Friday, July 27, 2007

ဇာတ်သိမ်းပိုင်း

ဇာတ်သိမ်းပိုင်း

စင်ပေါ်ရောက်တိုင်း
နှလုံးသားလေးမှမထောက်
သေတ္တာမှောက်လိုမှောက်
စင်အောက်ကလူတွေငိုက်နေတုန်း
ဖြောင့်ကွယ်ကွယ်ဖို့ ကြိုးစားဦးပေါ့
အဲဒီ ဗလာဇာတ်မှာ
အပြော အဆို အငိုတွေကြား
ဆယ့်နှစ်ကြိုးပျောက်သွားတယ်
ပွဲသိမ်းရင်တော့ အိမ်ပြန်ရမှာပဲ
လူနာဆောင်(၉၆) ကုတင်အမှတ်(၁၂၀)
သနပ်ခါးလေးလူးတဲ့ပြီး
ကမာရွတ်မှတ်တိုင်မှာ စနေနေ့ည ၉ နာရီ ဆက်ဆက်စောင့်ပါ မနှင်းဆီ။

ပန်ဒိုရာ

4 comments:

Anonymous said...

သောကြာည
သေတ္တာထဲက ရုပ်သေးတချို့
ပျောက် သွား တယ် ...
ရှာကြပါဟ!
ဝန် နဲ့ ဘီလူး ... အတူတူ ...
ဟေ့ ... ပတ်မကြီး ထိုးဖောက်တာ ဘယ်သူလဲကွ ...
အဲဒီမှာ ဇာတ်ဆရာ ခေါင်းကွဲတယ်
ပြီးတော့ ဇာတ်ခေါင်းကွဲတယ်
မနှင်းဆီ ...
စနေည ၉ နာရီ မှီပါ့ဦးမလား ...
သနပ်ခါး ညီညီ လိမ်းခဲ့ပါ ...

Andy Myint said...

နောက်ဆုံး စာကြောင်းတွေကို ဆက်စပ်မရ ဖြစ်နေတယ်။
ရှေ့ကဟာတွေလည်း ကိုယ် ယူချင်သလို ယူလိုက်တာပါပဲ။
လူနာဆောင်က ၆ ဆိုရင် တွေးရ ပိုခက်ဦးမယ်။

Tesla said...

ငယ်ငယ်တုန်းကမခင်နှင်းဆီရေ သနပ်ခါးလေး လှအောင်လူးခဲ့ စနေနေ့ည ကိုးနာရီမှာ သူခိုးလာပြီလို့ ဆိုညည်း မမိစေနဲ့. ရင်ခုန်သံကို အမှောင်ယံမှာ သတ်ဖြတ်ဘို့ နုတ်ခမ်းနီလေးပါဆိုးခဲ့. ဇာတ်သိမ်းပိုင်းကို စင်အောက်မှာပဲ အလှဆုံးကကြမယ်- :)

pandora said...

ရှေ့ဆုံးကရေးသွားတဲ့ အမည်မသိကို မောင်တက်ထင်နေတာ.. နောက်မှ မောင်တက်ကလာရေးတော့ အဲဒါ ဘီတူပါလိမ့်.။. ဘာပဲဖြစ်ဖြစ် ဂွတ်ထ.။
ကိုအန်ဒီ.. ယူချင်သလိုယူ အေးတာပဲဗျို့။ ဟီး။

နောက်ဆုံးစာကြောင်းတွေက ပုံသဏ္ဍာန်ကို အကြောင်းအရာထဲ ထည့်တာ effective ဖြစ်မဖြစ် စမ်းကြည့်တာပါ။ ရေးတုန်းက သူ့ဟာသူ အလိုလိုတော့ ပေါ်လာတာပဲ။ ဖတ်သူတော့ ဘယ်လိုနေကြလဲမသိ။