အမိဧရာဝတီရဲ့ အမွေအနှစ်ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဟာ ဆည်းဆာနေရောင်အောက်မှာ သဘာဝကျကျ ယဉ်ယဉ်လေး လှနေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ၂၀၀၈ ဧပြီလလယ်လောက်က ကျေးလက်ဆိပ်ကမ်းတစ်ခုရဲ့ မြင်ကွင်းရယ်ပါ။
အခုလည်း လှနေပါသေးတယ်။ လွမ်းစရာ့ သစ်ခြောက်ပင် တစ်ပင်နဲ့ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူနဲ့။ ဒါပေမယ့် စေတီရဲ့ အထွဋ်အထိပ် ထီးတော်ခမျာ လေပြင်းဒဏ်ကြောင့် ယိုင်ကျိုးသွားခဲ့ရရှာတယ်။ ဧည့်ဆိုး နာဂစ် လာသွားအပြီး လပိုင်းလောက်အကြာက ပုံပါ။
ရေတွေစီးဆင်းနေတဲ့ မြစ်နံဘေးမှာနေနေလျက်နဲ့ ခြောက်ကပ်နေရတော့တယ်။ သစ်ကိုင်းငုတ်တိုတွေ တခြမ်းပဲ့နေတဲ့ အုန်းပင်ကိုင်းကိုင်းတွေနဲ့ ရင်ဆို့စရာမြင်ကွင်းကို အလှ လို့ပြောရမှာတောင် ဆွံ့အသွားခဲ့ပါတယ်။
စီတန်းထားတဲ့ ယာယီအိမ်ကလေးတွေဟာ installation art တစ်ခုမဟုတ်ပါ။ တိမ်တွေပြာနေတဲ့ ကောင်းကင်လှလှအောက်မှာ ရွှံနွံတွေနစ်စိုနေတဲ့မြေပြင်ပေါ်က တာလပတ်ကာမိုး အိမ်လေးတွေထဲမှာ သူတို့တွေ ဖြစ်သလို နေထိုင်ခဲ့ကြရပါတယ်။ အခုတော့လည်း ပိုပြီး တောင့်တင်းခိုင်မာတဲ့ နေစရာတွေနဲ့ အစားထိုးပြီးလောက်ပါပြီ။
အရွက်တွေ တစ်ရွက်မှ မရှိတော့တဲ့ ဒီအပင်ဟာ တချိန်က ဘယ်လိုနေခဲ့မလဲ။ အခုလို တမျိုးသဏ္ဍန်နဲ့ လှနေစေဖို့ သူပေးခဲ့ရတဲ့ အရင်းအနှီးက ဘာလဲ။
တခြမ်းပဲ့နေတဲ့ အရာတွေဟာ စုပေါင်း တန်းစီထားတော့ အလှကို ဖန်တီးပြန်တယ်။ စိတ်နာနာနဲ့ တခုခုကို အတူတူ ကျောခိုင်းနေကြတာလား လို့ တွေးမိတယ်။
ကလေးငယ်တွေရဲ့ အပြစ်ကင်းမှုကို ဘယ်အလှက တုနှိုင်းဦးမှာလဲ။ ၂၀၀၈ ဧပြီလလောက်က ပုံရိပ်လေးကို ဖမ်းယူထားလိုက်မိပေမယ့် ဒီချစ်စရာ ကလေးငယ်ဟာ အခုတော့ နာဂစ်ရဲ့ သားကောင်ဖြစ်သွားရရှာပြီ တဲ့။ ဒါပေမယ့်လည်း အသက်ရှင်ကျန်ခဲ့တဲ့ထဲမှာ ဒီလို ချစ်စရာကလေးလေးတွေ အများကြီး ရှိကြဦးမယ်။ သူတို့တွေ အနာဂတ် လှအောင် ဖန်တီးပေးဖို့တော့ လိုတယ်လေ။
ဧရာဝတီက လှခဲ့ပါတယ်။ အမိမြေမှာ အလှတရားတွေ ကျန်နေဦးမယ်။ အလှတရားကိုချစ်တတ်တဲ့ လှတဲ့စိတ်ကလေးတွေနဲ့ လှတဲ့မြေကို ပြန်တည်ဆောက်ကြရအောင်။
ပန်ဒိုရာ
(မအိန္ဒြာမှတ်ချက်ရေးသွားတဲ့ ကဗျာလေးကို ဖြည့်စွက်ထားပါတယ်။)
အဲဒီ့ရှုမျှော်ခင်းတွေ...ထဲမှာ..
ရတက်မအေးနိုင်သေးတဲ့
အထိတ်တလန့်ဝိဥာဉ်တွေရဲ့...
ဆောက်တည်ရာမရ..
နာကျဉ်သောကတွေလဲ..ပါနေတယ်..
အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
ဘယ်လောက်အထိ..လို့..
အတိုင်းအဆမသိ ကြေကွဲဆုံးရှုံးခြင်းတွေက
နိဂုံးချုပ်ချင်ယောင်ဆောင်နေတယ်..
အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
နာလံမထူနိုင်တော့တဲ့..
စိတ်အနာထည်..နွမ်းနွမ်းလေးတွေရဲ့..
ဘယ်တော့မှမဆုံးနိုင်တော့မယ့်...
လင့် မျှော် ခြင်း....
အဝေးငေး..အကြည့်လဲပါတယ်..ပေါ့..။
အိန္ဒြာ
January 13, 2009 7:45 PM
တိုက်တွန်းခြင်း။ ။
ကူညီလိုလျှင်တော့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ထဲက MBEAN ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ညွှန်းဆိုချင်ပါတယ်။
MBEAN ကတော့ ဘလော့ဂါ တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာရဲမွန်မြင့် ပါဝင်တဲ့ စေတနာဝန်ထမ်း အဖွဲ့တစ်ခုပါ။ ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမကူညီနိုင်ပေမယ့် အဝေးကနေ ဆက်လက် ကူညီလိုတယ်ဆိုရင်တော့ တစ်ကျပ်တစ်ပြားဖြစ်ဖြစ် ထည့်ဝင်နိုင်ပါတယ်။ ကိုယ်တွေ တနေ့စားနေတဲ့ ထမင်းတစ်နပ်မှာ နည်းနည်း ချွေတာလိုက်မယ်၊ ဇိမ်ခံကိစ္စတွေ နည်းနည်း လျှော့လိုက်မယ် ဆိုရင် သူတို့တွေရဲ့ ဘ၀တွေအတွက်တော့ အပြောင်းအလဲပဲ မဟုတ်ပါလား။
MBEAN website လိပ်စာ။ http://mbean.org.uk
MBEAN ရဲ့ လုပ်ဆောင်ချက်တွေ သိလိုပါက အစီရင်ခံစာတွေ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း အဲဒီမှာ သွားကြည့်ရှုနိုင်ပါတယ်။အလှူငွေကိုလည်း ပြည်တွင်းပြည်ပ အဖွဲ့ဝင်တွေကတဆင့် ဖြစ်ဖြစ် credit card ကတဆင့်ဖြစ်ဖြစ် paypal ကဖြစ်ဖြစ် လှူဒါန်းနိုင်ပါတယ်။
Tuesday, January 13, 2009
မုန်တိုင်းကြားက ဘ၀များ နဲ့ အလှတရား အတွက်
Subscribe to:
Post Comments (Atom)
8 comments:
နာဂစ်ကို ပြန်သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နိုင်သလောက် ကူမယ်လို့ မှန်းထားတယ်။
အဲဒီကလေးလေးကို သနားလိုက်တာ။ သူလေး
အပါအ၀င် နာဂစ်ဒဏ်ကို ရက်စက်စွာခံခဲ့ကြရသူများ နောက်နောင်ဘ၀များမှာ ဒီဝဋ်ကြွေးဆိုးကြီးတွေကနေ လွတ်ပါစေ..။
အဆင်ပြေရင်တတ်နိုင်သလောက်လေးဖြစ်ဖြစ် ကူညီချင်ပါသေးတယ်။ ကျေးဇူးပါအန်တီပန်။
ဒဏ်ရာဟောင်းက
တဆစ်ဆစ် နာကျင်ဆဲပါ . . .
http://winzaw-mdy.blogspot.com
hi,
could u pls. tell me how to donate by cash?is there any volunteer here in singapore??
အဲဒီ့ရှုမျှော်ခင်းတွေ...ထဲမှာ..
ရတက်မအေးနိုင်သေးတဲ့
အထိတ်တလန့်ဝိဥာဉ်တွေရဲ့...
ဆောက်တည်ရာမရ..
နာကျဉ်သောကတွေလဲ..ပါနေတယ်..
အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
ဘယ်လောက်အထိ..လို့..
အတိုင်းအဆမသိ ကြေကွဲဆုံးရှုံးခြင်းတွေက
နိဂုံးချုပ်ချင်ယောင်ဆောင်နေတယ်..
အဲဒီ့ရှုမျှော်ခင်းတွေထဲမှာ..
နာလံမထူနိုင်တော့တဲ့..
စိတ်အနာထည်..နွမ်းနွမ်းလေးတွေရဲ့..
ဘယ်တော့မှမဆုံးနိုင်တော့မယ့်...
လင့် မျှော် ခြင်း....
အဝေးငေး..အကြည့်လဲပါတယ်..ပေါ့..။
မှတ်ချက်များအတွက်ကျေးဇူးပါ.။ မအိန္ဒြာရဲ့ ကဗျာလေးကိုလည်း ပို့စ်မှာ ထည့်ထားလိုက်ပါတယ်။
စင်္ကာပူမှာ cash နဲ့ MBEAN ကိုလှူဒါန်းချင်ရင် pandorao@gmail.com ကို အီးမေးလ် အရင်ပို့လိုက်ပါ။ ဆက်သွယ်ပေးပါမယ်.။
မမေ့မလျော့ ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီဖေးမ နေဆဲ ပန်ပန်တို့ကို ကျေးဇူးတင်မိပါတယ်။
Post a Comment