သူက ဟိုဘက် ကမ္ဘာခြမ်းမှာနေတယ်
ကိုယ်ကနေ့ဆိုရင် သူကညပေါ့
သူက နူးညံ့သိမ်မွေ့တယ်
သူက ကဗျာဆန်တယ်
သူက မဟာဆန်တယ်
သူက အရောင်လှလှလေးတွေ
ပန်းလှလှလေးတွေ
ရှုခင်းလှလှလေးတွေနဲ့
သူ့အိမ်ကို အလှဆင်တယ်
သူ့ဆီသွားလည်ရင်း အမှတ်မထင်ခြေရာချခဲ့တဲ့
ကိုယ့်ကဗျာ အပိုင်းအစလေးတွေကို သဘောကျလို့ တဲ့
သူက သေသေချာချာသိမ်းထားဖူးတယ်
သူ ညအိပ်ရာဝင်ချိန် ဖတ်ချင်တယ်ဆိုလို့
ကဗျာလေးတစ်ပုဒ် ရေးပေးဖူးတယ်
အိမ့်ချမ်းမြေ့ဆိုတဲ့ မလေး ရယ်..
ဇန်န၀ါရီ ၂၂ ရက်နေ့က ကျရောက်တဲ့မွေးနေ့အတွက်
နောက်ကျပြီးမှ ဆုတောင်းလိုက်တယ်
စိတ်တော့ မကောက်လောက်ပါဘူးနော်
မလေးချစ်တဲ့
လ ရေ လေ ဆောင်း တွေနဲ့
အေးချမ်းတဲ့ မ သောကကင်းကွာ ပျော်ရွှင်ပါစေ။
နောက်တစ်ယောက်ကတော့
မောင်ပွတ်လို့ ချစ်စနိုးခေါ်ကြတဲ့
ဘလော့ထဲက အိုအေစစ်ကလေးပေါ့
သူက စိတ်ဖြောင့်ကလေး
သူငယ်ချင်းတွေကို တွယ်တာတယ်
အများအတွက် ခေါင်းထဲမှာ အမြဲရှိနေတယ်
အဲ… ခြူကလေးကိုလည်း သိပ်ချစ်သတဲ့
ပထမဆုံး သူ့ကိုသတိထားမိတာက
ဟောဒီ စာကလေး ကပေါ့
ဒီနေ့ ၂၃ ဇန်န၀ါရီမှာ ကျရောက်တဲ့
၂၄ နှစ်မြောက်မွေးနေ့အတွက်
ဆုတောင်းပေးလိုက်ပါတယ်
ကိုယ်ချစ်တဲ့မြေ ကိုယ်ချစ်တဲ့ရေကို
လွမ်းနေတဲ့ မောင်ပွတ်
အောင်မြင်တဲ့ဘ၀မှာ
ခြူကလေးနဲ့ ပျော်ရွှင်စွာ
အေးချမ်းတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ပါစေ။
အရေးအကြီးဆုံး တစ်ခု ကျန်သေးတယ်
သူကတော့
ကိုယ်ဘလော့မရေးခင်ကာလကဆို
နားပူနားဆာအမြဲလုပ်
အချိန်တိုင်း စကား တတွတ်တွတ်ပြောကြ
ကိုယ်ဆိုးသမျှ အစ်မရင်းတစ်ယောက်လို
အမြဲသည်းခံတဲ့ တစ်ယောက်
ဘလော့ဂ်နောက် ကောက်ကောက်ပါတော့ သူ့ကိုထားခဲ့
သူကတော့ စိတ်မနာရှာ
သိတဲ့အချိန်ကစလို့ ကိုယ့်ကို နေ့တိုင်းလာဖတ်လေရဲ့
(ကိုယ်ဆိုးတာတွေ့ရင် ပန်ဒိုရီကို ပြန်တိုင်မလို့လားမသိ
အင်း.. ဖားထားရမယ်။)
မကြာခင်က သူ့မွေးနေ့ရော
သူ့အချစ်ဆုံးလေး မွေးနေ့ရော ပြီးသွားခဲ့တယ်
အာရုံတွေ နောက်နေတဲ့ ကိုယ်
အစစ်ကမ္ဘာ ထဲက သူ့ကို
မွေးနေ့ဆုတောင်းနောက်ကျပြန်တယ်
သူကတော့ ခွင့်လွှတ်နေဦးမှာပါ
(ဟုတ်တယ်နော် မ)
ပျော်ရွှင်ဖွယ်မိသားစုလေး
ထာဝရ ဆက်လက် အေးချမ်းပျော်ရွှင်ပါစေ
မ တစ်ယောက် လှသထက်လှ နုသထက် နုနိုင်ပါစေ.. လို့
Comment လာရေးရင်တော့
တအိမ်သားလုံးအတွက်
မွေးနေ့လက်ဆောင်
Valentine's Day မတိုင်မီတော့ လာပေးဖြစ်မှာပါ .. ဟီး
ကဲ ပါစင်နယ်တွေ များသွားပြီ။
လာဖတ်သူများ သည်းခံကြပါ။
တခါတလေလည်း ပေါ့ပေါ့ပါးပါးပေါ့ နော်။
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
6 hours ago





4 comments:
ခ်စ္ရတဲ့ ကဗ်ာစက္ရံုကေလး
ဘယ်သူနဲ့ မှမတူ တစ်မူ ထူးခြားလှပတဲ့
မွေးနေ့ ဆုတောင်းလေးတစ်ခု . . .။ ကိုယ်တိုင်အတွက်ရော ကိုယ့်အချစ်ဆုံး အပုအစုလေး အတွက်ပါ ကျေးဇူးတွေ အများကြီး အများကြီး. . .။
(နောက်ထပ် ဘာလက်ဆောင်မှ မလိုတော့ဘူးနော်. . . တကယ် . . . တကယ် . . .)
မပန်ရေ - မိသားစုနဲ့ အဝေးမှာ ပထမဆုံး ဖြတ်သန်းရတဲ့ မွေးနေ့ဖြစ်လို့ အထီးကျန်ပြီး အိမ်လွမ်းနေရမယ်ထင်ခဲ့ပေမယ့် Blogger မောင်နှစ်မတစုရဲ့ ဖေးမ ပျော်ရွှင်စေမှုကြောင့် ထင်မှတ်မထားလောက်အောင် စိတ်ချမ်းမြေ့ခဲ့ရပြီး အချိန်ကုန်တွေတောင်မြန်နေခဲ့ပါတယ်။ အခုလို တကူးတက ပို့စ်တင်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးပါတယ်။
အစဉ်လေးစားလျက်
မောင်ပွတ်
မပန်ရယ်…
ချစ်စရာကဗျာလေးတွေ စပ်တတ်သော မပန်ရဲ့ ကဗျာတွေထဲက
ပါးပြင်နဲ့ မှီအုံး အချိန်လေးတွေကို ရင်ခုန်နေတတ်ဆဲပါ..
ပင်လယ်ကမ်းရယ်.. ၀ိုင်လေးနှစ်ခွက်ရယ်.. ပန်းဖြူလေးတစ်ပွင့်ရယ်.. နဲ့
မွေးနေ့ကို ကျော်ဖြတ်တတ်ပေမယ့်..
ခုလို နွေးထွေးမှုတွေကို ခံစားရတော့..
ဘလော့ဂါတွေကို ပိုပိုပြီးချစ်ပြီး ပိုပိုလို့ မခွဲနိုင်ဘူး မပန်ရယ်..
မလေး၊ မောင်ပွတ် နှင့် မနိုင် အားလုံးပဲ ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ၊ မွေးနေ့ရှင်ဖြစ်တဲ့ မလေးက ဘလော့ဂ်ကေးရှင်း ယူနေလို့ မပန်ရဲ့ ပို့စ်မှာပဲ ဆုတောင်းပေးလိုက် ပါတယ်၊ အားလုံး အဆင်ပြေကြပါစေ၊
Post a Comment