စာရေးဖို့ မအားတာနဲ့ ဓာတ်ပုံတွေ တင်လိုက်ပါတယ်။ ကိုယ်တိုင်သွားတာတော့ မဟုတ်ပါဘူး။ အိမ်ကပို့လိုက်တာတွေပါ။ ဘာဖြစ်ဖြစ်လေ မရောက်တာ ကြာသူများအတွက် အလွမ်းပြေ ကြည့်ရတာပေါ့။
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
2 weeks ago
16 comments:
ဒေါန တောင်တန်းကြီးတွေကို လွမ်းကြည့်လိုက်တယ်။ သွားအုံးမယ် နောက်တခေါက်။
သွားလိုက်တာ..ခဏခဏ သွားတယ်။
မွေးရပ်မြေ ကို လွမ်းသွားပြီး ဓာတ်ပုံတွေအတွက် ကျေးဇူး ဒေါ်လေး ။
ငယ်ငယ်တုန်းက ကျိုက်ထီးရိုး တက်ခဲ့တာတွေ လွမ်းသွားပြီ။ သူများ တွန်းတင် ဆွဲတင်လို့ တောင်ပေါ်ထိတော့ ရောက်ခဲ့ပါတယ်။ :)
အလွမ်းပြေ ဆိုသော်လည်း အလွမ်းမပြေဘဲ ပိုတိုးလာပါကြောင်း။
မပန်က လူမရောက်ဖြစ်ပေမယ့် တင်လိုက်တဲ့ပုံတွေမြင်ရတော့မှ
လူရောက်ပြီး စာရေးဖို့ရော ပုံတင်ဖို့ရော အပျင်းကြီးနေတဲ့ ကိုယ့်ကိုကိုယ် ပြန်ရှက်သွားတယ်။
သတိပေးသလိုဖြစ်သွားတဲ့အတွက် သိပ်မဆိုင်ပေမယ့် ကျေးဇူးပါ။ :D
ဓာတ်ပုံထဲကနေကျိုက်ထီးရိုးဘုရားကြီးကိုဖူးမျှော်ခွင့်ရလိုက်တာကိုဘဲကျေးဇူးတင်လှပါတယ်မပန်ရေ...
မပန်ရေ.. ကျိုက်ထီးရိုးမရောက်ဖြစ်တာ ကြာလှပေါ့.. သွားချင်ပါတယ်ကွယ်.. :) အရင် အမတို့သွားတုန်းကဆို တဲသာသာ ဆိုင်လေးတွေပဲတွေ့ရတာ အခုတော့ အာလုံးက ပြောင်းလဲကုန်ပြီပဲ...
ပြောဖို့မေ့သွားတယ်... ကျိုက်ထီးရိုး ဘုရားပုံကို ဓာတ်ပုံထုတ်ပြီး အိမ်မှာ ပူဇော်ချင်လို့ ခွင့်ပြုပါနော်.. :)
ကျိုက်ထီးရိုးက မနက် ၃ နာရီခွဲ လောက် သန့်တို့ ညီအစ်မ ၃ယောက် ပြန်ဆင်းလာကြတာ . . .
ပထမဆုံးရောက်ဖူးတာဆိုတော့ လမ်းတွေမှောင်မည်းနေလိမ့်မယ်ဆိုတာ မစဉ်းစားမိတော့ ဖယောင်းတိုင်မီးတောင်သယ်မလာဘူး ။
ကံကောင်းလို့ အဲဒီက အထမ်းသမားဦးလေးကြီးက သူ့ရဲ့မီးခွက်လေးပေးလိုက်ပေလို့ . . .း)
ကံမကောင်းတော့ အဲဒီမီးက လေတိုက်လို့ ငြိမ်းသွားပါလေရော...း(
မနက်စောကြီးဆိုတော့ လူကလည်းပြတ် ၊ လမ်းအကွေ့ အကောက်တွေကလည်း ဗယ်ကွေ့မှန်းမသိ ၊ ညာကွေ့မှန်းမသိနဲ့ ။
ညီအစ်မ ၃ ယောက် ကြောက်ကြောက်နဲ့ သီချင်းတွေအော်ဆိုပြီး ဆင်းလာခဲ့ကြတာ အခုထိ သတိရနေတုံးပဲ ။
ကျိုက်ထီးရိုးအမှတ်တရပေါ့ ။ :)
ကျနော်တို့ ကျောင်းသားဘဝက ဒီဇင်ဘာဆို ကျိုက်ထီးရိုး တက်နေကြဗျ .....ညဘက်ကြီး မီးတုတ်တွေနဲ့ တောင်ပေါ်တက် ရတာတောင် သတရမိနေသေးတယ်......
မပန် လုပ်တာနဲ့ အကုန် ပြန်လွမ်းနေမိပြီ .....း)
ကျိုက်ထီးရိုး ပုံတွေ အတွက် ကျေးဇူးပါ မပန်ရေ။ မရောက်ဖြစ်တာကြာပြီမို့  တ၀ကြီးဖတ်သွားပါတယ်။
စာအုပ်ဆိုင် ဇတ်လမ်းလေးကတော့ စွဲပြီးကျန်ခဲ့တယ်။
ပုံတွေအတွက် ကျေးဇူးအစ်မရေ ..
ကျိုက်ထီးရိုးမရောက်တာ ၅နှစ်လောက်တောင်ရှိရောပေါ့
သွားချင်လိုက်ပါဘိ...
သွားချင်လိုက်တာ.. ရှုခင်းတွေကြည့်ရတာ စိတ်ချမ်းသာတယ်။
တတိယမြောက်ပုံက ဘာကြီးလဲဟင်?
ကျိုက်ထီးရိုးကိုဘုရားမဖူးရတာ အနှစ်၂၀ကျော်ပြီပေါ့... အခုတင်ထားတဲ့ပုံလေးတွေကြည့်ပြီး သွားချင်လိုက်တာနော်.. တကယ်ပဲ အရင်ကသွားခဲ့ဖူးတဲ့ အငွေ့အသက်တွေကို ပြန်ခံစားရတယ်။ အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်ရှင်..
လွမ်းလိုက်တာ… သွားချင်ပေမယ့် သားနဲ့ မို့ မရောက်ဖြစ်ခဲ့ဘူး…နောက်နှစ်…
i would like to have a couple of pictures.with thanks.
M
Post a Comment