လတစ်စင်းရဲ့ ကံကြမ္မာ
ငါဟာသဘာဝအတိုင်း
ဆန်းတစ်ခါ ဆုတ်တစ်လှည့်
သာနေတဲ့ ဂြိုလ်ပဲ့တစ်လုံးပါကွယ်
လမင်း လို့ မင်းတို့ပဲ သမုတ်ခဲ့ကြ
ငါနားမလည်နိုင်ခဲ့
မနေ့ကသာတဲ့လမင်း
ဒီနေ့သာတဲ့လမင်း
မနက်ဖြန်မှာ သာတဲ့လမင်း
ဘာကြောင့် ကြေကွဲ ရောင်စဉ် တွေချည်း ဖြန့်ကျက်နေရတာလဲ
လမင်းကိုငေးမောကြ
လမင်းကိုတမ်းတကြ
လမင်းရဲ့ အလင်းမှာ မျှော်လင့်ချက်တွေထားကြ
လရိပ်မှာ တိတ်တိတ် ကြည်နူးကြ
နောက်ဆုံးတော့ လရောင်ခြည်တန်း
ဖြားယောင်း လွှမ်းမိုးခံရတဲ့အောက်မှာ
လမင်းကို စိတ်နာနာ စွန့်ခွာကြသတဲ့
ငါဟာ မစားကောင်းတဲ့ သစ်သီးတစ်လုံး
ငါဟာ ကျိန်စာသင့်နေတဲ့ ပန်းချီကားတစ်ချပ်
ငါဟာ မှော်ဝင်နေတဲ့ လမင်း
နောက်ဆုံးတော့ ငါတစ်ယောက်တည်း
ခြောက်သွေ့တဲ့ ကောင်းကင်ထဲ
ကျန်ခဲ့ရတာပဲ။
ပန်ဒိုရာ
၎၊၆၊၂၀၀၇
6 comments:
ဟုတ်ဝူး.. ကောင်းကင်မှာ လူတွေကို ဒုက္ခပေးဖို့ စောင့်
နေတဲ.. မာရ်ကြီးလည်းရှိတယ်..
:P
နတ်ဆိုး..
Reflects really on the moon's feelings! Great to read! Go ahead!
အနော်နားမလည်ဘူး..အိအိ..။ မကြီးပန် ကဗျာအဖွင့်ပို့စ်တစ်ခု ထပ်ရေးပေးပါ..
လတစင်းထဲ ကောင်းကင်ထက်မှာ မကျန်ခဲ့ပါဘူး … ။
ဘယ်သူတွေပဲ စွန့်ပစ်သွားပေမဲ့ …
လမင်းကိုခြံရံနေတဲ့ မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေလဲ ညရဲ့ ကောင်းကင်ထက်မှာ ရှိသေးတယ်။
ညဘက်မှ ထွက်တဲ့ ညဥ့်ငှက်ကလေးတွေလဲ ရှိသေးတယ်။
လရောင်ဆမ်းမှ လန်းရရှာတဲ့ ကုမုဒြာ လမျှော်ကြာ လေးတွေလဲ ရှိသေးတယ်လေ။
နတ်ဆိုး - လငပုတ်ဖမ်းအောင် လုပ်မလို့လား။
ကိုစိုးထက် - အင်း .. အဲလို တိုက်ရိုက်ယူလည်း ရပါတယ်လေ..
ရထားကြီး- အိ အိ တဲ့ ဘယ်သူ့ဆီက ရထားတဲ့ ငိုသံလဲ။
မမေ - ရှိနေကြမှာပါ.။ ဒါပေမယ့် လမင်းမှာ သူနေစေချင်တဲ့သူလို့ ရွေးချယ်ခွင့် မရှိတော့ဘူးလားဟင်။
လမင်းကိုရူးသွပ်သူအဖို့  ဒီကဗျာက . . . ပေးထားတယ်နော်
Post a Comment