ကောင်းကင်က ပြာလွန်းတယ်
ဒီနေ့ဘာလို့မိုးမရွာရသလဲ
တိမ်တွေ တိမ်တွေ…
လူတွေ လူတွေ…
ကားတွေ ကားတွေ..
ငါ့လက်ဖ၀ါးတွေကို
ငါပြန်ကြည့်
ဆုပ်လိုက်ဖြန့်လိုက်
ဆန့်တန်းကမ်းတော့
… (ဗလာ)….။
ဆယ်သွယ်မှုဧရိယာ
ပြတ်တောက်မှုများ
ဟဲလို .. ဟဲလို..
တယ်လီဖုန်းကိုပြန်ချ
ဆယ့်လေးနှစ်စာ သက်ပြင်းရှည်
ငါ့အိပ်ရာ
အေးစက်မာကျောလှ
မျက်စိမှိတ်လိုက်ခါမှ …။
ကဗျာတွေမှာ တစ်ခုခုလိုတယ်
စကားပြောရင် တစ်ခုခုလိုတယ်
ဝတ်ပုံစားပုံ တစ်ခုခုလိုတယ်
အတွေးအခေါ်တွေ တစ်ခုခုလိုတယ်
အမြဲတမ်း တစ်ခုခုလိုနေတဲ့ကောင်
တခါတလေတော့ လိုအပ်ခံချင်တာကို ...။
အားအားရှိ
အထ္ထုပ္ပတ္တိတွေပြန်လှန်
အားနက်စ်ဟဲမင်းဝေးက
ဆစ်လဗီယာပလက်သ်က
မာရီလင်မွန်ရိုးက
ဗာဂျီးနီးယားဝုဖ်က
သူတို့ကဘာလို့…။
နောင်တမရနဲ့
ဘယ်တော့မှ နောင်တ မရစေရ
ကိုယ်နဲ့ပတ်သက်လာရင်
စာတစ်စောင်
ဝါကျတစ်ကြောင်း
အချက်အလက်တစ်ခု
စကားလုံးတစ်လုံး ကိုမျှ
အဲဒီလို
ပြောခဲ့ချင်တာ…။
မီးပိတ်တော့မယ်
အိပ်မက်ထဲမှာ
နတ်သမီးများ နဲ့ …
တကယ်တော့ရေးချင်တာ
စကားပြေတစ်ပုဒ်ပဲ
စ… လယ်.. ဆုံး
နိဂုံးအပြည့်
(သို့သော်)
ကွယ်ကွယ်ဝှက်ဝှက်
ပဉ္ဇလက်
ကဗျာတစ်စက်
ထွက်ကျသွား။ ။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
15 hours ago





5 comments:
တကယ်တော့ရေးချင်တာ
စကားပြေတစ်ပုဒ်ပဲ
စ… လယ်.. ဆုံး
နိဂုံးအပြည့်
(သို့သော်)
ကွယ်ကွယ်ဝှက်ဝှက်
ပဉ္ဇလက်
ကဗျာတစ်စက်
ထွက်ကျသွား။ ။
မပန်ရေ အဲ့နောက်ဆုံးအဖွဲ့လေးက လုံးဝဟတ်ထိပဲ
အားပေးသွားတဲ့ chaos ရေ ကျေးဇူးပါ
လေးစားသွားပြီဗျို
ရေရေလည်လည် ကောင်းတဲ့ကဗျာပါ
အဲလိုတွေ ဘ၀မှာ ခဏခဏ ခံစားခဲ့ရဖူး.....
အင်းးး ခုထိလည်း တခုခု လိုနေသေးတုန်းပဲ။
Exceptional post. I want to thank you for this informative read, I really appreciate sharing this excellent post. Maintain up your work.
Post a Comment