Thursday, May 24, 2007

မျဉ်းပြိုင်နှစ်ကြောင်း

မျဉ်းပြိုင်နှစ်ကြောင်း

ခဏတာဆုံမှတ်
ဖြတ်ပြီးရင်ဝေးသထက်ဝေးသွားမယ့်
ပြေးမျဉ်းနှစ်ကြောင်းထာဝရဆုံနိုင်အောင်လို့
တို့တွေပန်းတိုင်တစ်ခုချ
ခရီးအတူတူ သွားခဲ့ကြတယ်။

အခုတော့...
မျဉ်းပြိုင်နှစ်ကြောင်းကြားက
ခြားနေတဲ့ရွှေပင်လယ်ကြီး
ကာလို့ဆီး
ဘယ်တော့နီးရမှာလဲကွယ်။ ။

ပန်ဒိုရာ

၅.၀၂.၂၀၀၇

1 comment:

Tesla said...

ဆုံမှတ်ဟာ အနန္တမှာ ဆိုတဲ့ သီချင်းလေး သွားသတိရတယ်.. ဒီ ကဗျာလေး ကြိုက်တယ်ဗျာ..