Wednesday, May 23, 2007

သီးစုံချဉ်ဟင်း (သို့) ကုလားဟင်း စားရအောင်

သီးစုံချဉ်ဟင်း (သို့) ကုလားဟင်း စားရအောင်

ဒီတစ်ခေါက်တော့ အရသာရှိသောစာ ရေးမယ်။ ဟဲဟဲ

ဒီနေ့တော့ အိမ်စောစော ပြန်ရောက်တာနဲ့ ချက်ချင်ပြုတ်ချင် စိတ်ကလေး ရှိနေတယ်။ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အောင်မယ်.. အတော်ပဲ..
ဒန့်သလွန်သီးနှစ်တောင့်
အာလူးနှစ်လုံး
ရုံးပတီသီး လေးငါးတောင့်လောက်
ခရမ်းသီးတစ်လုံး
ခရမ်းချဉ်သီးတစ်လုံး
တို့ကို အောက်ပါအတိုင်း လှီးပြီး ရေဆေးထားလိုက်ပါတယ်။ အာလူးကိုတော့ ဆားအနည်းငယ်နဲ့ နယ်ထားပါတယ်။











တချိန်ထဲမှာ ငါးရံ့ခြောက်တုံးလေးတွေ ကိုရေစိမ်ထားလိုက်ပါတယ်။ ကြက်ဥသုံးလုံး ကိုပြုတ်ထားပါတယ်။ မန်ကျည်းသီးမှည့် ရေစိမ်ထားပါတယ်။

ကြက်သွန်နီနဲ့ငရုပ်သီးကို ဆီသတ်ပါတယ်။ ငါးပိလေး နည်းနည်းပါ တခါတည်း ထည့်လိုက်တယ်။ ပြီးတော့ မာတဲ့ကိစ္စတွေဖြစ်တဲ့ ငါးခြောက်နဲ့ အာလူးကို အရင်ထည့်မွှေပြီး အတန်ငယ် နူးသွားအောင် ရေနည်းနည်း ထည့်ချက်လိုက်ပါတယ်။ ပဲတော့ မထည့်တော့ဘူး။













ရေခန်းသွားတော့ ဒန့်သလွန်သီး ခရမ်းသီး ခရမ်းချဉ်သီး ရုံးပတီသီး တွေကို အစဉ်လိုက်အတိုင်း ထည့်မွှေပါတယ်။ ငန်ပြာရည် အချိုမှုန့်ထည့်တယ်။ ပြီးတော့ ရေထည့်ပြီး နူးအောင်ချက်ပါတယ်။ ကြက်ဥလေးတွေကိုတော့ အပ်ချည်ကြိုးနဲ့ ထက်ခြမ်းခြမ်းပြီး နည်းနည်း ကြော်ပြီးမှ ထည့်လိုက်ပါတယ်။ ဟင်းနူးတော့ နည်းနည်းမြည်းကြည့်ပြီး မန်ကျည်းရည်လေးကို ချိန်ဆထည့်ပါတယ်။ မဆလာလေးအုပ်ပြီးတဲ့ အခါမှာတော့ ဒီလို စားဖို့အသင့်ဖြစ်ပြီပေါ့။ ရေခဲသေတ္တာဖွင့်တဲ့ အချိန်ကစရေရင် စုစုပေါင်း ၄၅ မိနစ်ပဲ ကြာပါတယ်။ ကဲ စားကြပါဦး။


11 comments:

Anonymous said...

မပန်.. သရေကျလာပြီ.. နောက်ခါချက်ရင် အိမ်လားစားမယ်..ခုတော့ ဒီမှာပဲ သရေယိုနေရတယ်..

naing said...

ချက်နည်းနဲ့ အားမရလို့ ပန်းကန်လိုက်ကို ကူးယူသွားပါတယ် ။ ပုံရောစာရော..တံတွေးနင်နေပါတယ် ခင်ဗျာ။

BayintNaung said...

စားချင်စဖွယ် သီးစုံဟင်းလေးဗျာ။

Anonymous said...

ပန်ပန်ရဲ့ သီးစုံကုလားဟင်းဖတ်ပြီး ဗိုက်ဆာလာတာနဲ့ နေ့လည်စာ အမြန်သွားစားလိုက်ရတယ်။
စားပြီးမှ ကွန်မန့်ပြန်လာရေးတာ။ မဟုတ်ရင် တဂွီဂွီဖြစ်နေမှာစိုးလို့။
ဟိုတခါ ကိုရန်လေးလည်း ဒုက္ခပေးသေးတယ်၊ ဥပုသ်စောင့်တဲ့ညမှာ သူ့ဟင်းချက်နည်းတွေကို ဖတ်မိလို့ ရေသောက်ပြီးတော့ပဲ အိပ်လိုက်ရတာ။
ဟင်းချက်ကောင်းတဲ့ ဘလော့ဂါတွေစုပြီး ချက်နည်းပြုတ်နည်း နိသျည်း စာအုပ်ထုတ်ကြပါလား။ ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ဆို ရောင်းကောင်းမှာပဲ။
(ဒါနဲ့ ပန်ပန့် မွေးနေ့အတွက် ဟိုပို့စ်အောက်မှာ ဖြည့်စွက် ဆုတောင်းပေးလိုက်တယ်နော်။ မသိလို့ ကျန်ခဲ့တာ ချောဒီး)

Yan said...

မပန်
ပေါင်းချက်ကြရအောင်လားဗျာ. ပြီးရင် စာအုပ်ထုတ်မယ်လေ...
ခုတော့ သွားရည်တွေကို မနည်းမျိုချထားရတယ်..

မပန်ကဘလော့ဂ်မှာတင်လို့
ပြင်ဆင်တဲ့စားချင်ဖွယ်
အပီသာတွယ်လိုက်ချင်တော့တာမို့
မပြန်ခင်အားကိုတင်း
အိုဗျာ
သီးစုံချဉ်ဟင်း....

ဟတ်ဟတ်ဟတ်
လက်ဆောင်ကဗျာလေးပေါ့နော့ ပညာစမ်းတယ်လို့တော့ သဘောထားပါနဲ့ဗျာ. ၅၄ ထပ်တိုက်ပေါ်က ခုန်ချပစ်လိုက်မယ်. ဘာမှတ်လဲ. ဟွန်း....

pandora said...

ဒီမို၊ နိုင်၊ ဘုရင့်နောင်၊ မမေ၊ မောင်ရန်.. စားကောင်းကြတယ်ဟုတ်.. ဟဲ
မောင်ရန် ရေ ကောင်းသားပဲ.. နောက်တစ်ခါ ကြေးအိုးချက်စားရင်လည်း ပို့စ်တင်မလားလို့ စဉ်းစားနေတယ်.. လောလောဆယ်တော့ ဈေးမသွားနိုင်သေးဘူးဟာ..

Myo Kyaw Htun said...

Hungry tel byoooo :P

Ye-Mon said...

တရားသူကြီးမင်း ပေါင်ချိန်ခင်ဗျား စင်္ကာပူရတိုင်းနိုင်ငံမှ ဒေါ်ပန်ဒိုရာဆိုသူသည် အပြည်ပြည်ဆိုင်ရာကွန်ယက်နှင့် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို အကြောင်းပြု၍ အတိုင်းတိုင်းအပြည်ပြည်တွင် ပြန့်နှံ့ရောက်ရှိနေသာ မြန်မာများကို နှိပ်စက်ကလူပြုနေကြောင်းပါ။ သီးစုံချဉ်ဟင်း စာပိုဒ်ကို ဖတ်မိသူ မြန်မာများမှာ သားရည်တောက်တောက်ကျ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်ကြသူများ၊ ဓါတ်ပုံကူးယူ၍ ထမင်းဖြင့် နယ်ဖတ်စားသူများ၊ အထပ်မြင့်အဆောက်အဦပေါ်မှ ခုန်ချချင်သလိုလိုဖြစ်သွားသူများ စသည်ဖြင့် ဒုက္ခကိုယ်စီရောက်သွားကြပါသည်။ ထို့ကြောင့် ပြည်ပရောက်မြန်မာများအား စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုဖြစ်အောင် ဆောင်ရွက်သူ ဒေါ်ပန်ဒိုရာအား ခိုင်ဖုန်း တရားရုံးမှ တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူပေးပါရန် ဦးတိုက်လျောက်ထားအပ်ပါသည်။ ( ပြည်ပရောက် မြန်မာများ၏ ကိုယ်စားမလှယ် - ရဲမွန် )

pandora said...

ခိုင်ဖုန်း သွားမလား.. တိုင်တလုံး ငါးပြားတဲ့. . ကြားဖူးလား အစ်ကိုကြီး.. ကွိကွိ

Anonymous said...

မပန်ရေ လာလည်ရင် ချက်ကျွေးနော်...

Anonymous said...

၂-နှစ်ကျော်ကပဲဟင်း
ချက်နည်းတော့ မဖတ်တော့ဘူး ဒေါ်ပန်
စားနည်းပဲ ကြည့်သွားတယ်။ :D