Monday, July 28, 2008

သင်္ကေတများကိုဖြတ်ကျော်စဉ် (၂)

“ဟိုမှာ ရှေ့ကညာဘက် စားပွဲထောင့်ကို အသာလေး ကြည့်လိုက်။ နစ်စ်တယ်လ်ရွိုင်းနဲ့ တူတယ် သိလား။”

သူ့စကားကြောင့် မျက်လုံးကို အသာရွှေ့ကာ လှမ်းကြည့်လိုက်သည်။ မျက်နှာ ရှည်သွယ်သွယ်တွင် ဆံနွယ်များဝဲကာ နှုတ်ခမ်းလေး ရဲနေသော အဖြူကောင်လေးက နယ်သာလန်က ဘောလုံးသမား ရုဒ် ဗန် နစ်စ်တယ်လ်ရွိုင်းနှင့် ခပ်ဆင်ဆင်တူသော်လည်း တကယ်တော့ ပိုလို့ပင် ကြည့်ကောင်းပါသေးသည်။ ရုတ်တရက် ကောင်ကလေးကလည်း ကိုယ့်ဘက် လှည့်ကြည့်လိုက်သည်။ မထင်မှတ်ပဲ ဗြုန်းဆို မျက်လုံးချင်း ဆုံသွားသော တခဏ မျက်လွှာကို ဖြတ်ခနဲ ချလိုက်ပါသည်။

“ဟော.. ကြိုက်သွားပြီ မဟုတ်လား။ ဟင်းဟင်း..”

“ဘာ….လဲ။ ဘာကြိုက်ရမှာလဲ။”

“ကြိုက်သွားပါတယ်။ ခင်ဗျားမျက်နှာမှာ ရှက်သွားတဲ့ အရိပ်အယောင် တွေ့လိုက်တယ်။”

“အာ.. ဒါက ကောင်လေးက ပြန်ကြည့်တာကိုး။ အစကတည်းက ဘာလို့ လာပြသေးလဲ။”

“ခင်ဗျား ကြိုက်တတ်မယ်မှန်း သိလို့လေ။”

သူက ပြုံးတုံးတုံး လုပ်ကာ ကိုယ့်မျက်နှာကို စေ့စေ့ကြည့်သည်။ သိပ်ခက်တာပဲလေ။ ဘာမှန်းလဲမသိ။ တခြားကောင်လေး တစ်ယောက်ကိုများ သူကပဲ စပြရတယ်လို့။ ပြီးတော့ သူများကို မိပြီ ဆိုတဲ့ ပုံစံနဲ့ သူခိုးချောင်းသလို သေသေချာချာ လာကြည့်နေသေး။

“အင်းပါလေ ဒါဆို ကြိုက်သွားလို့ ဒီကလူကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ဘယ်ထားခဲ့မလဲ..။ သိတာပေါ့.။ ဒီလို လူကောင်း သူကောင်းလေး တစ်ယောက်ကို အကြောင်း သိသွားပြီးတဲ့နောက်မှာ ဘယ်လို ကောင်မလေးကမှ မိုက်မိုက်မဲမဲ ဘယ်ထားခဲ့မလဲ။”

“အောင်မယ်.. ဟာဟ.. ကိုယ့်ကိုယ်ကို တယ် ထင်နေပါလား။”


…………………


အဲသည် လူကောင်းသူကောင်းလေးက သည်လို ဘာမှန်းမသိသည့် အံ့သြစရာများနှင့် တခါတခါ ရယ်စရာကောင်းသလို သေသေချာချာ မမေးမမြန်းပဲ သူ ထင်ရာ လုပ်လုပ်လာတတ်သည့် အကျင့်လည်း ရှိလေသည်။


……………..


“ရော့ ခင်ဗျားကြိုက်တဲ့ ဖရဲသီး ဖျော်ရည်…။”

“ဟင်.. သွားပြီ။ လုံးဝ မကြိုက်ဘူး။”

“ဟိုတနေ့က ဖရဲသီး အရမ်းကြိုက်တယ် လို့ ခင်ဗျားပဲ ပြောပြီးတော့။”

“ဖရဲသီးကို အသီးပဲ ကြိုက်တာလေ။ ဖျော်ရည်ကြိုက်တယ်လို့ ဘယ်သူက ပြောလို့လဲ။ ဖရဲသီးဆိုတာ ဖျော်လိုက်ရင် ရေအတိုင်းပဲ။ ကျဲတောက်တောက်နဲ့ တစက်မှ အရသာ ရှိတာမဟုတ်ဘူး။ ဖျော်ရည်ဆိုရင် သဘောင်္သီး ငှက်ပျောသီးတို့ဖျော်မှ ကြိုက်တာ။ ဒါမှမဟုတ်လည်း သံပုရာရည် ဖြစ်ဖြစ်ပေါ့..။ ဘာမှလည်း မသိဘဲနဲ့။”

“မသိဘူး။ မသိနိုင်ဘူး။ ရှုပ်နေတာပဲ။”

“မေးပေါ့။ သိအောင်မေးပါလား။”

“မမေးချင်ပါဘူး။”

“မမေးချင်လည်း နေပေါ့။ ဟွန်း..”


………………..


“သံပုရာရည် မှာလိုက်ပြီနော်။”

“ဟင်.. ဒီနေ့ ဂရက်စ်ဂျယ်လီ (ကျောက်ကျော) ပဲ သောက်မလို့ စဉ်းစားနေတာကို။ မမေးပဲ စွတ်မှာပြန်ပြီ။”

“ခုတလော ခင်ဗျားပဲ အဆီကျချင်လို့ဆို။ ထမင်းစားပြီးတိုင်း သံပုရာရည်ပဲ သောက်နေတယ် မဟုတ်လား။”

“ဒီနေ့ အစာအိမ်က နည်းနည်း ပြန်ဖြစ်နေလို့။ အချဉ်တွေ မသောက်တော့ဘူး လို့ စဉ်းစားနေတာကို။”

“ဟုတ်လား။ ဗိုက်အောင့်နေလား။ သိမှမသိပဲဟာကို။”

“ဘယ်သိမလဲ။ သူများကို ဂရုမှမစိုက်တာ..”

“ရော်..”


………………….


တစ်ယောက်ယောက်ကတော့ ဆိုးနေပြီ။ တစ်ယောက်က သေသေချာချာ မမေးမမြန်းနဲ့ ထင်တာကို မှန်းလုပ်သူ။ တစ်ယောက်ကလည်း အခြေအနေတွေ တပုံကြီးထားလို့ ဘာလိုချင်လဲဆိုတာ သိသိသာသာ မြင်ရဖို့ ခက်သူ။

ဒါပေမယ့် ဒါပေမယ့်ပေါ့… လွဲခါမှ လွဲရော။ တဖက်လူ ကြိုက်မယ် ထင်ပါရဲ့ ဆိုတာလေးကို ခေါင်းထဲထည့်ထားပြီး မမေးလိုက်မိပေမယ့်လည်း တွေးတွေးပြီး ကြိုးစားကြည့်ရှာတာ ဘာကြောင့်များပါလိမ့်.. နော်..။




ပန်ဒိုရာ

(သင်္ကေတများကို ဖြတ်ကျော်စဉ် (၁) ကို ဒီမှာ ဖတ်ပါ။)


14 comments:

တန်ခူး said...

တွေးတွေးပြီး ကြိုးစားကြည့်ရှာတာ ဘာကြောင့်လဲ တကယ်မသိဘူးလား…
သိပါတယ်… သိလို့ ရွေးထားတာဟုတ်…
တကယ်မသိဘူးဆိုရင် ပြောပြမယ် နားထောင်… ပန်ဒိုရီ အစား…
အဲဒါ ချစ်ခြင်းရဲ့ သင်္ကေတပေါ့….

Anonymous said...

ခွိခွိ ...

ဒါမျိုးလေးတွေ များ၂ ဖတ်ချင်သည် :D

Anonymous said...

အခုမှ ၁ ကော ၂ ပါဖတ်သွားတယ် ဟုတ်တော့ ဟုတ်နေပါပြီးး တစ်ယောက်က ကဗျာဆန်ဆန်ေးလးကြိုက်တာလား ဟီး ပန်ဒိုရီနေရာမှာ ကျနော်ဆို ရူးမှာပဲ ခဏခဏပြောင်းနေတာကိုး အကြိုက်က တစ်မျိုးထဲဆိုလည်း ဟုတ်သား :P

Anonymous said...

ဘာကိုမှ ဟုတ်တိ ပတ်တိ မကြိုက်တတ်ဘဲ ဘာသိဘာသာ နေတတ် လွန်းတဲ့ သူနဲ့ ဆိုရင် ဘယ်လို လုပ်မလဲနော်... အိမ်က တစ်ယောက်ကို ပြန်မေး ကြည့်လိုက်ဦးမယ် အဟိဟိ.. ခုနေ ပြန်စဉ်းစား တာတော့ ဘာသင်္ကေတ မှ မတွေ့မိလို့လေ.. ရှူးတိုးတိုးနော်

သက်ဝေ said...

လွဲကာမှ လွဲရော...
တဖက်လူ ကြိုက်မယ် ထင်ပါရဲ့ ဆိုတာလေးကို ခေါင်းထဲ ထည့်ထားပြီး ကြိုးစား ကြည့်တတ်တာ ဘာကြောင့်ပါလိမ့် ဆိုတာ...
"မသိလို့  မေးတာလား၊ သိရက်နဲ့  မေးတာလား...
ကိုယ့်အကြောင်းကို မင်းဘဲအသိဆုံးပါ...
မင်းက မသိသလို နေရင်တော့ မင်းအမေးကိုလဲ မဖြေချင်တော့ဘူးကွယ်... အိုး... စိတ်ညစ်တယ်..." :-P

P.Ti said...

ဟားဟား ဖြစ်တတ်တယ်… ဒီလိုပဲနော်.. အနော်တို့ကလည်း ပြောမှသိတတ်တာကိုး.. အကုန်လုံးလိုက်မှတ်နိုင်တော့ဘူးဗျာ… မှတ်လည်းလွဲတာကိုး.. ဟီး

အဲလိုလေးတောင် ရေးဖို့စိတ်ကူးရှိသေးတယ်။ မရေးတတ်တာရော ပျင်းနေတာရောကြောင့် မရေးဖြစ်… :)

ညိမ်းညို said...

ညစ်ကျယ်ကျယ်အမကြီးတစ်ယောက်ထပ်တိုးလာပီ :)
အရင်ကအမလေးမတစ်ယောက်ထဲ၊ အခုမကြီးပန်ရောပါသွားပီ :P
အပိုင်း၁ မှာထဲက စောင့်ကြည့်လေ့လာနေတာ :D
ပျော်ရွှင်ပါစေခင်ဗျာ

လင်း said...

ဒါဖတ်ပြီးတော့ အတိတ်ကို အရမ်းလွမ်းသွားမိတယ်။ လင်းလဲအဲလိုမျိုးပဲ

Anonymous said...

ဒါလေးတွေကိုပဲ ချစ်နေတာ မဟုတ်ဘူးလား…။

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ..
စကားအပြောလေးတွေကို ပေါ်အောင်ရေးထားတာတွေ
အရမ်းကောင်းတာဘဲ...
မနေ့ ကလည်း စာဟောင်းတွေ အကုန်လာဖတ်ဖြစ်သေးတယ်..။

Anonymous said...

မဂျစ် ပြောသလိုပဲ..
ခွိခွိ .. ဒါမျိုးလေး များများလုပ်ပါ..။
အရီးပန် ...
အဲလို သင်္ကေတတွေ များများပြ..။ ဂွဒ်.. ဆက်လုပ်..။

pandora said...

မတန်ခူး. ဂျစ်ဂျစ်. မောင်မျိုး၊ လှိုင်၊ သက်ဝေ၊ ညိမ်းညို ပီတိ ပုံရိပ်၊ ကိုရင်နော်ခင်လေးငယ်၊ လေးမ မှတ်ချက်များအတွက် ကျေးဇူး။ ပျော်ရွှင်ကြပါစေ။

ကိုချစ်ဖေ said...

အဲ့ဒီလိုမျိုးလေးတွေလဲ ချစ်ရတာပဲ မဟုတ်လားဗျာ..

မေဓာဝီ said...

၂ ကို ခုမှ ဖတ်ဖူးတယ်။ ၁ ကတော့ ဖတ်ပြီးသား။
မမေးဘဲ တွေးလုပ်ပေးတဲ့ ပန်ဒိုရီက ဂရုစိုက်တတ် ချစ်တတ်လိုက်တာနော်။ ပန်ဒိုရာ ကံကောင်းတယ်။