Monday, January 26, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁)




သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁) ထွက်ပါပြီ။

ဒီတစ်ခေါက်ထုတ်တဲ့ သံလွင်အိပ်မက်ကတော့ ပညာရေးကဏ္ဍကို Theme အဖြစ် အဓိကထား ရေးသားထားတယ်လို့ သိရပါတယ်။

အယ်ဒီတာတစ်ဦး ဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့ "သင်ရိုးမရှိတဲ့ကျောင်း" ဆိုတဲ့ ကဗျာအသစ် တစ်ပုဒ်နဲ့အတူ သံလွင်မှာ ရေးနေကျ ၀ိုင်းတော်သားရဲ့ လက်ရာတွေ၊ ကလောင်ရှင်အသစ်တွေရဲ့ လက်ရာတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ မြန်မာပြည်က အထက်တန်း ကျောင်းသားတွေကို ပညာရေးနဲ့ ပတ်သက်လို့ စစ်တမ်းကောက်ထားတာတွေကလည်း အထူးစိတ်ဝင်စားစရာပါ။

ပန်ဒိုရာ ရေးထားတဲ့ "သွေးစုပ်ဖုတ်ကောင်" လို့ အမည်ရတဲ့ ကဗျာ တစ်ပုဒ်နဲ့ "မင်္ဂလာညချမ်းမှာ" ဆိုတဲ့ ၀တ္ထုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ပါ။ အောက်မှာ နမူနာ ပေးလိုက်ပါတယ်။ (ဓာတ်ပုံလေးတစ်ပုံကိုလည်း ဓာတ်ပုံကဏ္ဍမှာ ဖော်ပြထားပါတယ်။)


“သွေးစုပ်ဖုတ်ကောင်”

တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး….

ဒီမှာ ဆက်ဖတ်ပါ။


"မင်္ဂလာညချမ်းမှာ"

နှိုးစက်သံ ကလင်ကလင် က မျက်နှာလေး မှောက်ပြီး အိပ်ပျော်နေတဲ့ သူမကို နိုးထစေခဲ့တယ်။ ညနေ ၅ နာရီထိုးပြီ။ ရေချိုးခန်းထဲ အ၀င် မှန်မှာမြင်နေရတဲ့ မျက်နှာကို ကြည့်ရင်း စိတ်တိုင်း မကျတကျ ခေါင်းခါယမ်းလိုက်တယ်။ အခုလို တစ်နာရီလောက် မှောက်အိပ်လိုက်တော့ ညိုနေတဲ့ မျက်ကွင်းနေရာကတော့ နည်းနည်း ပြည့်သွားတာပေါ့။ ဒါပေမယ့် နည်းနည်းဖောင်းတင်းစ ပြုနေတဲ့ မျက်နှာအောက်ပိုင်းက မေးနှစ်ရစ် ဖြစ်ချင်နေတာက ပို ထင်ရှားသွားသလိုလို…။

ဒီညနေမှာ သူမရဲ့ ကျောင်းနေဘက် သူငယ်ချင်း မောင်မောင်ရဲ့ မင်္ဂလာဧည့်ခံပွဲကို သွားရမယ်လေ။ မင်္ဂလာဆောင်တွေ သွားလိုက်တိုင်း .. “သူများတွေကို လက်ဖွဲ့ရတာ အရှုံးတွေချည်းပဲ ဖြစ်နေပြီနော်။ အပျိုကြီးအလှည့်က ဘယ်တော့လဲ” ဆိုတဲ့ရယ်မော နောက်ပြောင်သံတွေဟာ စိတ်မဆိုးနိုင်တော့လောက်အောင်ကို ရိုးအီလှပြီ။ တခါတခါ စိတ်စေတနာ လွန်ကဲတဲ့ သူငယ်ချင်းတွေက လွတ်လပ်သူ တယောက်ယောက်နဲ့ စားပွဲတ၀ိုင်းတည်း မဆုံဆုံအောင်ချ မိတ်ဆက်ပေးတာ လှော်ပေးကြတာတွေကို ရှောင်ရတိမ်းရတာလည်း စိတ်ညစ်လှပြီ။ တစ်ယောက်တည်း နေထိုင်တဲ့ဘ၀ရဲ့ လစ်ဟာမှုတွေရယ် တစုံတယောက်နဲ့ အတူနေထိုင်ရမယ့် ဘ၀ရဲ့ ဖိစီးမှုတွေရယ် ကို ချိန်ထိုးနေရင်းနဲ့ပဲ ဒီအရွယ်တိုင်ခဲ့ပြီလေ။

ဒီမှာ ဆက်ဖတ်ပါ။


Type the rest of your post here.

20 comments:

Moe Cho Thinn said...

ရသက နှစ်မျိုး။
ကဗျာက တမျိုး၊ ၀တ္ထုတိုလေးက တမျိုး။
ကဗျာကလဲ ကောင်းပါတယ်။ ၀တ္ထုကိုတော့ ပိုကြိုက်တယ်။ သူနဲ့အတူ အလှပြင်၊ သူနဲ့အတူလိုက်၊ သူနဲ့အတူ မော။ သူနဲ့အတူ ရီလိုက်ရတာ။
အင်း..အပျိုဂျီး၊ အပျိုဂျီး..

Anonymous said...

ရောက်ခဲ့ပါတယ် အစ်မရေ.. ဒါနဲ့ ကျွန်တော့် ကဗျာလေးအတွက် ဒီဇိုင်းဆွဲပေးထားတာ ကျေးဇူးတင်၊ ကျေနပ်မိပါတယ်ခင်မျ..

ခင်မင်လျက်
ခန့်နေ

M.Y. said...

မိုးချို ပြောသလိုပဲ..ကဗျာထက် ၀တ္ထကို ပို ကြိုက်တယ်..
မင်္ဂလာညချမ်းမှာ က ဘယ်သူ့ စောင်းရေးထားတာပါလိမ့်..

khin oo may said...

တို့လဲ ဝတ္ဘူကို ပိုကြိုက်တယ်။ ဖြစ်တတ်ပါတယ်. ကိုယ်လဲ လုပ်နေကျ..့မနက်မိုးလင်း အလုပ်သွားတဲ့ရထားက တောင်ဘက်...စနေညနေ မြို့ထဲသွားတဲ့ရထားက မြောက်ဘက်.. ခဏခဏ မှားစီးတာ အခါခါ..ရထားဘူတာကျော်သွားတာအခါခါ.MRT လက်မှတ် ပါမလာလို့ထပ်ဝယ်တာ အခါခါ အိမ်မှာ ၄ ကဒ်လောက်ရှိတယ်. ဒါပေမဲ့ဘယ်နားရောက်နေသလဲ မသိ... သွားခါနီးပစည်းပျောက်လို့ ရှာနေတာ အခါခါ..အပြင်ကို တော်တော်နဲ့ မရောက်တာ အခါခါ..အငှားကား ၁၀တန် လမ်း ကို ၁ ၅ကျပ် နဲ့စီးတာ အခါခါ...
(ယောကျာ်းရလိုက်လို့တော်သေးတယ်။ အိမ်ထောင်ဘက် အတွက်တော့ စိတ်မကောင်းပါဘူး.။ )

ဆောင်းယွန်းလ said...

ကဗျာရော.ဝတ္ထုပါကောင်းတယ်မပန်..
ဝတ္ထုကိုပိုကြိုက်တယ်.တအားရယ်ရလို့..အပျိုကြီးတွေက
ဒီလိုဘဲဖြစ်တတ်သလား...နောက်ပြီး..တစ်ယောက်တည်း နေထိုင်တဲ့ဘ၀ရဲ့ လစ်ဟာမှုတွေရယ် တစုံတယောက်နဲ့ အတူနေထိုင်ရမယ့် ဘ၀ရဲ့ ဖိစီးမှုတွေရယ် ကို ချိန်ထိုးနေရင်းနဲ့ပဲ ဒီအရွယ်တိုင်ခဲ့ပြီလေ..ဆိုတဲ့အတွေး
နဲ့အရေးကိုတော့ကြိုက်တယ်ဗျာ..ဒါကြောင့်ဘဲလူတွေ
အပျိုကြီးလူပျိုကြီးတွေဖြစ်ရဟန်တူလေတယ်..

ခင်မင်လျက်

Mhu Darye said...

ဝတ္တုလေး သဘောကျတယ် မပန်... ကဗျာလေးကျတော့ တစ်မျိုးကောင်းတယ်။ ^-^

သက်ဝေ said...

ဝတ္ထုတိုလေးကို ကြိုက်တယ်
ပန်ပန်နော်... ပန်ပန်...
တော်တော်သရုပ်ပေါ်အောင် ရေးနိုင်ပါပေတယ်...

မင်္ဂလာဆောင်ကို ရက်မှားသွားမိတဲ့ အဖြစ်နဲ့  စာအိပ်အလွတ်ကြီး လက်ဖွဲ့ ပေးမိတဲ့ အဖြစ် ဘယ်ဟာက ပိုဆိုးသလဲလို့  အတွေးနယ်ချဲ့ ရင်း...

MANORHARY said...

ဝတ္ထုရောကဗျာရောကောင်းတယ်။
ရှပ်အကျီ င်္အနီကွက်နဲ့ကောင်မလေးရော..
အင်း...ကိုယ်တွေ့တွေလာမသိဘူးနော်..း)

ဒူကဘာ said...

အပျိုဂျီး တွေလဲ အတော် လွဲတာပါပဲလား?

တန်ခူး said...

ကဗျာလေးက အားပါတယ်…
ဝတ္ထုလေးကတော့ ကောင်းလွန်းလို့ … မမျှော်လင့်ထားတဲ့ အချိုးအကွေ့ လေးနဲ့ ဇာတ်သိမ်းလေးကို ကြိုက်လိုက်တာ… ဘယ်သူ့ ကို စောင်းရေးထားတာလဲ ပန်ရေ… အနီးစပ်ဆုံး အပျိုကြီးကို သွားမြင်နေမိတယ်…

မီယာ said...

ဖတ်လို့ ကောင်းလိုက်တာ..အရေးကြီးတဲ့ အချိန်ဆို အဲ့သလိုမျိုး အမြဲ ဖြစ်တတ်တယ်.. အဆုံးကျတော့ ရီလိုက်ရတာ

မိုးမောင်(happycloud) said...

ဒေါင်းသွားပြီဗျို့... နောက်တောင်ကျနေတယ်..း)

အိန္ဒြာ said...

ကဗျာကိုလေးလေးနက်နက်ခံစားသွားပါတယ်..
နောက်ဆုံးတစ်ကြောင်းနှစ်ကြောင်း
"" ဟာ….
သတိအလစ်
လိုက်လျောဖြစ်ခဲ့တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ..။ ""
လို့ရေးထားတာကိုလည်းသဘောပေါက်နားလည်နေမိတယ်။
""အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး
အုတ်ဂူတွေကြား ခေါင်းတလားတွေမှာ ခိုအောင်းလို့
သူတို့ အသက်ဆက်မယ့် အာဟာရ ဆိုတာ
လူရှင်တွေရဲ့ သွေး တဲ့လား
ဒါဟာ လူမဆန်တဲ့တရား။
(အင်း.. သူတို့ကလည်း လူမှ မဟုတ်တော့ပဲလေ။)"

သိပ်ကောင်းတာပဲ..
အစ်မလဲ တစ္ဆေတွေခေါင်းတလားထဲမှာကခုန်ဆိုပြီး
ကဗျာတစ်ပုဒ်ရေးဖူးခဲ့ပေမယ့် မပန်ကဗျာလောက် အင်အားမပါသလိုခံစားလိုက်ရပါတယ်.။

ဝတ္ထုလေးကလဲ..
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမို့
ကြိုက်တာပါပဲ..
ပန်ဒိုရာ စရိုက်နှစ်မျိုးသရုပ်ဆောင် တာကို
အော်စကာပေးလိုက်ပါကြောင်း..

Yaw Han Aung said...

သွေးစုတ်ဖုတ်ကောင် ကဗျာက မြန်မာမဆန်လှဘူး။ ဥရောပရုပ်ရှင်ဆန်တယ်။

မြန်မာမှာက သိမ်သိမ်မွေ့မွေ့ ဥစ္စာစောင့်ရှိတယ်။ သူတို့ကို ကြိုက်မိရင် သိုက်နန်းကို ၀ိဉာဉ်နှုတ်ခေါ်သွားရော ဆိုတာမျိုးပေါ့။

အသား အသွေးစားတဲ့ ဘီလူးရှိတယ်။ ဘီလူးကိုက်လို့ ဘီလူးမဖြစ်ဘူး။

ဥရောပမှာတော့ ဗင်ပိုင်းယားလို သွေးစုတ်ခံရလို့ သူတို့ဇာတ်ဝင်သွားသူတွေရှိတယ်။ ကျနော်လိုက်စဉ်းစားကြည့်တာ မြန်မာ့သူရဲတစ္ဆေတွေ မှာ ဗင်ပိုင်းယားလို အကောင်မျိုး မတွေ့ရဘူးဗျ။

ကဗျာက ကောင်းပါတယ်။ ပေါက်ပေါက်ရှာရှာ အတွေးနယ်ချဲ့သွားခြင်းသာ....

အိမ် said...

အားလုံးကောင်းတယ်ဗျ ကဗျာလေးကို အပိုကြိုက်တယ် ထိမိတယ်ဗျ

မေ့သမီး said...

အစ်မရေ သွေးစုတ်ဖုတ်ကောင်ကိုဖတ်လိုက်ရတယ်။ အရမ်းကောင်းတယ်။ ပထမက Theme ကိုတမျိုးတွေး လိုက်မိတာ။ ပထမအပိုဒ်ကိုဖတ်နေတုန်းက။ နောက်ဆုံး ကျမှမှားသွားမှန်းသိလိုက်တယ်။

Ko Paw said...

အင်း... မဟုတ်မှလွဲရော... အရင်တုန်းက တအိမ်ထဲအတူနေခဲ့ဘူးသူ အပျိုကြီးကို စောင်းရေးတယ်ထင်ပါ့....း-)

sin dan lar said...

"မင်္ဂလာညချမ်းမှာ" ကို သံလွင်အိပ်မက်မှာ သွားဖတ်ပြီးတာ ကြာပြီ..။
ကောမန့်ရေးတော့ မရဘူး၊ သင်္ချာညံ့လို့ထင်တယ်..၊
တကယ်တော့ အဲဒီ word verification ကို သေချာမမြင်ရတာ...။
ဘာပဲဖြစ်ဖြစ်၊အရမ်းဖတ်လို့ကောင်းတယ်လို့
ဒီမှာပဲကောမန့်ရေးလိုက်ပြီ..၊

pandora said...

မမိုးချိသင်းရေ.. အပျိုဂျီးတိုင်းလည်း ဒီလိုဖြစ်ချင်မှဖြစ်မယ်ထင်ပါတယ်။ ရယ်စရာ နောက်ထားတာပါ။ ဟီး။

ခန်နေ.. ဒီဇိုင်းလေး မလှမပကို ကျေးဇူးတင်လို့ ကျေးဇူးပြန်တင်ပါတယ်။

ကိုမောင်ရင်.. ယုံထင်ကြောင်ထင် မထင်ကြေးလေ။

မခင်ဦးမေ.. ဟုတ်တယ် .. တကယ်က ကိုယ်တိုင်လည်းဖြစ်တတ်လို့ပါ။

ကိုဆောင်း.. ဒီစာကြောင်းလေးကို မြင်ပြီး ခံစားသွားတာကျေးဇူးတင်တယ်။ ကျနော်လည်း အဲလိုထင်မိတာပါ။

မှူးဒါရီရေ.. အားပေးသွားတာ ကျေးဇူးပါနော်။

မမဂျီးသက်ဝေ.. ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်။

မနော်.. ၀တ္ထုကတော့ ၀တ္ထုပေါ့နော်။

ကိုဒူကဘာ.. အပျိုဂျီးမှရယ် မဟုတ်ပါဘူး။ ဒီလိုပဲ ဖြစ်တတ်ကြမှာပါ။

မတန်ခူး.. လုပ်ပါနဲ့. ကြောက်ကြောက်. မဆိုလိုပါ။ ဟီး။

မီယာ.. ကိုယ်တိုင်လည်း ရေးရင်း ရယ်ရပါတယ်။

မိုးမောင်.. အားပေးသွားတာ ကျေးဇူး။

မအိန္ဒြာ .. ကဗျာလေးကို မြင်အောင် ကြည့်သွားတာ ၀မ်းသာပါတယ်။ အော်စကာ ကိုလည်း သိမ်းထားလိုက်ပါပြီ။

ကိုယော.. ဒီကဗျာထဲက သွေးစုတ်ဖုတ်ကောင်က အနောက်တိုင်းရုပ်ရှင်ဆန်တာ မှန်ပါတယ်။ ရုပ်ရှင်တွေ ကြည့်ရင်း ရတဲ့ အိုင်ဒီယာတွေ လွှမ်းမိုးမှာပါ။

ဒါပေမယ့် မြန်မာမှာလည်း ဖုတ် ဆိုတာ ရှိတော့ရှိတယ်ဗျ။ ဖုတ်ဝင်တယ် ဆိုတာရှိတယ်။ အနောက်တိုင်း သွေးစုတ်ဖုတ်ကောင်လို လူတွေကို လိုက်ကိုက်ပြီး သွေးစုတ်နေတာတော့ မဟုတ်ဘူး။ သူက လူသေသွားတာကို တခြားအပြင်က ၀ိညဉ်တခုက ပူးကပ်ပြီး ဖုတ်ဖြစ်နေတယ်လို့ ယုံကြည်ကြတယ်။ သူကလည်း အမျိုးမျိုးရှိတယ်။ တချို့ဖုတ်က ညဘက် လူခြေတိတ်မှ ထပြီး အစာတွေထစားတာမျိုး။ လူရှေ့ကြရင်တော့ အားနည်း လဲချင်ယောင်ဆောင်နေရောတဲ့။ တချို့ဖုတ် ကျတော့ လူတွေကို နင်းပေးပါ နှိပ်ပေးပါနဲ့ သူတို့ကို ကိုင်တွယ်ခိုင်းတယ်။ ဒါမှ နေရတာ သက်သာတယ်တဲ့။အဲလိုမျိုးကို သွေးစုပ်ဖုတ်လို့ မြန်မာလိုခေါ်တယ်။ ဒါပေမယ့် တကယ့်သွေးကိုစုပ်တာတော့မဟုတ် လူကောင်းတွေဆီက energy ကိုစုပ်ယူတယ်လို့ ပြောကြတယ်။ အဲလို ဖုတ်ဝင်နေတဲ့ လူမမာ ရှိနေပြီး သူက မသေသေးရင် (ဖုတ်မထွက်ရင်) တခြားသေတဲ့လူတွေ ရပ်ကွက်ထဲမှာ များလာတယ်လို့ ယုံကြည်ကြတယ်။ အဲလိုဖုတ်က အသားတွေသာ ရိဆွေး ကိုယ်ခန္ဓာ ပုံပျက်လာတယ်။ နှစ်နဲ့ချီပြီး အသက်ကမထွက်နိုင်ဘူးလို့ ဖြစ်တတ်တယ်။ သူထွက်သွားအောင် သြဇာရွက်တွေကို ပြောင်းပြန်ထပ်ပြီး သူ့အိပ်ရာအောက်မှာ ထားရတယ် တဲ့။ ဒါမှမရရင် နောက်ဆုံးအဆင့်က သိမ်ဝင်အပ်တွေဘာတွေနဲ့ ထိုးရတယ် လို့ ပြောကြတယ်။ တခါတလေဆို ဖုတ်လည်းထွက်သွားရော (သေသွားရော) လူအသားတွေက ဆွေးမြေ့ အရည်ထွက်ကျနေပြီတဲ့။ ကိုယ်တိုင် ယုံတာ မယုံတာထက် ဒီလိုမျိုးကို ရွာတွေမှာ ပြောကြတာ ကြုံကြတာကို ကြားဖူးထားလို့ပါ။ ယောဆရာဆိုတော့ ဒီကိစ္စမျိုးတွေ သိထားအောင် လျှာရှည်ပြီး ရှင်းပြလိုက်ပါတယ်။ :)


အိမ်ရေ..ကျေးဇူးပါ။

မေ့သမီး.. ကဗျာလေးကို ခံစားသွားတာ ကျေးဇူး။

ကိုပေါ.. တယ်သိနေပါလား။ တိုက်ဆိုင်နေရင် နှုတ်ပိတ်ခံရမယ်နော်။ ဟင်းဟင်း။ (မုန့်ကျွေးပြီး ပိတ်တာကို ပြောတာပါ။)

စင်ဒဏ်လာ.. မှတ်ချက်အတွက်ကျေးဇူးနော်။

Eduking said...

မင်္ဂလာညချမ်းကိုတော့ အခုမှ ဖတ်ဖြစ်တယ် အစ်မရေ.. နှစ်သက်ပါတယ် ခင်မျာ.. ဖတ်ပြီးသွားတော့ ဒေါ်လာ၉၀လေးကို နှမျှောမိတယ်..း)