ဟေ့ မောင်တက် … ဒီမှာ မအားတဲ့ကြားထဲက မင်းကြိုက်တတ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့လက်ဆောင်ပေးမယ်ကွာ။
တက်စလာ မှတ်တိုင်တစ်ခုကို ခလုတ်တိုက်ခြင်း
ရထားဆိုလား ခရီးဆိုလား တိုက်ပွဲဆိုလား
နှိုင်းချင်တာနှိုင်း
နေမင်းကြီးကအရှေ့ကထွက်ပြီး အနောက်က၀င်တယ်
မြစ်တွေက မြင့်ရာကနေ နိမ့်ရာကိုစီးတယ်
လူတွေက အရှေ့ အနောက် အမြင့် အနိမ့် ဆိုတာတွေ လိုက်သတ်မှတ်တယ်
နေကလည်း ၀င်လိုက် ထွက်လိုက်
မြစ်တွေလည်း စီးလိုက် ဆင်းလိုက်
မိုးကုတ်စက်ဝိုင်းဆိုတာဆီ ရောက်အောင်လျှောက်မယ်
ရောက်ခဲ့ရင် ၁၈၀ ဒီဂရီ စောင်းအောင် ဆွဲလှည့်ဖို့ကြုံးဝါးတယ်
မှတ်တိုင်တွေ လမ်းမှာ စိုက် စိုက် စိုက်
(အဲဒီခဏ)
ကောင်မလေးတစ်ယောက် ကဗျာထဲ ထည့်ထည့်ရေးတဲ့
ကြောက်စရာ ချစ်စရာ ဂဏန်းတစ်လုံးနဲ့ ရင်ဆိုင်တွေ့တော့
ဝုန်း ….
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





3 comments:
ဒေါ်ဂျီးပန် ကျေးဇူးတွေအများကြီး တင်ပါကြောင်း :)
အဟီးးး ၀ုန်းဆိုတော့ ..း)
ဝုန်း ဆိုတာ ခလုတ်တိုက်တာ လားဟင်။
Post a Comment