Friday, June 20, 2008

အရှုပ်အရှင်းများကို စဉ်းစားအဖြေရှာ ဗျူဟာချခြင်း

ပေါ့ပေါ့ပါးပါး အနေနဲ့ workshop တခုက မှတ်သားခဲ့ရတဲ့ စဉ်းစားတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ပုစ္ဆာလေးတွေကို ဝေမျှလိုက်ပါတယ်။ ကိုယ့်ဘာသာ သေသေချာချာ စဉ်းစား တွက်ချက်ကြည့်ပြီး မရတော့မှ အဖြေကို ကြည့်စေလိုပါတယ်။ သိဖူး ကြားဖူးပြီးသား ဖြစ်ရင်လည်း သည်းခံကြပါလေ။

ပထမဆုံး ပေးထားတာကတော့ အောက်ကပုံလေးပါ။ စတုရန်းတခုဖြစ်ပါတယ်။ အဲဒီအထဲမှာ လေးပုံတပုံဧရိယာ ဖြစ်တဲ့ စတုရန်းအသေးကို အရောင်ခြယ်ထားပါတယ်။ လုပ်ရမယ့် အလုပ်ကတော့ အရောင်ခြယ်မထားတဲ့ အဖြူဧရိယာမှာ နှစ်ခြမ်းအညီအမျှ (symmetric) ဖြစ်စေမယ့် အပိုင်း၂ ပိုင်းရအောင် မျဉ်းဖြောင့် ဆွဲရမှာဖြစ်ပါတယ်။ မျဉ်းဖြောင့်အရေအတွက် ကြိုက်သလောက် ဆွဲလို့ရပါတယ်။ အနည်းဆုံး ဖြစ်ရပါမယ်။




ကြိုးစားကြည့်ပါ။ အဖြေကိုသိဖို့ အောက်ကို ဆက်သွားပါ။

----
----
----
----
----
----
----
----
----
----
----
----
----
----
----




တွေ့တဲ့ အတိုင်းပါပဲ။ အနည်းဆုံးအရေအတွက် ဖြစ်တဲ့ ထောင့်ဖြတ်မျဉ်း တစ်ကြောင်းဆွဲရုံနဲ့ အညီအမျှ အပိုင်း ၂ ပိုင်းရပါပြီ။ သိပ်မခက်ပါဘူးနော်။

ဒုတိယလုပ်ရမှာကတော့ စောစောက ဧရိယာမှာပဲ အညီအမျှဖြစ်စေမယ့် အပိုင်း ၃ ပိုင်း ရအောင် မျဉ်းဖြောင့်တွေဆွဲရမှာပါ။ ကဲ ၃ ပိုင်းရအောင် ဆွဲကြည့်ပါဦး။ ဧရိယာကို မှတ်မိဖို့ ပထမဆုံးပုံကို ပြန်ကြည့်ပါနော်။

----
----
----
----
----
----
----
----
----
----
----
----
----
----
----





ဒါလည်း သိပ်ခက်မယ် မထင်ပါဘူး။ မျဉ်း ၂ ကြောင်း ဆွဲလိုက်တာနဲ့ အပိုင်း ၃ ပိုင်းရပါပြီ။ နောက်ထပ်လုပ်ရမှာကတော့ အဲဒီ ဧရိယာမှာပဲ ထပ်တူညီအပိုင်း ၄ ပိုင်း ဖြစ်အောင် လုပ်ဖို့ပါပဲ။ ကဲ ဆွဲကြည့်ကြပါဦး။ ဧရိယာကို မှတ်မိဖို့ ပထမဆုံးပုံကို ပြန်ကြည့်ပါနော်။
----
----
----
----
----
----
----
----
----
----
----
----
----
----
----

နည်းနည်းဦးဏှောက်စားသွားသလား။ လုပ်ရမှာကတော့ အောက်မှာ ပြထားသလို မျဉ်းတွေ ဆွဲလိုက်ပါ။



ပြီးရင်တော့ အောက်မှာ ပြထားသလို ခြယ်ပြီး ပိုင်းကြည့်လိုက်ရင် ထပ်တူညီ အပိုင်း ၄ ပိုင်း ရပါပြီ။ စဉ်းစားရတာ နည်းနည်းတော့ ပိုရှုပ်ထွေးသွားတာပေါ့လေ။




နောက်ဆုံးလုပ်ရမှာကတော့ အောက်ကဖော်ပြထားတဲ့ ဧရိယာမှာဖြစ်ပါတယ်။ အ၀ါရောင် ခြယ်ထားတဲ့ စတုရန်းငယ် အပိုင်းလေးကို ဖယ်ရှားလိုက်ပါပြီ။ အခုမြင်ရတဲ့ စတုရန်းကြီး တခုလုံးမှာ ထပ်တူညီ အပိုင်း ၇ ပိုင်းရအောင် ပိုင်းပေးပါဦး။


----
----
----
----
----
----
----
----
----
----
----
----
----
----
----

ဒါကို ဖြေရှင်းဖို့ အချိန်ဘယ်လောက်ကြာကြာ သုံးလိုက်ရသလဲ။ အမြန်ဆုံးနဲ့ တိုက်ရိုက်စဉ်းစားပြီး ဖြေရှင်းနိုင်ခဲ့ရင်တော့ သင်ဟာ အတွေးရှင်းရှင်းနဲ့ ဗျူဟာကျွမ်းကျင်သူတစ်ဦး ဖြစ်ဖို့နီးစပ်သွားပါပြီ။ ဖြေရှင်းပုံက လွယ်လွယ်လေးပါ။ အလျားလိုက်ဖြစ်ဖြစ် ဒေါင်လိုက်ဖြစ်ဖြစ် မျဉ်းဖြောင့်တွေ အခုလို ဆွဲပြီး ပိုင်းလိုက်ရင် ၇ ပိုင်းမက ကြိုက်သလောက် အပိုင်း အညီအမျှ ပိုင်းလို့ရတာပေါ့။ ကန့်လန့်ဖြတ်မျဉ်းတို့ လေးထောင့်စိတ်ကြည့်ဖို့တို့ စဉ်းစားမိကြသေးသလား။



ဒီပုစ္ဆာတွေက ဘာကို ပြောသလဲဆိုတော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ရှေ့ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက စဉ်းစားတွေးခေါ်ပုံကို လွှမ်းမိုးသွားတတ်ပါတယ်။ တချို့အရာတွေဟာ ရိုးရိုးလေး စဉ်းစားပြီး ဖြေရှင်းရင် ရနိုင်ပါလျက်နဲ့ အတိတ်က ဖြေရှင်းပုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ရွာပတ်ပြီး စဉ်းစားနေမိတတ်ပါတယ်။ အတွေးရှင်းပြီး အတိတ်ကို အတိတ်မှာပဲထားလို့ ပြဿနာ တခုစီကို သီးသန့် ချဉ်းကပ်ခဲ့သူကတော့ အမြန်ဖြေရှင်းသွားနိုင်မှာပါ။ သည့်အပြင် အခြားအခြားသော သင်ခန်းစာများလည်း ရကောင်းရနိုင်ပါတယ်။ တွေ့ရင် မှတ်ချက်ရေးသွားကြပါဦး။

(သိလိုသူများအတွက် ။ ။ ပန်ဒိုရာတယောက်ကတော့ နောက်ဆုံးမှာ အားလုံးကို ဖြေရှင်းနိုင်သော်လည်း နည်းနည်း ရွာလည်သွားခဲ့တဲ့ အစားထဲကပါပဲ။)


7 comments:

ကလိုစေးထူး said...

ဗျူဟာမှူးကြီး ခိုင်းတဲ့အတိုင်း လိုက်စဉ်းစားလိုက်တာ ချာလပတ်တော့ နည်းနည်းလည်သွားတယ်။ မေးခွန်းတခုကိုဖတ်လိုက် အပေါ်ပုံကို ပြန်သွားကြည့်လိုက်နဲ့ ခေါင်းစားသကွာ။

စိုးထက် - Soe Htet ! said...

A Very Good Example ! :D

ခင်မင်းဇော် said...

္ဘကြွားတာတော့ မဟုတ်ဘူးကွ...
ကိုယ် အဲဒီအဖြေ အကုန်လုံး ကို သိပ်မစဉ်းစားရပဲ အကုန်မှန်သဗျ.. ဟဟ
(တကယ်က ဖြေဖူးထားလို့ပါ)

Anonymous said...

ကျွန်တော်က သူငယ်ချင်းတစ်ယောက်ပို့တဲ့ Power Point ကနေ ဖြေဖူးတယ်။ အဲဒီတုန်းက ၀က်ဝက်ကွဲပဲဗျို့... မှားတာ... :)

တန်ခူး said...

ရွာလည်သွားလို့  ခုမှ comment ပြန်ရေးရတယ်….

(တေးမွန်) said...

အချိန်မရတာနဲ့ ဖြေလည်းဖြေချင်တာနဲ့ ဒီပိုစ်ကို ကျော်ထားခဲ့တာ.. ဒီနေ့ မှ အားယားနေလို့ ဖြေဖြစ်တယ်။ အေးအေးပါပဲ.. နံပါတ်လေးမှာ ထွေသွားတာကလွဲလို့ ။ နံပါတ် ရ ကတော့ သိပ်တောင်မစဉ်စားလိုက်ရဘူး။

ဟဲ..ဟဲ.. ပြသာနာ တစ်ခုကို သီးသန့် ပဲ ချဉ်းကပ်ခဲ့တာလား.. ကံပဲကောင်းခံတာလားဆိုတာတော့ .. ဘယ်သူသိနိုင်မလဲ..

:P

နတ်ဆိုး

Anonymous said...

ဦးဏှောက်တော်တော်ကြိုက်ပုံရတယ်။ ဦးဏှောက်အရမ်းစားတာပဲ။ ကျေးဇူးတော့တင်ပါတယ်။ ဥာဏ်စမ်းနဲ့ ချဉ်းကပ်ပုံကိုတင်ပေးထားတဲ့အတွက်