အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား
ယဉ်ကျေးမှုနှင့်မလျော်ညီသော ၀တ်လစ်စလစ်အောင်ပွဲခံမှုများကို
ဘုရားသခင်က အချိန်မီတားမြစ်ပြီးပါကြောင်း
ဘောလုံးတစ်လုံးသည် လက်တစ်လုံးထက် ပိုလုံးသောကြောင့်သာ
အနိုင်အရှုံးကို ခန့်မှန်းရခက်တာဖြစ်ပါကြောင်း
လက်တစ်လုံးစာသည် နှစ်တစ်နှစ်ဆိုပါက
ဥပမာ - နှစ်ထောင့်တစ်ဆယ်ဆိုလျှင် နှစ်ထောင့်တစ်ဆယ့်နှစ်သို့
လက်နှစ်လုံးအလိုမှာ ရှိနေပါကြောင်း
ထို့ကြောင့် သွားလိုက်တော့ နင်သွားလိုက်တော့ ဟု သုံးနှုန်းလိုလျှင်
မည်သူ့ကိုမှ မကိုးကားပဲ အလွတ်သဘော ပြောဆိုနိုင်ပါကြောင်း
အကြောင်းတွေဟာ အကြောင်းကြောင်းကြောင့်သာဖြစ်၍
အကျိုးတွေဟာ ထိုင်နေရင်အကောင်းသားဖြစ်ပါကြောင်း
ဒီလိုအဖြစ်မျိုးလည်း လောကမှာရှိပါကြောင်း
ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း စသည်ဖြင့်။ ။
ပန်ဒိုရာ
New year trip 03012025
-
အုပ်စုလိုက်ခရီးထွက်ရတာ ပျော်စရာကောင်းပေမယ့် ကိုယ်တကိုယ်စာလုပ်ချင်တာတွေ
မလုပ်ခဲ့ရဘူး။ ခါတိုင်းလို ခရီးသွားပုံကြမ်းခြစ်တာမျိုး မလုပ်နိူင်ခဲ့တာ
ကိုယ့်အ...
19 hours ago
15 comments:
၂၀၁၂ မှာရော သူတို့အောင်ပွဲခံမှာ သေချာ
ရဲ့လား ....းP
heart ထိသွားသလား pandora.
အင်း.... နင်သွားလိုက်တော့... နင်သွားလိုက်တော့....
(ပြီးရင် အခန်းဝက စောင့်နေမယ်နော်း-)
အန်တီပန်
လိမ္မာတယ်
ကျေးဂျူး
ကျွန်တော်ကိုယ်က ပိန်းလွန်းပါတယ်... နားမရှင်းဘူး... ဖြစ်နေတယ်... :p
ခင်မင်တဲ့
နေ၀သန်
ကိုယ်အားပေးတဲ့ အသင်းတွေ ရှုံးလို့ စိတ်တိုနေတယ်...
အရပ်ထဲမှာတော့ ဘောလုံးဆိုတာ လုံးနေတယ်လို့ပဲ ပြောပြောနေကြတယ်... ဒါကို မကျေနပ်ဖူး...
ဒီတော့ အလွတ်သဘောနဲ့ ပြောမယ်...
ဒင်းကို ပြားပလိုက်........................
ဘုရွားရေ့
အန်တီသက်ဝေက
ဘောပြားခိုင်းနေပါလား
သဘောကျသွားသည် ညီမပန်... ပြန်ကောက်မပေးပါနှင့်....:P
မရပ်ဘူး...စိတ်ချ ဆရာမ
လာဖတ်ပြီး သဘောကျ..အားရပါးရ ရယ်ပြုံးမိတဲ့ ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း.. မကိုးကားပဲ ပြောသွားပါတယ်း)))
ပိုစ်ကို အစအဆုံး သဘောကျသူ..
ဝတ်လစ်စလစ်အောင်ပွဲခံမှုများ အနက် ဘုရားပေးသောလက်ကိုသာ ဘုရားသခင်က တားမြစ်စေလိုကြောင်း...
ခန့်မှန်းကခက်တာ ဘောလုံးလုံးလို့မဟုတ်ပဲ ကန်ရာမသွားတဲ့ ဂျလေဘီ ဘောလုံးကြောင့်ဖြစ်ကြောင်း...
လက်ရှိအဖြစ်အပျက်တွေကို စနစ်မကျတကျ စာစီကုံးပြတဲ့ ဆရာမ ပန်ဒိုရာအား လေးစားပါကြောင်း...
စသည်ဖြင့် :P
လသာည has left a new comment on your post "အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား":
လာဖတ်ပြီး သဘောကျ..အားရပါးရ ရယ်ပြုံးမိတဲ့ ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း.. မကိုးကားပဲ ပြောသွားပါတယ်း)))
ပိုစ်ကို အစအဆုံး သဘောကျသူ.
P.Ti has left a new comment on your post "အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား":

မပန်ရေ.....
အကျိုးတွေဟာ....ထိုင်နေရင်....အကောင်းသာဖြစ်ပါကြောင်းဆိုတာလေးဖတ်ရင်း.......သဘောကျမိတာ........။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Post a Comment