
အထာစကား
မင်းတို့ကလွတ်ရာကျွတ်ရာ
ဟိုကောင်တွေကအထဲမှာ
ငါတို့က၀င်လိုက်ထွက်လိုက်
ဇာတ်တိုက်လို့မရတာလည်း မပြောနဲ့တော့
သိလား...
နေရာတကာ
အထာ....နဲ့
ကလေးတွေဗွီဒီယိုဂိမ်း အိုဘားမားကန်ပိန်းထည့်တာ
အထာ….နဲ့
ငွေကြေးခရိုက်စစ်နဲ့ ခါတော်မှီလူမွဲဖြစ်တာ
အထာ....နဲ့
တနေ့တလုံး မှန်မှန်ဗုံးကွဲနေတာ
အထာ....နဲ့
ဘောင်းဘီကိုချွတ် ပုဆိုး ပြောင်းဝတ်မယ်ကြံတာ
အထာ….နဲ့
ကမ္ဘာမကြေကိုတောင် အထာတွေနဲ့ဆိုနေရတဲ့ခေတ်
စိတ်ဆေးရုံကဆင်းထားတဲ့ လက်မှတ်
ဘက်ကပ် လုပ်ထားရတယ်
သိပ်လိုအပ်ရင်သရဲမွေး
ဗလိနတ်စာကျွေးရတယ်
ခေါင်းညိတ်ပြီးမှ
လက်နောက်ပစ် လွှတ်ချရတယ်
ပေးရင်အသာယူထား
အားရင်ကြိတ်ဝေလိုက်
တံဆိပ်တွေတော့လာလာမကပ်လေနဲ့
မိတ်အင်ဒီတင် တောင် မပြောနဲ့
ဘရန်းဒက် မဖြစ်လည်းနေပစေ
ခေါက်ထားတာတွေ လိုက်မဖြည်ရင်တော်ပြီ
ရေရှည်ကိုတွေး
ဒါကိုမှ ဒိတ်မပေါက်သေးရင်
ဟောဒီစာမျက်နှာ
ကွန်ပြူတာစခရင်ကိုပါးအပ်
နားဆတ်ဆတ်ထောင်ကြည့်
ဇလုံသံ ပန်းကန်သံ ပလုံသံ ပလွမ်သံ
ငပိသံ ငါးခြောက်သံ ဖိသံ ဟောက်သံ
ဈေးရောင်းသံ ခွေးမောင်းသံ
ညစ်ပတ်သံ ပစ်ခတ်သံ
ကလေးကစားသံ ပြေးလွှားသံ
ကြား.... သလား....
ကဗျာပုဝါပါးနဲ့
အလွှာတလွှာခြားထားတယ်
အထာ ……….... နဲ့။
ပန်ဒိုရာ
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 hours ago





32 comments:
အထာ...ပေါက်သလိုလိုတော့ ရှိသလိုဘဲ။
အရီးပန်ရေ
ကဗျာကိုအထာနဲ့ဖတ်ပီး အထာနဲ့ ကွန့်မန့်ရေးသွားပါကြောင်း :P
အထာအပြည့်နဲ့
အထာမဲ့သေတ္တာထဲ
အထားအသို လွဲနိုင်ရဲ့
အထောက်အထားမဲ့ အထာတွေ ထိုးထည့်
ထိန်နေအောင် ထွန်းလည်း ထွက်လာတဲ့ အလင်းမှာ အထွာနဲ့ ။
ဒါပေမဲ့ ...
ထိတော့ ထိတယ် ။
... အထာနဲ့ ။
အထာနဲ့ ပေမယ့် အသေချာကြီးကို သိသွားတယ် အထာနဲ့  ကမ္ဘာမကြေ ဟိုဖိုးဖိုးကြီးကို ကမ္ဘာမကြေတာ အထာနဲ့ ပြောသွားပြီးး :)
ဟုတ်ပါ့ အမရေ...
မြန်မာပြည်ထဲဖုန်းပြောရင်ထောင်အထာနဲ့..
သဒ္ဒါမတတ်စာမတတ်ခေတ်မဟုတ်တော့ပဲ..
အထာမတတ်ရင်စာမတတ်တဲ့ခေတ်ရောက်နေပြီ..
ပန်ဒို....
ချီးကျုးပါရစေ....
ဒီလောက်ကောင်းတဲ့ ကဗျာ...
ဘယ်လိုများတွေးပစ်လိုက် ဖောက်ထုတ်လိုက်တာလဲဗျာ....။
အထာ ကိုင်မနေနဲ့ ပန်ဒိုရေ..
များများပေါက်ကွဲပါ...
ကဗျာတွေကို တန်ဘိုးထားသိမ်းချင်လွန်းလို့ ပါ...။
လေးလေးစားစားကို တောင်းဆိုပါတယ်
လေးလေးစားစားကို ချီးကျုးပါတယ် ပန်ဒို..။
အထာနဲ့ ကြယ်ငါးပွင့်ပေးသွားတယ်ဗျို့
မိုက်တယ်ဗျို့....။
အထာနဲ့ရေးတဲ့ကဗျာ
ပညာသားပါသမို့
အထာနဲ့ကြိုက်တယ်ဗျို့.....
တော်တော်လေး ကောင်းတဲ့ကဗျာလေးပါ
ကဗျာလေးက အရမ်းကောင်းတာပဲ...
ဒီလိုပဲ..တို့တွေလည်း အထာနဲ့နေရတာပဲး)
အဆိပ်ကောင်လိုပဲ။ ပေါက်ကွဲမှု သံစဉ်တွေက ကဗျာ လှလှလေးတွေ ထွက်လာတယ်။ ခဏခဏ ပေါက်ကွဲအောင် ဆွပေးမှ ထင်တယ်။ အဟီး။ :D
ခိုက်တယ်ဗျာ။ Slang တွေကို သုံးပြီး ထိမိတဲ့ ကဗျာစပ်ထားတော့ ....
ပန်ဒိုရာရေ.. ကဗျာက ကောင်းလွန်းလို့ ..
အဲဒါလည်း အထာနဲ့
အထာနဲ့ အပေါ်က ပြောသွားတဲလူတွေ ပြည့်စုံနေပြီ..
အထာနဲပဲ ထပ်ပြောခဲတော့မယ် ....မိုက်တယ်..။
ဖတ်ပြီး အထာနဲ့ ပြန်လို့ မရတော့ဘူး။ အထာခေတ်ကို အထာနဲ့ ထင်ဟပ်တဲ့ ကဗျာကောင်းတစ်ပုဒ်ပဲ။
really nice poem. it'll be very nice to recite especially the voices in the end.
နေရာတကာ
အထာ....နဲ့ :)
အထာနဲ့ ပြုံးလိုက်တယ်။
အထာနဲ့ တွေးလိုက်တယ်။
ပန်ဒိုရာဆိုတဲ့အမည်ကို အထာနဲ့ ကြည့်လိုက်တယ်။
သေချာဖတ်ပြီး အိုက်တင်အပြည့်နဲ့ ခေါင်းကိုတောင်ဘက်နည်းနည်းမြောက်ဘက်နည်းနည်း အထာနဲ့ ရမ်းလိုက်တယ်။
မယ်ပန်က ဆရာကျတာကို အထာနဲ့ ပြသွားတယ်..
း)
အဲဒီအထာက တော်တော် တာသွားတာတော့ အမှန်ပ အရီးရေ...
You are amazing at writing such poem, impressive! I always read your blog, keep it up girl! Cheers,
Prof. mad
ပန်ပန်...
အထာလေးနဲ့ လာ...
အထာလေးနဲ့ ဖတ်ပြီး
အထာပေးကာ အသာလေးပြန်သွားပါကြောင်း...။
ရေလည်မိုက်တဲ့ ကဗျာပဲ
မပန်ရေ - မပန်ရဲ့ လက်ရာကောင်းတွေထဲက နောက်တစ်ခုပေါ့။ ဖတ်ရတာ ကောင်းလွန်းလို့ တိုတယ်တောင်ထင်ရတယ်။ ကျေးဇူးပါမပန်ရေ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လဲ မီးပျက်တဲ့မြို့တော်ကြီးမှာ အထာနဲ့ .... အဟတ် :)
အထာတော့ ကျနေပြီ၊ ကဗျာလေးက... အထာပဲဗျာ...
ကိုယ့်ဆင်ဆာ ကိုယ်တင်ထားရတယ် အထာနဲ့
ကဗျာကို လာဖတ်ပြီး အားပေးသွားတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ တခါတလေ စိတ်ကူးပေါက်လို့ ထွက်ကျလာတယ်ပဲ ဆိုပါတော့။
ကောင်းလိုက်တဲ့ ကဗျာ။ နောက်ဆုံးမှ ဖတ်မိတာ နာတယ်။
မပန်ရေ . . လေးစားတယ်။ တကယ်လေးစားတယ်။
အထာ…ကဗျာဖတ်ပြီးတော့… ပိုနပ်သွားတယ်…
ကောင်းတယ်လို့ ပြောမယ်… အထာကော်မန့် တော့ မဟုတ်ဘူးနော်… ယုံ…
ဒီနေ့နောက်တစ်ခေါက် လာဖတ်ပြီးတော့ ကောင်းလိုက်တာလို့ ပြောချင်လို့ပါ။
Post a Comment