ဘေးလူ - ၃
လေပြင်းမုန်တိုင်းတွေတိုက်လို့
အားလုံးလဲပြိုယိမ်းထိုး
ဆူဆူညံညံပြေးကြလွှားကြ
ချောင်မှာတိတ်တိတ်လေးကုပ်နေတဲ့
ပုလွေဆရာရယ်လေ
ပြန့်ကျဲနေတဲ့ ၀ါးလုံးတွေကိုကြည့်လိုက်
သက်ပြင်းချလိုက်နဲ့
နူးညံ့တဲ့ဆံခွေတွေရယ်
ပျော့ပြောင်းတဲ့လက်ချောင်းတွေရယ်ကလွဲလို့
ဘာမှ မပိုင်ဆိုင်သူပါ
မီးရောင်အောက်မှာ မဖျော်ဖြေတတ်
ကျယ်ကျယ်လောင်လောင် တေးသီရမှာရှက်သူပါ
နောက်တော့ သူခဏပျောက်သွားတယ်
ပီတိတွေတထမ်းကြီးနဲ့ ပြန်လာတယ်
“အရေးကြီးချိန်ဘယ်ရောက်သွားလဲ”
အားလုံးဝိုင်းအပြစ်တင်ကြ
အဲဒီမှာ
ဝါးလုံးလေးတွေ စီစီရီရီ
ကြိုးလေးခိုင်ခိုင်စည်းထားတဲ့
အဆန်းတကြယ်တူရိယာကိုကမ်းပေးလိုက်တယ်
ဆင်ဖိုနီတေးသွားတွေ ညီညီညာညာ
အလိုအလျောက်ထွက်ကျလာ
အားလုံးအံ့သြငေးမောကြခိုက်
သူဟာ တိတ်တိတ်လေးပြုံးလို့ လှည့်ထွက်သွားပြန်တယ်။
ပန်ဒိုရာ
ဘေးလူ - ၁ နဲ့ - ၂ က ဒီမှာ နဲ့ ဒီမှာ ပါ။
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
11 comments:
ဘာပဲဖြစ်ဖြစ် ပန်ဒိုရာကဗျာတွေ ဖတ်ပြီးရင် ကျနော့်မှာ ကဗျာရေးချင်စိတ်တွေ နိုးနိုးကြားကြား ပြန်ဖြစ်ရတယ်။ ကျနော့်ဘလော့ဆီ လာလည်ဖော်ရလို့လည်း ကျေးဇူးတင်တယ်။ ကဗျာကောင်းတွေဆိုတာ သေချာပေမယ့် ဆုံးအောင်ဖတ်ပြီးတဲ့အခါတိုင်း တခုခုလိုနေသလို ဖြစ်ကျန်ခဲ့တယ်။ ရေးသူက ပြောမလို ပြောမလိုလုပ်ပြီးမှ ဘာကို ၀ှက်ဝှက်သွားတာလဲ။ ဘာ့ကြောင့်လဲ။ တခါတခါကျတော့လည်း နှင်းတွေမှုန်ဝေနေတာ နေရောင်လင်းလင်းထက် မနက်ခင်းကို ပိုလှစေတယ်မဟုတ်လား။
နှင်းရည်စက်လက်နဲ့ ပုရစ်ဖူးကလေးတွေ ကဗျာရေးသူရဲ့ ရှင်သန်နေတဲ့မျွော်လင့်ချက်၊ မျွော်လင့်ချက်ရဲ့ ရှင်သန်ခြင်းထဲမှာ လူးလွန့်နိုးထလာမယ်လို့ ယုံမိတယ်။ ကြည်လင် လန်းဆန်းပါစေ။
ပထမတစ်ခေါက်ဖတ်တယ်။ နားလည်တယ် ထင်လိုက်တယ်။ နောက်တခေါက်ဖတ်တယ်။ သိပ်နားမလည်တော့ဘူး။ နောက်တခေါက် ထပ်ဖတ်တယ်။ ရင်ထဲမှာ ဘာဖြစ်သွားမှန်းမသိဘူး။ ဒီလိုနဲ့ ပြန်ထွက်သွားပါတယ်။
ဒါလည်း ဖတ်လို့ကောင်း တွေးလို့ကောင်တယ်။ ပီတိပါလို့ ပိုကောင်းတာဖြစ်ရမယ်.. :P
မပန်ရေ.....
ဒီမြို့ထဲမှာ အမှန်တရားရှိရမယ်လို့ ထင်တာတွေတွေးရင်း ဒီမြို့ရဲ့အပြင်ဘက်ကနေ အစွန်းတွေလွတ်အောင်ရှောင်လို့ တိတ်တိတ်လေးဝင်အလာ ကိုတက်ကြီးကို ခလုတ်တိုက်ပြီးလဲတော့ ဘေးလူ၃ယောက်က ဆွဲထူပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ ပြောတာနဲ့ မီးတောင်မညှီပေးခဲ့တော့ပါဘူးနော်.....
မပန်ရဲ့ကဗျာလေးတွေက တွေးစရာလေးတွေကြီးပဲ... ရေးတက်ပဗျာ
ကြိုက်တယ်မပန်၊ ဒီကဗျာလေးကို အရမ်းကြိုက်တယ်။ ဖတ်ပြီးချိန် ရင်ထဲမှာ အဆန်းတကြယ်တူရိယာ၊ ဆင်ဖိုနီတေးသွာညီညီညာနဲ့ ထွက်လာတဲ့ ပုလွေဆရာကို သနားသလိုလို၊ အားကျသလိုလို...
ကဗျာလေးကောင်းလိုက်တာဗျာ တခုခုကို နင့်ခနဲ ခံစားသွားရတယ်..။ အင်း... မီးရောင်တွေအောက်က ပြင်ဆင်လှပခမ်းနားနေတဲ့ ဆင်ဖိုနီသံထက် တောထဲကနေ ခပ်ရိုင်းရိုင်းပဲ ထွက်ကျလာတဲ့ ပုလွေသံတွေကိုတော့ ပိုကြိုက်တယ်..။
ဘယ်လို ပြောရမလဲ၊ ဒါမျိုးလေးတွေ ရေးတာ ကိုတကယ် ကြိုက်တာဗျ၊ ပန်ပန် ကတော့ ပန်ပန် ဘဲနော်၊ ဂွတ်
မပန် ကဗျာတွေက အရမ်းမိုက်တာပဲ..
အတွေးရော အရေးရော ညက်နေတာပဲ..
အနည်းဆုံးတော့ ၂ခေါက်ဖတ်ရတယ်...
ပုလွေဆရာကို အားကျရမှာလား၊ အားမရ ရမှာလား မသိဘူး။
ယုံတယ်.. ပလွေဆရာဟာ...ဒါ.. သူ့အလုပ်ပဲလို့ သိသူ..။ Beatles တွေ ပြောခဲ့သလို ဒါ sacrifice လုပ်နေတာမဟုတ်.. ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါတဲ့..။ ကိုဝေလင်းကတော့ သူ့အရေပြားနဲ့ သူနေတာလို့ ပြောလိမ့်မယ် ထင်တယ်နော်..။ ဒါပေမဲ့ တခါတလေတော့ ပလွေဆရာ ဘာလုပ်နေပါလိမ့်လို့ မျှော်မိမှာတော့ အမှန်..။
ကိုဝေလင်း.. ပန်ဒိုရာ့ကဗျာတွေဖတ်ပြီး ရေးချင်စိတ်နိုးကြားတယ် ဆိုလို့ အလွန်ဝမ်းသာရတယ်။ နှင်းခါးမိုး ဆိုတာ ကဗျာရေးရမယ့်လူပဲနော်. ပုရစ်ဖူးကတော့ ကြည်လင်လန်းဆန်းဖို့ ခဏစောင့်ရဦးမယ်ထင့်
ချောကလဲ.. နောက်တစ်ခေါက်ထပ်ဖတ်လိုက်ပါဦးလား
ပီတိ.. သေချာတာပေါ့ ပီတိပါလို့
သန့်ဇော်မင်း.. အားလုံးဖတ်သွားသကိုး..ကျေးဇူး
သိုးမလေး.. ကြိုက်သလို ခံစားလိုက်ပါနော်
မောင်တက်.. ကိုယ်ရောပဲ..
မောင်ဂေါက်.. ဂေါက်ဂေါက်ကလည်း ဂေါက်ဂေါက်ပါပဲကွယ်
လေးမ.. ဖတ်တဲ့လူကလည်း ညက်လို့ခံစားရတာဖြစ်မှာ
ပုံရိပ်.. ထင်ချင်သလိုသာ ထင်တော့နော်..
ဆရာမ... ဟုတ်ပါတယ်.. သူ့အလုပ်သူလုပ်တာပါပဲ..
Post a Comment