှိုက်ကာမွှေး။ ။
ပန်ဒိုရာ
၉၊၁၁၊၂၀၀၆
Superstitious အယူသီးခြင်း (အပိုင်း ၅, ဇာတ် သိမ်း )
-
မနေ့ညနေကတော့ 3D printer အကြောင်းပြောနေကြရင်း အနားမှာ လူစုံတုံး ကိုယ်
သိချင်နေတဲ့ အကြောင်း အရာကို မေးလိုက်တယ်။ အရမ်းသိချင်နေပြီကိုး။..."ဒါနဲ့ ..
ငါ ထွက်သွား...
1 week ago





5 comments:
မပန်ရေ…
မပန်တော်လိုက်တာ..
ကျမ ခံစားချက်တွေကို မပန်စပ်ပေးလိုက်တာပဲ..
Yay… လေးချိုး… လေးချိုး… ။ အများအားဖြင့် အခုခေတ် ကဗျာစပ်ကြရင် ကာရန်ကို သိပ်မငဲ့ကြဘဲ၊ ရိုးရာပုံစံကို ၀င်အောင် မစပ်ကြပဲ၊ အလွတ် ချကြတာများတယ်၊ (အဲဒီလိုလုပ်တာ မကောင်းဘူး မပြောပါ၊ အဲဒီလိုတွေ များတယ်လို့ ပြောတာပါ။) ဒါပေမယ့် မပန်ကတော့ လေးချိုးပုံ ၀င်အောင် စပ်တယ်၊ ရှားတယ်။ ဖတ်ရတာ အရသာရှိတယ်၊ ဂွတ်ထ ဂွတ်ထ။
မအိမ့် .သိနေသလိုပဲလေ။ (သူများတွေ အဟုတ်မှတ်နေပါဦးမယ်။ ဟားဟား)
ကိုပု.. တခါတခါတော့ ဒီလိုရေးဖြစ်သွားတာပါပဲ။
အလွန်အလွန်ကို ကောင်းပါတယ်
ဒီတည ဒီကဗျာဆိုရင်း အိပ်တော့မယ်
ကျေးဇူး
အတွေးကောင်း အဗျာကောင်း အရေးကောင်းချင်လိုက်တာ
ပျော်စေ ရွှင်စေ
Post a Comment