Saturday, January 12, 2008

ဘုရားလည်း ဖူးခဲ့တယ်

ဓာတ်ပုံတချို့ တင်လိုက်ပါတယ်။



သံလျှင်က ကျိုက်မှော်ဝန်း ရေလယ် စေတီတော်များ ရောက်ဖူးသားပဲလို့ မထင်နဲ့ ဆက်ကြည့်။





စက်လှေကလေးနဲ့ သွားခဲ့တယ်။






ငါးတွေကို အစာကျွေးကြတယ်။




သံဝေဂ သံဝေဂ




အရောင်တွေစုံနေတာကို သဘောကျလို့ ဒီနေရာမှာလည်း တစ်ပုံနှစ်ပုံ ရိုက်မိတယ်။

အဲဒီ ဓာတ်ပုံတွေရိုက်နေတုန်း ညီမလေးက ဟိုမှာကြည့်စမ်း ဆိုလို့ မော့ကြည့်လိုက်ပါတယ်။



(မသိရင် သို့မဟုတ် ဓာတ်ပုံထဲမှာ သေချာမမြင်ရရင် အလွယ်တကူဖတ်နိုင်ဖို့ အမှတ်တရ စာပြန်ရိုက်ပေးလိုက်ပါတယ်။ ဒီလို…)

မဟာတပန္နငရဲ။ ။ ဤငရဲ၌ တရားမဲ့သောမင်းသည် ဂရုဏာကင်းမဲ့၍ အဂတိတရား ၄ ပါးလိုက်စားပြီး မချီးမြှောက်သင့်သူများကို ချီးမြှောက်ခြင်း၊ ချီးမြှောက်သင့်သူများကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်း၊ တိုင်းပြည်နိုင်ငံကိုဖျက်ဆီးသူများ ဤငရဲ၌ခံရ၏။




သင်္ဃာတငရဲ ။ ။ ဤငရဲ၌ ငှက်မုဆိုး သားမုဆိုး လူကိုသတ်ဖြတ် ညှင်းဆဲတတ်သော မင်းနှင့် အမတ်စစ်သူကြီး သီလဆောက်တည်ခြင်းသည် အကျိုးမရှိဟု အယူရှိသောသူ ဒုစရိုက်နှင့် အသက်မွေးသူများ ဤငရဲ၌ခံရ၏။




ကာဠသုတ်ငရဲ။ ။ ဤငရဲ၌ အကျင့်သီလနှင့် ပြည့်စုံသော ရဟန်းတော်များကို ညှင်းပန်းနှိပ်စက်တတ်သူများ၊ အဖကိုသတ်သူ (ပီတုဃာတကကံ) ထိုက်သောသူများ ကျရောက်ခံကြရ၏။




မဟာအ၀ီစိငရဲ။ ။အမိသတ်သူ အဖသတ်သူ ဒေ၀ဒတ်ကဲ့သို့ ဘုရားကို သွေးစိမ်းတည်အောင် ပြုသောသူ သံဃာကို သင်းခွဲသူ ပြစ်မှားလိုသော စိတ်ဖြင့် ဗောဓိပင်ကို ဖျက်ဆီးသူ ဘုရားဆင်းတုတော် ဓာတ်တော် မွေတော် တို့ကို ဖျက်ဆီးသူ နိယတမိစ္ဆာဒိဌိ အယူရှိသူတို့ ကျခံရ၏။

(ပုံတွေက ရိုက်ရတာ အရမ်းနီးတော့ စာတချို့ပြတ်ကျန်ခဲ့။ မှန်းပြီးရေးထားပါတယ်။ မှားရင် လာပြင်ပေးပါ။)

အဲဒီပုံတွေ ရိုက်နေတုန်း အနားက အမျိုးသမီးတချို့က သတိပြုမိသွားပြီး သူတို့ကလည်း အသံထွက် ဖတ်ပါတယ်။ သံဃာကိုသတ်ရင် ဒီလိုဖြစ်မယ်ဆိုပဲ မကြောက်ဘူးလားမသိ လို့ ရေရွတ်ပါတယ်။ တယောက်က ရှုးတိုးတိုး လို့ဆိုတော့ ခပ်သွက်သွက်ပုံစံပေါက်တဲ့ အမျိုးသမီးတစ်ယောက်က ဟဲ့ ရေးထားတာကို ပြောပြတာ ဘာဖြစ်လဲ လို့ ပြောပါတယ်။

အဲဒါပြီးတော့.. ပြီးတော့ အဲ.. ဘာများဆက်လုပ်နိုင်ဦးမှာလဲ။ ဘုရားလည်း ဖူးပြီးပြီ ဆိုတော့ လှေကလေးနဲ့ ပြန်လာခဲ့တာပေါ့။



(ငရဲခန်း အကျယ်ကို သိလိုက ဒီမှာ ဖတ်။)

12 comments:

ဇနိ said...

ကျနော်ကရောက်ဖူးဘူး။
အခုမှရောက်ဖူးတော့တယ်။
စကားမစပ် မေဂ္ဂလိအီးဘုတ်ရှိလား။

Nyein Chan Aung said...

အဲဒီပုံတွေ ရိုက်နေတုန်း အနားက အမျိုးသမီးတချို့က သတိပြုမိသွားပြီး သူတို့ကလည်း အသံထွက် ဖတ်ပါတယ်။ သံဃာကိုသတ်ရင် ဒီလိုဖြစ်မယ်ဆိုပဲ မကြောက်ဘူးလားမသိ လို့ ရေရွတ်ပါတယ်။ တယောက်က ရှုးတိုးတိုး လို့ဆိုတော့ ခပ်သွက်သွက်ပုံစံပေါက်တဲ့ အမျိုးသမီးတစ်ယောက်က ဟဲ့ ရေးထားတာကို ပြောပြတာ ဘာဖြစ်လဲ လို့ ပြောပါတယ်။

ပိုစ့်အတွက်ကျေးဇူးပဲ။ ပျော်ရွှင်ပါစေနော်..။

ကိုပေါ said...

ငရဲခန်းတွေအကြောင်း ရေးပြထားတာ ကောင်းပ....ကောင်းပ။ (ကောင်းပ ဆိုတာ အဲဒီကိုသွားချင်လို့ ပြောတာဝုတ်ဘူး။ သွားရမယ့်လူတွေ သူတို့သွားရမယ့်နေရာ သိကြကုန်ရော့ဆိုပြီး...၀မ်းမြောက်ဝမ်းသာ ဖြစ်သွားတာ။)

Anonymous said...

မြန်မာပြည်ပြန်လည်ရတဲ့အရသာလေးအားကျမိတယ်။ဝေမျပေးတဲ့အတွက်ကျေးဇူးဘဲ..မပန်ဒိုရာ

M.Y. said...
This comment has been removed by the author.
M.Y. said...

အဇာတသတ်၊ ဒေ၀ဒတ်တို့ တော့မဟာအ၀ီဇိ မှာရှိနေသေးတာ ကျိန်းသေတယ်။ တစ်ယောက်ထဲက ငရဲ လေးမျိုးလုံး နဲ့ အကျုံးဝင်နေတဲ့သူတွေအတွက် ဆိုရင်ရော…
Label က ဖိုတိုအက်ဆေး ဆိုပိုကောင်းမယ်…..ထင်..တယ်..

nu-san said...

မပန်ရေ.. သန်လျှင်ရေလည်ဘုရားကို ဓာတ်ပုံတွေကြည့်ရင်း ဖူးလိုက်ရပြီ။ ငရဲခန်း အကြောင်းကို သေချာရေးပြပေးထားတဲ့အတွက် ဗဟုသုတအနေနဲ့ရော သိမှတ်ဖွယ်ရာအဖြစ်ပါ မှတ်သွားပါတယ် ...

တချို့သူများသာ အကုသိုလ်ကြီးလွန်းပြီး အမိုက်မှောင်ဖုံးလွှမ်းနေတော့ အမြင်တွေ အသိဥာဏ်တွေ ကွယ်ကုန်တယ် ထင်ပါရဲ့..

တန်ခူး said...

ပန်ရေ...ရေလယ်ဘုရားတော့ ရောက်ဖူးတယ်။ ငရဲခန်းပုံတွေတော့ သတိမထား မိခဲ့ဘူး။ မျှဝေပေးတာ ကျေးဇူးနော်။

P.Ti said...

ရေလယ်ဘုရားကို မရောက်တာကြာပြီ။ ဘုရားတွေမှာ ရှိတဲ့ ပန်းချီကားတွေကို ကြည့်ရင်တောင် သံဝေဂရတယ်နော်။ တခါက ကောသလမင်း အိပ်မက် ဆယ့်ခြောက်ချက်ကို ကြည့်တော့ အခုခေတ်နဲ့ တကယ်ပဲ ကိုက်နေတယ်။

အောင်သူ said...

သံဝေဂသံဝေဂ တဲ့ တို့ဘဘကြီးက သက်သေပြသွားတယ်ဗျ။

နှင်းပွင့်ဖြူ said...

သန်လျင်ရေလည်ဘုရားကို တစ်ခေါက်ပဲ ရောက်ဖူးတယ်.. ခုတောင်ဝိုးဝိုးဝါးဝါးပဲ ကျန်တော့တယ် ဓါတ်ပုံတင်တဲ့ အတွက်ကျေးဇူးပါ မပန်ကြီးရေ............း)

pandora said...

ဇနိရေ မောဂ္ဂလိအီးဘွတ်ခ်မရှိပါ။
ကိုငြိမ်းချမ်းအောင် ကိုပေါ HT ကိုမောင်ရင် မနုစံ မတန်ခူး ပီတိ ကိုအောင်သူ နှင်းပွင့်ဖြူလေးတို့ ကျေးဇူးပါ။ မရောက်ဖူးသူတွေ ရောက်ဖူးပြီး သံဝေဂရသူရကြ ငရဲအကြောင်း သတိရကြတာလည်း သာဓုခေါ်စရာပေါ့နော်.