
သြဂုတ်လ ၃၁ ဟာ ဘလော့ဂါများနေ့ Blog Day ဖြစ်တဲ့အတွက် အမှတ်တရ တစ်ခုခုရေးပေးပါလို့ ကိုဖြိုး က တက်ဂ် ထားပါတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း လေးမ၊ ယူဆဂိ၊ ဘ၀ခရီး တို့က အကြိုက်ဆုံး ပို့စ် ၅ ခုရေးပါလို့ တက်ဂ်ထားခဲ့ပါတယ်။ ဆောင်းရာသီအကြောင်း ရေးဖို့လည်း အဉ္ဖလီ က တက်ဂ်ထားပါသေးတယ်။ ဆောင်းရာသီကလွဲလို့ ကျန်တဲ့အကြွေးတွေကို ပေါင်းရှင်းပါမယ်။
တကယ်တော့ ပန်ဒိုရာ ဘလော့ဂ်ရေးရခြင်းအကြောင်း ဆိုပြီး ဒီမှာ ရေးထားကတည်းက ဖော်ပြပြီးသားပါ။ ၅ ခုတောင် မဟုတ်ဘူး။ ၁၀ ခု။ ၁၀ ခု။ ဟဲဟဲ..
အမှန်ကတော့ ရေးသမျှလေးတွေအားလုံး ကိုယ့်သားသမီးလေးတွေလိုပါပဲ။ တစ်မျိုးစီ နှစ်သက်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိရေးခဲ့သမျှမှာ အကြိုက်ဆုံး ၅ ခုပဲ ရွေးပေးပါ လို့ တောင်းဆိုလာတော့ ဒီလိုရွေးပေးပါမယ်။
၁) ဘလော့ရေးခြင်းဆိုတာ ဘာလဲ။ဘလော့ဂါ ဆိုတာ ဘာလဲ။ ကိုယ်က ဘာကောင်လဲ။ လူတွေသတ်မှတ်တဲ့ ပညတ်တွေက ရှေ့မှာလား။ အနှစ်သာရက ရှေ့မှာလား။ မသိတသိတွေ ဖြစ်နေရတယ်။ Identity
၂) ကိုယ့်ကိုယ်ကို အမြင်ကတ်လာတဲ့အခါ ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ
၃) ကိုယ့်ကိုယ်ကို နည်းနည်း သနားသွားတော့ ကိုယ့်သမိုင်း
၎) ကိုယ်လည်းရေးရင်း ရယ်နေရတယ်။ ဖတ်သူလည်း ရယ်ရတယ်။ ကလိထားတာ လေးတွေလည်း ရှိတဲ့ စစ်စစ်စီစီ
၅) အပြစ်ကင်းတဲ့ ပျော်စရာလေးတွေ စိတ်ကူးမိတော့ ကိုဖိုးရမ်မဘလောက်
ဖတ်သူများလည်း မိမိနဲ့ တိုက်ဆိုင်လို့ ဘယ်စာကို သဘောကျတယ် ဘယ်လိုစာမျိုးကို ပိုရေးစေချင်တယ်ဆိုတာမျိုး ပြောချင်ရင် မှတ်ချက်ရေးသွားနိုင်ပါတယ်။ ပြုပြင်စရာတွေ့လည်း ထောက်ပြနိုင်ပါတယ်။
Why do we blog? ကိုကြိုဆိုသောအားဖြင့် ဘန်နာလေးလည်း အသစ်ပြောင်းလိုက်ပါတယ်။
သြဂုတ် ၃၁ မှာကျရောက်တဲ့ ဘလော့ဂ်ဒေး မှာ ဘလော့ဂါ မောင်နှမတွေ ပျော်ရွှင်ကြပါစေ။ စိတ်ထင်တိုင်း ဘလောက်နိုင်ကြပါစေ။ စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် အခန်းအနားလည်း အောင်မြင် ချောမွေ့ပါစေ။
အားလုံးကို ချစ်ခင်စွာဖြင့်
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





7 comments:
ပန်ပန်ပန်.. အနော်က မပန်ရဲ့ ဟာသဆန်ဆန်၊ ပြီးတော့ အချိုးသိပ်မပြေတဲ့စာမျိုးကိုပိုကြိုက်တယ်... ကဗျာတွေကတော့ အနော်ကသိပ်မသိလို့ သိပ်မဖတ်ဖြစ်ဘူး ၀ူးဝူး...း)
ဉာဏ်ကောင်းတဲ့လူတွေကတော့ အကြွေး ၂ ခုတစ်ပို့စ်ထဲနဲ့ရှင်းတတ်တယ်။
မပန် လေပြေ ကတော့ ကိုဖိုးရမ် မဘလောက် နဲ့ စစ်စစ်စီစီ လိုမျိုးကို ပိုကြိုက်တယ်။ ဒါပေမယ့် မပန် ရင်ထဲ ရှိတာ ဘာရေးရေး ကြိုက်ပြီးသားပဲ အမြဲတမ်း အားပေးနေပါတယ်။ မပန် တယောက် ဘလော့ဂ် မှာ ပို့စ်တွေ များများရေးနိုင်ပါစေ၊
မပန်ရေ..
အမလည်း ကိုဖိုရမ်မဘလောက်နဲ့ စစ်စစ်စီစီလိုမျိုးကို ပိုကြိုက်တယ်။ နောက်ပြီး “ချက်ခြင်းအနုပညာ၊ ပန်ဒိုရာမွေးနေ့” အဲဒါမျိုးဆိုရင်လည်း ဖတ်ရင်းက မရယ်ပဲ မနေနိုင်ပြန်ဘူးလေ။ ကြိုက်ပါတယ် မပန်ရေ (ပို့စ်တွေကိုပြောတာနော်.. ) ရေးသမျှကို အားပေးနေမှာပါ။
မပန်..ရွေးထားတာလေးတွေကိုလည်းကြိုက်တယ်
ကြယ်ကြွေခြင်း
နံနက်ခင်းနှင့်စကားပြောခြင်း
တစ်ရွာလုံးနဲ့တစ်ယောက်
ပုံပြင်ပါးပါးလေးတစ်ပုဒ်
အဲ့ဒါတွေကိုလည်းအတော်ကြိုက်ပါသည်...
နောက်ထပ် ကြိုက်တာတွေ ထပ်ပြောပြလိုက်ရင်. စာမျက်နှာနေရာသိပ်ယူသွားမှာစိုးလို့ ရေးတော့ဘူးနော်..
ခင်တဲ့
ယူဆဂိ
တနင်္လာနေ့ဂါထာလည်း ကြိုက်တာပဲ။
အဲဒါမျိုး တော်ရုံလူ မရေးနိုင်ဘူး။ :P
မရေးတော့ဘူးမှတ်ပြီး ၀မ်းနည်းနေတာ … မထင်တဲ့ အချိန်မှာ ဂိုးသွင်းသွားတယ်… ကျေးဇူးပါ မပန်….။
Post a Comment