Friday, May 25, 2007

ကမ္ဘာကျော်အဆိုအမိန့်တွေ မဟုတ်ပေမယ့် - ၁

ပန်ဒိုရာဆိုတာ
ဒါတွေနဲ့ ကြီးပြင်း ရှင်သန် လာခဲ့တဲ့သူ .......


  • အပြောကောင်းတဲ့ လူဟာ အလိမ်ကောင်းတတ်တယ်။ (ချစ်မေမေ)
  • တက္ကသိုလ် သွားတက်ရင် ဒီ့ပြင်ဟာမလုပ်ချင်နေ ကဗျာတွေတော့ ဆက်ရေးနော်။ ပြီးရင် မဂ္ဂဇင်းတွေဘာတွေကို ပို့ကြည့်ပါလား သမီးရယ်။ (ချစ်ဖေဖေ)

  • ဘယ်ဘုန်းကြီး ဆွမ်းခံထွက်စောစော ဆွမ်းစားချိန်တော့ အတူတူတဲ့.. ငါတော့ ပင်ပန်းတဲ့အလုပ်ဆို လေတောင်မချွန်ဘူးဟေ့။ (ကိုကို လူနောက်)

  • ဟင်းသီးဟင်းရွက်တွေ ၀ယ်ရင် ဈေးမဆစ်ပါနဲ့ မေမေရယ်။ သူတို့ခမျာ ကိုယ့်လောက်မရှိလို့ ဒါမျိုး ရောင်းစားနေရတာ။ ကိုယ်က တစ်ကျပ်နှစ်ကျပ်နဲ့ ဘာမှဖြစ်မသွားပါဘူး။ (မောင်လေး လူရိုး)
  • သိလား ညီမလေးကတော့လေ.. အဲဒါ ငါ့မမ လို့ သူငယ်ချင်းတွေကို ကြွားပစ်လိုက်တာပေါ့။ (ညီမလေး အပြစ်ကင်းသူကလေး)

  • သတ္တိမရှိတဲ့လူမှာ အချစ်ဆိုတာ မရှိဘူး။ အေး.. သစ္စာဆိုတာလည်း မရှိဘူး သူငယ်ချင်း။ (ထူးဆန်းသော သူငယ်ချင်းတစ်ဦး)

  • Dictionary တစ်အုပ်လုံး အလွတ်ရအောင် ကျက်နိုင်တယ် ဆိုရင်တော့ တစ်ခုခုမှားနေပြီ။ Dictionary တစ်အုပ်ကို အလွတ်ရအောင် ကျက်ဖို့မှ ကြိုးစားမကြည့်ဖူးဘူး ဆိုရင်လည်း ဘယ်တော့မှ အဆင့်တစ်ခုအထိ တတ်လာမယ့်ကောင် မဟုတ်ဘူး။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)
  • လူ့ဘ၀ထဲမှာ လူတွေဟာ ကြိုးကလေးတွေလို ပဲ။ တစ်ချောင်းနဲ့တစ်ချောင်း ဖြတ်သွားကြတာ အင်မတန် တိုက်ဆိုင်လို့။ အဲဒီအခိုက်ကလေးမှာမှ ပြသနာပေါ်လာတယ်ဆိုရင် ဒါနှစ်ဘက်စလုံး ကံဆိုးတာပဲ။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)
  • Truth နဲ့ Reality ထပ်တူကျအောင် ကြိုးစားနိုင်မှ တကယ်တော်တဲ့သူဗျ။ (လေးစားချစ်ခင်ရသူ ဆရာတစ်ဦး)

  • တာဝန်သိရင် တာဝန်ရှိတယ်။ တာဝန်မသိရင် တာဝန်မရှိဘူး။ (အလုပ်ရှင်တစ်ဦး)
  • ကျွန်တော် အမုန်းဆုံးကတော့ Conspiracy Theories တွေကို ယုံတဲ့လူတွေပဲ။ ဘယ်တော့မှ မယုံနဲ့။ အမေရိကန်ဖွဲ့စည်းပုံဥပဒေမှာတောင် ပြင်ဆင်ချက် ဘယ်နှစ်ခုရှိလဲ သိလား။ Everything is negotiable if you have valid reasons ပါ။ (ခင်မင်လေးစားရသူ အစ်ကိုတစ်ဦး)

  • လူဆိုတာ နောက်ဆုံးတော့ ကိုယ်ရှာတာ ကိုယ်ရတာပဲ။ ကိုယ်မရှာခဲ့တဲ့ ကိစ္စတစ်ခု ရမလာတာ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။ ဘ၀တလျှောက်လုံးမှာ ကိုယ် ဘာတွေအတွက် အချိန်ပေးခဲ့ပြီး ဘာတွေ တကယ် ရှာဖွေခဲ့လဲဆိုတာ။ (ချစ်သူ၊ ကိုယ့်ကိုပိုင်ဆိုင်သူ)

8 comments:

Anonymous said...

မပန်ရဲ့ ချစ်သူနဲ့ ထူးဆန်းသော သူငယ်ချင်းပြောတာတွေ ကြိုက်တယ် ။

Tesla said...

ကမ္ဘာကျော်အဆိုအမိန့်တွေမဟုတ်ပေမဲ့ - (မမပန် လူချိုး)

pandora said...

တိုက်ဆိုင်ရင် ကြိုက်နိုင်ပါတယ် ဂျစ်ရေ
ဟေ့ရောင် မောင်တက် … နာ့ကို မမ မမနဲ့ အချောင်လာခေါ်မနေနဲ့.. ညီမရှိတယ်ကွ. ဟွန်း.. မင်းတို့ အကြောင်းတွေ မတိရင်ခက်မယ်…

Thyda said...

“Everything is negotiable if you have valid reasons”
အခွန်နှစ်ထပ်မပေးချင်တဲ့အခါဒါလေးသုံးလို့ရရင်ကောင်းမယ်။

“ဟင်းသီးဟင်းရွက်တွေ ၀ယ်ရင် ဈေးမဆစ်ပါနဲ့ မေမေရယ်။。。”မပန်ဒိုရာမောင်လေးနဲ့
အတွေးတထပ်တည်းပါပဲ။ဟင်းသီးဟင်းရွက်တွေ ၀ယ်ရင်ဘယ်တော့မှ
ဈေးမဆစ်ပါ။

ဆွမ်းခံနောက်ကျပြီးဆွမ်းမရရင်၊ကိုကိုလူနောက်ဘယ်လိုလုပ်မလဲဟင်၊

pandora said...

thyda
အခွန်ကိစ္စကတော့ ထားပါတော့။ ဒီလောက် မှတ်စရာတွေ ထဲမှာ မောင်လေးနဲ့ကိုကို့ကိုပဲ ပြောနေတယ်.. ဟင်းနော်..

Thyda said...

:မောင်လေးနဲ့ကိုကို့ကိုပဲကွက်မြင်မိတယ်ပန်ရယ်;-)
အခွန်ကိစ္စကတော့လောလောဆယ်တနှစ်ကျော်စာ စုဆောင်
ထားရလို့ခံစားနေရလို့ပါကွယ်။

Thelay said...

အမ.. အမချစ်သူပြောတာ ဖတ်မိတော့.. အမေပြောတဲ့ ..ကိုယ်စိုက်တဲ့ စပါး.. ကိုယ်ပဲရိတ်ရတယ် ဆိုတာလေး သတိရမိတယ် .အမရယ်.. ကိုယ်စိုက်သလောက်ပဲ. ရိတ်ရတယ်ဆိုတဲ့ သဘောပေါ့…
သြော်… ဒါနဲ့ အမ.. အမမောင်လေးက ဘယ်နနှစ်လဲ ဟင်… ဟီး…

Anonymous said...

အပြောကောင်းတဲ့ လူဟာ အလိမ်ကောင်းတတ်တယ်။ ( မပန် မေမေပြောတာ သိပ်မှန်တာပဲ.. )

ဟင်းသီးဟင်းရွက်တွေ ၀ယ်ရင် ဈေးမဆစ်ပါနဲ့ မေမေရယ်။ သူတို့ခမျာ ကိုယ့်လောက်မရှိလို့ ဒါမျိုး ရောင်းစားနေရတာ။ ကိုယ်က တစ်ကျပ်နှစ်ကျပ်နဲ့ ဘာမှဖြစ်မသွားပါဘူး။ ( ဒီမိုလဲ အဲဒီလိုတွေးဘူးတယ်.. အမေတို့ ဈေးဆစ်ရင် အနားက ထွက်ပြေးနေတာ..မျက်နှာပူလို့ )

သတ္တိမရှိတဲ့လူမှာ အချစ်ဆိုတာ မရှိဘူး။ အေး.. သစ္စာဆိုတာလည်း မရှိဘူး သူငယ်ချင်း။ ( Ummm.. )

လူဆိုတာ နောက်ဆုံးတော့ ကိုယ်ရှာတာ ကိုယ်ရတာပဲ။ ကိုယ်မရှာခဲ့တဲ့ ကိစ္စတစ်ခု ရမလာတာ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။ ဘ၀တလျှောက်လုံးမှာ ကိုယ် ဘာတွေအတွက် အချိန်ပေးခဲ့ပြီး ဘာတွေ တကယ် ရှာဖွေခဲ့လဲဆိုတာ။ ( သေချာပြန်စဉ်းစားနေတယ်.. =) )